အခန်း ၃၅
Viewers 7k

Chapter (35)

Unicode

အခန်း(၃၅) - ဒီအမျိုးသမီးက တကယ်အံ့သြဖို့ကောင်းတာပဲ

ရှစ်ချင်းလျို့က သူမလည်း တစ်စောင်ရအောင်လို့ စာ နောက်တစ်စောင် ပိုင်ရွှီကို ရေခိုင်းခဲ့သည်။

ပိုင်ရွှီက အံ့သြသွားခဲ့သည်။ "ငါ ငွေတုံး ၂၀ မပေးမှာကို စိုးရိမ်နေတာလား။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ပြောဖို့ ခက်တယ်လေ၊ ကျွန်မက ရှင့်ကိုမှမသိတာ၊ ရှင် ကလိမ်ကကျစ်ကျသွားရင် ဘယ်သူ့ကို သွားရှာရမှာလဲ။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ငါ့ဂုဏ်သတင်းက အဲလောက်တောင် ညံ့တာလား။

"ငါက မြို့ထဲမှာ ပေးကမ်းရက်ရောပြီး သဘောထားကြီးကြောင်း နာမည်ကျော်တယ်၊ ငွေတုံး ၂၀လောက်နဲ့ မင်းကို လှည့်စားပါ့မလား။" သူ့နာမည်ကို ရှင်းလင်းရမည်ဟု သူခံစားလိုက်ရသည်။

ရှစ်ချင်းလျို့ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။ "ဒါဆို ကျွန်မက ပန်းပင်ကုသပေးနိုင်ကြောင်း ပြောတုန်းကလည်း ရှင်မယုံခဲ့ဘူး မဟုတ်လား။"

ပိုင်ရွှီ၊ "..."

ကောင်းပြီ။ လုံဝ ယုံကြည်ပါတယ်။

သူက သိချင်စွာ မေးခဲ့သည်။ "ရှောင်ဟန်ကျန့် ရှေ့မှာလည်း မင်းက ဒီလိုပဲလား"

ရှောင်ဟန်ကျန့်ရှေ့မှာကော သူမရဲ့ လက်ပေါက်ကတ်မှုကို ထုတ်ပြလား။

ရှစ်ချင်းလျို့က စိတ်ကုန်သလို ကြည့်ခဲ့သည်။ "ဒါ ကျွန်မရဲ့ ပုံစံအမှန်ပဲ၊ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ သူက ကျွန်မယောက်ျား၊ ရှင်က ရှင်လေ၊ ဘာတူလို့လဲ။"

ပိုင်ရွှီက ဆို့နင်သွားခဲ့သည်။ "အေးပါ"

ရှစ်ချင်းလျို့က စာကို သိမ်းလိုက်သည်။ "စရံငွေ ငွေ ၅တုံးပေး၊ ပန်းပင်ကုပြီးမှ ကျန်တဲ့ ငွေ ၁၅တုံး ပေးပေါ့။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "ငါ့ရဲ့ ငွေတုံး ၁၆၀တန် ပန်းပင်ကို မင်းက ယူသွားမယ့်အပြင် စရံငွေတောင် တောင်းသေးတယ်ပေါ့။"

သူမ တစ်ခုခု မှားယွင်းတာလုပ်မိသွားမှာကို သူ စိုးရိမ်နေမိသေးသည်။

ရှစ်ချင်းလျို့က သူ့ကို မျက်လုံး လည်ပြခဲ့သည်။

"စကားပြင်ပေးမယ်။ ဒါက ခြောက်သွေ့ပြီးသေတော့မယ့် ပန်းပင်ပါ၊ ဒါကို ယူသွားပြီး ကုသပေးရမယ့်အပြင် သေသွားရင်လည်း ငွေတုံး ၁၆၀က လျော်ရဦးမယ်၊ စရံလေးတောင်းတာ ဘာဖြစ်လဲ၊ တကယ်လို့ စိတ်ပူတယ်ဆိုလည်း တခြားလူကိုပဲ ရှာပြီး ကုခိုင်းလိုက်ပါတော့။"

အနာဂတ်မှာ ပိုင်ရွှီက သူမနှင့် စီးပွားရေး လုပ်ရနိုင်တာမလို့ သူမ စည်းချက်အတိုင်း လိုက်တာ ပိုအဆင်ပြေသည်။

အဓိက အချက်က သူမ ဟင်းသီးဟင်းရွက်တွေချည်း မစားနိုင်တော့ပေ။

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

သူမ ပြောတာ အဓိပ္ပာယ်ရှိပေမယ့် ဘာလို့ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာလဲ။

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "အကယ်၍ ကျွန်မကို မယုံရင် ကျွန်မ ယောက်ျားက ရှင့်ယုံကြည်မှုနဲ့ မထိုက်တန်ဘူးလို့ ရှင်ဆိုလိုတာမလား၊ စာသင်သားတစ်ယောက်က ကျွန်မကို အာမခံထားပေးတာ၊ ရှင့်ဆီက ငွေတုံး ၅တုံးလေးကို ကျွန်မက လိမ်လည်ပါ့မလား။"

ပိုင်ရွှီက အကူအညီမဲ့စွာ ကြည့်ခဲ့သည်။ "ကောင်းပြီ။ စာသင်သားရှောင်အတွက်ကြောင့် စရံပေးလိုက်မယ်။”

ရှောင်ဟန်ကျန့်ရဲ့ ဂုဏ်သိက္ခာကိုတော့ သူယုံကြည်လို့ရသည်ဟု ထင်သည်။

သူနှင့် မရင်းနှီးသော်လည်း သူ့အကြောင်းတွေ အများကြီး ကြားဖူးခဲ့သည်။

သူက ပညာရေးမှာ အလွန်အရည်အချင်းရှိပြီး သူတစ်ပါးကိုလည်း ထောင်လွှားမောက်မာခြင်းမရှိ ရည်မွန်စွာ ဆက်ဆံတတ်သည်။

ပိုအရေးကြီးတာက သူ့မှာ ထပ်ပေါင်းအမည်ဘွဲ့တွေရှိပြီး သာမာန် စာသင်သား မဟုတ်ပေ။

အနာဂတ်မှာ သူ့ဂုဏ်သတင်းကို သေချာထိန်းထားနိုင်ပါက မြင့်မြတ်သည့်စာသင်သား ဖြစ်လာနိုင်သည်။

ထိုကဲ့သို့ အလားအလာကောင်းသည့်လူနှင့် သူလည်း မိတ်ဆွေဖြစ်ချင်သည်။

ပိုင်ရွှီက သူမကို ငွေတုံး ၅တုံးပေးလိုက်တော့ ရှစ်ချင်းလျို့က သူ့ကို ငွေလက်ခံရရှိကြောင်း ရေးပေးခဲ့သည်။

"မင်းလက်ရေးက တကယ်လှတာပဲ။"

ဟိုးတုန်းက သူမ လက်ရေးလှဖို့အတွက် အဖိုးဆီက အမြဲခြိမ်းခြောက်ခံခဲ့ရသည်။

ထိုကိစ္စကို ပြောပြတိုင်း သူမ ငိုခဲ့သည်။

အခုတော့ ရှေးခေတ်မှာ စာကောင်းကောင်းရေးနိုင်ဖို့ ကြီးကြပ်ပေးခဲ့သည့် အဖိုးကို အထူးကျေးဇူးတင်နေမိသည်။

ပိုင်ရွှီက မေးခဲ့သည်။ "နည်းနည်းပါးပါး နိမ့်ချနေလို့ မရဘူးလား။"

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ကျွန်မရဲ့ မူလဗီဇကိုသိလား၊ ကျွန်မသာ ရှင့်ကို လှည့်စားချင်ရင် ရှင်ငိုသွားလိမ့်မယ်။"

သူမက မလှည့်စားချင်တာဖြစ်ပြီး မလှည့်စားတတ်တာ မဟုတ်ပေ။

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

ယောက်ျားကောင်းတွေက ဘာမဟုတ်တာလေးအတွက်နဲ့ မိန်းမတွေနဲ့ မငြင်းခုန်ဘူး။

ရှစ်ချင်းလျို့က ဂန္ဓမာပန်းကို သာမာန်ကာလျှံကာ ကောက်ပြီး ခြင်းထဲထည့်လိုက်သည်။

ရှစ်ချင်းလျို့က သူ့အဖိုးတန် ဂန္ဓမာပန်းကို ဖြစ်ကတတ်ဆန်း ယူလိုက်တာကြောင့် ပိုင်ရွှီ ရင်နာသွားခဲ့သည်။

ရှစ်ချင်းလျို့က အာစေးမိသွားခဲ့သည်။

"နောက်ရက်အနည်းငယ်နေရင် ကျွန်မ အိမ်လိုက်ခဲ့၊ ကျွန်မရဲ့ ပန်းပင်ကုသပေးတဲ့အစွမ်း ဘယ်လောက်ယုံရလည်းဆိုတာ တွေ့လိမ့်မယ်၊ အခု အခြေအနေကို စိတ်မကောင်းဖြစ်မနေနဲ့။"

သူမက ဆက်ပြောခဲ့သည်။ "သူတို့ ခြင်းကြပ်ကြပ်ထဲမှာနေရလို့ အရမ်းပင်ပန်းနေမှာကို စိုးရိမ်ရင်လည်း ရထားလုံးနဲ့ အိမ်လိုက်ပို့လေ၊ ဒီပန်းက ရှင့်ကို ပိုချစ်သွားပြီး မြန်မြန်ပြန်ပျောက်ကင်းသွားမယ်လို့ ကျွန်မ ယုံတယ်။"

ပိုင်ရွှီ၊ "...."

မင်းကမှ ရထားလုံး စီးချင်နေတဲ့လူ မဟုတ်ဘူးလား။

ပန်းတွေပေါ်တောင် တာဝန်တွေ လွှဲပေးလိုက်သေးတယ်။ ဒီမိန်းမက တကယ် အံ့သြဖို့ ကောင်းတာပဲ။

သို့ပေမယ့်လည်း သူ့အဖိုးတန်ပန်းတွေ ခြင်းထဲမှာ တစ်နာရီကျော်လောက် ကြပ်ကြပ်ညပ်ညပ်နေရပြီး ထိခိုက်ပျက်စီးသွားမှာကို သူ စိုးရိမ်မိသည်။

သူ့နှလုံးသားလေး ထပ်နာကျင်သွားခဲ့သည်။

ထို့ကြောင့် အံကြိတ်ကာ ပြောခဲ့သည်။ "ကောင်းပြီ။ မင်းတို့ကို ပြန်ပို့ပေးဖို့ ရှောင်စစ်နဲ့ ရှောင်ဝူကို ပြောလိုက်မယ်။"

ရှောင်ဟန်ကျန့်ရဲ့ အိမ်က ဘယ်မှာလဲဆိုတာ သူ သိချင်တာကြောင့် ပန်းတွေကို လိုက်ပို့ခိုင်းခဲ့သည်။

ဒီကူညီမှုကို သူမ အသိအမှတ်မပြုခဲ့ပေ။

ပိုင်ရွှီ၊ "..."

နည်းနည်းပါးပါး နိမ့်နိမ့်ချချနေပါဦး။

"ကောင်းပြီ။ ကျေးဇူးပြုပြီး ပန်းတွေကို ပြုစုစောင့်ရှောက်ပေးပါဦး။" သူက အံပိုကြိတ်လိုက်သည်။

ထို့နောက် ရှောင်ဝူကို ခြင်းထဲက ပန်းတွေကိုထုတ်ခိုင်းပြီး လူကိုယ်တိုင် သယ်စေခဲ့သည်။

ပန်းတွေကို ရှောင်ဟန်ကျန့်ရဲ့ အိမ်အရောက် သယ်ပို့ပေးခိုင်းပြီး ရှစ်ချင်းလျို့ရဲ့ ခြင်းထဲ ထပ်အထည့်မခံဖို့ မှာခဲ့သေးသည်။

ထို့နောက် ရှစ်ချင်းလျို့က အမေရှောင်ကို လက်မောင်းကိုကိုင်ကာ ပျော်ရွှင်စွာ ရထားလုံးပေါ် တက်သွားခဲ့သည်။

ပိုင်စံအိမ်က ထွက်လာပြီးနောက် သူမက ရှောင်စစ်ကို အစေ့အဆန်ရောင်းသည့် ဆိုင်ကို မောင်းနှင်ခိုင်းပြီး ဆန်နှင့် ဂျုံမှုန့်တချို့ သွားဝယ်ခဲ့သည်။

ကုန်စုံဆိုင်ကိုလည်း သွားခဲ့ပြီး အိမ်အတွက် လိုအပ်တာ သွားဝယ်ခဲ့သည်။

ထို့နောက် ဥတွေနှင့် ဝက်သား သွားဝယ်ခဲ့သည်။

သူမက ခဏလောက် တွေးပြီးနောက် ကြက်ပေါက်လေးတွေဝယ်ဖို့ ရှောင်စစ်ကို ခေါ်သွားခဲ့သည်။

အမေရှောင်၊ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန် အကုန်လုံးက အလုပ်ကြိုးစားသည့် လူတွေ ဖြစ်သည်။

အိမ်ထောင်စု ခွဲခြားတုန်းက သဲမြေသုံးဧကကိုသာ ခွဲဝေပေးခဲ့တာကြောင့် မည်သည့်အစေ့အဆန်မှ စိုက်ပျိုးလို့ မရပေ။

သူတို့သုံးယောက် ပျိုထောင်ဖို့ ရှစ်ချင်းလျို့က ကြက်ကလေးသုံးကောင် ဝယ်ခဲ့သည်။

အနာဂတ်မှာ ကြက်ဥနှင့် ကြက်သားတွေ ဝယ်စရာ မလိုတော့ပေ။

အကယ်၍ ရထားလုံးက အရမ်းသန့်ရှင်းမနေဘဲ ရှောင်စစ် သဘောမတူမှာကို မကြောက်ရင် ဝက်ပေါက်လေးတွေတောင် ဝယ်ပြန်မည်ဖြစ်သည်။

ထားပါတော့။ ဒါက သူတို့ရဲ့ ပထမဆုံး အပြန်အလှန်ဆက်ဆံရေးပဲလေ။

ရှောင်စစ်နဲ့ရှောင်ဝူကို ဒီတိုင်းလွှတ်ပေးလိုက်တာ ပိုကောင်းပါတယ်။

ထိုအချိန်မှာ ရှောင်စစ်က ငိုချင်နေခဲ့သည်။

စာသင်သားရှောင်ရဲ့ ဇနီးက ဘာလို့ ဒါတွေ ဝယ်ချင်တာလဲ။

သူမ ကြက်ကလေးတွေ ဝယ်မယ့်အကြောင်းကြားတုန်းက သူ ရူးတော့မလို ဖြစ်သွားခဲ့သည်။

"စာသင်သားရှောင်ရဲ့ ဇနီး ကြက်ကလေးတွေကို မေ့ထားပါဦးလား၊ အိမ်မြန်မြန်ပြန်ရအောင်လေ၊ မဟုတ်ရင် ပန်းတွေကို ကုသမယ့်အချိန် နှောင့်နှေးသွားမယ်မလား။"

ရှစ်ချင်းလျို့က သူ့ကို ပြုံးကာ ကြည့်ခဲ့သည်။ "ကျွန်မက ကုသပေးမယ့်လူပါ၊ ကျွန်မ စိတ်မကြည်ရင် ပန်းတွေကို ကုသတာ ပိုနှောင့်နှေးလိမ့်မယ်၊ ရှင်ကြက်ကလေးတွေ မဝယ်ချင်ဘူးဆိုလည်း ဝက်ကလေးတွေလည်း မဆိုးပါဘူး။"

ရှောင်စစ်နှင့် ရှောင်ဝူ၊ "..."

အရမ်းရက်စက်တာပဲ။

ရှောင်စစ်က ငိုလုဆဲဆဲ ဖြစ်နေသည်။

"ဒါဆိုလည်း ကြက်ကလေးတွေ ဝယ်ပါ၊ အခုပဲ ကြက်ကလေးတွေဝယ်ဖို့ ခေါ်သွားပေးမယ်၊ ဒါပြီးရင်တော့ အိမ်ပြန်ရအောင်လေ ဟုတ်ပြီလား။"

ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ကြက်ကလေးတွေဝယ်ပြီးရင် အိမ်တန်းပြန်ကြတာပေါ့။"

ထိုအခါမှ သူမ ကြက်ကလေးအကောင်နှစ်ဆယ်ကျော်ဝယ်ဖို့ ရှောင်စစ်က ရထားလုံး မောင်းနှင်သွားပေးခဲ့သည်။

ဘဲပေါက်လေးတွေ ရောင်းနေတာတွေ့တော့ ဘဲတွေ ဆယ်ကောင်ကျော်လောက် ဝယ်ခဲ့သေးသည်။

ရှောင်စစ်က ဘဲနှင့် ကြက်တွေကို ရထားလုံးထဲ အသယ်မခံဘဲ သူ မောင်းသည့်ဘေးမှာ ခြင်းတွေကို ကြိုးဖြင့် ချည်ခဲ့သည်။

မြို့ထဲကထွက်မှပဲ သူ စိတ်အေးသွားခဲ့သည်။

ရထားလုံးရဲ့ အရှိန်က လမ်းလျှောက်တာထက် မြန်သည်။

ရွာကိုရောက်ဖို့ မိနစ်၂၀လောက်သာ ကြာသည်ဟု ရှစ်ချင်းလျို့ ခန့်မှန်းခဲ့သည်။

သူတို့ ရှောင်အိမ်ကိုရောက်သည့်အချိန်မှာ အပြင်က တို့ဟူးကောင်တာတောင် ပိတ်ထားပြီ ဖြစ်သည်။

ရထားလုံးပေါ်က ခုန်ဆင်းကာ ရှစ်ချင်းလျို့က ခြံတံခါးကိုဖွင့်ကာ ဝင်ခဲ့သည်။

ရှောင်ဟန်ကျန့်က ခြံထဲထိုင်ကာ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို စာဖတ်နည်း သင်ပေးနေတာ သူမ တွေ့လိုက်သည်။

ရှစ်ချင်းလျို့က အပြုံးခပ်ကြီးကြီးပြုံးကာ ချိုသာသည့်အသံဖြင့် အော်ခဲ့သည်။ "ယောက်ျားရေ ကျွန်မတို့ ပြန်လာပြီ။"

ရှောင်ဟန်ကျန့်က ကြည့်လိုက်သည်။

သူမရဲ့ အပြုံးခပ်ကြီးကြီးနှင့် ချိုမြနေသည့်အသံကိုကြားလိုက်တော့ ရှောင်ဟန်ကျန့်က မကောင်းသည့် ခံစားချက်တွေ ရသွားခဲ့သည်။