အခန်း ၃၉
Viewers 7k

Chapter (39)

Unicode

အခန်း(၃၉) - သခင်မကြီးအတွက် စိတ်မကောင်းလိုက်တာ

ရှစ်ချင်းလျို့က ရှောင်သခင်မကြီး အနားကပ်သွားခဲ့သည်။

"အနာဂတ်မှာ တို့ဟူးက ရောင်းကောင်းမယ်လို့ အာမခံလား၊ ကျွန်မတို့ကတော့ မသေချာဘူး၊ ဒီရက်ပိုင်းအတွင်း ရွာသားတွေ လာရောက် လဲလှယ်တယ်ဆိုတာ အသစ်အဆန်းမလို့ဘဲ။"

ရှောင်သခင်မကြီးက ခဏလောက်တွေးကာ ပြောခဲ့သည်။ "မသေချာရင်တောင် နင့်ရဲ့ ဦးလေးကြီးနဲ့ တတိယဦးလေးကို အရင် စီမံခန့်ခွဲခိုင်းလို့ရတယ်။"

ထိုစီးပွားရေးကို အချိန်ကြာရှည်စွာ တာဝန်မယူနိုင်တော့ရင်လည်း အချိန်မရွေး ပစ်ထားခဲ့လို့ ရသည်။

ဘာပဲဖြစ်ဖြစ် သူတို့မှာ ဘာမှ ဆုံးရှုံးစရာ မရှိပေ။

ရှစ်ချင်းလျို့က ရူးနှမ်းလိုက်တာဟူသော အကြည့်ဖြင့် ရှောင်သခင်မကြီးကို ကြည့်ခဲ့သည်။ "အဲ့တာက အဓိကလား၊ ရှင့်တုံ့ပြန်မှုက ဘာလို့ အဲလောက် နှေးကွေးနေရတာလဲ။"

ရှောင်သခင်မကြီးက ဘာမှပြန်မဖြေခဲ့ပေ။ သူက ဘာလို့ အပြစ်လာတင်နေတာလဲ။

ရှစ်ချင်းလျို့က ထပ်ပြီး ဒေါသထွက်စွာ ကြည့်ခဲ့သည်။

"ကျွန်မ ပြောချင်တာက ရှင်တို့ရှေ့မှာ ရွှေတောင်ကြီး ရှိနေတာကို ဘာလို့ မတူးဖော်ကြတာလဲ၊ သူများရဲ့ လှုံ့ဆော်တဲ့စကားကို နားထောင်ပြီး အဲဒီအစား အကျိုးအမြတ် ရ မရ မသေချာတဲ့ ကျွန်မတို့ရဲ့ တို့ဟူးဆိုင်ကို မျက်စိကျနေသေးတယ်၊ စိတ်ဝင်စားဖို့ မကောင်းဘူးလား။"

ရှောင်သခင်မကြီးက ပြန်ဖြေခဲ့သည်။ "ငါ့ရဲ့ ဒုတိယသားကို ရည်ညွှန်းပြောဆိုနေတာလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ သူက သူ့မယားငယ်ကို မြို့တော်ကို ခေါ်သွားပြီး ကောင်းစားနေချိန်မှာ ရှင်တို့ကတော့ ရွာမှာ ဒုက္ခခံနေရတယ်၊ တကယ့်ကို သားသမီးဝတ္တရား မကျေပွန်တဲ့လူပဲ၊ သခင်မကြီး ရှင်က ရှင့်အတွက် အစေခံထားပေးခဲ့တဲ့ အဲမိန်းမရဲ့ လှည့်စားမှုကို ခံနေရပြီ၊ တကယ်တမ်းတော့ ရှင်ဘာရလဲ၊ ဗိုလ်ချုပ်စံအိမ်က အာဏာနဲ့ ပိုက်ဆံတွေအကုန် အဲဒီမိန်းမ ထိန်းချုပ်ထားတာပဲ။"

သူမက ဆက်ပြောခဲ့သည်။ "ရှောင်သခင်မကြီးရယ် ရှင့်အတွက် တကယ်စိတ်မကောင်းဘူး၊ သားဖြစ်သူကို ဗိုလ်ချုပ်ကြီးဖြစ်အောင် ပျိုးထောင်ပေးခဲ့ပြီးမှ အကျိုးအမြတ်ကိုကျတော့ အပြင်လူက ရသွားခဲ့တယ်၊ ရှင်က ဗိုလ်ချုပ်စံအိမ်ကို ကြီးကြပ်သင့်တာ၊ ရှင်ကသာ မိသားစုရဲ့ တာဝန်ခံ ဖြစ်သင့်တာ မဟုတ်ဘူးလား၊ အပြင်လူက မဖြစ်သင့်ဘူး၊ ကျွန်မတို့မိသားစုက ငွေတုံး ၁၀တုံးလောက်တောင် အကြွေးတင်နေတာ၊ ရှင်က ကျွန်မတို့ကို ဘာအားကျတာလဲ၊ ကျွန်မတို့ ပိုက်ဆံရှိခဲ့ရင်တောင် ရှင်တို့ကို ပြုစုယုယရမှာ ကျွန်မ ယောက်ျားရဲ့ တာဝန် မဟုတ်ဘူး၊ ဆွေမျိုးဖြတ်တောက်ခြင်းကို တံဆိပ်ခတ်နှိပ်ခဲ့ပြီး အရာရှိတွေကိုယ်တိုင် အသိအမှတ်ပြုခဲ့တာ၊ ငွေတုံး ၁၀တုံး ပြန်ဆပ်ရဖို့က မနက်စောစောထပြီး ရုန်းကန်နေရချိန်မှာ ဗိုလ်ချုပ်စံအိမ်က အစားအသောက်တစ်နပ်က အဲထက် ပိုကုန်ကျနိုင်တယ်။"

ရှောင်သခင်မကြီးက ကြက်သေ သေသွားခဲ့သည်။ "အစားအသောက် တစ်နပ်စာကို အဲလောက် ကုန်ကျအောင် စားနိုင်လို့လား။"

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ သူတို့က ပင်လယ်အနက်ကြီးထဲက ဖမ်းလာတဲ့ ပင်လယ်ခရုကို စားတယ်၊ ငှက်သိုက်နဲ့ ငါးမန်းဆူးတောင်ဟင်းချိုကို သောက်တယ်၊ တစ်နပ်စာကို ငွေတုံး ၁၀တုံးထက်တောင် ပိုကုန်ဦးမယ်။"

သိပ်မဝေးသည့် မြေပြင်ပေါ်က ပန်းအိုးကို သူမ ညွှန်ပြခဲ့သည်။ “အဲဒီခရမ်းရောင်ဂန္ဓမာပန်းအိုးကို တွေ့လား။"

"အင်း အရောင်က တမူထူးခြားတယ်၊" ရှောင်သခင်မကြီး အခုမှ ခရမ်းရောင်ဂန္ဓမာပန်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့က ဒါကို အသားပေး ပြောပြခဲ့သည်။ "လူတွေက အရောင်ကို ကြိုက်တာလား၊ သူ့တန်ဖိုးကို သဘောကျကြတာ၊ ဒါ မြို့ထဲက ပိုင်မိသားစု သခင်လေးရဲ့ ပန်းအိုးပဲ၊ သူ မြို့တော်ကနေ ဝယ်လာခဲ့တာ တန်ဖိုးအားဖြင့် ငွေတုံးရာချီ အများကြီး ပေးရတယ်။"

ရှောင်သခင်မကြီးက မယုံကြည်နိုင်စွာ ပြောခဲ့သည်။ "ဘာ၊ ပန်းအိုးလေးတစ်အိုးကို ငွေတုံးရာချီ ပေးရတယ် ဟုတ်လား၊ နင် ပေါက်ကရတွေ ပြောနေတာမလား။"

ရှစ်ချင်းလျို့က မျက်လုံးလည်ပြခဲ့သည်။ "ဒါကြောင့် ရှင်တို့ကို နားမလည်ဘူးလို့ပြောတာ၊ ရှင်တို့က သိပ်အမြင်ကျဥ်းတာ၊ မြို့တော်ကို သွားမေးရင် ပိုင်သခင်လေးရဲ့ ပန်းအိုးက ငွေတုံးရာချီပေးရတာကို သိသွားလိမ့်မယ်၊ ကျွန်မက ရှင်တို့ကို လိမ်စရာလား၊ သွားမေးကြည့်ရင် သိလိမ့်မယ်။"

ထိုအချိန်မှာပဲ ရှောင်သခင်မကြီးအနောက်က လူငယ်လေးက ပြောခဲ့သည်။ "အဖွား ကျွန်တော် ပြီးခဲ့တဲ့အခေါက်က မြို့ထဲသွားတုန်းက အဲ့အကြောင်းကြားခဲ့တယ်၊ အမှန်ပါပဲ။"

ထိုအချိန်တုန်းက သူ့မှာ ယုံကြည်ဖို့ ခက်ခဲခဲ့ရသည်။

မဟုတ်သည့်အရာအတွက် လက်ဖွာသည့် ချမ်းသာသည့်မိသားစုတွေအစားတောင် စိတ်ညစ်ခဲ့ရသေးသည်။

ရှောင်သခင်မကြီးက မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ "ဒီပန်းအိုးက စားမရသောက်မရနဲ့ ဘာလို့ အဲလောက် စျေးကြီးတာလဲ။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "မျပ်နှာပန်းလှအောင်လေ၊ လူတွေက အဆင့်အတန်းနဲ့ ကြွားလုံးထုတ်ချင်တာ၊ တွေးကြည့်လိုက်လေ၊ ပိုင်မိသားစုက မြို့ထဲက ကုန်သည်ပါပဲ၊ ပန်းတစ်အိုးတောင် ငွေတုံးရာချီ ပေးဝယ်ခဲ့တာ၊ ရှင့်သားက ဗိုလ်ချုပ်ကြီးလေ၊ အစားအသောက် တစ်နပ်စာကို ငွေတုံး ၁၀တုံးလောက် ကုန်တာ အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါ့မလား။"

ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ရှောင်သခင်မကြီး ခံစားလိုက်ရသည်။ "မြို့တော်မှာ သူတို့တွေလည်း သုံးနိုင်ဖြုန်းနိုင်နေတာလား၊ အရင်တုန်းကတော့ ငါ့ကို မဟုတ်ဘူး ပြောခဲ့တာ။"

သူတို့လည်း သူ့နောက်ကနေ မြို့တော်ကို လိုက်သွားချင်ပေမယ့် သူတို့ရဲ့ ဒုတိယသားက သူတို့ မြို့တော်မှာ နေရတာ ခက်ခဲသည့်အကြောင်း ပြောခဲ့သည်။

ဗိုလ်ချုပ်စံအိမ်ဆိုရင်တောင် ကုန်ကျစရိတ်က အရမ်းများပြီး ခြွေတာသင့်သည်။

ရှစ်ချင်းလျို့က မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။ “အဲတာကို တကယ်ပဲ ယုံနေတာလား၊ ပိုင်သခင်လေးကို မေးခဲ့တာတော့ မြို့တော်က လူတွေက ရာထူးကြီးလေ အသုံးအဖြုန်းကြီးလေလို့ ပြောခဲ့တယ်၊ ပိုးထည်တွေ ဝတ်ဆင်တယ်၊ ကမ္ဘာပေါ်မှာ အရသာရှိတာတွေအကုန် စားသောက်တယ်၊ အစေခံတွေကလည်း အများကြီး ရှိတယ်။"

သူမက သက်ပြင်းချခဲ့သည်။ "ရှင်တို့ကို ကြည့်ဦး၊ ရှင်တို့ ဘာဝတ်ရလဲ၊ ဗိုလ်ချုပ်စံအိမ်က အစေခံတွေတောင် ဒီလိုအဝတ်အစား မဝတ်တာကို ရှင်တို့က ပျော်ပျော်ရွှင်ရွှင် ဝတ်ဆင်နေတယ်၊ ဗိုလ်ချုပ်ကြီးရှောင်ကို ရှင်တို့က လူလားမြောက်အောင် ပျိုးထောင်ခဲ့တာပါ၊ သူကတော့ ရာထူးအဆင့်အတန်းနဲ့ အဆုံးမရှိတဲ့ ငွေကြေးကို ခံစားနေရပြီး ရှင်တို့က အကျိုးအမြတ် မရတဲ့အပြင် အပြင်လူက အကျိုးအမြတ် ခံစားနေရတယ်။"

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကလည်း သဘောတူခဲ့သည်။ "ဟုတ်တယ် အဲလိုဖြစ်နေတယ်။"

အဲ့တိရိစ္ဆာန်မက ငွေတုံး ၁၀တုံးကျော်တန်တဲ့ ဟင်းလျာကို ခံစားနေရတယ်။

သူတို့ကိုကျတော့ အစေခံလောက်ပဲတန်တဲ့ အဝတ်အစားပဲ ဝတ်စေတာတော့ လွန်သွားပြီ။

ရှောင်သခင်မကြီးရဲ့ အမူအရာဟာလည်း အလွန် အကျည်းတန်သွားခဲ့သည်။

သူမလည်း မနှစ်မြို့ပေ။ သူမကသာ သူ့ကို ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သည်။

ဘယ်လိုလုပ် မျိုးမစစ်ကောင် ဖြစ်လာတာလဲ။

ထိုအချင်းအရာကို မြင်သည့် ရှစ်ချင်းလျို့က စိတ်ဝမ်းကွဲအောင် ဆက်လက်လုပ်ခဲ့သည်။ "ကျွန်မတို့က ရှောင်မိသားစုဟောင်းနဲ့ ဘာမှ မတော်တော့ဘူး၊ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနဲ့ ရှောင်မိသားစုဟောင်းက ဆွေမျိုးတော်စပ်နေတုန်းပဲလေ၊ ဒါကြောင့် သူက သူ့မိဘ၊ ညီကိုမောင်နှမနဲ့ တူတွေ တူမတွေကို သူ ဂရုစိုက်ပေးရမှာပေါ့၊ သူ ဒီလို ထွက်ပြေးသွားတာတော့ တကယ် တာဝန်မကျေပွန်တဲ့သားပဲ၊ ရှင်တို့သာ သူ့ကို တရားသွားစွဲရင် တကယ်အောင်မြင်လိမ့်မယ်။"

ရှောင်သခင်မကြီးက မပျော်မရွှင် မေးခဲ့သည်။ "နင်က ငါ့သားကို တရားစွဲစေချင်နေတာလား။"

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။

ရှောင်သခင်မကြီးက တကယ် ဦးနှောက်မရှိတာပဲ။

ရှင်းဟုန်ရဲ့ လှည့်စားမှုကို ခံရတာလည်း မဆန်းတော့ပါဘူး။

"တရားစွဲခိုင်းနေတာ မဟုတ်ဘူး၊ မြို့တော်က ဗိုလ်ချုပ်စံအိမ်ကို သွားခိုင်းနေတာ၊ သူနဲ့ သူ့မိန်းမက သဘောမတူရင် သားသမီးဝတ္တရား မကျေပွန်တဲ့အတွက် တရားစွဲမယ်လို့ သူတို့ကို ခြိမ်းခြောက်လိုက်၊ ကျွန်မ ယောက်ျားကို ခြိမ်းခြောက်ခဲ့သလို ရှင့်သားကို ခြိမ်းခြောက်လိုက်ချေ၊ အဲ့တာ မမှားဘူး၊ ဒါက သူတို့ကို ကြီးကြပ်တာထက် ပိုအသုံးဝင်တယ်၊ ဘာပဲဖြစ်ဖြစ် သူက သားသမီးဝတ္တရား ကျေပွန်ရမယ့်လူလေ၊ ကျွန်မယောက်ျားက အဲလိုမဟုတ်ဘူး။"

ရှောင်သခင်မကြီးက အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ မကောင်းသည့် အကြံတွေ ပြည့်နေသည့် သားဖြစ်သူကို သူမ အနည်းငယ် ကြောက်သည်။

သူမ လက်ခံမလိုဖြစ်နေတာကိုတွေ့တော့ ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "ရှောင်သခင်မကြီး ရှင့်ကိုယ်ရှင် မတွေးရင်တောင် ရှင့်မြေးတွေအတွက် တွေးပေးရမယ်၊ သူတို့က ကျွန်မယောက်ျားလောက် ဉာဏ်မကောင်းသလို အရည်အချင်းကလည်း မရှိဘူး၊ အရာရှိဖြစ်တဲ့ ဒုတိယဦးလေးရှိနေမှတော့ ဘာလို့ ကောင်းကောင်း အသုံးမချတာလဲ၊ သူတို့ တစ်ဘဝလုံးကို တောသားလူနုံအနေနဲ့ပဲ ဖြတ်သန်းသွားစေချင်တယ်လို့တော့ မပြောနဲ့နော်။"

သူမရဲ့ မြေးနှစ်ယောက်လုံးက ဆွံ့အသွားခဲ့သည်။

သူတို့လည်း ဉာဏ်ကောင်းပါတယ်။ ငါတို့က စာဖတ်ရတာ မကြိုက်ရုံပါ။

ဒုတိယစကားကိုကြားတော့ သူတို့တွေ ဘာမှဂရုမစိုက်နိုင်တော့ပေ။ "အဖွား ကျွန်တော်တို့ တောသားလူနုံဘဝနဲ့ပဲ မဖြတ်သန်းချင်ဘူး။"

ဒီနှစ်ယောက်က ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးနှင့် ဒုတိယမြေး ဖြစ်သည်။

ရှောင်ဟန်ကျန့်က တတိယမြေး ဖြစ်သည်။

မိသားစုက ခွဲထွက်ပြီးနောက် ရွာသားတွေက သူ့ကို တာ့လျန်(သားကြီး)နှင့် သူ့ညီဖြစ်သူ ရှောင်ယီကို အာ့လန်(ဒုတိယသား)ဟု ခေါ်စေခဲ့သည်။

ရှောင်မိသားစုဟောင်းဆီက ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ရှောင်သခင်မကြီးက ကြက်သေ သေခဲ့သည်။ ဒါပေါ့ အဖိုးတန် မြေးအကြီးဆုံးက ဘယ်လိုလုပ် လက်ပါးစေဖြစ်လို့ရမှာလဲ။

"ဗိုလ်ချုပ်ကြီးရဲ့ အဆင့်အတန်းအရ သားနှစ်ယောက်နဲ့ မြေးတွေကို အလုပ်ကောင်းကောင်း စီစဥ်ပေးလို့ရမှာ သေချာတယ်၊ သူတို့က လက်မထပ်မှာ မဟုတ်ဘူးမလား၊ မြို့တော်မှာ အလုပ်ကောင်းကောင်း ရှိမယ်၊ ဗိုလ်ချုပ်ကြီးရဲ့ ထောက်ပံ့မှုလည်း ရှိရင် မြို့တော်က ဘယ်လို မိန်းကလေးမျိုးကိုမဆို သူတို့ရနိုင်မှာပဲ၊ ရွာမှာပဲနေပြီး ရွာသူကိုပဲ ယူမလို့လား၊ ဒါ့အပြင် ဟိုးတုန်းက ကျွန်မအမေက ရှင်တို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့တာပဲ၊ အဲမိန်းမက ရှင်တို့အိမ်ကိုဝင်ပြီး ချွေးမအနေနဲ့ ဘာလို့ မပြုစုရမှာလဲ၊ သူက ဘယ်သူ့ကို အထင်သေးနေတာလဲ၊ ဗိုလ်ချုပ်ကြီးရဲ့ မိန်းမဖြစ်တော့ ဘာဖြစ်လဲ၊ ရှင်က ဗိုလ်ချုပ်ကြီးရဲ့ အမေပဲ၊ ဘုရင်ကြီးက ကမ္ဘာကြီးကို လူ့ကျင့်ဝတ်နဲ့ အုပ်ချုပ်ဖို့ ရည်ရွယ်ထားတာ၊ မိသားစု မခွဲမထွက်ခင်အထိ သူတို့က ရှင်တို့ကို အလုပ်အကျွေးပြုရမှာပဲ။"

သူမ ခင်ပွန်းရဲ့ မိသားစုကို သတ်ချင်တာကလွဲရင် ထိုမိန်းမက ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို မြို့တော်မှာ ပြဿနာ လာမရှာအောင် တားမြစ်ခဲ့သည်။

ဒီလိုဆိုမှတော့ ထိုပြဿနာကောင်တွေကို လက်ဆောင်လို ထုပ်ပိုးပြီး ပို့ပေးလိုက်မည်ဖြစ်သည်။