အခန်း ၄၁
Viewers 7k

Chapter (41)

Unicode

အခန်း(၄၁) - အဲလိုလုပ်လို့ဖြစ်ပါ့မလား

ရှစ်ချင်းလျို့ရဲ့ စကားကြောင့် ရှောင်မိသားစုရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။

ထိုတိရိစ္ဆာန်အပေါ် ထားသည့် မကျေနပ်မှုနှင့် မကျေမချမ်းမှုတွေက ပိုမိုပြင်းထန်လာခဲ့သည်။

သူမသာ ဒီမှာ ရှိပါက ပါးချလိုက်ပြီဖြစ်သည်။

အမျိုးသမီးဝမ်နှင့် တခြားလူတွေက အသံတိုးတိုးဖြင့် ကျိန်ဆဲခဲ့သည်။ "ဒီတိရိစ္ဆာန်မက ကောင်းတာတွေ အကုန် သူ တစ်ယောက်တည်း လိုချင်နေတာပဲ၊ ကျွန်မတို့ မလာအောင် တားမြစ်ထားတာလည်း မဆန်းတော့ပါဘူး၊ ချီးပဲ အရှက်မရှိတဲ့ မြေခွေးမ…"

ရှောင်သခင်မကြီးက စားပွဲကို ရိုက်ချခဲ့သည်။ "တကယ်ပဲ အဲလိုလား၊ သူ့လို မိဘမဲ့ကများ ငါ့သားရဲ့ အခွင့်အရေးတွေကို လက်ဝါးကြီးအုပ်ချင်နေတယ်၊ ချီးသွားစားလိုက်လေ။"

သူ့ရဲ့ အမေအနေဖြင့် သူမမှာ အကျိုးခံစားခွင့်ရှိပြီး အဲ့တိရိစ္ဆာန်မနှင့် မဆိုင်ပေ။

သူမက ရှစ်ချင်းလျို့ကို မေးမြန်းခဲ့သည်။ "ငါတို့ ဘာလုပ်သင့်လဲ"

ဘာပဲဖြစ်ဖြစ် သူမက တာအိုဘုန်းတော်ကြီးရဲ့ တပည့်ဖြစ်လို့ အကြံကောင်းတွေ ရှိနိုင်ပေသည်။

ရှစ်ချင်းလျို့က ရှောင်သခင်မကြီး သူမရဲ့ ထောင်ချောက်ထဲ ကျလာအောင် အကြာကြီး စောင့်ခဲ့ရသည်။

"ရှောင်မိသားစုလက်အောက်က အိမ်နဲ့ မြေတွေ အကုန်ရောင်းပြီး မြို့တော်ကို ပိုက်ဆံတွေ ယူသွားလိုက်ပေါ့။"

ရှောင်သခင်မကြီးက ရှုပ်ထွေးသွားပြီး သဘောမတူဟန်ပြောလေသည်။ "ဘာ၊ ဘာလို့ ပိုင်ဆိုင်မှုတွေ အကုန် ရောင်းချရမှာလဲ။"

ရှင်တို့ရောက်သွားရင် အဲ့လူနှစ်ယောက်က ရှင်တို့ကို ပြန်မပို့နိုင်အောင်လို့ပေါ့ ဟု ရှစ်ချင်းလျို့က စိတ်ထဲက တွေးခဲ့သည်။

သို့ပေမယ့်လည်း အပေါ်ယံမှာတော့ သူမက ရှောင်သခင်မကြီးနှင့် တခြားလူတွေကို အရမ်းဂရုစိုက်ပုံ ဟန်ဆောင်ထားလေသည်။

"အဲဒါမှ သူက ရှင်တို့ကို မောင်းထုတ်လို့ မရမှာပေါ့၊ မဟုတ်ရင် ရှင်တို့ ဘယ်မှာနေမှာလဲ၊ ဘာစားကြမှာလဲ၊ ဗိုလ်ချုပ်ကြီးက သူ့မိဘတွေကို လမ်းဘေးမှာ ငတ်သေသွားစေချင်တာလို့တော့ မပြောနဲ့နော်၊ သူသာ အဲလို လုပ်ရဲရင် သူ့ကို တရားစွဲပစ်လို့ရတယ်၊ တကယ်လို့ တစ်နေ့မှ ပြန်လာဖို့ ဖိအားပေးခဲ့ရင် မြေကွက်အသစ်ဝယ်ဖို့ ပိုက်ဆံတောင်းလိုက်၊ နစ်နာကြေးငွေက လက်ရှိစျေးလောက် အနည်းဆုံး ရှိရမယ်၊ ပြီးရင် ရွာထဲမှာ အကောင်းဆုံးအိမ်ကို ဆောက်၊ မဟုတ်ရင် ဗိုလ်ချုပ်ကြီးကို အရှက်ရစေမယ်မလား၊ အဲအချိန်ဆိုရင် ရှင်တို့လည်း ငွေနှစ်ဆ ရှာနိုင်ပြီး အရှုံးလည်း မရှိဘူး။"

သူမက ဆက်လက်ပြီး အားပေးအားမြောက်လုပ်ခဲ့သည်။ "ဘာပဲဖြစ်ဖြစ် ရှင်တို့ အဲကိုရောက်တာနဲ့ လုပ်စရာရှိတာလုပ်၊ အကြင်နာကင်းမဲ့တဲ့လူက အနိုင်ရမှာပဲ။"

အစတုန်းကတော့ ရှောင်သခင်မကြီးနှင့် တခြားလူတွေက သဘောမတူပေမယ့် ရှစ်ချင်းလျို့ရဲ့ စကားကို နားထောင်ပြီးနောက် အဓိပ္ပာယ်ရှိတယ်ဟု ခံစားခဲ့ရသည်။

အိမ်နဲ့ မြေ မရှိရင် သူတို့ ပြန်ရောက်တဲ့အခါ ဘယ်မှာ နေကြမှာလဲ။

ရှောင်မိသားစုရဲ့ ဒုတိယသားက ဘယ်လောက်ပဲ ရက်စက်ပါစေ။ သူတို့ကိုတော့ အိမ်ခြေရာမဲ့ဖြစ်အောင် မလုပ်နိုင်ဘူးမလား။

သူသာ အဲလောက် အကြင်နာကင်းမဲ့ရင် သူတို့လည်း သူ့ကို တရားစွဲလို့ရသည်။

သူ့ကို ဗိုလ်မှူးကြီးအဖြစ်က ရပ်တန့်သွားအောင်အထိ လုပ်နိုင်သည်။

သူတို့လည်း မစံစားနိုင်မှတော့ ဘယ်သူက ပိုအကြင်နာမဲ့လည်းဆိုတာ ကြည့်ကြတာပေါ့။

ဒီမိန်းမယုတ်က သဘောကျစရာမကောင်းသော်လည်း သူမဆီက အကြံကောင်းတွေ ထွက်ကြောင်းကို ရှောင်သခင်မကြီးက သဘောပေါက်ခဲ့သည်။

"ဒီအကြံက အဓိပ္ပာယ်ရှိတယ်၊ ပြန်ပြီး ဆွေးနွေးရအောင်"

သူမက ပြောပြီးသည်နှင့် ထပြန်ဖို့ လုပ်ခဲ့သည်။

သို့ပေမယ့် ရှစ်ချင်းလျို့က သူမကို တားခဲ့သည်။ "သခင်မကြီး ဘာတွေ အလျင်လိုနေတာလဲ၊ အခု ရှင်အပြင်ထွက်သွားတာနဲ့ အပြင်က စောင့်နေတဲ့ ရှင်းဟုန်က ရှင့်အစီအစဥ်တွေကို ဖော်ထုတ်ပစ်လိမ့်မယ်၊ အဲမိန်းမက ရှင့်ဘေးမှာ ရှင်းဟုန်ကိုထားပြီး ကျွန်မ ယောက်ျားရဲ့ အမှားကို ရှာဖို့ ရှင့်ကို လှုံ့ဆော်ခိုင်းထားတာ၊ ရှင် မြို့တော်ကို မဝင်နိုင်အောင် တားမြစ်ပြီး သူ့ရဲ့ ရပိုင်ခွင့်တွေကို ရှင် မလုယူနိုင်အောင် တားဖို့ သူ့ကို ထားပေးတာ၊ ရှင့်အစီအစဥ် စောစောပေါက်ကြားသွားတာနဲ့ ရှင့်ရဲ့ မဟုတ်တဲ့ သတင်းတွေကို သူ ဖြန့်ပြီး ရှင်မြို့တော်ထဲဝင်မရအောင် ဗိုလ်ချုပ်ကြီးကို တားမြစ်ခိုင်းလိမ့်မယ်။"

ရှောင်သခင်မကြီးက ပြန်ထိုင်ခဲ့သည်။ "ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ၊ ရှင်းဟုန်က ငါ့ဘေးမှာ အလုပ်အကျွေးပြုနေတာဆိုတော့ အိမ်တွေ မြေတွေ ရောင်းတာကို သူသိမှာပဲ။"

ရှစ်ချင်းလျို့က သူမကို အံ့သြစွာ ကြည့်ခဲ့သည်။ "ဒါဆို သူ့ကို မခေါ်ထားနဲ့လေ"

သူမက အကြံပေးခဲ့သည်။ "ရှင်တို့ အခုပြန်သွားရင် ရှင်တို့ မြို့တော်သွားမယ့်အကြောင်း သူ့ကို မသိစေဘဲ အဲအစား ကျိန်ဆဲချင်ယောင်ဆောင်လိုက်၊ မနက်ဖြန်ကျရင် ကျွန်မရဲ့ ဦးလေးကြီး မဟုတ်ရင်လည်း တတိယဦးလေးကို မြို့တော်ကို သွားခိုင်းပြီး သူ့ကို ရောင်းဖို့ လူတစ်ယောက်ရှာပြီး လူတချို့နဲ့ သူ့ကို ဆွဲထုတ်သွားလိုက်၊ ဒီလိုဆိုရင် ရှင်တို့အစီအစဥ်ကို ဘယ်သူမှ ဖော်ထုတ်နိုင်မှာ မဟုတ်တော့ဘူး။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။ အဲလိုလုပ်လို့ရပါ့မလား။

တကယ်တော့ လုပ်လို့ရသည်။

ရှစ်ချင်းလျို့က ဆက်လက်ပြီး အားပေးအားမြောက်ပြုခဲ့သည်။ "အဲမိန်းကလေးက လှတယ်၊ သူက ဗိုလ်ချုပ်ဇနီးရဲ့ အစေခံလည်း ဖြစ်ဖူးတယ်၊ သူ့ကို နေရာအမှန်မှာသာ ရောင်းနိုင်ရင် အနည်းဆုံး ငွေတုံး ၁၂တုံးလောက်တော့ ရတယ်၊ သူက ရှင်တို့ ဝင်ငွေနဲ့ ကောင်းမွန်တဲ့ဘဝ မရအောင် လျှို့ဝှက်လုပ်နေတဲ့လူဆိုရင် သူက ရှင်တို့ရန်သူပဲ၊ စိတ်နှလုံးပျော့ညံ့နေလို့မရဘူး၊ သူ့ကိုသာ ရောင်းထုတ်လိုက်ရင် မျက်စိ ဆံပင်မွေးလည်း မစူးတော့သလို ပိုက်ဆံလည်း ရလိမ့်မယ်။"

ရှောင်ပိုင်လီကို သခင်လေးဝူနှင့် လက်ထပ်အောင် ဆွဲခေါ်ဖို့ ရှင်းဟုန်က ရှောင်မိသားစုကလူတွေကို လှုံ့ဆော်ခဲ့သူ ဖြစ်သည်။

သမားတော်ရှစ် ရှောင်ဟန်ကျန့်ကို အဆိပ်ခတ်ခိုင်းဖို့ လာဘ်ထိုးတာကော ရှောင်အာ့လန် ရေနစ်အောင် လုပ်တာကော အကုန် သူမ လုပ်ခဲ့တာ ဖြစ်သည်။

သူမမှာ ခွင့်မလွှတ်နိုင်သည့် ပြစ်မှုတွေ ရှိခဲ့သည်။

အတုံ့အလှည့်အနေနဲ့ ရှစ်ချင်းလျို့က ပြဿနာကောင်တွေကို သွေးထိုးပေးပြီး သူမကို ပြန်ရောင်းစားခိုင်းကာ ဝဋ်ပြန်လည်အောင်လုပ်ခြင်းဖြစ်သည်။

သူမ လုပ်ရပ်က ရှင်းလင်းသည်။ သူမကို ဘယ်လိုနေရာမှာ စျေးကောင်းကောင်းနဲ့ ရောင်းလို့ ရမလဲ။

သေချာပေါက် ပြည့်တန်ဆာအိမ်မှာပေါ့။

သခင်လေးဝူ သေသွားတာ နှမြောဖို့ကောင်းသည်။

မဟုတ်ပါက ရှစ်ချင်းလျို့ ရှောင်မိသားစုကို အားပေးအားမြောက်ပြုပြီး ရှင်းဟုန်ကို မြေမြှုပ်သင်္ဂြိုလ်ဖို့ ပို့ခိုင်းလိုက်မည်ဖြစ်သည်။

သေချာပေါက်ကို ရှန်သခင်မကြီးနဲ့ တခြားလူတွေက စိတ်ဝင်တစား ကြည့်လာခဲ့သည်

"ဒီကိစ္စကို ထပ်စဥ်းစားကြည့်ရအောင်"

သူတို့ရင်ထဲမှာတော့ ရှစ်ချင်းလျို့ရဲ့စကားကို နားထောင်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။

ရှင်းဟုန် သူတို့လမ်းကို မပိတ်အောင် လုပ်နိုင်မည့် အစီအစဥ် ဖြစ်သည်။

ရှစ်ချင်းလျို့က ရှောင်သခင်မကြီး၊ အမျိုးသမီးဝူ နှင့် အမျိုးသမီးဝမ် နားကပ်သွားပြီး မြို့တော်ကို ရောက်သည့်အခါ ဆန်ကုန်မြေလေးအဖေနှင့် သူ့မိန်းမကို ရှင်းထုတ်ရမည့်နည်းလမ်း တချို့ကို ပြောပြခဲ့သည်။

ဥပမာအားဖြင့် ထိုအမျိုးသမီးက ဗိုလ်ချုပ်ကြီးရှေ့မှာ အားနည်းယောင်ဆောင်ပြပါက ရှောင်သခင်မကြီးက သူမထက် ပိုကျယ်အောင် အော်ငိုသင့်ကြောင်း သို့မဟုတ် ထိုအမျိုးသမီးက အစားအသောက်ဖိုးနှင့် ကုန်ကျစရိတ်အကြောင်း ဝေ့ပတ်ပြောဆိုပါက ရှောင်သခင်မကြီးက ချွေးမနှစ်ယောက်ကိုခေါ်ပြီး အပြင်လူတွေဆီ ငိုယိုပြောပြသင့်ကြောင်း သင်ပြခဲ့သည်။

လူများသည့် လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့ သွားပါက ပိုကောင်းသည်။

ထိုမိန်းမသာ လျစ်လျူရှုထားပါက သူတို့သုံးယောက်က ဗိုလ်ချုပ်ကြီးရဲ့ အိမ်ရှေ့မှာ ဒေါသကြီးစွာ အော်ဟစ်သင့်ကြောင်း ပြောပြခဲ့သည်။

ထိုကြာပန်းဖြူကို ရှင်းထုတ်ဖို့ နည်းလမ်းတချို့ကို ရှစ်ချင်းလျို့က သင်ပြပေးခဲ့သေးသည်။

သူတို့ရဲ့ တီထွင်နိုင်စွမ်းကို ပြသဖို့ ဒီကိစ္စကို သူတို့သုံးယောက်ထံ ရှစ်ချင်းလျို့ လွှဲထားပြီးပြီ ဖြစ်သည်။

ဒီပြဿနာကောင် သုံးယောက်က ဒေါသပေါက်ကွဲရာမှာ တော်မည့်အကြောင်း သူမ ယုံကြည်သည်။

သူတို့သုံးယောက်က ရန်သူကို ထိုသို့ ရှင်းထုတ်လို့ရမယ်မှန်း မမျှော်လင့်ခဲ့ပေ။

ကမ္ဘာအသစ်ဆီသွားမည့် တံခါးအသစ်က ပွင့်လာခဲ့ပြီ ဖြစ်သည်။

ဒီမိန်းမယုတ်က တာအိုဘုန်းတော်ကြီးရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်တယ်။

သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက လိုက်မမှီတဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်။

ရှစ်ချင်းလျို့ သူတို့ကို သင်ပေးခဲ့သည့် နည်းတွေကြောင့် သူတို့က သူမကိုတောင် အနည်းငယ် ကြောက်ခဲ့ရသည်။

ဒီမိန်းမယုတ်က လူကောင်း မဟုတ်ဘူး။

သူ့ဆီမှာ မကောင်းတဲ့အကြံတွေ ပြည့်နေပြီး သာမာန်မကောင်းဆိုးဝါး မဟုတ်ဘဲ သူတို့ကိုတောင် သင်ပေးခဲ့သေးတယ်။

သို့ပေမယ့် မြို့တော်က တိရိစ္ဆာန်မကို ရှင်းထုတ်ရမည့် အစီအစဥ်ကို သူတို့ သဘောကျသည်။

ထို့ကြောင့် သူတို့သုံးယောက် နားမလည်တာရှိရင် ရှစ်ချင်းလျို့ဆီမှာ အကြံတောင်းခဲ့သည်။

သူတို့က လူစုပြီး ပျော်ရွှင်စွာ စကားပြောခဲ့ကြသည်။

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။

မသိသည့်လူတွေဆိုပါက သူတို့က အလွန်ဆက်ဆံရေးကောင်းသည့် လူတွေဟု ထင်နိုင်ပေသည်။

ရှစ်ချင်းလျို့က သူတို့ကို သင်ပြလှုံ့ဆော်ပြီးနောက် သူတို့ကို ပြန်ခိုင်းလိုက်တော့သည်။

"ရှင်တို့ အခုပြန်ပြီး ပြင်ဆင်ထားတော့၊ ကောင်းမွန်တဲ့ဘဝမှာ ကောင်းကောင်းလေး စောစောနေချင် အချိန်တွေ နှောင့်နှေးအောင် လုပ်မနေနဲ့တော့။"

သူတို့ သုံးယောက်က ပြန်ဖို့ မစောင့်နိုင်တော့ဘဲ ပြောလာလေသည်။ "ကောင်းပြီ။ အဲလိုလုပ်ကြတာပေါ့။"

သူတို့ ဒီနေ့ လာရခြင်းရဲ့ အကြောင်းရင်းကိုတောင် မေ့သွားခဲ့ကြသည်။

သူတို့က တို့ဟူးဆိုင်ကို ယူဖို့ စိတ်မဝင်စားတော့ပေ။ ရှစ်ချင်းလျို့က ရှင်းဟုန်အတွက် ငရဲတွင်း တူးပေးလိုက်ပြီ ဖြစ်သည်။

သူက ရှောင်သခင်မကြီးကို သတိပေးခဲ့သည်။ "ရှင်တို့ ပြန်သွားရင် ရှင်းဟုန်က မေးခွန်းအစုံ မေးလိမ့်မယ်၊ သူ့ကို ဒီနေ့ပြောခဲ့တာတွေ မတော်တဆ မပြောမိစေနဲ့ဦး။"

ရှောင်သခင်မကြီးက လက်ဝေ့ယမ်းပြခဲ့သည်။ "အဲ့လို မဖြစ်စေရဘူး။"

သူမက ငတုံးမှ မဟုတ်တာ။

ရှစ်ချင်းလျို့က သူတို့ကို ခြံပြင်လိုက်ပို့ခဲ့ပြီး သူတို့သုံးယောက်က အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

ရှင်းဟုန် သူတို့ကိုတွေ့တော့ မျက်နှာထက်က မကျေမချမ်းမှုတွေကို ဖုံးကွယ်ခဲ့သည်။

သူမက ပြုံးပြီး သူတို့ဆီ သွားလိုက်သည်။ "အဲမိန်းမယုတ်က သခင်မကြီးတို့ကို ဘာလို့ ခေါ်ဝင်တာလဲ၊ တို့ဟူးလုပ်ငန်းကိစ္စ ရှင်းပြီးပြီလား၊ ဘာလို့ ဘာမှ မယူလာတာလဲ။"

ပုံမှန်အတိုင်း သူမက မေးခွန်းတွေ ဆက်တိုက်မေးခဲ့သည်။

အတိတ်တုန်းကတော့ ရှောင်သခင်မကြီးက ဘာမှ သိပ်မတွေးခဲ့ပေ။

သို့ပေမယ့် အခုတော့ ရှစ်ချင်းလျို့ ပြောထားတာတွေကို မတွေးဘဲ မနေနိုင်ပေ။

အရင်တုန်းကတော့ သူမ ဘာမှ မတွေးမိခဲ့ပေမယ့် အခုတော့ အာရုံခံနေမိခဲ့သည်။

ရှင်းဟုန်က ဦးဆောင်ပြီး သူတို့ကို ရုပ်သေးရုပ်လို အသုံးပြုနေခြင်းဖြစ်သည်။

သူက တကယ့် မကောင်းဆိုးဝါးပဲ။ ရောင်းစားခံရဖို့ ထိုက်တန်တယ်။