အပိုင်း ၁၈
Viewers 12k

လန်ဝေ့ရဲ့မျက်နှာကိုဖြတ်ရိုက်ခြင်း
ပြတင်းပေါက်အပြင်ဘက်ရှိလေတဝူးဝူးက ပြတင်းတံခါးအားလှုပ်ခတ်ကျန်ရစ်စေသည်။ အခန်းတွင်း၌ လင်းရှောင်တစ်ယောက်သာ ကျန်ရစ်ပြီး မည်သူမျှရောက်မလာခဲ့သလိုပင်။
လင်းရှောင်ခြေပစ်လက်ပစ်ထိုင်ချလျက် သူလည်ပင်းအား ပွတ်သပ်လိုက်မိသည်။ သေးငယ်သောအကြောက်တရားက သူ့ထံစွဲထင်ကျန်ရစ်ဆဲ။
လည်ပင်းပေါ်မှအေးစက်သောဓါးအတွေ့မှ အလွန်မနှစ်မြို့စရာကောင်းလှသည်။
သို့သော်လည်းလင်းရှောင်သူ့ကံကိုအံ့အားသင့်မိဆဲ။
လန်ဝေ့ကတက်းသူ့ထဲ မိုရွှိ၏သူလျှိုစာရင်းကိုပို့ပေးဦးမည်။ သူ့ထံတွင် သူလျှိုဖမ်းရန်သဲလွန်စအနည်းငယ်ရှိသော်လည်း ရှာတွေ့ဖို့မလွယ်ကူပါချေ။
ထို့အပြင့်စာပို့ရန်ကြားခံနယ်သုံးထားသူတို့လည်း သိပ်မများလှ။
သူတွေးကြည့်မိပြီးနောက် ထိုအမည်စာရင်းမှာ အမတ်ချုပ်ကြီး၏ သူလျှိုစာရင်းဖြစ်လိမ်ွမည်ဟု သိလိူက်သည်။
ဤသည်မှာ အမတ်ချုပ်ကြီး၏ နှစ်ပေါင်းများစွာ လက်သပ်မွေးထားရသော လူစာရင်းဖြစ်ပေလိမ့်မည်။
ဒါကိုလန်ဝေ့က မိုရွှီရဲ့တက်လမ်းအတွက် ဒီလိုပဲထုတ်ပေးလိုက်တော့မယ်ပေါ့?
အမတ်ကြီးကသဘောတူမတဲ့လား?
မဖြစ်နိုင်။ အမတ်ချုပ်ကြီးမှာမြေခွေးအိုကြီးဖြစ်သည်။ သူ့အနေနဲ့ လူစာရင်းကို သည်အတိုင်းကြည်ကြည်ဖြူဖြူထုတ်ပေးမည်တဲ့လား?
ဒီလိုဆိုလျှင်ဤစာရင်းမှာ
လင်းရှောင်မျက်လုံးကိုမှိတ်လျက် စိတ်ထဲမှသာတွေးတောလိုက်တော့သည်။
နောက်တစ်နေ့၌ အစားအစာတည်ခင်းသော အစေခံတစ်ဦးမှ လင်းရှောင်ထံအမှန်တကယ်ကို စာရင်းတစ်ခုပို့ပေးလာခဲ့သည်။
၄င်းတွင် နာမည် ၁၂ခုပါရှိပြီး ချူရှိုးနန်ဆောင်မှမိန်းမစိုးလင်းအပါအ၀င်ဖြစ်သည်။ ထို့နောက်အခြားအကြီးအကဲနှစ်ယောက်၊ အစေခံမသုံးယောက်နှင့်၊ ကုန်းကုန်း၇ယောက်တို့ဖြစ်သည်။ ကုန်းကုန်းများထဲမှနှစ်ယောက်မှာ သိုလှောင်ရုံမှဖြစ်သည်။
လင်းရှောင် ထိုစာရင်းအား အင်္ကျီလက်ထဲထိုးထည့်ကာ တွေးတောမိသည်။
ရက်အနည်းင်းကြာသည်အထိ လင်းရှောင်ထိုစာရင်းကိုထုတ်မကြည့်ပေ။ ထိုအစား မူရင်းငါးယောက်ကိုသာ ကုန်းကုန်းအချို့နှင့်အစေခံမများကို သတိထားစောင့်ကြည့်ရန်အမိန်ပေးထားခဲ့သည်။
လောဘသမားများဖြစ်တာကြောင့် စာပေးစာယူအလုပ်ကိုလည်းအချိန်အတော်ကြာလုပ်ခဲ့ဖူးကြသူများပီပီမည်သည့်နေရာကမသင်္ကာဖွယ်ကောင်းကောင်း အလွယ်တကူသိကြသည်။ လင်းရှောင်ကလဂရုတစိုက်စောင့်ကြည့်ဖို့ပြောသည်နှင့် သူတို့ဘာသာရှာတွေ့ကြလိမ့်မည်။
ဒါလင်းရှောင်ကို အမှန်ပဲ တစုတဝေးကြီးထောက်မိအောင်ကူညီပေးခဲ့သည်။ စိတ်ရှည်လက်ရှည်စောင့်ကြည့်မှုကြောင့်သူတို့သည် သူလျှိုတွေကိုထည့်ပေးနေကျဖြစ်သော နေရာချထားရေးရုံးမှအမတ်တစ်ဦးကိုပါ ဖမ်းမိနိုင်ခဲ့သည်။
အားလုံးပေါင်းလျှင် ကုန်းကုန်း၇ယောက်၊ အစေခံ၃ယောက်ရှိသည်ပင်။ ထိုထက်လည်းပိုကောင်းပိုလိမ့်မည်။ လောလောဆည်တော့ လင်းရှောင် ၇ယောက်ကိုသာ မိသေးသည်။
ထို၇ယောက်လုံးမှာ ကိုယ်လုပ်တော်ရန်၏လူများဖြစ်သည်။
ကိုယ်လုပ်တော်ရန်မှာ နေရာချထားရေးအမတ်ကြီး၏သမီးဖြစ်၏။ သူမမှာ ကိူယ်လုပ်တော်အဖြစ်၀င်လာသည်မှာ၂နှစ်ကြာခဲ့ပြီဖြစ်ကာ နန်းတွင်း၌အတော်ပစားပေးခံရသည်။
သမီးဖြစ်သူက ပစားပေးခရတာကြောင့် ဖခင်ဖြစ်သူကလည်း ရုံးတော်၌ခြေကုပ်အနည်းငယ် ယူနိုင်တာပုံမှန်ပင်။ သူ၏လက်တံမှာလည်း အမတ်ချုပ်ကြီးနီးပါးရှည်လျားသည်သာ။ ကိုယ်လုပ်တော်ရန်ဘေးမှ ထို၇ယောက်မှာလည်း ကိုယ်လုပ်တော်ရန်ကို ဂရုစိုက်ပေးရန်သာဖြစ်နိုင်သလို။ ဆက်သွယ်ရပိုလွယ်ကူစေရန်လည်းဖြစ်နိုင်သည်။
သို့သော် လင်းရှောင် ထိုမျှအသေးစိတ်ဂရုမစိုက်နိုင်ပါ။သူကားစာရင်းရရန်သာလိုအပ်သည်။ ကျန်သည့်ကိစ္စများမှာသူ့အပူမဟုတ် ။ ဧကရာဇ်ဘာသာခေါင်းကိုက်ခံလိမ့်မည်။
နောက်ဆုံးအကြိမ်က လန်ဝေ့သည် သူ့အခန်းထဲရောက်လာပြီး ညတစ်၀က်ခန့်
အချိန်ကုန်ခဲ့သည်။ သူ့လည်ပင်းကို အကြိမ်ကြိမ်ဓါးထောက်ခံခဲ့ရသော်လည်း မည်သူမှမသိကြပေ။
သူတို့က လန်ဝေ့အား အေးအေးဆေးဆေးထွက်ခွာခွင့်ပင်ပေးလိုက်သေးသည်။
လန်ဝေ့ရဲ့ သိုင်းပညာကအညံ့ကြီးမဟုတ်ရင်တောင်
အကောင်းကြီးလို့လည်းထင်စရာမရှိချေ။
ထိုကဲ့သို့လန်ဝေ့က နန်းတွင်းသို့အသာအယာ၀င်လာပြီး အသာအယာပြန်ထွက်သွားနိုင်သည်တဲ့လား?
ရလဒ်အနေနှင့် လင်းရှောင်သည် ကုန်းကုန်းအချို့ကိုစောင့်ကြည့်ရန်မှာထားပြီးဖြစ်သည်။
အဘယ်ကြောင့်ကုန်းကုန်းတို့ကိုသာစောင့်ကြည့်ခိုင်းရသနည်း? လင်းရှောင်သည် အစောင့်တပ်ဖွဲ့ခေါင်းဆောင်မဟုတ်၍ အစောင့်များကိုခေါ်ချင်တိုင်းခေါ်စောင့်ခိုင်းလို့မရပါချေ။ ထို့အပြင် အရှင့်ကိုအာရုံစိုက်မိအောင် တစ်စုံတစ်ခုလုပ်ဖို့လည်းမရဲလှပါ။
ကုန်းကုန်းအချို့ကိုစောင့်ကြည့်ခိုင်းပြီးတာတောင် လင်းရှောင်ကားလုံခြုံတယ်လို့မခံစားရချေ။
ထို့ကြောင့် အနည်းငယ်တွေးတောပြီးနောက် သူ၏အခန်းတွင် သေးငယ်သော ကြိယာလေးတစ်ခုပြုလုပ်ထားရန်ဆုံးဖြတ်လိုက်သည်။
ညရောက်သည်နှင့် ထင်သည့်အတိုင်း အခန်းတွင်း၌ အပြာ၀တ်လူရိပ်ကရောက်နေပြန်ချေပြီ။
ထပ်ဆိုရလျှင် စောင့်ကြည့်ခိုင်းထားသော ကုန်းကုန်းများနှင့်အစေခံများမှာ ရှင်းထုတ်ခံလိုက်ရပြီးဖြစ်သည်။
လင်းရှောင်သည် ခုံတွင်ထိုင်နေသော လန်ဝေ့ကို သုံးစက္ကန့်မျှစိုက်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်တော့သည်။ သူတဖက်သို့လှည့်လိုက်သည်နှင့် ရင်းနှီးနေသော အေးစက်သည့်ဓါးအတွေ့က သူ၏နားဖျားနှင့် လည်တိုင်တလျှောက်အသာအယာထိကပ်လာခဲ့သည်။
"မင်းဘယ်ကိုများသွားမလို့လဲ လင်းရှောင်"
လန်ဝေ့၏နတ်ဆိုးဆန်သောအသံကိုကြားလိုက်ရသည်။
လင်းရှောင်မျက်လုံးကျယ်သွားကာ အလင်းရောင်ဖျော့ဖျော့ထုတ်လွှတ်နေသော အေးစက်သောဓါးဖျားကို ကြည့်လိုက်မိသည်။ သူမချိပြုံးပြုံးလျက် ဓါးကို အသာအယာပင်တွန်းဖယ်ကာ
" သခင်လေးလန်ဝေ့က ကျွန်တော့်ကိုတွေ့တိုင်း ဒီအကြမ်းဖက်တဲ့နည်းဟောင်းကြီးကို သုံးရမှဖြစ်မှာလား?"
လန်ဝေ့က ဟမ့်ဟုအသံပြုလျက် သူ့ဓါးကို တွန်းဖယ်နေသော လင်းရှောင်၏လက်ကို ဆွဲဖယ်လျက် ဓါးအားလည်ပင်းနောက်သို့ထပ်မံထိကပ်လိုက်ပြန်သည်။
"အပိုစကားတွေတော်တော့။ ဒီသခင်လေးမင်းကိုစာရင်းလည်းပို့ပေးပြီးပြီ။ သုံးရက်လည်းကြာပြီ။ ဘာလို့အခုချိန်အထိမလှုပ်ရှားသေးတာလဲ။ မင်းဘာတွေကြံစည်နေတာလဲ?"
ပြောပြီး လန်ဝေ့မျက်နှာတွင် ဒေါသအယောင်ကဘပိုပြင်းထန်လာကာ ဓါးဖျားမှာလည်း လင်းရှောင်၏ပါးလွှာသောလည်ပင်းကို ထိုးဖောက်တော့မတက် နစ်၀င်လာခဲ့သည်။
လင်းရှောင်၏ကိုယ်မှာအနည်းငယ်တုန်လှုပ်သွားပြီးဆိုလာသည်။
"သခင်လေးလန်ဝေ့ အထင်လွဲနေပြီ။ ကျွန်တော်ကမကူညီနိုင်တာမဟုတ်ပဲ သခင်လေးပို့ပေးလိုက်တဲ့စာရင်းကသာအမှားတွေရှိနေတာပါ"
"မဖြစ်နိုင်တာ!" လန်ဝေ့မျက်မှောင်တို့တွန့်ကျုံ့သွားခဲ့သည်။
"အဲဒီစာရင်းက ဒီသခင်လေးကိုယ်တိုင် အဖေ့စာကြည့်ခန်းထဲကခိုးလာတာ ။ ဘာမှမှားစရာအကြောင်းမရှိဘူး!"
ဒါကိုကြားတော့ လင်းရှောင်မျက်ခုံးအသာပင့်မိသည်။။
"အမတ်ချုပ်ကြီးရဲ့စာကြည့်ခန်းက?"
လင်းရှောင်မျက်လုံးကိုအသာမှိတ်လျက် တမင်ရည်ရွယ်ချက်ရှိရှိပြောလိုက်သည်။
"အဲဒီစာရင်းက အမတ်ကြီးကိုယ်တိုင် သခင်လေးကိုပေးခဲ့တာမဟုတ်ဘူးပေါ့?"
လန်ဝေ့သည်နှုတ်ခမ်းကို တင်းတင်းစေ့လျက် မကျေမနပ်ဆိုလာသည်။
"မင်းကစကားများလွန်းတယ်!"
သူ၏ဖုံးကွယ်ရန်ကြိုးစားနေပုံကြောင့် လင်းရှောင်အတည်ပြုလိုက်နိုင်သည်။ ထိုစာရင်းမှာ အမတ်ကြီးကိုယ်တိုင်ပေးခဲ့တာမဟုတ်ပဲ လန်ဝေ့ဘာသာ အမတ်ကြီး၏ စာကြည့်ခန်းမှခိုးလာခဲ့တာ ဖြစ်သည်။
၄င်းမှာ သူတွေးထားသည့်အတိုင်းပင်ဖြစ်သည်။ အမတ်ကြီးမှအကြံကြီး၏။ သူ့ဘာသာစာရင်းကိုထုတ်ပေးဖို့ဆိုတာမဖြစ်နိုင်။ လန်ဝေ့ကလည်း မိုရွှီကိုကူညီဖို့ စာရင်းကိုအလွန်လိုအပ်နေသည်။ ဒါကြောင့် ကြံရာမရသည့်အဆုံး သူ့ဘာသာခိုးလာရုံသာတတ်နိုင်လိမ့်မည်။
ဤလန်ဝေ့သည် ဘ၀င်မြင့်ကောင်းမြင့် တဇွတ်ထိုးဆန်ကောင်းဆန်လိမ့်မည်။ သို့သော်သူအမုန်းဆုံးမှာ လိမ်ညာခြင်းပင်။
ဒါကြောင့် ဤစာရင်းမှာ ၁၀၀ရာခိုင်နှုန်းစစ်မှန်သည်ဟု ဆိုနိုင်သည်။
တွေးတောကြံဖန်ရင်း လင်းရှောင်လည်း သူ၏ရွှေလက်ထောက်ကြီးလန်ဝေ့အား စိတ်ထဲမှတိတ်တဆိတ်ချီးကျူးလိုက်မိသည်။
သို့သော်လည်း သူ၏လည်တိုင်မှ အေးစက်စက်ဓါးအတွေ့ကိုသတိရလည်း လင်းရှောင်လည်းပြန်ပြီး စိတ်လှုပ်ရှားလာမိ၏။ သူ၏အိပ်ယာဘေးတွင်ချထားသော ကြိယာလေးအားတစ်ချက်ကြည့်လိုက်ကာ လင်းရှောင် အကြံအစည်များစထုတ်တော့သည်။
ထို့နောက်အကြံတစ်ခုရပြီး လည်ချောင်းကိုရှင်းလျက် လန်ဝေ့နှင့်စကားကိုပြန်ဆက်လိုက်သည်။
"ဒီစာရင်းက သခင်လေးကိုယ်တိုင် စာကြည့်ခန်းကခိုးလာတယ်ဆိုမှတော့ အမှားကြီးယူလာခဲ့တာရောမဖြစ်
နိုင်ဘူးလား?ဒါမှမဟုတ် စာရင်းတ၀က်ကိုပဲယူလာမိတာလား? ကျွန်တော်လက်ထဲကစာရင်းကမပြည့်စုံဘူး"
လန်ဝေ့မှာမူဒေါသတကြီး သရော်လိုက်သည်။
"လင်းရှောင်! ဒီသခင်လေးကို ဘာမှလှည့်စားဖို့မကြိုးစားနဲ့ အဖေ့စာကြည့်ခန်းမှာဒီစာရင်းတစ်ခုပဲရှိတာ၊ ဒီသခင်လေး ကမင်းကို စာရင်းအပြည့်အစုံပေးပြီးသွားပြီ။"
"ကျွန်တော်က သခင်လေးလန်ဝေ့ကိုမလှည့်စားဝံ့ပါဘူး။ စာရင်းကအမှန်တကယ်ပဲတစ်၀က်ပဲရှိတာပါ။
သခင်လေးမယုံကြည်ရင် ကျွန်တော်ထုတ်ပေးမယ်။ ကိုယ့်ဘာကိုယ်အတည်ပြုကြည့်ပါ"
လင်းရှောင်မှာမကောင်းသောအကြံအစည်များဖြင့်ပြည့်နှက်နေသည့်တိုင် မျက်နှာမှာအလွန်အတည်ပေါက်ဖြစ်နေဆဲပင်။
လန်ဝေ့ကမျက်ခုံးကိုပင့်လျက် လင်းရှောင်အား အကဲခတ်နေခဲ့သည်။ သူကလင်းရှောင်၏အကြံအစည်များကိုခန့်မှန်းနေခဲ့ပြီး အဆုံးမှာတော့ နှုတ်ခမ်းကိုကိုက်လျက် စာရင်းကိုထုတ်ယူရန်ဆိုလိုက်သည်။
လင်းရှောင်ကအခွင့်ကောင်းယူလျက်ဆိုလိုက်သည်။
"စာကကျွန်တော့်ကိုယ်ပေါ်မှာမရှိဘူး ။ ဟိုကအိပ်ယာပေါ်မှာ"
လန်ဝေ့မှာနှုတ်ခမ်းကိုတင်းတင်းစေ့လျက်
ဓါးကိုရွေ့ကာ လင်းရှောင်အားရှေ့ကသွားစေသည်။
လင်းရှောင်၏မျက်လုံးများမှာ ဖြတ်ခနဲတောက်ပသွားပြီး ခါးကုန်းလျက် တစ်စုံတစ်ခုကိုကောက်ယူသည့်ဟန်ပြုလိုက်သည်။ရုတ်တရက် သူသည်အိပ်ယာပေးမှ လေးလံသောကြိယာကိုဆွဲချလိုက်ပြီး လျင်မြန်သောအရှိန်နှင် အိပ်ယာပေါ်တက်ကာ ဓါးကိုရှောင်ရှားလိုက်သည်။
မျက်စိတမှိတ်အတွင်းမို့ လန်ဝေ့လည်း အလန့်တကြားဖြင့် လင်းရှောင်အားဖမ်းဆွဲရန်ပြင်လိုက်သော်လည်း ကြီးမားသောပိုက်ကွန်တစ်ခုက သူ့အပေါ်ရုတ်တရက်ပြုတ်ကျလာခဲ့လေသည်။
သတိလက်လွတ်ပင် သူသည်ပိုက်ကွန်ထဲမလှုပ်နိုင်အောင်ချုပ်ခံလိုက်ရတော့သည်။
ကလန်ဟု အသံနှင့်အတူ ဓါးသည်လည်းလွတ်ကျသွားပြီး ဓါးရောလူရောမထိန်းနိုင်ပဲကြမ်းပြင်ပေါ်ပြုတ်ကျလေသည်။
ဒါကိုမြင်တော့ လင်းရှောင်လည်းအိပ်ယာမှထလိုက်ကာ အလွန်နတ်ဆုံးဆန်သောအပြုံးမျိုးဖြင့် လန်ဝေ့အားကြည့်လိုက်တော့သည်။