အပိုင်း ၁၉
Viewers 12k

ပြန်ပေးဆပ်စေခြင်း
"လင်းရှောင် မင်း!မင်း ! ရွံစရာကောင်းတဲ့ကောင်!"
လန်ဝေ့သည် အခြေအနေကိုနားလည်လိုက်သည်နှင့်အပြင်းအထန်ရုန်းကန်တော့သည်။
လင်းရှောင်ကမူ နတ်ဆုံးဆန်စွာပြုံးလျက်သူ့အားငုံ့ကြည့်လိုက်သည်။
"သခင်လေးလန်ဝေ့ ဒီထက်ပိုကျယ်ကျယ်လေးအော်ပါဦး. ဒီကိုတခြားသူတွေရောက်လာတဲ့အခါ ကျွန်တော်လည်း သခင်လေးကို အရှင့်လက်ထဲ အပ်သင့်မအပ်သင့် စဉ်းစားလို့ရသွားတာပေါ့"
"မင်း!"
လန်ဝေ့သည် လင်းရှောင်အားအလွန်မုန်းတီးစွာကြည့်လိုက်သည်။ ထိုအကြည့်မှာလင်းရှောင်ကိုလုံး၀အမှုန့်ကျိတ်ပစ်ချင်သကဲ့သို့။
လင်းရှောင်မှာထိုသည်ကို အရသာခံ၍ကြည့်နေလိုက်သည်။ ထို့နောက်ရုတ်တရက်ပင် လက်ကိုဆန့်လျက် လန်ဝေ့၏မေးစေ့အား ဖမ်းတုပ်လိုက်သည်။ လနွဝေ့မှာမူနာကျင်မှုကြောင့် ညည်းညူမိလေသည်။
လင်းရှောင်သူ့ကိုအေးစက်စွာကြည့်လိုက်သည်။
အတိတ်ဘ၀တွင် လင်းရှောင် သူ့ထံမှအကြိမ်ကြိမ်အနိုင်ကျင့်ခံခဲ့ရသည်။ သူနန်းတွင်းကိုရောက်လာရခြင်းကလည်းဒီလူနှင့်မိုရွှီပေါင်းကြံ၍ပင်မဟုတ်ပါလား။ ဒါ့အပြင်ဒီလူသည် မိမိကိုအမှန်တကယ် ယောကျာ်းမဟြတ်သောကုန်းကုန်းတစ်ဦးဖြစ်စေချင်ခဲ့သည်။
ဒါပေမယ့်အခုတော့ ဒီလူကသူ့လက်ခုပ်ထဲက ရေဖြစ်နေပြီ။
သူသာဒီလူကိုသင်ခန်းစာနည်းနည်းမှမပေးရရင် သူ့အတွက်ဘယ်တရားပါ့မလဲ
လင်းရှောင်လှောင်ပြုံးဖြင့် လန်ဝေ့၏ငယ်ရွယ်ချောမောသောမျက်နှာကို ကြည့်နေမိရင်း သူ့စိတ်ထဲ အကြံတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူကအပြင်ကိုထွက်လိုက်ပြီး ကုန်းကုန်းများကို ထွက်သွားရန်အမိန့်ပေးလိုက်ပြီး ၀င်ပေါက်ကိုလည်းပိတ်လိုက်သည်။ ထို့နောက် ပြန်၀င်လာခဲ့ပြီး လန်ဝေ့အားအေးစက်စွာကြည့်လိုက်သည်။
လန်ဝေ့သည် လင်းရှောင်၏အကြည့်ကြောင့် အနည်းငယ်တုန်လှုပ်သွားမိကာ နောက်သို့မသိမသာဆုတ်မိလေသည်။
လင်းရှောင်ကဒီလှုပ်ရှားမှုသေးသေးလေးကိုတွေ့တော့ရယ်လိုက်ကာ
" သခင်လေးလန်ဝေ့ကဘာတွေစိုးရိမ်နေတာလဲ၊ ကျွန်တော့်ကိုကြောက်တယ်လို့တော့မပြောနဲ့နော်"
"ဒီ.ဒီသခင်လေးက မင်းလိုနိမ့်ကျတဲ့သူကိုကြောက်မယ်ထင်နေလား!"
လန်ဝေ့ကခေါင်းမာစွာ သူ့ခေါင်းကိုမော့လိုက်ရင်းဆိုသည်။
လင်းရှောင်လည်းဒါကိုကြားတော့ နှစ်ခြိုက်စွာပြုံးလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေသော ဓါးကိုကောက်လိုက်သည်။
လန်ဝေ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။
သူသည် လင်းရှောင်သူ့ကိုဘာလုပ်ချင်သလဲမသ်ပေ။
အမတ်ချုပ်ကြီး၏သားအနေနှင် ဤကဲ့သို့ဆက်ဆံခံရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူသည်လင်းရှောင်ကို မုန်းလွန်း၍ သူ့သွားများမှပင် ကျင်တက်လာသလိုခံစားရ၏။ သူတွေးတောနေမိပြီးနောက် အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
"လင်းရှောင် မင်းငါ့ကိုလွှတ်ပေးလိုက်တာကောင်းမ်းနော်! ဒီသခင်လေးက အမတ်ချုပ်ကြီးရဲ့သားပဲ၊ မင်းငါ့ကိုတစ်ခုခုလုပ်ရဲရင် ငါ့အဖေကမင်းကိုလွှတ်ပေးလိမ့်မယ်မထင်နဲ့!"
လင်းရှောင်ကသူ့အားပျက်ရယ်ပြုလိုက်သည်။
သူကဓါးကိုမယူ၍ ဖယောင်းတိုင်မီးဖြင့် ၄င်းအားလောင်ကျွမ်းစေသည်။
"လန်ဝေ့ မင်းကလေတုံးတာလား? ရူးတာလားပဲ"
"မင်း!" လန်ဝေ့မှာလင်းရှောင်ကြောင့်စိတ်တိုလွန်း၍ သွေးကြောများပါထောင်ထလာခဲ့သည်။
လင်းရှောင်ကအလွန်ပျင်းရိစွာပင် ဓါးကိုလောင်ကျွမ်းစေရင်း ဆိုသည်။
"အမတ်ချုပ်ကြီးမင်းဒီကိုရောက်နေတယ်ဆိုတာ မသိတာကိုထားလိုက်ဦး၊ သူသိတယ်ဆိုရင်တောင် မင်းကိုဘယ်လိုကယ်ထုတ်မလဲ? မင်းသာဖော်ထုတ်ခံရရင်၊ မင်းနန်းတော်ထဲဖောက်၀င်တဲ့ပြစ်မှုကိုလူတိုင်းသိသွားမှာပေါ့"
လန်ဝေ့မျက်မှောင်ကျုံ့လျက် သု့နှုတ်ခမ်းကို မကျေမနပ် ကိုက်မိတော့သည်။ လင်းရှောင်ကသူ့အားတစ်ချက်ကြည့်လျက် ရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားသကဲ့သို့ "အိုး ဟုတ်သား မင်းကမရူးပါဘူး။ တုံးလည်းမတုံးဘူး။ မင်းကသာငါ့ကို ရူးတယ်တုံးတယ်လို့ထင်နေတာလေ။ ငါ့ကိုနည်းနည်းပါးပါးခြောက်လိုက်ရုံနဲ့ ကြောက်ပြီးမင်းကိုလွှတ်လိုက်မယ်လို့ထင်နေတာ"
လင်းရှောင်သည် လောင်ကျွမ်းမှုကြောင့် ပူလောင်နေသော ဓါးကိုမလျက် လန်ဝေ့ရှေ့သို့လျှောက်သွားလိုက်သည်။
"ဆိုးတာက ၊ ငါလင်းရှောင်ကအရမ်းကြောက်ခဲ့ရလွန်းလို့ ဒီလိုလှည့်ကွက်တွေကရိုးနေပြီ"
လင်းရှောင်ပေါ့ပါးစွာပြုံးလိုက်သည်။
လန်ဝေ့ကအေးစက်စွာနှာမှုတ်လျက် လင်းရှောင်အားမထီမဲ့မြင်ပြုလိုက်သည်။ သို့သော်သူကား ပူလောင်နေသောဓါးကိုမကြည့်မိပဲမနေနိုင်။ မျက်ခုံးကိုကျုံ့လျက် မထိန်းနိုင်ပဲ လင်းရှောင်အားကြည့်လိုက်မိသည်။
သူကအံကိုကြိတ်လျက် ကြောက်ရွံ့ခြင်းကိုမပေါ်စေရရန်လေသံမာမာဖြင့်ပင်မေးလိုက်သည်။
"လင်းရှောင် မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
လင်းရှောင်သည် သူ့လက်ထဲမှဓါးကိုစိုက်ကြည့်နေခဲ့ပြီး ဒါကိုမြင်လေ လန်ဝေ့ပို၍စိုးရိမ်လာလေဖြစ်သည်။
လင်းရှောင်ကအပြုံးဖြင့်ပြန်မေးလိုက်သည်။
"ဘာလုပ်မယ်လို့ထင်လဲ?"
လန်ဝေ့မှာနှုတ်ခမ်းကိုကိုက်လျက်
"လင်းရှောင်ငါ့ကိုသတ်လို့ မင်းမှာဘာကောင်ူကျိုးမှမရှိဘူး!"
လင်းရှောင်မျက်ခုံးအသာပင့်မိသည်။
ဒီလန်ဝေ့နောက်ဆုံးတော့ လူစကားပြောပြီပဲ။
သူမှန်ပါတယ် ။ လန်ဝေ့ကိုသတ်လိုက်လည်း သူ့မှာဘာကောင်းကျိုးမှမရှိဘူး။ ဘာပဲဖြစ်ဖြစ်လန်ဝေ့က အမတ်ကြီးရဲ့သားဖြစ်ပြီး တသ်ဦးတည်းသော သားလည်းဖြစ်သည်။ လန်ဝေ့သာသေသွားလျှင် အမတ်ကြီးက ဤကိစ္စကိုသည်အတိုင်းဘယ်လိုမှလွှတ်ပေးမည်မဟုတ်။
လောလောဆည် အမတ်ချုပ်ကြီး၏ လင်းရှောင်အပေါ်ဆက်ဆံပုံမှာ လျစ်လျူရှုထားရုံသာဖြစ်သည်။
အကယ်၍လန်ဝေ့သာသူ့လက်ထဲမှာသေသွားတာကိုသိလျှင် သူသည်ကား အမတ်ကြီး၏အမုန်းဆုံးရန်သူဖြစ်လာလောက်သည်။
လင်းရှောင်သည် မိမိကိုယ်ကိုထိုမျှကြီးမားသော ရန်သူတစ်ဦးကို ရန်စမိမည်အထိတော့မတုံးအသေးပါ။
သို့သော်လည်း သူလန်ဝေ့ကိုကောင်းကောင်းသင်ခန်းစာပေးဦးမှာဖြစ်သည်။ သားကောင်ကသူ့လက်ထဲရောက်လာပြီးမှတော့ လွယ်လွယ်နဲ့လွှတ်ပေးစရာအကြောင်းမရှိချေ။
လင်းရှောင်နတ်ဆိုးတစ်ကောင်လိုပြုံးလျက် ထိုင်ချလိုက်ကာ လန်ဝေ့၏အ၀တ်များအားဆွဲယူလိုက်သည်။
"စိတ်လျှော့ပါ ငါမင်းကိုမသတ်ပါဘူး။ ငါက မင်းငါ့အပေါ်လုပ်ခဲ့သလိုမျိုးတစ်ထပ်တည်းပဲ ပြန်လုပ်မှာ"
လန်ဝေ့မျက်မှောင်ကျုံ့လျက် သူလင်းရှောင်အပေါ်ဘာလုပ်ခဲ့မိလဲ စဉ်းစားလိုက်သည်။
လင်းရှောင်ကမူ သူ့အားတွေးတောချိန်မပေးပေ။
သူ့လက်ချောင်းများက လန်ဝေ့၏၀တ်ရုံကိုစတင်ဖယ်ရှားနေခဲ့ပြီဖြစ်သည်။
လန်ဝေ့သည့်လင်းရှောင်၏လှုပ်ရှားမှုအား ကြောင်တောင်ကြည့်နေရာက တစ်စုံတစ်ခုအား သတိရသွားတော့သည်။ ထို့နောက်မျက်လုံးအပြူးသားနှင့်အလန့်တကြားမေးလာခဲ့သည်။
"လင်းရှောင် မင်း.မင်း အဲဒါလုပ်ချင်နေတာလို့တော့မပြောနဲ့!"
လင်းရှောင်သည်အပြုံးဖြင့်ပြန်ဖြေရင်း သူ၏ခါးစည်ကြိုးအားဆွဲဖြုတ်လိုက်တော့သည်။
"မင်းထင်တဲ့အတိုင်းပဲလေ"
လန်ဝေ့သည်ခဏမျှတောင့်တင်းသွားပြီးနောက် အသည်းအသန်ရုန်းကန်တော့သည်။
"ငါ့ကိုလွှတ်စမ်း! မင်းနော် ငါ့ကိုအဲလိုလုပ်ရဲလို့ကတော့ ငါမင်းကိုလုံး၀မလွှတ်ပေးဘူးမှတ်! လွှတ်စမ်း ငါ့ကိုလွှတ်!"
လန်ဝေ့မှာအသည်းအသန်ရုန်းကန်နေပြီး လင်းရှောင်မှာ သူ့ထံမှ အကြိမ်အနည်းငယ်အကန်ခံရတော့မတက်ပင်။
အဆုံးမှာ လင်းရှောင်လည်းစိတ်မရှည်ဖြစ်လာပြီး သူ့ကိုယ်ဖြင့်ပင် တိုက်ရိုက်တက်ဖိကာချုပ်လိုက်တော့သည်။ လက်တဖက်ကမူ ဓါးကိုကိုင်လျက် တဖက်က လန်ဝေ့၏ ၀တ်ရုံအားဆွဲထားလျက် အဆုံးတွင် လန်ဝေ့၏ဘောင်းဘီရှည်အားဆွဲချွတ်နိုင်ခဲ့သည်။
အောက်ပိုင်းမှအေးစက်သောလေအထိအတွေ့က လန်ဝေ့အားတောင့်သွားစေသည်။ ထို့နောက်သူသည် လင်းရှောင်အားတုန်လှုပ်စွာကြည့်လိုက်မိသည်။ လင်းရှောင်ကဒါကိုအခွင့်ကောင်းယူလျက် ထိုဘောင်းဘီအား လန်ဝေ့ပါးစပ်ထဲသို့ထိုးထည့်လိုက်သည်။
"ဝူး ဝူး!" လန်ဝေ့ကား လင်းရှောင်ကို အလွန်မုန်းတီးစွာကြည့်လိုက်သည်။
ဘောင်းဘီကျွတ်သွားပြီမို့ လန်ဝေ့၏အောက်ပိုင်း၌ အဓိကနေရာကိုဖုံးရန်ရှည်လျားသော အ၀တ်ပိုင်းမှလွှဲတခြားမရှိတော့ပြီ။ လန်ဝေ့မှ အလွန်အရှက်ရမိသဖြင့် ပို၍ပင်ပြင်းပြင်းထန်ထန်ရုန်းကန်တော့သည်။
သူကသူ၏ခေါင်းဖြင့်ပင် လင်းရှောင်အားပြင်းပြင်းထန်ထန်ဆောင့်လိုက်ရာ လင်းရှောင်လည်းမူးဝေသွားပြီး လန်ဝေ့လည်းဒါကိုအခွင့်ကောင်းယူပြီးထရပ်ရန်ပြင်လိုက်သည်။ လင်းရှောင်လည်းခေါင်းကိုခါလိုက်ပြီး အသိစိတ်ပြန်ကြည်သွားစဉ် လန်ဝေ့ထွက်ပြေးရန်ကြိုးစားနေသည်ကိုမြင်လျှင် သရော်စွာရယ်လိုက်တော့သည်။ သူကနောက်တစ်ကြိမ်ပြန်ဖိချလိုက်ပြီး အ၀တ်အားမြင့်မြင့်ဆွဲမလိုက်သည်။
"ဝူးဝူး!" လန်ဝေ့အ၀တ်ဆို့ထားသည့်ကြားမှ ဆဲဆိုရန်ကြိုးစားနေခဲ့သည်။
"လန်ဝေ့မှာ မိမိ၏အရှက်ရဖွယ်နေရာအား အမြင်ခံရသည်ကို သည်းမခံနိုင်သည်မို့ မျက်လုံးသာတင်းတင်းစေ့ပိတ်ထားလိုက်တော့သည်။
ဒါကိုတွေ့တော့ လင်းရှောင်လည်းအလွန်ကျေနပ်စွာရယ်လိုက်ကာ
"လန်ဝေ့ မင်းမျက်လုံးကိုဖွင့်ပြီး အဲဒီတုန်းကမင်းငါ့ကိုဘာလုပ်ခဲ့တယ်ဆိုတာ ဘာလို့မကြည့်လိုက်တာလဲ"
လန်ဝေ့လည်းမျက်လုံးကိုဖွင့်လိုက်ပြီး လင်းရှောင်အား အသေသတ်တော့မလိုစိုက်ကြည့်လိုက်သည်။
လင်းရှောင်လည်းပြုံးလိုက်ပြီး အပူပေးထားသည့်ဓါးအား လန်ဝေ့၏အောက်ပိုင်းသို့ပေါ့ပါးစွာချိန်လိုက်သည်။
လန်ဝေ့လည်းအလွန်အမင်းတုန်လှုပ်လျက် အခွင့်အရေးမပေးပဲအတင်းရုန်းကန်ပြန်သည်။
လင်းရှောင်ရဲ့ဓါးကလည်းအကြိမ်ကြိမ်ဘေးကိုတွန်းထုတ်ခံရပြီးနောက် စိတ်မရှည်ဖြစ်လာကာ သူ့ကိုယ်ဖြင့်ပင် လန်ဝေ့၏ရုန်းကုန်နေသောကိုယ်အား ဖိထားလိုက်သည်။ သူကားလက်တစ်ဖက်ဖြင့် ခြေထောက်အားဖိထားလိုက်ကာ ဓါးကနောက်တစ်ကြိမ်ချဉ်းကပ်လာပြန်သည်။
ဒီတစ်ကြိမ်တော့လန်ဝေ့မှာမလွတ်မြောက်နိုင်တော့ချေ။
"ဝူးဝူး" လန်ဝေ့၏လေသံမှာပြောင်းလဲသွားပြီး ဤတစ်ကြိမ်တွင်တော့ငိုသံနှင့်တူလာခဲ့သည်။
လင်းရှောင်သူ့အားလှည့်ကြည့်လိုက်သည်။ ထိုပြင်းပြသောအကြည့်နောက်တွင် ကျေနပ်မှူတသ်ခုလည်းဖြစ်ထွန်းသွားခဲ့သည်။ လင်းရှောင်လည်းမျက်မှောင်ကျုံ့လျက် အနည်းငယ်တွန့်ဆုတ်သွားပြန်သည်။
အတိတ်ဘ၀တုန်းက သူနိုးလာပြီး သူ့ကိုယ်ကအရေးကြီးတဲ့အစိတ်ပိုင်းပျောက်ဆုံးနေတာကို သိလိုက်ရတဲ့အချိန် သူ့ကမ္ဘာကြီးပြိုကျသွားသလိုခံစားခဲ့ရသည်။
ထိုအချိန်တုန်းကသူ့ရဲ့အကြောက်တရားမှာ ယခုလန်ဝေ့နှင့်အတူတူပင်ဖြစ်ခဲ့သည်။
သူလည်းဒါကိုတွေးမိပြီး လောလောဆည်သူ့ရဲ့အထိန်တော်ရာထူးကြီးနဲ့ ပြေးလို့လွှားလို့မလွတ်မကင်းတာကိုတွေးမိတဲ့အချိန် သူ့အမုန်းတရားအနည်းငယ်ပြေလျော့သွားခဲ့သည်။
သူလန်ဝေ့အားအေးစက်စွာကြည့်နေဆဲဖြစ်ပြီး ဓါးမှာလည်း ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။
အပူပေးထားသောဓါးဆီမှ လောင်ကျွမ်းနေသောအပူက သူ့ကိုနာကျင်မှုကြောင် ခုန်ထစေသည်အထိပင် ။ လန်ဝေ့မှာမျက်ရည်များဖြင့် သူ့အောက်ပိုင်းကိုနီးကပ်လာသောဓါးကိုကြည့်နေခဲ့ရသည်။ နောက်ဆုံးတွင်လုံး၀မကြည့်ရဲတော့တာကြောင့် မျက်လုံးကိုသာတင်းတင်းမှိတ်လိုက်ကာ မျက်ရည်နှစ်ကြောင်းကလည်း စီးကျလာခဲ့သည်။