အခန်း ၄၃
Viewers 7k

Chapter (43)

Unicode

အခန်း(၄၃) - သူမကို ယုံကြည်ဖို့ ကြိုးစားကြည့်ချင်တယ်

ရှောင်ဟန်ကျန့်က သူ့ဇနီးလေးက နှုတ်ရေးထက်ရုံတင်မကဘဲ ဉာဏ်လည်းသိပ်ကောင်းမှန်း သိလိုက်သည်။

ဒီလိုအခြေအနေမျိုး တခြားအမျိုးသမီးဆီမှာဖြစ်ခဲ့ပါက အနိုင်ကျင့်ခံရနိုင်ခြင်း မဟုတ်ရင်တောင် ရှောင်မိသားစုဟောင်းနဲ့ သူမ ကြားရှိ အခြေအနေက မြို့တော်က အမျိုးသမီး မျှော်လင့်ထားသလို ပိုဆိုးရွားသွားနိုင်သည်။

သို့ပေမယ့် ရှစ်ချင်းလျို့က အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

သူမက ဗီလိန်တွေအတွက် ရပ်တည်ပေးခဲ့ပြီး သူတို့အတွက် ဝမ်းနည်းပေးခဲ့သည်။

ထို့နောက် သူတို့ကို အားပေးအားမြောက်ပြုကာ မြို့တော်ကို သွားပြီး ပြဿနာ သွားရှာခိုင်းခဲ့သည်။

သူ့ဇနီးလေးက တကယ်ပဲ အံ့သြဖို့ကောင်းသည်။

အမေရှောင်က ဘဲနှင့် ကြက်တွေကို အစာကျွေးဖို့ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို ခြံနောက်ကို ပြန်ခေါ်သွားခဲ့သည်။

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး ချီးကျူးမှုတောင်းခံသလို ကြည့်နေသည်။

"ရှောင်အဖိုးကြီး ကျွန်မ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်မလား။"

ရှောင်ဟန်ကျန့်က ပြုံးပြီး ချီးကျူးခဲ့သည်။ "ခင်ဗျား လုပ်ခဲ့တာ သိပ်ကောင်းတယ်၊ ခင်ဗျားက သိပ်တော်တာပဲ။"

ရှစ်ချင်းလျို့က ဂုဏ်ယူစွာ မေးပင့်ခဲ့သည်။ "ဒါပေါ့ အခုကစပြီး ရှင်တို့ကို ကျွန်မ ဂရုစိုက်မှာပါ။"

ရှောင်ဟန်ကျန့်က မျက်ခုံးပင့်ခဲ့သည်။ "ကိုယ့်ရဲ့ ရွှေပေါင်ကြီးကို မဖက်တော့ဘူးလား။။"

ရှစ် ချင်းလျို့က သူ့လက်မောင်းကို ဖက်လိုက်သည်။ "ဖက်မှာပေါ့။"

သူမက သူ့ကို အရည်လဲ့နေသောမျက်လုံးဖြင့် ကြည့်ခဲ့တာ တခစ်ခစ် ရယ်မောခဲ့သည်။ "အစ်ကိုကျန့် အခုကစပြီး ကျွန်မတို့ မိသားစုက ရှင့်ကို မှီခိုရတော့မှာပါ။"

သူမကိုကြည့်ရင်း သူ့ရဲ့အေးခဲနေသည့် နှလုံးသားက အရည်ပျော်သွားခဲ့သည်။

သူက အဖက်မခံထားရသည့် နောက်လက်တစ်ဖက်ဖြင့် ရှစ်ချင်းလျို့ရဲ့ နဖူးကို နူးညံ့စွာ တောက်ခဲ့သည်။

"အပြင်က ကိစ္စတွေကို ကျုပ် ဖြေရှင်းပြီး ခင်ဗျားက မိသားစုကို ဂရုစိုက်ပါ၊ ခင်ဗျားဖက်ချင်သလောက် ရွှေပေါင်ကြီးကိုလည်း အကြိုက် ပေးဖက်ပါ့မယ်။"

ရှစ်ချင်းလျို့က သူ့လက်မောင်းကို မှီကာ ခေါင်းဖြင့် ပွတ်သပ်ခဲ့သည်။ "အစ်ကိုကျန့်က အကောင်းဆုံးပဲ။"

အရင်တုန်းက သူငယ်ချင်းက သူ့ရည်းစားကို ခေါင်းဖြင့် ပွတ်သပ်နေတာ တွေ့တုန်းက အစာဝအောင် ကျွေးခံထားရသည့် ခွေးကလေး ချွဲနေတာနှင့် တူသည်ဟု သူမ ထင်မြင်ခဲ့သည်။

စင်ဂယ်တစ်ယောက်အနေဖြင့် မြင်ရတာ အနည်းငယ်တော့ မနာလိုဖြစ်ခဲ့သည်။

သူမက သင့်လျော်သည့် ကောင်လေး မရှာနိုင်ခဲ့သလို အရင်က ဘယ်သူနဲ့မှလည်း မရင်းနှီးဖူးတာကြောင့် သူမ ဘဝက တော်တော်လေး သနားစရာကောင်းခဲ့သည်။

အခု ရှောင်ဟန်ကျန့်နှင့် အစမ်း လက်ထပ်ထားတာကြောင့် သူက သူမရဲ့ ကောင်လေး ဖြစ်သည်။

တကယ်လက်ထပ်ဖြစ်ခဲ့ရင် သူက သူမရဲ့ ခင်ပွန်း ဖြစ်လာမည် ဖြစ်သည်။

ဒါကြောင့် သူမက သူ့ကို တရားဝင် အသုံးပြုနေခြင်း ဖြစ်သည်။

ထင်သည့်အတိုင်း ခံစားချက်က အလွန်ကောင်းသည်။

ရှစ်ချင်းလျို့ သူ့လက်မောင်းကို ပွတ်သပ်နေတော့ ရှောင်ဟန်ကျန့် တောင့်တင်းသွားပြီး ရင်ခုန်နှုန်းတွေ မြန်လာခဲ့သည်။

သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို နူးညံ့ကာ အလိုလိုက်သည့် အကြည့်ဖြင့် ငုံ့ကြည့်ခဲ့လေသည်။

သူ့ဇနီးလေးက သူ့ကို တကယ်သဘောကျနေဟန်တူသည်။

သူမက ပွတ်သပ်ချင်ပါက သူမ သဘောအတိုင်း လွှတ်ထားပေးမည်ဖြစ်သည်။

သူက မေးခဲ့သည်။ "ဒီနေ့ သမားတော်ရှစ်ဆီ သွားခဲ့တာ အကုန် အဆင်ပြေရဲ့လား။"

ရှစ်ချင်းလျို့က ခေါင်းမော့ကြည့်ခဲ့သည်။ "အဆင်ပြေတယ်၊ ရာဇဝတ်တရားသူကြီးအသစ်က တော်တော်လေး ဖြောင့်မတ်ပုံရတယ်။"

ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။ "ရာဇဝတ်တရားသူကြီးအသစ်ဟုတ်လား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ သူက လွန်ခဲ့တဲ့ ၂ရက်ကမှ ဒီရာထူးရတာတဲ့၊ ရာဇဝတ်တရားသူကြီးအသစ်ရဲ့ နောက်ခံက သာမာန်မဟုတ်ဘူးလို့ကြားတယ်၊ သူက မိဖုရားကြီးရဲ့ တူတော်ဖြစ်ပြီး ဟို့စံအိမ်ရဲ့ ဆက်ခံသူတဲ့၊ သူ့လို မျိုးရိုးမြင့်မိသားစုကလူက ဘယ်လိုလုပ် ကျွန်မတို့မြို့ငယ်လေးက ရာဇဝတ်တရားသူကြီး ဖြစ်ချင်လာတာလဲ မသိပါဘူး။"

မော့ချင်းလင်တစ်ယောက် နန်ရှီမြို့ကို အစောကြီး ရောက်လာတာလား ဟု ရှောင်ဟန်ကျန့်က စိတ်ထဲက တွေးခဲ့သည်။

အရင်ဘဝက သူနိုးလာတုန်းက သူသတိလစ်နေတုန်း သမားတော်ရှစ် ညွှန်းပေးခဲ့သည့် ဆေးတွေကြောင့် သူ့ခန္ဓာကိုယ်က အလွန်ထိခိုက်ခဲ့သည်။

သူ မြို့တော်ကို မသွားခင် တစ်လကျော်လောက် အနားယူခဲ့ရသည်။

ထိုအချိန်မှာ မော့ချင်းလင်က ရာဇဝတ်တရားသူကြီး ဖြစ်နှင့်နေပြီ ဖြစ်သည်။

သူ အခုမှ ရောက်တာဟု သူ ထင်ခဲ့သည်။

ရှစ်ချင်းလျို့ရဲ့ ရှုပ်ထွေးနေသည့် အမူအရာကို တွေ့တော့ သူက ရှင်းပြခဲ့သည်။ "ကိုယ်တို့ နန်ရှီမြို့မှာ သတ္တုမိုင်းတွင်း ရှိလောက်တယ်၊ ဒီကိစ္စကို အတည်ပြုဖို့ ဒီမြို့ကို ရာဇဝတ်တရားသူကြီး အဖြစ် လျှောက်လိုက်တာ ဖြစ်လိမ့်မယ်။"

သူမ ခင်ပွန်းက တော်တော် သတင်းစုံသည်။

ပိုင်မိသားစုနှင့်ဝူမိသားစုတောင် ဒီကိစ္စကို မသိလောက်သေးပေ။

ရှစ်ချင်းလျို့က ခဏလောက် ကြက်သေ သေသွားခဲ့သည်။ "ဒီလိုဆိုရင်တော့ ဖြစ်နိုင်တယ်၊ သူ့ဘာသာသူ ဘာလို့ ဒုက္ခခံချင်လဲဆိုတာ မသိဘူး၊ သူ့အခြေအနေနဲ့ဆိုရင် မြို့ငယ်လေးကို ရာဇဝတ်တရားသူကြီး လာလုပ်ပြီး ဖြည်းဖြည်းချင်း ရာထူးအဆင့်မြင့်သွားအောင် လုပ်စရာမှ မလိုတာ၊ မိုင်းတွင်းရှိတာ သေချာ အတည်ပြုပြီးရင် ဘုရင်ကြီးကို သူ တင်ပြလိုက်ရုံပဲ၊ ပြီးရင် သတ္တုမိုင်းတွင်းကို ကြီးကြပ်မယ်၊ ပြီးရင် လက်နက်ထုတ်လုပ်ရေးတွေကို ဦးစီးဦးဆောင်မှု ရယူမယ်ဆိုရင် မော့ကျီမြို့လည်း အကျိုးအမြတ်ကြီး ရလိမ့်မယ်။"

သူမရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ရှောင်ဟန်ကျန့် အံ့သြသွားခဲ့သည်။

သူ့ဇနီးလေးက ဉာဏ်ကောင်းရုံတင်မကဘူး အမြင်လည်း ကျယ်လှသည်။

အကယ်၍ မြို့တော်က မင်းမျိုးမင်းနွယ် အမျိုးသမီးတွေ ဒီကိစ္စကို သိရင်တောင် သူတို့ ဤမျှလောက် ဆက်စပ် တွေးခေါ်နိုင်မည် မဟုတ်ပေ။

သူ့ဇနီးလေးက အဓိကအချက်ကို ထပ်မံမီးမောင်းထိုးခဲ့ပြန်သည်။

သိပ်မကြာခင်မှာ မော့ချင်းလင်က သတ္တုမိုင်းတွင်းမှာ လက်နက်ထုတ်လုပ်ရေးအတွက် တကယ်ပဲ များစွာ ထောက်ပံ့ပေးခဲ့သည်။

ဘုရင်ကြီးက သူ့ကို အလွန်အထင်ကြီးသွားပြီး အိမ်ရှေ့စံရာထူး တိုးပေးခဲ့လေသည်။

နန်ရှီမှာ တစ်နှစ်နေပြီးနောက် နန်ကွမ်းစီရင်စုမှာ အဆင့် ၅ အစိုးရအမှုထမ်း ရာထူးကို ရရှိသွားခဲ့သည်။

နောက်ထပ် နှစ်နှစ်နေပြီး သူမြို့တော်ကိုပြန်ပြီးတော့ ပိုထောက်ပံ့ပေးခဲ့တာကြောင့် အဆင့် ၄ စစ်ဝန်ကြီးရဲ့ ညာလက်ရုံး ဖြစ်လာခဲ့သည်။

ဟို့စံအိမ်က လူတွေရဲ့ မျက်နှာကိုလည်း အကြင်နာမဲ့စွာ ဖြတ်ရိုက်ပစ်ခဲ့သည်။

ဘာကြောင့်လဲဆိုတော့ မော့ချင်းလင်ရဲ့ အခြေအနေက သူ့အခြေအနေနှင့် တူနေလို့ ဖြစ်သည်။

သူတို့တွေက လမ်းကြောင်းမတူဘဲ တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်း မသိသော်လည်း တစ်ယောက်ကို တစ်ယောက် လေးစားနေခဲ့ကြသည်။

သူက မော့ချင်းလင်ကို မသိချင်ယောင်မဆောင်ပေ။

ထိုအစား သူက အမှန်အတိုင်း ပြောပြခဲ့သည်။ "သူက နန်ရှီမြို့ကို သူ့အကျိုးကျေးဇူးအတွက် လာခဲ့တာ"

သူ့ဇနီးလေးက မရိုးရှင်းသော်လည်း သူ့ကိုတော့ ဘာမှ မဖုံးကွယ်ခဲ့ပေ။

သူမက သူ့ကို အရမ်းယုံကြည်တာကြောင့် သူလည်း သူမကို ယုံကြည်ဖို့ ကြိုးစားကြည့်ချင်သည်။

ဒီဘဝမှာ ရုတ်တရက်ကြီး သူ့မှာ ဇနီး ရှိလာခဲ့သည်။

သူတို့တွေ အသက်ကြီးသည်အထိ အချင်းချင်း နားလည်ပေးကာ ကူညီချင်သည်။

ရာဇဝတ်တရားသူကြီးအသစ်နှင့် ပတ်သက်ပြီး သူမ ခင်ပွန်းက အများကြီး သိနေကြောင်း ရှစ်ချင်းလျို့ ခံစားမိသည်။

သူမက မေးခဲ့သည်။ "ဟို့စံအိမ်က သူ့ဘဝအခြေအနေက ဆိုးရွားလို့လား။"

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အမြင့်တက်ဖို့ လုပ်နေတာ ဖြစ်မည်။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း သူ့အမေက သူ့ကို မွေးပြီး ဆုံးသွားတာလေ၊ သိပ်မကြာခင်မှာပဲ သူ့အဖေက သူ့ကို စောင့်ရှောက်ဖို့ လူရှာပေးခဲ့ပြီး မိသားစုထဲမှာ သူ အမှန်တကယ် သဘောကျရတဲ့ အစ်မဝမ်းကွဲနဲ့ လက်ထပ်သွားတယ်၊ သူ့မိထွေး အိမ်တော်ကို ဝင်တဲ့အချိန်မှာပဲ ကိုယ်ဝန်ရှိနေခဲ့ပြီး သူ့ထက် နှစ်နှစ်လောက်တောင် မငယ်တဲ့ ညီလေးကို မွေးပေးခဲ့တယ်လေ၊ သူ့အမေရဲ့ မိသားစုနဲ့ မိဖုရားကြီးက သူ့ကို ပြုစုစောင့်ရှောက်တာမလို့ သူ့မိထွေးက သူ့အပေါ် ရက်ရက်စက်စက် မဆက်ဆံရဲတာ၊ အပြင်ပန်းကတော့ ကလေးတွေကို အလိုလိုက်တဲ့ မိခင်ကောင်းကြီးလို ဟန်ဆောင်ခဲ့တာပေါ့။"

ရှစ်ချင်းလျို့က ချက်ချင်း သဘောပေါက်သွားခဲ့သည်။ "သူ့မိထွေးက သူ့ကို အပေါ်ယံ မျက်နှာချိုသွေးတာ ဖြစ်မယ်။"

သူ့ဇနီးလေးက သဘောပေါက်မြန်ကြောင်း ရှောင်ဟန်ကျန့် သိသွားခဲ့သည်

"ဟုတ်တယ်။ သူ အသက် ၁၆ နှစ် မပြည့်ခင်အထိ သူက မြို့ထဲမှာ လူပေါ်ကြော့လေ၊ သူက ဆိုးပေတေတယ်လို့ မြို့ထဲမှာ နာမည်ကြီးပြီး သူ့ညီလေးကတော့ နူးညံ့ပြီး အမူအကျင့်ကောင်းတယ်ဆိုပြီး ဂုဏ်သတင်း မွှေးတယ်၊ အ့်နောက်မှာတော့ တစ်ခုခု ဖြစ်ခဲ့ပုံပဲ၊ သူက သူ့မိထွေးရဲ့ ပုံစံအမှန်ကို သိသွားပြီး ဆိုးပေတေနေတာကို ရပ်လိုက်တယ်၊ ပြီးတော့ တော်ဝင်စာမေးပွဲအတွက် ကြိုးစားပြင်ဆင်ခဲ့တယ်၊ သူ့အဖိုးက တော်ဝင်စာမေးပွဲမှာ အမှတ်အများဆုံးလူ ဖြစ်ခဲ့ပြီး အခုက အဆင့် ၁ အရာရှိလေ၊ သူ့အဖိုးရဲ့ သင်ပြမှုအောက်မှာ မနှစ်က တော်ဝင်စာမေးပွဲမှာ သူ တတိယအဆင့် ရသွားခဲ့တယ်၊ ဒီနှစ်ကျတော့ သူ့အထိန်းတော်ရဲ့ သားဆီက ကြားခဲ့တဲ့သတင်းအရ သူက နန်ရှီမှာ သတ္တုမိုင်းတွင်းရှိနေတာကို မတော်တဆ ရှာတွေ့ခဲ့တယ်လို့ ကြားတယ်။ ဒါကြောင့် သူက လူကိုယ်တိုင် လာရောက်စုံစမ်းတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ လူအများကြီး ဒီကိစ္စကို မသိသေးဘူး၊ နန်ရှီမြို့က သူ့လူတွေက လွဲရင် ဒီကိစ္စကို မြို့တော်က လူတွေ အပါအဝင် ဘယ်သူမှ သိလို့ မရဘူး၊ ဒီကိစ္စကို ခင်ဗျားလည်း စိတ်ထဲမှာပဲ ထားတာ ကောင်းမယ်၊ ကျုပ်တို့ ဒီကိစ္စကို မသိသလိုပဲ ဟန်ဆောင်ရအောင်။"

ထိုစကားတွေကြားပြီးနောက် ရှစ်ချင်းလျို့က အရမ်း အံ့သြသွားခဲ့သည်။

သို့ပေမယ့် သူမ အံ့သြတာက မော့ချင်းလင်ရဲ့ နောက်ခံကို မဟုတ်ဘဲ သူမ ခင်ပွန်း အများကြီး သိနေတာကို အံ့သြတာ ဖြစ်သည်။

နန်ရှီမြို့က မော့ချင်းလင်ရဲ့ လူတွေက လွဲရင် ဘယ်သူမှ မသိသင့်တဲ့ကိစ္စလို့ပြောပြီး သူက ဘယ်လိုလုပ် သိနေတာလဲ။

သူမ ခင်ပွန်းက မရိုးရှင်းဘဲ ကိစ္စတော်တော်များများကို သိနေတာ သူမ ခံစားမိသည်။

သူနိုးနိုးခြင်း ရန်လိုတာကော မကြာသေးခင်က စကားပြောရင်း ပေါ်သွားသည့်ကိစ္စကိုပါ ပြန်တွေးရင်း သူမ တစ်ခုခုကို ခန့်မှန်းမိခဲ့သည်။ သို့ပေမယ့် သူမ မဖော်ထုတ်ခဲ့ပေ။

သူမရဲ့ လျှို့ဝှက်ချက်ကို အစ မဆွဲထုတ်သ၍ သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း သူမ ထိပါးမည် မဟုတ်ပေ။

တစ်ယောက်နဲ့ တစ်ယောက် လျှို့ဝှက်ချက် နည်းနည်းဆီ ထိန်းသိမ်းထားတာက မျှတသည်။

သူမက အဓိပ္ပာယ်ပါစွာ မေးခဲ့သည်။ "မော့ချင်းလင်က အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှု ရမှာမလား။"

သူ့ဇနီးလေးရဲ့ ထက်မြက်မှုကို ရှောင်ဟန်ကျန့် ကောင်းကောင်း နားလည်သည်။

သူမက သူ့ကိစ္စကို ခန့်မှန်းမိလို့ ဒီလို မေးခြင်း ဖြစ်သည်။

မဟုတ်ရင် သူက မော့ချင်းလင်ရဲ့ အနာဂတ်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ။