အခန်း ၄၈
Viewers 7k

Chapter (48)

Unicode

အခန်း(၄၈) - ပွဲကြီးပွဲကောင်းဖြစ်ဖို့ အာမခံတယ်

သူမရဲ့ အကြံအောင်သွားတော့ ရှစ်ချင်းလျို့က ထပ်မနေချင်တော့ပေ။

သူမက ရှောင်ဟန်ကျန့်ကိုဆွဲပြီး ထရပ်လိုက်သည်။ "ဒါဆို ကျွန်မတို့ ပြန်နှင့်ပြီ။ အဖွားဟောင်း ဂရုစိုက်ပါ။"

ရှောင်သခင်မကြီးက စိတ်မရှည်စွာ ပြောခဲ့သည်။ "ဒါဆိုလည်း သွားပါတော့။"

ရှောင်ဟန်ကျန့်က ဘာမှ မပြောခဲ့ပေ။

သူက ရှောင်မိသားစုနှင့် ဘာ မှမပတ်သက်တာကြောင့် သူက ရှစ်ချင်းလျို့နှင့် ထိုအိမ်က ထွက်လာလိုက်သည်။

လမ်းခဏလောက်လျှောက်ပြီးနောက် သူက အပြုံးဖြင့် မေးခဲ့သည်။ "ဒီနေ့ သူတို့သာ သူတို့အိမ်လာဖို့ မခေါ်ခဲ့ရင် သူတို့မြို့တော်ရောက်ရင် စာရေးဖို့ကို ခင်ဗျား သူတို့ကို ပြောဦးမှာလား။"

သူ့ဇနီးလေးရဲ့ နည်းလမ်းက တကယ်ကောင်းသည်။

သူမက ထိုပြဿနာကောင်တွေကို ဗိုလ်ချုပ်စံအိမ်ရဲ့ သူလျှိုတွေ ဖြစ်စေခဲ့သည်။

ထို့နောက် သူက ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေနှင့် မြို့တော်က နှစ်ယောက်ကို ပြစ်မှတ်ထားကာ ရန်စလိမ့်မည် ဖြစ်သည်။

ဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမ ကြားက အနာဂတ် နေ့ရက်ကောင်းတွေကို တွေးပြီး သူ့စိတ်ခံစားချက်က ပိုကောင်းမွန်သွားခဲ့သည်။

အတိတ်ဘဝတုန်းက ဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမက ရှောင်မိသားစုဟောင်းက လူတွေ မြို့တော် မလာအောင် အမြဲ တားမြစ်ခဲ့သည်။

သူရာထူးတိုးပြီး မြို့တော်မှာ အလုပ် လုပ်သည့်အချိန်မှာ သူတို့ကို မြို့တော်ကို ပြောင်းပေးဖို့ တွေးခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့်လည်း သူ့ဇနီးလေးပြောခဲ့သည့်အတိုင်း ပြဿနာကောင်တွေ အကုန်လုံး ထိုမိန်းမကို ရှုံးနိမ့်ခဲ့သည်။

အဲအချိန်တုန်းက သူက သေခါနီးဖြစ်နေတာကြောင့် ပြဿနာကောင်တွေကို လက်စားချေဖို့ မြို့တော်ကို ခေါ်သွားခဲ့သည်။

သူတို့တွေ အဲနှစ်ယောက်ကို ရှင်းထုတ်နိုင်သည်ဖြစ်စေ မရှင်းထုတ်နိုင်သည်ဖြစ်စေ ပြဿနာ မရှိပေ။

အခုတော့ သူ့ဇနီးလေးက ပြဿနာကောင်တွေကို မြို့တော်ကို သူလျှိုအဖြစ် စောစောစီးစီး လှုံ့ဆော်စေလွှတ်ပေးလိုက်တော့ သူ စောင့်ကြည့်ဖို့သာ ကျန်သည်။

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်မောခဲ့သည်။ "ဒါပေါ့၊ ထိပ်တန်းသူလျိုတွေဖြစ်တဲ့ အဲဒီ ပြဿနာကောင်တွေကို ဒီတိုင်းလွှတ်ပေးလိုက်လို့ ဘယ်လိုဖြစ်မှာလဲ၊ သူတို့ ဉာဏ်သိပ်မကောင်းတာ သဘောကျတယ်၊ သူတို့က ဆက်ဆံဖို့ လွယ်ကူတယ်လေ၊ သူတို့အကုန်လုံးသာ ဆန်ကုန်မြေလေးအဖေကို သဘောကျရင် ဒီလို လုပ်လို့ရမှာ မဟုတ်ဘူး၊ အလှည့်စားခံရမှာ မဟုတ်ဘူး။"

ရှောင်မိသားစုဟောင်းက လူတွေသာ ရှစ်ချင်းလျို့ရဲ့ စကားကို ကြားပါက သူတို့ကို အထင်သေးသည့်အတွက် သူမကို အသေကျိန်ဆဲမှာ သေချာသည်။

ရှောင်ဟန်ကျန့်က သဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "မှန်တယ်။ သူတို့တွေ အကုန်ပေါင်းရင်တောင် ကျုပ်ရဲ့ ဆန်ကုန်မြေလေးအဖေကို မနိုင်ဘူး၊ သူတို့တွေက သွေးတစ်ခုတည်း စီးဆင်းနေတဲ့လူတွေပဲလေ။"

သူ့ဆန်ကုန်မြေလေးအဖေရဲ့ ပြောင်းလဲလွယ်မှုတွေက ထိုရှောင်မိသားစုဟောင်းဆီက အမွေဆက်ခံထားခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကို မှီတွယ်လိုက်သည်။ "သူတို့ကို ထပ်ပြီး ရိုက်စားလုပ်ရအောင်"

"ဟမ်" ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းက ရှစ်ချင်းလျို့ ဆွဲထားတာ ခံထားရပေမယ့် သူ့ခန္ဓာကိုယ်က အသားကျနေပြီဖြစ်သည်။

ရှစ်ချင်းလျို့က အသံတိုးတိုးဖြင့် မေးခဲ့သည်။ "ဓားပြတွေက မြို့တော်သွားတဲ့ ဘယ်နေရာမှာနေလဲ သိလား၊ သူတို့က ပစ္စည်းပဲလုတာ လူမသတ်ဘူး၊ သူတို့သွားမယ့်လမ်းကြောင်းနဲ့ အချိန်ကို ဓားပြတွေဆီ ရောင်းလိုက်မယ်လေ၊ ဓားမြတွေနဲ့ သူတို့သွားမယ့်လမ်းကို ပိတ်ခိုင်းပြီး ပိုက်ဆံနဲ့ သူတို့ ပိုင်ဆိုင်သမျှကို လုခိုင်းလိုက်မယ်လေ၊ ဒါဆိုရင် မြို့တော်ကို သွားရမယ့် ကျန်တဲ့ခရီးတစ်ဝက်ကို သူတို့က တောင်းရမ်းပြီး သွားရလိမ့်မယ်၊ သူတို့ရဲ့ မကျေနပ်မှုတွေ အပြည့်အဝ မရှိသေးခင် သူတို့ကို နည်းနည်းလောက် ဒုက္ခခံခိုင်းလိုက်ရအောင်၊ မြို့တော်ကိုရောက်တာနဲ့ သူတောင်းစားအုပ်ကြီးက သူတို့က ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေပါလို့ သက်သေပြပြောဆိုလိမ့်မယ်၊ အဲဒီသူတောင်းစားအုပ်ကြီးက ဗိုလ်ချုပ်ကြီးရဲ့ မိဘနဲ့ ဆွေမျိုးတွေဆိုတာ လူတွေ သိသွားရင် လူတွေ ထိပ်လန့်သွားပြီး အဲသတင်းက ပျံ့သွားလိမ့်မယ်၊ အဲဆန်ကုန်မြေလေးအဖေ မြို့တော်မှာ အရှက်ကွဲသွားလိမ့်မယ်၊ ပြဿနာကောင်တွေက ဒေါသမထိန်းနိုင်ဘဲ ဒေါသူပုန်ထကြလိမ့်မယ်၊ ဒါပွဲကြီးပွဲကောင်းဖြစ်ဖို့ အာမခံတယ်။"

သူမက မျက်လုံး မှေးကျဥ်းကာ တခစ်ခစ်ရယ်ခဲ့သည်။ "ဒါက ဆန်ကုန်မြေလေးအဖေနဲ့ အဲမိန်းမအတွက် လုံလောက်တာထက် ပိုနေပြီ။"

သူမရဲ့ ခင်ပွန်းရဲ့ စိတ်နေစိတ်ထားအရ ဒီလောက် အလွန်ဒေါသထွက်နေမှတော့ ထိုပြဿနာကောင်တွေက သူ့အပေါ် အလွန်ဆိုးရွားသည့် လုပ်ရပ်တွေ လုပ်ခဲ့တာ သိသာသည်။

ရှစ်ချင်းလျှို့က ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကိုပါ ထည့်တွေးမိခဲ့သည်။

သူမကြောင့်သာ မဟုတ်ရင် ထိုကလေးနှစ်ယောက်လုံး သေနေလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့ကို အရင်ဆုံး ပြစ်ဒဏ် နည်းနည်းလောက် ခတ်တာက ပေါ့လျော့လွန်းနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ သူမက ဆန်ကုန်မြေလေးအဖေကိုလည်း ပစ်မှတ်ထားနိုင်တာကြောင့် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်ခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့ရဲ့စကားကိုကြားတော့ ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။

သူ့ဇနီးလေးက ဒီလောက်ထိ အကျင့်ပုတ် အဟွတ် ဒီလောက်အထိ ထူးချွန်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။

ပြောစရာမလိုအောင် ထိုအကြံက အရမ်းကောင်းသည်။

သူက ရှစ်ချင်းလျို့ နားနားကပ်ပြီး ခပ်ဟဟရယ်ကာ တိုးတိုးလေး ပြောခဲ့သည်။ "ဒီကိစ္စကို ကိုယ့်ဆီသာ လွှဲထားလိုက်ချေ။"

သူ့ဇနီးလေးက မျက်လုံးမှေးကျဥ်းပြီး မြေခွေးလေးလို ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို ထပ်ပြီး ရိုက်စားလုပ်ခဲ့သည်။

သူမက အလွန်ချစ်ဖို့ကောင်းတာကြောင့် သူ့နှလုံးသားလေး ယားယံနေသည်။

ရှစ်ချင်းလျို့က သူ့ကို တံတောင်ဖြင့် တွတ်လိုက်သည်။ "ကျွန်မကို မြူဆွယ်မနေနဲ့။"

သူမ ခင်ပွန်းက သူမ နားနားကပ်ကာ စကားပြောခဲ့ပြီး လေမှုတ်ထုတ်ခဲ့သည်။

သူက အရမ်းချောတာကြောင့် သူမ နှလုံးသားလေး ထုံထိုင်းသွားခဲ့သည်။

ရှောင်ဟန်ကျန့်က ပျော်ရွှင်စွာ ရယ်မောခဲ့သည်။ "ဒါက မြူဆွယ်တာလား။"

ရှစ်ချင်းလျို့က သူ့ကို စိုက်ကြည့်ခဲ့သည်။ "အဓိပ္ပာယ်မရှိတာ"

သူမ စင်ဂယ်ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီမလို့ ထိုသွေးဆောင်ဖျားယောင်းမှုကို မခုခံနိုင်ပေ။

ရှောင်ဟန်ကျန့်က သူ့လက်မောင်းကို ချိတ်ထားသည့် သူမရဲ့ လက်ကို ဆွဲချပြီး သူ့လက်ချောင်းတွေဖြင့် ဆုပ်ကိုင်ခဲ့သည်။

နှစ်ယောက်သား လက်ချင်းတွဲထားခဲ့ကြသည်။ "ကောင်းပြီ။ ခင်ဗျားကို အခုတော့ မမြူဆွယ်သေးဘူး။"

အင်း အနာဂတ်မှာ သူမကို ဘယ်လိုမြူဆွယ်ရမလဲဆိုတာ သူ သိသည်။

ရှောင်ဟန်ကျန့် တွေးနေတာကို ရှစ်ချင်းလျို့က မသိဘဲ သူမရဲ့ လက်ကို ကျေနပ်စွာ ပေးကိုင်ထားခဲ့သည်။ "မနက်ဖြန်ကျရင် တောင်ပေါ်ကို သွားကြည့်ချင်တယ်။"

အသုံးဝင်တာ တစ်ခုခု ရှိလားဆိုတာ သွားကြည့်မည်ဖြစ်သည်။ သူတို့မိသားစုက ဆင်းရဲနေဆဲ ဖြစ်သည်။

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကိုယ် လိုက်ခဲ့မယ်။"

ရှစ်ချင်လျို့က ခေါင်းစောင်းကာ မေးခဲ့သည်။ "ရှင် တောင်ပေါ် တက်နိုင်လို့လား။"

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "မင်း ပြင်ဆင်ပေးထားတဲ့ရေကို နေ့တိုင်းသောက်တော့ အကုန်နီးပါး ပြန်ကောင်းနေပါပြီ။"

သူ့ဇနီး တိုက်သည့် ရေက ကိုယ်ခံအားတိုးစေမှန်း သူ သိခဲ့သည်။

ဒီနေ့နဲ့ မနေ့တုန်းက သူမ ခရမ်းရောင်ဂန္ဓမာပန်းကို ရေလောင်းနေတာ တွေ့ခဲ့သည်။

ဒီမနက်ကျတော့ ခြံနောက်က ဘဲတွေ ကြက်တွေကို ရေသွားတိုက်တာ တွေ့ခဲ့သည်။

ထို့ကြောင့် ထိုရေက လုံးဝ ထူးခြားတာ ဖြစ်မည်။

ရှစ်ချင်းလျို့က ကြက်သေ သေသွားခဲ့သည်။

သူမ ခင်ပွန်းက ဒီလောက် အကဲခတ်မြန်လိမ့်မည်ဟု မထင်မိခဲ့ပေ။

တကယ်ကို ထင်တဲ့အတိုင်း ပြန်မွေးဖွားလာတဲ့ အထူးပုဂ္ဂိုလ်ကြီးပဲ။

သူမရဲ့ ခင်ပွန်းနှင့် ရှောင်မိသားစုဟောင်းက ဆန်ကုန်မြေလေးအဖေနှင့် သူ့ဇနီးတို့ ထိပ်တိုက်တွေ့ပါက ထိုလူတွေ အခြေအနေကောင်းမည် မဟုတ်မှန်း သူမ ခန့်မှန်းမိသည်။

"ဟုတ်တယ် ကျွန်မက အဲရေတွေကို သာမာန်လူတွေကို မပေးဘူး။” သူ ရှာတွေ့သွားမှတော့ သူမလည်း ဖုံးကွယ်မနေတော့ပေ။

ဘာပဲဖြစ်ဖြစ် သူမရဲ့ခင်ပွန်းကို သူမ အလွန်ကျေနပ်သည်။

သူတို့ရဲ့ အစမ်းလက်ထပ်မှု ပြီးဆုံးသွားပါက နှစ်ယောက်သား ဘဝတစ်ခုလုံးကို အတူတူ ကုန်ဆုံးရမှာ ဖြစ်သည်။

သူ အခု မရှာတွေ့ရင်တောင် တစ်နေ့ကျရင် သေချာပေါက် ရှာတွေ့မှာပဲ ဖြစ်သည်။

ယခုလို ရှေးခေတ်မှာ သူမခင်ပွန်း၊ အမေရှောင်နှင့် တခြားသူမကို အဖော်ပြု ထောက်ပံ့ပေးသည့်လူတွေ မရှိပါက သူမ ဘဝက ပေါလောပေါ်နေသည့် ဘဲစာပင်နှင့် တူနေမည်ဖြစ်သည်။

ဒါ့အပြင် သူမ ခင်ပွန်းကလည်း ပြန်လည်ဝင်စားတာ ဖြစ်သည်။

ထို့ကြောင့် ဖုံးကွယ်ထားစရာ မလိုပေ။

လူတချို့ကို ယုံကြည်လိုက်တာ ပိုကောင်းသည်။

သူမ သူ့အပေါ်ကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် မမှားဘူးဟု သူမ ယုံကြည်သည်။

ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "ဒါဆိုရင်တော့ ကိုယ့်အချစ်လေးကို ကျေးဇူးတင်ပါတယ်။"

သူက ခဏလောက် တွေးပြီး ထပ်ပြောခဲ့သည်။ "လက်ရှိ ကိုယ့်ရဲ့ အားနည်းပြီး ပိန်ပါးတဲ့ ခန္ဓာကိုယ်ကို မကြည့်နဲ့၊ ကိုယ်က အတိုက်အခိုက်စွမ်းရည်တွေ သိတယ်။"

သူက အသားပေး ထပ်ပြောခဲ့သည်။ "သက်လုံလည်း ကောင်းတယ်။"

သူတို့နှစ်ယောက် ပထမဆုံး တွေ့သည့်နေ့က သူ့ဇနီးလေး သူ့စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခဲ့တာကို သူ မမေ့ပေ။

သူငယ်ငယ်ကတည်းက သူ့အဖို့ဆီက အတိုက်အခိုက်စွမ်းရည် သင်ယူခဲ့တာဖြစ်သည်။

အရင်ဘဝတုန်းက သင်ပေးသည့်ဆရာပင် ရှိခဲ့ကာ ကြိုးစားသင်ယူခဲ့သည်။

သူက နယ်စပ်ကိုသွားပြီး ရန်သူတွေကို သတ်ဖြတ်ခဲ့ကာ တိုက်ပွဲတွေမှာ အောင်မြင်မှု အကြီးစားတွေ ရခဲ့သည်။

ရှစ်ချင်းလျို့က သူ့ကို သိချင်စိတ် ပြင်းပြစွာ ကြည့်ခဲ့သည်။ "ဒါဆို ရှင့်အတိုက်အခိုက်စွမ်းရည်က ဘယ်လိုလဲ။"

ရှောင်ဟန်ကျန့်ကလည်း ဝင့်ဝါသည်။ သူက ပြုံးကာ ပြောခဲ့သည်။ "ကျွမ်းကျင်အဆင့်နီးပါးပဲ၊ ဒါပေမဲ့ အခုတော့ အောက်ခြေက ပြန်ကြိုးစားရမယ်။"

အခုဘဝ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေနှင့် မကိုက်ညီပေ။

အရင်ဘဝက ဆေးအကြောင်း လေ့လာခဲ့ပြီး အတိုက်အခိုက်စွမ်းရည် လေ့ကျင့်ခဲ့တာကြောင့် နှစ်အနည်းငယ် ပိုနေနိုင်ခဲ့သည်။

မဟုတ်ပါက အဆိပ်မိထားသည့် ခန္ဓာကိုယ်နှင့် ရာထူးမကြီးခင် လက်စားမချေရသေးခင် သူ သေသွားလိမ့်မည်။

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်ကို ဆွဲယမ်းလိုက်သည်။ "အိမ်ပြန်ရောက်ရင် နည်းနည်း လေ့ကျင့်ရအောင်။"

မော်ဒန်ခေတ်တုန်းက တိုက်ခိုက်မှုမှာ သူမ မရှုံးနိမ့်ဖူးပေ။

ရှောင်ဟန်ကျန့်က သဘောတူခဲ့သည်။ "ကောင်းပြီ"

အိမ်ပြန်ရောက်တော့ ခြံထဲမှာ သူတို့နှစ်ယောက် စတင်တိုက်ခိုင်ခဲ့သည်။

ဆူညံသံတွေကြားတော့ အမေရှောင်နှင့် ကလေးနှစ်ယောက်က ခြံနောက်ကနေ ခြံရှေ့ ပြေးထွက်လာခဲ့သည်။

အခြေအနေကို မြင်လိုက်ရသည့်အချိန်မှာ သူတို့ ထိပ်လန့်သွားခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက် စနောက်နေတာကို တွေ့မှ သူတို့ စိတ်အေးသွားခဲ့ကြသည်။

အမေရှောင်က သက်ပြင်းချလိုက်သည်။

သူမက သားရှင်ဖြစ်သော်လည်း ချွေးမလေးကိုတော့ သားဖြစ်သူကို ရိုက်ခွင့်မပြုနိုင်ပေ။

ထို့နောက် သူမက ကလေးနှစ်ယောက်ကို သိပ်မဝေးသည့် နေရာကိုခေါ်သွားပြီး ပျော်ရွှင်စွာ ပွဲကြည့်ခဲ့ကြသည်။

သူတို့တိုက်ခိုက်တာ အရမ်းကောင်းရုံတင်မကဘဲ နှစ်ယောက်လုံးက အလွန်ကျွမ်းကျင်ပုံရသည်။

ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကလည်း သူတို့တိုက်ခိုက်တာကို နှစ်သက်စွာ ကြည့်နေခဲ့သည်။