အခန်း ၅၀
Viewers 7k

Chapter (50)

Unicode

အခန်း(၅၀) - ကံကောင်းထောက်မစွာဖြင့် သူမ အရင်လှုပ်ရှားမိခဲ့တယ်

သကြားပြုလုပ်ရန် ကြံပင်ကို အသုံးပြုရတယ်ဆိုတာ ရှောင်ဟန်ကျန့် သိသည်။

"မုန်လာရိုင်းကနေလည်း သကြားထုတ်လို့ ရတာလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။ ကြံပင်ထက် မုန်လာရိုင်းပင်က ထုတ်တာ ပိုကောင်းတယ်။"

မော်ဒန်ခေတ်မှာ ထိုပစ္စည်းနှစ်မျိုးက သကြားထုတ်လုပ်ရာမှာ ပါဝင်သည့် အဓိက ပါဝင်ပစ္စည်းနှစ်ခု ဖြစ်သည်။

"ဒါလေး နည်းနည်း တူးယူပြီး အိမ်ပြန်ပြီး သကြား အရင်လုပ်ရအောင်၊ နောက်မှပဲ ဒီမုန်လာဥတွေအားလုံးကို ပြန်တူးယူဖို့ လူငှားရမယ်၊ ပြီးရင် ရွာထဲကလူတွေကို မုန်လာရိုင်းတွေ စိုက်ပျိုးဖို့ မြေတွေကို ရှင်းလင်းခိုင်းလို့ရတယ်၊ အနာဂတ်မှာ အမြတ်ကိုသုံးပြီး သကြားစက်ရုံ တည်ထောင်လို့ ရတာပဲ။"

ရှစ်ချင်းလျို့က စိုက်ပျိုးရေးသိပ္ပံပညာရှင် ဖြစ်သည်။

"စက်ရုံ အနည်းငယ် ဖွင့်လှစ်တာက ကျွန်မတို့ရွာနဲ့ အနီးအနားက ရွာတွေကို တိုးတက်စေတယ်၊ ကျွန်မတို့နဲ့ ပူးပေါင်းပြီး လူတိုင်း ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်လို့ ရတာပေါ့။"

ရှေးခေတ်မှာ တခြားလူတွေနှင့် မပူးပေါင်းခင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိဖို့က အရေးကြီးသည်။

ပေါင်းသင်းဆက်ဆံရေးရဲ့ ခွန်အားကို အထင်သေးလို့ မရပေ။

ဥပမာအားဖြင့် လူတွေက သင့်အကြောင်းကို မသိပါက သင်သေသွားသည့်အခါလည်း ဂရုစိုက်နေမည် မဟုတ်ပေ။

သို့ပေမယ့် လူတွေက သင့်အကြောင်းသိပြီး သင်နှင့် ပူးပေါင်းဆောင်ရွက်နေပါက သင် တစ်ခုခု ဖြစ်သည့်အခါ ကူညီပေးပါလိမ့်မည်။

ရှောင်ဟန်ကျန့်က သူ့ဇနီးလေးရဲ့ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ထိုအကြံ ကောင်းမွန်ပေသည်။ ပိုက်ဆံတချို့ရှာပြီးပါက လူငှားကာ ပိုက်ဆံတွေ ထပ်ရှာမည်။

စက်ရုံမျိုးစုံ တည်ထောင်ချင်ပါက လူငှားရမည်ဖြစ်သည်။

'တစ်ယောက်တည်း ပျော်ရတာထက် လူတွေ စုပျော်ရတာ ပိုကောင်းတယ်'ဟူသော တရုတ်စကားပုံအတိုင်း ဖြစ်သည်။

ဒီနည်းဖြင့် သူတို့တွေ လွယ်လွယ် ပစ်မှတ်ထားခြင်း မခံရနိုင်သလို မနာလိုသူတွေရဲ့ ဆူးငြောင့်ခလုတ်လို့လည်း ထင်ခံရဖို့ မလွယ်ပေ။

တစ်ဖက်မှာလည်း လုပ်ငန်း အတူတူ လုပ်ဆောင်ရခြင်းကြောင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

သူက ခေါင်းငြိမ့်ကာ ပြုံးပြခဲ့သည်။ "ကောင်းပြီ"

သုတ်ဆေးဖြစ်ဖြစ် သကြားဖြစ်ဖြစ် အကုန် စျေးကြီးသည့် အရာတွေ ဖြစ်သည်။

စက်ရုံဖွင့်ဖို့ တော်တော်လေး အကျိုးအမြတ်များသည့် အလုပ် ဖြစ်သည်။

သူတို့နှစ်ယောက်သား မုန်လာရိုင်းတွေ တူးပြီး ခြင်းထဲထည့်ကာ တောင်အောက် ပြန်ဆင်းခဲ့သည်။

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့လက်ကို အရင်ကိုင်လိုက်သည်

"အိမ်ကို ဘယ်မှာ ဆောက်ချင်လဲ၊ အိမ်အဟောင်းကို အလုပ်ရုံအဖြစ် ပြောင်းပြီး အိမ်ဆောက်ဖို့ နေရာအသစ်ရှာဖို့ ကိုယ် အကြံပြုချင်တယ်။"

အိမ်အဟောင်းကို အမှတ်ရနေသည့် အမှတ်တရက မကောင်းပေ။

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ကျွန်မ သင့်လျော်တဲ့နေရာ ရှာထားပြီးပြီ၊ ပတ်ဝန်းကျင်ကောင်းပြီး နေရာကလည်း စက္ကူလုပ်ဖို့ အဆင်ပြေတယ်၊ မြစ်နားမှာ ဝါးတောရှိတယ်မလား၊ ကျွန်မတို့ အဲနေရာကိုဝယ်ပြီး ဝါးတောအလယ်မှာ အိမ်ဆောက်မယ်၊ ဘေးမှာ ဝါးပင်တွေ ဝန်းရံထားတော့ ပတ်ဝန်းကျင်လည်း ကောင်းတယ်၊ ဘေးမှာ စက္ကူစက်ရုံထောင်လို့ရတယ်၊ ကုန်ကြမ်းတွေလည်း အနားမှာ ရှာလို့ရတော့ စက္ကူကို ဝါးကနေ ထုတ်လို့ ရတယ်ဆိုတာ ဘယ်သူမှ မသိတော့ဘူးပေါ့၊ ခုတ်လိုက်တဲ့ဝါးတွေကို ပြန်စိုက်လို့ ရတယ်၊ တောင်စောင်းတစ်ခုလုံးကိုဝယ်ပြီး နေရာတိုင်း ဝါးတွေစိုက်လိုက်ရင်တော့ အကောင်းဆုံးပေါ့။"

ရှောင်ဟန်ကျန့်က ပညာတတ်ပုဂ္ဂိုလ် ဖြစ်သည်။

အရင်ဘဝက တိုက်ခိုက်ရေးပညာ သင်ယူခဲ့ပြီး ရန်သူတွေကို နှိမ်နှင်းခဲ့သော်လည်း စိုက်ပျိုးရေးနှင့် ပစ္စည်းထုတ်လုပ်ခြင်းတွေကို သူ သဘောကျသည်။

ထို့ကြောင့် ရှစ်ချင်းလျို့ရဲ့ အကြံကို အလွန်ထောက်ခံခဲ့သည်။ "ကောင်းပြီ။ ဝါးပင်တွေ ဝန်းရံထားတဲ့ ဝါးတောအလယ်မှာ အိမ်ဆောက်ရတာ အရမ်း အနုပညာဆန်တာပဲ။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အိမ်နောက်က တောင်ကိုဝယ်ပြီး မွေးမြူရေး အဓိက လုပ်ကိုင်မယ်။"

သူမ ထပ်ပြောခဲ့သည်။ "အခု အနာဂတ်အတွက် အစီအစဥ်တွေ အများကြီး ဆွေးနွေးပြီးပေမယ့် ပိုက်ဆံ ချို့တဲ့နေသေးတယ်။"

အစဦး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ သူတို့တွေ ငွေကြေး ချို့တဲ့နေသည်။

တောင်ပေါ် မွေးမြူရေးနှင့် စက်ရုံတွေ တည်ထောင်နိုင်ခဲ့ပါက ငွေရေးကြေးရေး စိတ်ပူစရာ မလိုအပ်တော့ပေ။

ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။ အရင်ဆုံး အိမ်ဆောက်ရအောင်လေ။"

အခုတော့ သူ့အမေ၊ မောင်နှမနှင့် ဇနီးကို သက်သောင့်သက်သာ နေထိုင်ရမည့် ပတ်ဝန်းကျင်မှာ ထားပေးချင်နေသည်။

ရှစ်ချင်းလျို့ကလည်း သဘောတူခဲ့သည်။ "ရှောင်အဖိုးကြီး ကျွန်မတို့က အတွေးတူနေတာပဲ။"

ရှောင်ဟန်ကျန့်က ခပ်ဟဟ ရယ်ခဲ့သည်။ "ကိုယ်တို့က လင်မယားဖြစ်ဖို့ ကံကြမ္မာပါတာဖြစ်မယ်။"

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "အင်း လင်မယားနှစ်ယောက် အတွေးတူတာ ရွှေထက် အဖိုးတန်တယ်။"

သူမက ခဏလောက် စဥ်းစားပြီးနောက် မေးမြန်းလာခဲ့သည်။ "နောက်ကျရင် မြို့ထဲ စာသွားသင်မှာလား။"

အိမ်မှာ စာလေ့လာတာက တံခါးပိတ်ပြီး ကားတည်ဆောက်ပုံ လေ့လာနေတာနှင့်တူသည်။

ဉာဏ်ကြီးရှင်တွေတောင် အောင်မြင်မှုကြီး ဆွတ်ခူးရရှိဖို့ ရုန်းကန်ရလိမ့်မည်။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "နောက်လကျရင် မြို့တော်က ကောလိပ်မှာ သွားတင်ပြဖို့ လုပ်ထားတယ်၊ မကြာခင် ထိပ်တန်းစာသင်သားတစ်ဦးက အနားယူတော့မှာ၊ သူက ထိပ်တန်းစာသင်သားဆိုတော့ မြို့တော်ကို သူ့မိသားစုတွေ ခေါ်လည်ပြီး ကောလိပ်မှာ အချိန်တစ်ခုအထိ နေလိမ့်မယ်၊ ကိုယ် သူ့ရဲ့ တပည့် ဖြစ်ချင်တယ်၊ ထိပ်တန်းစာသင်သားဖြစ်ဖို့ ကိုယ့်အတွက် မခက်ခဲပေမယ့် ရှေ့တစ်လှမ်း ဆက်တိုးဖို့က ခက်ခဲတယ်၊ ကိုယ့်ရဲ့ ဗဟုသုတ အသိပညာတွေက လိုအပ်နေသေးတယ်။"

အတိတ်ဘဝတုန်းက တော်ဝင်စာမေးပွဲဖြေဖို့ အခွင့်အရေး လွတ်သွားခဲ့သည်။

နောက်ပိုင်း သူ မြင့်မားသော ရာထူးကို ရရှိသောအခါ သူကျောင်းထွက်ပြီးနောက် တစ်နှစ်တစ်ခါထွက်ရှိခဲ့သည့် စာမေးပွဲမေးခွန်းများကို သူ ရှာဖွေလေ့လာဆဲဖြစ်သည်။

သူက မေးခွန်းတွေ ဖတ်ပြီး ကိုယ်တိုင် ဖြေဆိုကြည့်ခဲ့ပေမယ့် တခြားလူတွေဆီက မှတ်ချက် မရခဲ့ပေ။

သူ့တွင် သင်ပြပေးသည့်ဆရာ မရှိပေ။

ကျောင်းတက်တာပဲဖြစ်ဖြစ်၊ သူ ဆရာတင်ဖို့ အရည်အချင်းရှိသည့်လူကိုရှာဖွေတာပဲဖြစ်ဖြစ် နှစ်မျိုးလုံးက သူ့အတွက် အရေးပါသည်။

ရှစ်ချင်းလျို့က သဘောတူခဲ့သည်။ "သူသာ ရှင့်ဆရာဖြစ်လာရင် ကောင်းတာပေါ့။"

မော်ဒန်ခေတ်မှာလည်း ဆရာတစ်ယောက်၏ လမ်းပြပေးမှုက အရေးပါသည်။

မဟုတ်ရင် လူတိုင်း ဘယ်လိုလုပ် နာမည်ဂုဏ်သတင်းကြီးတဲ့ ကျောင်းကို သွားမှာလဲ။

အနားယူမည့် အဆင့် ၁ အရာရှိက တော်ဝင်တရားရုံး၏ အတွင်းအပြင်ကို နှောကြေအောင် သိရှိပေသည်။

သူက နာမည်ကောင်းရထားသည့် ထိပ်တန်းစာသင်သားလည်း ဖြစ်တာကြောင့် ဗဟုသုတတွေ ကြွယ်ဝနိုင်သည်။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ။"

ဒါက အကောင်းဆုံး အစီအစဥ် ဖြစ်သည်။

တကယ်လို့ အလုပ် မဖြစ်ခဲ့ရင်လည်း ပြဿနာကြီးတော့ မဟုတ်ပေ။

ကံမပါဘူးလို့သာ ယူဆလိုက်မည်။

ရှစ်ချင်းလျို့က လက်မြှောက်ကာ အားပေးဟန်လုပ်ပြခဲ့သည်။ "ကျွန်မ ရှင့်ကို အားပေးနေတယ်။"

ရှောင်ဟန်ကျန့်က သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့သည်။ "ကျေးဇူးတင်ပါတယ် မိန်းမ"

ဒီဘဝမှာတော့ သူတစ်ယောက်တည်း တိုက်ခိုက်စရာ မလိုတော့ပေ။

ဒီခံစားချက်က အရမ်းကောင်းတာပဲ။

ဒီနေ့တော့ ရွာထဲကလူတွေက တို့ဟူးရောင်းဖို့ အများကြီး ဝယ်သွားခဲ့ပြီး အကုန်ရောင်းကုန်ခဲ့သည်။

ရှောင်တာ့စူးနှင့် ညီအစ်ကိုနှစ်ယောက်က လှည်းပင် ငှားရမ်းပြီး မြို့တော်အထိ သွားရောင်းခဲ့သည်။

မြို့တော်က လူတွေက အစားအသောက်နှင့်ပတ်သက်ပြီး ပိုက်ဆံအကုန်ခံတာကြောင့် နေ့လည်ခင်းမှာပဲ တို့ဟူး ကျင်း၆၀ ရောင်းကုန်သွားခဲ့သည်။

ဒါက သူတို့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

သူတို့ရွာထဲမှာ ပြန်ပြောပြတော့ လူတွေအများကြီး စိတ်ဝင်စားသွားခဲ့ကြသည်။

လူတွေအများကြီးက တို့ဟူး ဝယ်ရောင်းချင်တာကြောင့် ဒီနေ့ တို့ဟူးအမှာစာတွေ အများကြီး ရရှိခဲ့သည်။

ဒီတစ်ခါတော့ ရှောင်တာ့စူးနှင့် ညီအစ်ကိုနှစ်ယောက်က ကျင်း ၁၀၀ ယူခဲ့သည်။

ဘေးနားမှ ရွာတွေကလည်း တို့ဟူးက စားစရာဆိုတာ သိရှိသွားခဲ့ကြသည်။

နောက်တစ်နေ့ကျတာ့ တို့ဟူးကို လာရောက်လဲလှယ်ခြင်း ပြန်ရောင်းဖို့ ဝယ်ယူခြင်းတို့ပါ ရှိလာခဲ့သည်။

တို့ဟူး လုပ်သားတွေရဲ့ လုပ်အားက တဟုန်ထိုး တိုးတက်သွားခဲ့သည်။

တချို့လူက ပြန်ရောင်းချင်ပြီး တချို့ကလည်း မိသားစုဝင်တွေ အလုပ်ပြီးသည့်အခါ ထိုအလုပ်ကို လုပ်စေချင်တာ ဖြစ်သည်။

တို့ဟူးရောင်းချခြင်းသည် တို့ဟူးပြုလုပ်ခြင်းထက် ငွေရှာရပိုလွယ်သည်။

ထင်သလောက် မခက်ခဲတာကြောင့် သူမက လူတွေ ထွက်ပြေးသွားမှာကို စိုးရိမ်နေခဲ့သည်။

အလုပ်သမားတွေ အလုပ်မှာ စိတ်အားထက်သန်စေရန်အတွက် ၁၀ကျင်း သို့မဟုတ် အဲထက် ပိုရောင်းရပါက ၁ကျင်းကို ၃ပြားရမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

တစ်နည်းအားဖြင့် ၁ကျင်းထက် ပိုများရင် ၂ပြား ပိုရှာနိုင်မည်ဖြစ်သည်။

သူတို့က အလုပ်ဆက်လုပ်ခဲ့ကြသည်။ အလုပ်ထွက်လိုက်ပါက သူတို့ရဲ့ အကျိုးကျေးဇူးတွေ ဆုံးရှုံးသွားမည်ဖြစ်သည်။

အစက တို့ဟူးရောင်းဖို့ စဥ်းစားနေသည့် လူတွေကလည်း တုံ့ဆိုင်းမနေတော့ပေ။ သူတို့က အလုပ်ဆက်လုပ်ခဲ့ကြသည်။

တို့ဟူးက ရောင်းရလွယ်တာကြောင့် မနက်ပိုင်း လုပ်သမျှ အကုန် ရောင်းထွက်သွားသောကြောင့် ဖြစ်သည်။

တချို့ဆို လဲလှယ်ဖို့တောင် အချိန်မရလိုက်ပေ။

နောက်ရက်ကျရင် ပိုလုပ်ဖို့ လူတိုင်းက အမေရှောင်ကို ပြောခဲ့သည်။

အမေရှောင်က ပျော်ရွှင်စွာ သဘောတူခဲ့သည်။

တို့ဟူး လုပ်ငန်းက တစ်ရက်တစ်ရက် ပိုကောင်းလာတာကြောင့် အလုပ်လုပ်ဖို့ ပိုပြီး ခွန်အားရှိလာစေခဲ့သည်။

တို့ဟူးရောင်းကုန်ပြီး သိပ်မကြာခင်မှာပဲ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က နွားလှည်းဖြင့် မြို့ထဲသွားခဲ့သည်။

ရွာထဲမှာ စားဝတ်နေရေးအတွက် မြို့နှင့်ရွာ နွားလှည်းဆွဲနေသူရှိပြီး အသွားအပြန်ကို ၂ပြား ကျသင့်သည်။

မြို့ထဲသွားဖို့ဆိုရင် တစ်နာရီလောက် လမ်းလျှောက်သွားရမည်ဖြစ်သည်။

နွားလှည်းဖြင့် သွားတာက အချိန်ကို အရမ်းချွေတာရာ မကျသော်လည်း လမ်းလျှောက်စရာ မလိုခဲ့ပေ။

မြို့ထဲရောက်တော့ ရှစ်ချင်းလျို့က ထုံထိုင်းနေသည့် ခါးကို ပွတ်ကာ "ကျွန်မတို့ ပိုက်ဆံရှိလာတဲ့အချိန်ကျရင် မြင်းရထားလုံးလေး တစ်စီးလောက် ဝယ်ရအောင်နော်။" ဟု ပြောလာခဲ့သည်။

မြင်းရထားလုံးဆိုရင် မြို့ထဲသွားဖို့ မိနစ် ၂၀၊ ၃၀ လောက်သာ ကြာသည်။

အကယ်၍ မြို့ထဲမှာသာ လူတွေသာ အများကြီး မရှိပါက သူ့ဇနီးလေးရဲ့ ခါးကို လက်ဆန့်ထုတ်ကာ ပွတ်သပ်ပေးလိုက်ပြီဖြစ်သည်။ "ကောင်းပြီ။ ကိုယ်တို့ ဝယ်ကြတာပေါ့။"

သူ့ရဲ့ အလိုလိုက်သံကိုကြားတော့ ရှစ်ချင်းလျို့ရဲ့ ရင်ထဲ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်သွားခဲ့သည်။

အတူတူရှိလေလေ သူ့ခင်ပွန်းလေးက လူကောင်းမှန်း ပိုသိလာခဲ့သည်။

သူမက ရှောင်ဟန်ကျန့်ကို မလျှော့အမ်းဘဲ အရင်ဆုံး အမြတ်ထုတ်ယူခဲ့တာ ကံကောင်းလှသည်။