အခန်း ၅၃
Viewers 7k

Chapter (53)

Unicode

အခန်း(၅၃) - ဒါဆို သူအငြင်းခံလိုက်ရတာပေါ့

သူက ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့် လူမှန်း သိတာက အသုံးဝင်သွားသည်။

"ကျွန်မ လုပ်နိုင်တယ်ဆိုရင်ကော။"

သူမကလည်း မငြင်းပေ။

ဒါ့အပြင် သကြားဝါတွေကိုဝယ်ပြီး ဟွမ်းနီရွှေ့လင်ထျန်းဖာနည်းလမ်းဖြင့် သကြားဖြူပြောင်းဖို့ သူမမှာ အစီအစဥ်မရှိပေ။

ထိုအစား သူမက နည်းပညာကို ရောင်းစားမည်ဖြစ်သည်။

သကြားဝါကိုဝယ်ပြီး အရောင်ချွတ် ရောင်းချပါက အကျိုးအမြတ်က နည်းပြီး သူတို့ကို ထိန်းသိမ်းခက စရိတ်ကြီးမည်ဖြစ်သည်။

သူမရဲ့ လက်ရှိပြဿနာကို ဖြေရှင်းဖို့ ငွေအများကြီးရဖို့အတွက် ထိုနည်းပညာကို ပိုက်ဆံဖြင့် လဲလှယ်မည်ဖြစ်သည်။

ဒါ့အပြင် သူမ ခင်ပွန်းလေးက အခုမှ အခြေခံ စာသင်သားသာ ရှိသေးသည်။

ဒီနည်းပညာသာ သူတို့လက်ထဲမှာ ရှိနေပါက အာဏာကြီးသည့် လူတွေရဲ့ ပစ်မှတ်အဖြစ် သူခံရနိုင်သည်။

ဒါက သူ့ကို အန္တရာယ်ထဲ တွန်းပို့သလို ဖြစ်နေမည်ဖြစ်သည်။

ဒါကိုသာ ပိုင်မိသားစုကို ရှောင်းချလိုက်ပါက ဒီအန္တရာယ်ကို သူတို့ ကိုင်တွယ်နိုင်လိမ့်မည်။

သူမကတော့ မုန်လာရိုင်း သကြားစက်ရုံကို ဆက်လက်တည်ထောင်မည်။

သကြားဝါကိုဝယ်ပြီး အရောင်ချွတ်တာထက် မုန်လာရိုင်းကနေ သကြားထုတ်လုပ်တာက ကုန်ကျစရိတ် ပိုသက်သာသည်။

ပိုင်မိသားစုရဲ့ စျေးကွက်မြင်နိုင်စွမ်းရည်နှင့်ဆိုပါက သူတို့တွေ အကျိုးအမြတ်ကို အေးအေးဆေးဆေး ခံစားလို့ ရသည်။

ပိုင်ရွှီက ခဏလောက်တွေးကာ ပြောခဲ့သည်။ "ဒီသကြားဖြူတွေ အများကြီး ထပ်မြင်ချင်သေးတယ်။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အိမ်မှာ ရှိတယ်၊ ဒါကြောင့် လိုက်ခဲ့စေချင်တာပေါ့၊ ရှင်ရဲ့ အဖိုးတန်ပန်းကို ကြည့်နိုင်သလို စီးပွားရေးအခွင့်အရေးလည်း ရှာနိုင်တာပေါ့။"

သူမက သူ့ကို မျက်လုံးလည်ပြလိုက်သည်။ "ရှင်အရင်က ကျွန်မကို မယုံခဲ့ဘူးလေ။"

ပိုင်ရွှီ၊ "..."

ဒါဆို သူ ရက်ရက်စက်စက် ငြင်းပယ်ခံခဲ့ရတာပေါ့။

"ကောင်းပြီ။ နောက်မှ လိုက်ခဲ့မယ်။"

သူ့ပန်းတွေ ဘယ်လိုရှိနေလဲဆိုတာ သူ တကယ် တွေ့ချင်သည်။

သကြားကိုလည်း အာရုံစိုက်သေးတာပေါ့။

ရှစ်ချင်းလျို့က သူမရဲ့ စကေးတွေကို ရောင်းချင်မှတော့ ပိုင်ရွှီကို ပြသဖို့ လိုအပ်သည်။ "အို ဟုတ်သား၊ ရှင်သကြားဝါကို ကျင်းအနည်းငယ်လောက် ယူခဲ့ဦး၊ ရှင့်ကို သကြားဖြူအဖြစ် ပြောင်းတာ ပြပေးမယ်။"

ဒီတစ်ခါတော့ ပိုင်ရွှီက သူမကို မေးခွန်း မထုတ်တော့ဘဲ ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"

သူက မေးခဲ့သည်။ "ဒါဆို ငါတို့ အခုသွားလို့ရပြီလား။"

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "ဘာတွေ အလျင်လိုနေတာလဲ၊ ကျွန်မတို့ရဲ့ လက်ရေးမူကို ဘယ်လိုရောင်းရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလေ၊ ရှင်က အကျိုးအမြတ်ဝေစု ခွဲဝေတာကို သဘောမတူရင် ကျွန်မတို့ တခြားစာအုပ်ဆိုင်ကို သွားရမှာနော်။"

ထို့နောက် သူမက အပြုံးတစ်ဝက်ဖြင့် ပြောခဲ့သည်။ "ဒါပေါ့။ ရှင် တို့ဟူးကို လိုက်မြည်းစရာမလိုဘဲ သကြားဖြူကိုလည်း လိုက်ကြည့်စရာ မလိုတော့ဘူး။"

ပိုင်ရွှီက ငိုချင်နေပေမယ့် မျက်ရည်က ထွက်မလာပေ။

ဒီမိန်းမက တော်တော် အကြင်အနာမဲ့တာပဲ။

"ကောင်းပြီ။ တို့ဟူးက အရသာရှိပြီး သကြားဖြူကလည်း မင်းပြောတဲ့အတိုင်းဆိုမှတော့ ငါတို့တွေ အတူတူ အလုပ်တွဲလုပ်ကြတာပေါ့၊ စာအုပ်ရောင်းရတဲ့ အကျိုးအမြတ် လေးဆယ်ရာခိုင်နှုန်းကို ရှောင်သခင်လေးကို ပေးမယ်၊ ဒီလိုဝတ္ထုမျိုးက တာ့လျန်မင်းဆက် တစ်ခုလုံးမှာတောင် ရှာမတွေ့နိုင်ဘူး။"

ရှောင်ဟန်ကျန့်ရဲ့ ဝတ္ထုက ရောင်းကောင်းလိမ့်မည်ဟု သူ ခံစားမိသည်။

ထို့ကြောင့် သူတို့ကို တခြားစာအုပ်ဆိုင်ကို မသွားစေချင်ပေ။

တို့ဟူးနှင့် သကြားကိုတော့ သူ ပိုစိတ်ဝင်စားသည်။

ရှစ်ချင်းလျို့က ပြုံးပြခဲ့သည်။ "အရမ်းသဘောထားကြီးသလို ပြောမနေပါနဲ့၊ ကျွန်မ ယောက်ျားရဲ့ ဝတ္ထုက ရောင်းကောင်းမယ်ဆိုတာ ရှင်ကြိုမြင်လို့ လက်လွှတ်မခံတာ မဟုတ်လား။"

ပိုင်ရွှီက အသံတိတ်သွားခဲ့သည်။

သူ့ကိုယ်သူ ဒီထက် ပိုသိသာအောင် မလုပ်သင့်တော့ပေ။

သူက ရှောင်ဟန်ကျန့်ဘက် လှည့်ကြည့်ကာ ပြောခဲ့သည်။ "တခြားစီးပွားရေး အခွင့်အလမ်းတွေကို နောက်မှ ပြောကြတာပေါ့၊ ငါတို့ နှစ်ယောက်ပဲပြောရင် ဘယ်လိုသဘောရလဲ၊ မင်းဇနီးရဲ့ ပါးစပ်က အရမ်းထူးဆန်းတယ်။"

သူတကယ်ပဲ သူမကို နိုင်အောင် မပြောနိုင်ပေ။

ဒါထက် သူမရဲ့ တောင်းဆိုချက်တွေက အလွန် ဖြစ်သင့်သည့်အချက်တွေလို သူများ ခံစားမိအောင် ပြောတတ်သည်။

တော်တော်အဆိပ်ပြင်းတာပဲ။

ရှောင်ဟန်ကျန့်က မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "ကျွန်တော့် ဇနီးက သိပ်တော်တာလေ။"

သူက ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "ကျွန်တော့်ဇနီးက အိမ်ရဲ့ တာဝန်ခံဆိုတော့ စီးပွားရေးကိစ္စတွေကို သူကိုင်တွယ်ကာ ပိုကောင်းပါတယ်။"

သူက စစ်ပွဲမှာ ဘယ်လိုတိုက်ရမယ်၊ တော်ဝင်ခုံရုံးမှာ ကိစ္စရပ်တွေကို ဘယ်လိုညှိနှိုင်းရမယ်၊ အရာရှိကြီးဖြစ်အောင် ဘယ်လိုလုပ်ရမယ် အစရှိတာတွေကို ပိုသိသော်လည်း စီးပွားရေးပိုင်းကိုတော့ သူနားမလည်ပေ။

ဒီအပိုင်းအတွက် သူ့ဇနီးလေးက ပိုတော်သည်။

ရှစ်ချင်းလျို့က ပိုင်ရွှီကို စိုက်ကြည့်လိုက်သည်။ "ဘာလို့လဲ၊ ရှင်က အမျိုးသမီးတွေကို အထင်သေးတာလား။"

ရှောင်ဟန်ကျန့်က သူ့ဇနီးကို အလွန်အလိုလိုက်ထားကြောင်း ပိုင်ရွှီ နားလည်လိုက်သည်။

ဘယ်မိသားစုက ချွေးမကို အိမ်ထောင်ဦးစီးအဖြစ် ထားလို့လဲ။

အရင်က သူ တစ်ခါမှ မကြုံဖူးပေ။

ရှစ်ချင်းလျို့ သူ့ကို စိုက်ကြည့်နေတာတွေ့တော့ စျေးကြီးသည့် ပန်း၊ တို့ဟူးနှင့် သကြားကြောင့် အရှုံးပေးခဲ့လေသည်။

ထို့ကြောင့်က သူက ကို့ရိုးကားယားဖြင့် ပြုံးခဲ့သည်။ "စတာပါ၊ ရှောင်သခင်လေးကို စနောက်နေတာပါ။"

ရှောင်ဟန်ကျန့်ရဲ့ဇနီးက လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့လူပဲ။

သူမကို ခုခံဖို့ မတတ်နိုင်ပေ။

ထိုအခါမှ သူမက ပိုင်ရွှီကို လွှတ်ပေးခဲ့သည်။

ထို့နောက် ပိုင်ရွှီနှင့် ရှောင်ဟန်ကျန့်က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ဆိုင်ရှင်က လက်ရေးမူကို ယူသွားပြီး တတ်နိုင်သမျှ မြန်မြန် စာအုပ်ထုတ်မည်ဖြစ်သည်။

ပိုင်ရွှီက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ ရွာပြန်ဖို့ ရထားလုံး ပြင်ခိုင်းပေးခဲ့သည်။

ရထားလုံးထဲဝင်ပြီးနောက် ရှစ်ချင်းလျို့က ရထားလုံးမောင်းသည့် ရှောင်စစ်ကို ပြောခဲ့သည်။ "ကျွန်မ ဝယ်စရာရှိလို့ အရင်တစ်ခါက ကျွန်မတို့ သွားခဲ့တဲ့နေရာကို ပို့ပေးပါဦး။"

ရှောင်စစ်က ဘာလုပ်ရမှန်း မသိတော့ပေ။

သူက ပိုင်ရွှီကိုကြည့်ကာ အမိန့် စောင့်ဆိုင်းနေသည်။

ပိုင်ရွှီက သက်ပြင်းချခဲ့သည်။ ထိုအမျိုးသမီး ရထားလုံးစီးချင်နေတာ သူသိသည်။

"ပို့ပေးလိုက်ပါ။" တခြား ဘာတတ်နိုင်မှာလဲ။

ရှောင်စစ်က ခေါင်းငြိမ့်ပြီး အသားတန်းနှင့် ကုန်စုံဆိုင်ရထားလုံး မောင်းနှင်သွားခဲ့သည်။

ရှစ်ချင်းလျို့က အဝတ်ဆိုင်ကိုသွားပြီး အဝတ်ချုပ်ရန်အတွက် ပိတ်ချောနှင့် ပိတ်ကြမ်းတချို့ ဝယ်ခဲ့သည်။

သူမတွင် အဝတ်အစား နှစ်စုံသာ ရှိသည်။

ဟောင်းနွမ်းပြီး ပိတ်ကြမ်းဖြင့် ချုပ်ထားတာကြောင့် ဝတ်ရတာ သက်သောင့်သက်သာ မရှိပေ။

အမေရှောင်နှင့် ကလေးနှစ်ယောက်ရဲ့ အဝတ်ကောင်းလေးတွေကိုလည်း ရှောင်မိသားစုဟောင်းက လူတွေ လုယူသွားတာကြောင့် အသစ်လုပ်ဖို့ လိုအပ်သည်။

ကံကောင်းချင်တော့ တာ့လျန်မင်းဆက်လက်မှာ ချည်နှင့် ချည်ထည်တွေကို စျေးကွက်မှာ ရနိုင်သည်။

ပိုးထည်ဖြင့်လုပ်ထားသည့် အဝတ်တွေ မဝတ်နိုင်သော်လည်း ပိတ်ကြမ်းကိုတော့ မဝတ်နိုင်ပေ။

ပစ္စည်းတွေ ဝယ်ယူပြီးနောက် ရှစ်ချင်းလျို့က ရှောင်စစ်ကို ရွာကို ပြန်မောင်းခိုင်းလိုက်သည်။

ရထားလုံးထဲမှာ ရှစ်ချင်းလျို့က လက်ဖက်ရည်နှင့်မုန့်ကို ဇိမ်ကျကျ စားသောက်နေခဲ့သည်။

သူမက ပိုင်ရွှီကိုကြည့်ကာ မေးခဲ့သည်။ "ရထားလုံးကို ဆွဲနေတဲ့မြင်းက မဆိုးဘူး၊ ဘယ်က မြင်းလဲ၊ မြက်ခင်းလွင်ပြင်က မြင်းလား။"

လက်ဖက်ရည်ကို ကြော့ရှင်းစွာ သောက်နေသည့် ရှစ်ချင်းလျို့ကို ပိုင်ရွှီ ကြည့်လိုက်သည်။

သူမက တောသူနှင့် မတူပေ။

သူမရဲ့ မေးခွန်းကိုကြားတော့ သူကြက်သေသေသွားခဲ့သည်။ "မင်း မြင်းအကြောင်းလည်း သိတယ်လား။"

သူတို့မိသားစုရဲ့ မြင်းတွေက စီးပွားရေး အကျိုးအမြတ် ဖလှယ်ရင်း မြက်ခင်းလွင်ပြင်မှ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။"

ငွေဇွန်းကိုက်ကာ မွေးလာပြီး ကလေးဘဝကတည်းက မဖြစ်မနေ မြင်းစီးသင်ခဲ့ရသည်။

သူမက မြင်းစီးရတာ ကြိုက်တာကြောင့် မြင်းတွေအကြောင်း သိခဲ့သည်။

"ဘယ်လိုသိတာလဲ။" ပိုင်ရွှီက သိချင်စွာ မေးခဲ့သည်။

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "မြင်းက ခေါင်းကြီးပြီး လည်ပင်းတိုတယ်၊ သန်မာတဲ့ ကိုယ်ဟန်ရှိပြီး ပုခုံးကျယ်ပြန့်ပြီး လည်စံမွေးရှည်တယ်၊ အမွေးထူးပြီး ကြမ်းရမ်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်လေ၊ မြက်ခင်းလွင်ပြင်က မြင်းတွေက အဲပုံစံတွေပဲ၊ ဒါပေမဲ့ ဖာဂါနာချိုင့်ဝှမ်းက ဖာဂါနာမြင်းဆိုရင် ပိုကောင်းတယ်။"

သူမက ရှောင်ဟန်ကျန့်ကိုကြည့်ကာ ပြောခဲ့သည်။ "အနာဂတ်မှာ အခွင့်အရေးရှိမယ်ဆိုရင် အနည်းငယ်လောက် မွေးကြရအောင်။"

မော်ဒန်ခေတ်မှာတုန်းက သူမက မျိုးရိုးမြင့်သည့် မြင်းကောင်းမြင်းသန့် အနည်းငယ် မွေးလေ့ ရှိသည်။

ရှေးခေတ်ကို ရောက်လာပြီးမှ သူမကိုယ်သူမ နည်းနည်းလေးမှ ပြောင်းလဲရမှုမျိုး မရှိချင်ပေ။

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ကာ ပြုံးပြခဲ့သည်။ "ကောင်းပြီ။"

သူ့ဇနီးလေးသာ လိုချင်ပါက ရအောင်လုပ်ပေးမည်ဖြစ်သည်။

ဒီနှစ်ယောက်က ဖာဂါနာချိုင့်ဝှမ်းက ဖာဂါနာမြင်းအကြောင်းကို ထမင်းစားရေသောက်လို ဆွေးနွေးနေတာကို တွေ့တော့ ပိုင်ရွှီ သဘောကျခဲ့ရသည်။

သူက ထပ်ပြီး သက်ပြင်းချခဲ့သည်။

ရှောင်ဟန်ကျန့်က သူ့ဇနီးကို တော်တော်လေး အလိုလိုက်တာပဲ။

"မင်းက ဖာဂါနာမြင်းအကြောင်းလည်း သိတယ်လား။" ဒါက တောသူတွေ သိနိုင်သည့်အရာ မဟုတ်ပေ။

မျိုးနွယ်စုထဲက သခင်လေးက နယ်စမ်မှာ အနောက်တိုင်းက လူတွေနှင့် စီးပွားရေးဖလှယ်ခဲ့တာကို ကြွားဝါပြောဆိုနေရင်းမှ ဖာဂါနာအကြောင်းကို သူသိခဲ့ရခြင်းဖြစ်သည်။

ရှစ်ချင်းလျို့က ပျင်းရိစွာ ပြောခဲ့သည်။ "ကျွန်မက ဘာလို့ မသိရမှာလဲ။"

သူမက ထပ်ပြီး အပြစ်ပုံချခဲ့သည်။ "ကျွန်မက မသေမျိုး ဆရာသခင်ရဲ့ တပည့်ပဲ။ အများကြီး သိတာပေါ့။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

မသေမျိုးတာအိုဘုန်းတော်ကြီးဆီတောင် ရုတ်တရက် သွားလည်ချင်သွားသည်။

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "အဲဒီက ကျောက်မျက်ရတနာတွေနဲ့ သားမွှေးတွေက သိပ်ကောင်းတာ၊ ရှင်အနာဂတ်မှာ ဟန်လူမျိုး မဟုတ်တဲ့လူတွေနဲ့ စီးပွားရေးလုပ်သင့်တယ်။"

ပိုင်ရွှီက ရယ်ခဲ့သည်။ "အခွင့်အရေးရှိရင်တော့ လုပ်ရမှာပေါ့။"

ထိုအမျိုးသမီးက ဒီကိစ္စကို အကြောင်းမရှိဘဲ ပြောမည်မဟုတ်ဟု သူ ထင်သည်။

ဒါကြောင့် သူက မေးခဲ့သည်။ "သားမွှေးနဲ့ ကျောက်မျက်ရတနာတွေကို လိုချင်တာလား။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဉာဏ်ကောင်းသားပဲ၊ ရှင်ဝယ်ခဲ့တဲ့ မြက်ခင်းလွင်ပြင်ကနေ မြင်းတချို့ ဝယ်ချင်တယ်၊ သူတို့က ဖာဂါနာမြင်းလောက် မကောင်းပေမယ့် သူတို့ကို အရင်သုံးလိုက်မယ်။"

အလုပ်ရုံတွေ တိုးချဲ့ဖွင့်လှစ်ပြီးပါက ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် မြင်းရထားလုံး ပြင်ဆင်ထားဖို့ လိုအပ်သည်။

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ သူ သိသားပဲ။

သူ့ကို ပိုပြီးအံ့သြစေတာက မြက်ခင်းလွင်ပြင်က မြင်းတွေက ရဖို့ မလွယ်ကူတာကို သူမက ထိုနေရာက မြင်းတွေက သိပ်မကောင်းဘူးဟု ထင်နေခြင်း ဖြစ်သည်။