အခန်း ၅၇
Viewers 7k

Ch-57 Uni

အခန်း(၅၇) - သူမ ဘာလုပ်နိုင်လဲဆိုတာကြည့်ရအောင်

 

ထိုအခါမှ ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ စတုတ္ထသားကို ရိုက်နေတာ ရပ်ပေးလိုက်ပြီး လွှတ်ပေးခဲ့သည်။

 

သူမက သူမ ခါးကို ပွတ်သပ်ကာ အပြစ်တင်ပြောဆိုခဲ့သည်။ "အဖွားသာ အစောကတည်းက ဒီလိုလုပ်ရင် ကျွန်မ ပင်ပန်းရမှာ မဟုတ်ဘူး။"

 

ရှစ်သခင်မကြီး၊ "...."

 

နင်က ဘာတွေ ပင်ပန်းခဲ့လို့လဲ။

 

နာကျင်ခံစားရတာ ငါ့သား မဟုတ်ဘူးလား။

 

လွတ်မြောက်သည်နှင့် တပြိုင်နက်တည်း ရှစ်မိသားစု စတုတ္ထသားက ရှစ်သခင်မကြီးရဲ့ အနောက်တွင် ဝင်ပုန်းခဲ့သည်။

 

သူက မျက်နှာကို ပွတ်သပ်လိုက် လက်တွေကို ပွတ်သပ်လိုက် လုပ်နေခဲ့သည်။

 

ဒီအယုတ်တမာမ ရိုက်တာ အရမ်းနာတာပဲ။

 

တတိယအစ်ကိုကြီးနှင့် မရီးဖြစ်သူတို့က သူ့ကို ကြောက်တာလည်း မဆန်းတော့ပါဘူး။

 

"အမေ လုပ်ငန်းစရအောင်။" သူက ရှစ်သခင်မကြီးရဲ့ အင်္ကျီလက်ကိုဆွဲကာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။

 

ထိုအခါမှ ရှစ်သခင်မကြီးက နာကျည်းမှုကို မြိုသိပ်ပြီး ရှစ်ချင်းလျို့ကို ပြောခဲ့သည်။ "ငါ့မြေးမကြီး ငါဒီနေ့လာခဲ့တာ နင်ကောင်းဖို့အတွက်ပါအေ။"

 

ဒီလူတွေက တို့ဟူးထုတ်လုပ်နည်းကို လိုချင်တာ မဟုတ်ဘဲ ပေါက်ကွဲစေသည့်ဗုံးကို လိုချင်လို့လာတာဟု ရှစ်ချင်းလျို့ တွေးလိုက်မိသည်။

 

သို့ပေမယ့် ရှစ်ချင်းလျို့က မသိချင်ယောင်ဆောင်ခဲ့သည်။ "ဘာသတင်းကောင်းရှိလို့လဲ။"

 

ရှစ်သခင်မကြီးက ပြောလေသည်။ "ဝူမိသားစုက နင့်လက်ထဲက အမည်းရောင်အလုံးတွေကို အရမ်းစိတ်ဝင်စားနေတယ်၊ သူတို့က ငွေတုံးတွေနဲ့ ဝယ်ချင်နေတယ်။"

 

ရှစ်ချင်းလျို့က စနောက်ကာ မေးခဲ့သည်။ "ဘယ်စျေးနဲ့လဲ။"

 

ရှစ်မိသားစု စတုတ္ထသားက ဖြေခဲ့သည်။ "တစ်လုံးကို ငွေတုံးငါးတုံး။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရှင်တို့က ကျွန်မကို လှည့်စားဖို့ ကြိုးစားနေတာလား။"

 

သူမက ရှစ်မိသားစု စတုတ္ထသားကိုကြည့်ပြီး ပါးနပ်စွာ ပြုံးကာပြောခဲ့သည်။ "ပွဲခ ဘယ်လောက်ရလဲ။"

 

ရှစ်မိသားစု စတုတ္ထသားက ဆွံ့အ သွားခဲ့သည်။

 

ဒီအယုတ်တမာမက မြေခွေးကနေ အယုတ်တမာမအဖြစ် ပြောင်းလာတာပဲဖြစ်မယ်။

 

သူ့ရင်ထဲမှာ အမုန်းတရားတွေ ပြည့်နှက်နေပေမယ့် သူက ပြုံးကာ ပြောခဲ့သည်။ "နောက်နေတာလား၊ ငါတို့က ဒီတိုင်း စေတနာနဲ့ ပြောပေးတာပါ၊ ဆုကြေး အနည်းငယ် ချီးမြှင့်မယ်လို့ ဝူမိသားစုကတော့ ပြောတယ်။"

 

သူက ပွဲခ လက်ခံထားကြောင်း ဝန်မခံခဲ့ပေ။

 

ရှစ်ချင်းလျို့က ဆက်မေးရင်း စိတ်ရှုပ်မခံတော့ပေ။ "အနက်ရောင်အလုံးလေးတစ်လုံးကို ငွေတုံး ၁၀၀ ကျသင့်မယ်လို့ ဝူမိသားစုကို ပြောလိုက်၊ ဝယ်ချင်ဝယ် မဝယ်ချင်ရင်နေ၊ မရောင်းရလည်း စိတ်ထဲကိုမရှိတာ။"

 

ရှစ်မိသားစု စတုတ္ထသားက ဆွံ့အသွားခဲ့သည်။ "ငွေတုံး ၁၀၀၊ ဓားပြပဲ သွားတိုက်စားပါလား။"

 

ဝူမိသားစုက တစ်လုံးကို ငွေတုံး ၁၀တုံး ပေးတာဖြစ်ပြီး သူတို့က တစ်လုံးကို ငွေ ၅တုံး ဖြတ်သုတ်ဖို့ ပြင်ဆင်ထားသည်။

 

ဒီမိန်းမယုတ်က တကယ် စျေးတင်ရဲတာပဲ။

 

သူမက ဝူမိသားစုပေးသည့် စျေးနှုန်းရဲ့ ၁၀ဆအထိ တိုးမြှင့်ခဲ့သည်။

 

ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်။ "တစ်လုံးကို ငွေတုံး ၁၀၀၊ ငါ့ရဲ့ မသေမျိုးဆရာ ဖော်ထုတ်ထားတဲ့ ဒီဟာတွေကိုဝယ်ရင် ဝူမိသားစု အကျိုးရှိမှာပဲ၊ ဝူမိသားစုကို ရှင့်လို ဆင်းရဲတယ်များ ထင်နေလား၊ ပိုင်ဆိုင်မှုတွေက ရှင်တွေးကြည့်လို့တောင် မရဘူး။"

 

ရှစ်မိသားစု စတုတ္ထသားနှင့် တခြားလူတွေက ကြက်သေ သေသွားခဲ့သည်။

 

ဒီကိစ္စကိုပဲ ဆွေးနွေးပြီး သူတို့ကို မခနဲ့လို့ ရမလား။

 

ဒီအယုတ်တမာမရဲ့ ပါးစပ်က တော်တော် စိတ်ရှုပ်ဖို့ ကောင်းတာပဲ။

 

အမျိုးသမီးနျိုက ဆွံ့အနေခဲ့သည်။ "ဒါပေမဲ့ ငွေတုံး ၁၀၀ဆိုတာ နည်းနည်း စျေးကြီးမနေဘူးလား။"

 

အနက်ရောင် အလုံးလေး တစ်လုံးကို ငွေတုံး ၁၀၀ ဟုတ်လား။

 

ဟိုးတုန်းက သူမကို ဝူမိသားစုဆီ ပို့တုန်းက စျေးနှုန်းလောက် ရှိသည်။

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ကာ ပြောခဲ့သည်။ "ပိုင်မိသားစုကို သိလား၊ ဒီနေ့ အိမ်မှာတောင် ညစာ လာစားသွားသေးတယ်၊ ဝူမိသားစုက မတတ်နိုင်ရင် ပိုင်သခင်လေးကတော့ တတ်နိုင်တယ်နော်၊ စျေးနှုန်းကို ဝူမိသားစုကို သွားပြောပြလိုက်၊ သူတို့ သဘောတူလိမ့်မယ်၊ ပြီးတော့ ကျွန်မကို သိမ်းသွင်းပေးခအနေနဲ့ ဝူမိသားစုဆီက အနက်ရောင် အလုံးတစ်လုံးကို ငွေ ၅တုံး၊ ၁၀တုံးလောက် တောင်းလိုက်၊ ရှင်တို့ကိုလည်း ကျွန်မက တွေးပေးပါသေးတယ်။" သူမက သဘောကောင်းတဲ့လူလို ဖြစ်အောင် ပြဿနာကောင်တွေကို အလင်းပြခဲ့သေးသည်။

 

ရှစ်မိသားစု စတုတ္ထသားက ပိုက်ဆံ အလိုအပ်ဆုံးလူ ဖြစ်သည်။

 

အနက်ရောင် အလုံးလေးရဲ့ စွမ်းရည်က တကယ့်အစစ်နှင့် ကွာခြားသည့်အချိန်တွင် ရှစ်မိသားစုက ဝူမိသားစု၏ အဓိကပစ်မှတ် ဖြစ်လာလိမ့်မည်။

 

သူတို့က ဝူမိသားစုဆီက ငွေတချို့ ရှာနိုင်ပါလိမ့်မည်။

 

အစတုန်းကတော့ ဝူမိသားစု မြေသားဗုံး ဝယ်ယူအောင် ရှစ်မိသားစု စတုတ္ထသားကို ဘယ်လိုပြောခိုင်းရင် ကောင်းမလဲဟု သူမ တွေးမိခဲ့သေးသည်။

 

အခုတော့ ရေကန်အသင့် ကြာအသင့်ဖြစ်နေပြီဖြစ်သည်။

 

ဒီလိုဆိုမှတော့ သူတို့ကို ရိုက်စားလုပ်ဖို့ လက်လွှတ်မခံသင့်တော့ပေ။

 

ဘာပဲဖြစ်ဖြစ် ဒီပြဿနာကောင်တွေက သူမရဲ့ တို့ဟူးလုပ်ငန်းကို ထိပါးဖို့ တွေးနေကြသည်။

 

အကယ်၍ သူမရဲ့ တိုက်ခိုက်စွမ်းရည်သာ ညံ့ဖျင်းပါက ဒီလူတွေက သူတို့လိုချင်သလို လုပ်သွားနိုင်သည်။

 

ဒီအယုတ်တမာမက ဘယ်တော့မှ ကြင်နာတတ်ခြင်းမရှိဘူးဟု တွေးခဲ့သည်။

 

သို့ပေမယ့်လည်း သူမကို မငြင်းဆန်နိုင်ခဲ့ပေ။

 

ရှစ်သခင်မကြီးက ရှစ်မိသားစု စတုတ္ထသားဖက်လှည့်ကာ ပြောခဲ့သည်။ "ဝူမိသားစုကို သူတို့မဝယ်ရင် ပိုင်မိသားစုက ဝယ်လိမ့်မယ်လို့ သွားပြောလိုက်ချေ။"

 

သူမက ရွာသူဖြစ်သော်လည်း ထိုပစ္စည်းဟာ ဘယ်လောက် စျေးများများ ဝယ်ယူမည့်လူတွေရှိကြောင်း သူမ သိသည်။

 

အချိန်ခဏအတွင်း ထိုအယုတ်တမာမ ပိုက်ဆံတွေ အများကြီး ရှာနိုင်တာကိုသိတော့ ရင်နာခဲ့ရသည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဟုတ်တယ်၊ ဝူမိသားစုကို အဲလိုပြောလိုက်။"

 

ဒီနေ့ ရှစ်မိသားစုက ပြဿနာကောင်တွေ ရောက်လာရတာက စောနက လိုက်လာသည့် ဝူမိသားစုက အစေခံ သတင်းသွားပေးခဲ့လို့ဟု သူမ ထင်သည်။

 

ပိုင်ရွှီက အနက်ရောင်အလုံးတွေကြောင့် ရောက်လာသည်ထင်ပြီး ဝူမိသားစုက အထင်လွဲနေတာ ဖြစ်နိုင်သည်။

 

သို့မဟုတ် ပိုင်ရွှီက အနက်ရောင် အလုံးလေးတွေ အကြောင်း သိသွားပြီး အခွင့်အရေးကို အမိဖမ်းသွားမှာ စိုးရိမ်နေတာလည်း ဖြစ်နိုင်သည်။

 

ထို့ကြောင့် သူတို့က ထပ်မစောင့်ဆိုင်းနိုင်ဘဲ ဖြစ်နေတာ ဖြစ်သည်။

 

အကယ်၍ ရှောင်ဟန်ကျန့်က မြို့ထဲမှာ နာမည်ကြီး အခြေခံ စာသင်သား မဟုတ်ရင်တောင် သူတို့ တစ်ခုခုဖြစ်ပါက သူများတွေ သိနိုင်သည်။

 

ရာဇဝတ္တရားသူကြီး အသစ်ကြောင့် ဝူမိသားစုရဲ့ အကွက်တွေက နူးညံ့မည် မဟုတ်ပေ။

 

သို့ပေမယ့်လည်း သူမက အနက်ရောင် အလုံး အစစ်တွေ ပေးလိုက်ရင်တောင် လွှတ်ပေးခံရမှာ မဟုတ်မှန်း ရှစ်ချင်းလျို့ သိသည်။

 

အကယ်၍ သူတို့သာ အနက်ရောင် အလုံး အစစ်တွေဖြင့် ဖော်စပ်မှု အောင်မြင်သွားပါက သူမ သေဆုံးဖို့ ရက် ပိုနီးလာနိုင်သည်။

 

ထို့ကြောင့် ရှစ်မိသားစုနှင့် ဝူမိသားစုအပေါ် သူမ ဝန်လေးနေတာမျိုး မရှိပေ။

 

ရှစ်မိသားစု စတုတ္ထသားကလည်း စိတ်လှုပ်ရှားနေသည်။

 

ရှစ်ချင်းလျို့က ပိုင်မိသားစုကို ရောင်းလိုက်မှာကို သူ စိုးထိတ်နေသည်။

 

သူရအောင် ယူပေးမည့်အကြောင်း ဝူမိသားစုကို ကတိပေးထားပြီးပြီဖြစ်သည်။

 

"အခုပဲ မြို့ထဲ သွားလိုက်မယ်။"

 

ရှစ်ချင်းလျို့က လက်ယမ်းပြခဲ့သည်။ "မြန်မြန်သွား၊ ဒီည အဖြေက ဘာပဲဖြစ်ဖြစ် ရှောင်မိသားစုဆီ လာပြီး မနှောင့်ယှက်နဲ့၊ မနက်ဖြန်မှ ပြောကြတာပေါ့။"

 

ဗြောက်အိုးလောက်သာ အားပြင်းသည့် ဗုံးကို ဒီည လုပ်ဖို့ လိုအပ်သည်။

 

ရှစ်မိသားစု စတုတ္ထသားက ဆွံ့အသွားသည်။ ဒီအယုတ်တမာမက တော်တော် ဘဝင်မြင့်တာပဲ။

 

သို့ပေမယ့်လည်း သူက သုန်မှုန်စွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။ ဒါဆို ငါတို့ မနက်ဖြန်မှ ထပ်လာခဲ့မယ်။"

 

ဝူမိသားစုနဲ့ ပူးပေါင်းနိုင်ပြီး အခြေခံစာသင်သား စာမေးပွဲဖြေပြီးမှ ဒီအယုတ်တမာမကို ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ ကြည့်ကြတာပေါ့။

 

လူမြင်ကွင်းမှာ ဒီနေ့ အရိုက်ခံခဲ့ရတာကို မှတ်ထားတယ်။

 

သူ့ပြန်ဖြေသံကိုကြားတော့ ရှစ်သခင်မကြီးနှင့် တခြားလူတွေလည်း တွန့်ဆုတ်စွာဖြင့် ရှောင်အိမ်က ပြန်သွားခဲ့သည်။

 

ပြန်ပြီးတာတောင် ရှစ်သခင်မကြီးနှင့် တခြားလူတွေက အထွန့်တက်နေသေးသည်။ "ဒီအယုတ်တမာမက တကယ်ကို အကြင်နာတရား မရှိတာဘဲ၊ တို့ဟူးလုပ်နည်း သင်ပြီးရင်တောင် သူ့စီးပွားရေးကိုတော့ ယှဥ်လို့မရပါဘူး၊ နှမြောစရာပဲ။"

 

ရှစ်မိသားစု စတုတ္ထသားက မျက်လုံးလည်ခဲ့သည်။ "အမေ သားဝူမိသားစုထဲဝင်ပြီးရင် တို့ဟူးလုပ်ငန်းကို လုယူပြီး ကိုယ်တိုင်ဖွင့်ကြမယ်၊ အခုတော့ အဲအယုတ်တမာမကို ဘဝင်ပေးမြင့်ထားလိုက်ပါဦး။"

 

ရှစ်သခင်မကြီးရဲ့ မူလက တည်ငြိမ်နေသည့် မျက်နှာက ချက်ချင်း အပြုံးပန်းပေါ်ပေါက်လာခဲ့သည်။ "အင်း နောက်မှ တို့ဟူးအလုပ်ရုံကို သူ့ဆီက လုယူရအောင်၊ သူ ငိုစေရမယ်။"

 

သူတို့ရဲ့ အစီအစဥ်တွေကို တွေးပြီးနောက် စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။

 

ရှစ်မိသားစု စတုတ္ထသားက အိမ်မပြန်ခဲ့ပေ။

 

ထိုအစား သူက မြို့တော်က ဝူမိသားစုဆီ သွားခဲ့သည်။

 

ရှစ်ချင်းလျို့ ထင်သည့်အတိုင်း သူမက ပိုင်ရွှီကို အနက်ရောင်အလုံးတွေ ရောင်းချမည့် အကြောင်း ကြားတော့ ဝူမိသားစုက စိတ်လှုပ်ရှားသွားကြသည်။

 

အနက်ရောင် အလုံးလေး တစ်လုံးကို ငွေတုံး တစ်ရာ့တစ်ဆယ်က စျေးကြီးသည်။ အကယ်၍ အဖျက်စွမ်းအင် ကြီးပြီး သူတို့ကိုယ်တိုင် တီထွင်နိုင်ပါက ငွေတုံး တစ်ထောင် ပေးရရင်တောင် တန်သည်။

 

ဝူမိသားစုခေါင်းဆောင်က အလွန်တော်သည်။

 

အနက်ရောင်အလုံးတစ်လုံးဆီကို ငွေတုံး ဆယ်တုံး ရှစ်မိသားစု စတုတ္ထသားမှ ဖြတ်သုတ်ထားမှန်း သူ ခန့်မှန်းမိသည်။

 

သို့ပေမယ့်လည်း ငွေတွေ အများကြီး ပေးပြီးမှတော့ အနည်းငယ်သော ငွေပမာဏကို သူ အာရုံမစိုက်တော့ပေ။

 

အခုတော့ မိန်းမယုတ်နှင့် ရှစ်မိသားစုကို အရင်ဆုံး အကျိုးအမြတ် ခံစားခိုင်းလိုက်မည်။

 

အနာဂတ်ကျရင်တော့ အသက်နဲ့ကို ပြန်ပေးဆပ်ခိုင်းပစ်မယ် ဟမ့်။

 

ထို့ကြောင့် သူက သဘောတူခဲ့သည်။

 

တစ်ဖက်မှာလည်း ရှစ်ချင်းလျို့က မြေသားဗုံးကို လက်တန်းလုပ်နေခဲ့သည်။

 

သူမက ဆေးဖတ်ဝင် အမှုန့်တွေနှင့် ကျောက်မှုန့်တွေ အများကြီး ထည့်ခဲ့သည်။

 

ရောနှောပြီးပါက ဝူမိသားစုက ထုတ်ဖော်လို့ရမည် မဟုတ်ပေ။

 

သက်ရောက်မှုကို စမ်းကြည့်ဖို့အတွက် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို အဖော်ပြုကာ တောင်ပေါ်ကို လိုက်ပေးခဲ့သည်။

 

ဝူမိသားစု လက်ခံနိုင်မည့် အဆင့်အထိ ညှိပေးခဲ့ပေမယ့် တကယ့် မြေသားဗုံးရဲ့ သက်ရောက်မှုထက်တော့ နိမ့်ကျနေသည်။

 

ထိုအခါမှ သူတို့တောင်ပေါ်က ပြန်ဆင်းခဲ့သည်။

 

ထိုအရာက လူမသတ်နိုင်ပေ။

 

အသံကကြောက်ဖို့ကောင်းပေမယ့် အစွမ်းနည်းသည်။ မဟုတ်ပါက ဝူမိသားစု မကောင်းသည့်နေရာတွင် သုံးပါက အကုန်လုံး အကျိုးနည်းကုန်မည်ဖြစ်သည်။