အခန်း ၅၈
Viewers 7k

Ch-58 Uni

အခန်း(၅၈) -အရမ်းရက်စက်တာပဲ

 

နောက်တစ်နေ့ မနက်အစောပိုင်းတွင် ရှစ်မိသားစု၏ တတိယသားနှင့် စတုတ္ထသားက ရှောင်အိမ်ကို ရောက်လာခဲ့သည်။

 

ရှစ်သခင်မကြီးနှင့် တခြားလူတွေက တို့ဟူးလုပ်ငန်း ကောင်းကောင်း လည်ပတ်နေသည့် မြင်ကွင်းကို မမြင်ချင်ပေ။

 

မဟုတ်ပါက သေမတတ် ရင်နာရတာကြောင့် သူတို့က မလာခဲ့ပေ။

 

ရှစ်ချင်းလျို့က သူတို့ကို အိမ်ထဲခေါ်ဝင်ခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူမ ဘေးတွင် ထိုင်ခဲ့သည်။

 

ရှစ်ချင်းလျို့က သူတို့နှစ်ယောက်ကိုကြည့်ကာ မေးခဲ့သည်။ "ဝူမိသားစု သဘောတူလား။"

 

ဒီအယုတ်တမာမက အလွန်ဉာဏ်ကောင်းကြောင်း ရှစ်မိသားစု စတုတ္ထသားက သဘောပေါက်သည်။

 

ဝူမိသားစု၏ ဆုံးဖြတ်ချက်ကိုပင် သူ ခန့်မှန်းနိုင်သည်။

 

သူမက အိမ်ထောင်ပြုပြီးသားဖြစ်ကာ ရှစ်မိသားစုနှင့် အကြောမတည့်တာ နှမြောဖို့ကောင်းသည်။

 

အခုတော့ သူမကို ထိန်းချုပ်ဖို့ ခက်ခဲသွားပြီဖြစ်သည်။

 

မဟုတ်ပါက ရှစ်မိသားစု၏ အိမ်ထောင်စုထဲမှာ ဘောင်ခတ်ထားလို့ရသည်။

 

တကယ်တော့ ရှစ်မိသားစုက အခု နောင်တ အနည်းငယ် ရနေသည်။

 

ရှစ်ချင်းလျို့ ချုံရှီပွဲလုပ်ဖို့ သဘောတူခဲ့မိသည်။

 

အကယ်၍ ရှောင်ဟန်ကျန့် နိုးလာမယ်မှန်းသိရင်၊ ရှစ်ချင်းလျို့ တို့ဟူးလုပ်ငန်း လုပ်ကိုင်နိုင်မယ်မှန်းသိရင် သူမ သူတို့ကို ဖိနှိပ်ရင်တောင် သည်းခံနေမည်ဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် သူမကို အိမ်မှာ ရအောင် ထိန်းသိမ်းထားမည်ဖြစ်သည်။

 

သို့ပေမယ့် အခုတော့ နောင်တရဖို့ နောက်ကျသွားပြီဖြစ်သည်။

 

အယုတ်တမာမက အသာစီး ရနေပြီဖြစ်သည်။

 

သူကခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "အင်း ဝူမိသားစုက သဘောတူတယ်၊ အနက်ရောင်အလုံး ဘယ်နှလုံးရှိလဲ၊ ဝူမိသားစုက အကုန်ဝယ်ချင်နေတယ်။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "စုစုပေါင်း ၆ခု ကျန်သေးတယ်။"

 

သူမက မေးခဲ့သည်။ "ငွေက အခု ပေးမှာလား၊ ဝူမိသားစုက နောက်မှ လူလွှတ်ပြီး ပေးမှာလား။"

 

အရေအတွက်ကိုကြားတော့ ရှစ်မိသားစု စတုတ္ထသားရဲ့ မျက်နှာတွင် အပြုံးပေါ်လာခဲ့သည်။ "အခု ပေးမှာပါ။"

 

ထိုအယုတ်တမာမရဲ့ ကိုယ်ပေါ်မှာ အနက်ရောင် အလုံးလေးတွေ ရှိတုန်းက သူ တိတ်တိတ်လေး ရေတွက်ခဲ့သည်။ ဝူမိသားစုက သူ့ကို ငွေတွေ ပေးပြီးသား ဖြစ်သည်။

 

တကယ်တော့ ဝူသခင်လေးက လိုက်ခဲ့ချင်ပေမယ့် သူ ငွေတုံး ၁၀တုံး ဖြတ်စားထားတာ သိသွားမှာ စိုးရိမ်တာကြောင့် သူ့ရင်ဘတ်ကိုပုတ်ကာ သူ ဖြေရှင်းနိုင်ကြောင်း ပြောခဲ့သည်။

 

ရှစ်ချင်းလျို့က မတ်တပ်ထရပ်လိုက်သည်။ "သွားယူပေးမယ် ခဏစောင့်။"

 

သိပ်မကြာခင်မှာ သူမက အခန်းထဲသွားခဲ့ပြီး မနေ့က လုပ်ထားသည့် အစစ်နှင့် ပုံစံတူသည့် အနက်ရောင် အလုံးလေးတွေကို အတူတူ ချည်နှောင်ပြီး ယူလာလိုက်သည်။

 

"၆လုံးဆိုတော့ ငွေတုံး ၆၀၀" ရှစ်ချင်းလျို့က စားပွဲပေါ်တင်ပေးလိုက်ပြီး လက်ဖြန့်လိုက်သည်။ "ပေး"

 

ရှစ်မိသားစု စတုတ္ထသားက ရင်တွေနာကာ ရင်ဘတ်ထဲက ငွေတုံး ၆၀၀ကို ဂရုတစိုက် ထုတ်ယူခဲ့သည်။

 

အပို ငွေတုံး ၆၀ကို သူက ရှစ်မိသားစုအိမ်မှာ ထားခဲ့ပြီးပြီ ဖြစ်သည်။

 

ဒီအယုတ်တမာမ လုယူသွားမှာကြောက်လို့ဖြစ်သည်။

 

သူက ငွေတုံးကို မပေးချင်ဘဲ တွန့်ဆုတ်နေကာ အနက်ရောင် အလုံးတွေကို မယူချင်သလို လုပ်နေတော့ ရှစ်ချင်းလျို့က ဆွဲယူလိုက်သည်။

 

ငွေတွေကို ယူပြီးနောက် သူမက ရှောင်ဟန်ကျန့်ကို လွှဲပေးကာ အစစ် ဟုတ် မဟုတ် စစ်ဆေးခိုင်းခဲ့သည်။

 

သူမက ဒါတွေ နားမလည်ပေ။

 

ထို့နောက် သူမက ရှစ်မိသားစု စတုတ္ထသားကို ရွံရှာစွာ ကြည့်လိုက်သည်။ "ဒါက ငွေတုံး ၆၀၀လေးပါ၊ ရှင် ဘယ်လိုရင်နာနေလဲကြည့်ဦး၊ ရှင်က ဆင်းရဲတဲ့လူနဲ့တူတယ်၊ ဘာပဲဖြစ်ဖြစ် ရှင်က စာသင်သားတစ်ယောက်ပါ၊ နောက်တစ်ခါ အပြင်သွားရင် ကျွန်မကို သိတဲ့အကြောင်း မပြောနဲ့။ ရှက်ဖို့ ကောင်းတယ်။"

 

ရှစ်မိသားစု စတုတ္ထသားက ဆွံ့အနေခဲ့သည်။ အကယ်၍ မင်းက မဆင်းရဲဘူးဆိုရင်လည်း ဘာလို့ ပိုက်ဆံကို လုယူနေသေးလဲ။ ထိုအရာက သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်။

 

ဘေးမှာရပ်နေသည့် ရှစ်မိသားစု တတိယသားက သူ့သမီးက သူ့ညီကို ပြောဆိုနေတာကို စိတ်ထဲမထားဘဲ သူ့ရင်တွေနာကျင်နေလသည်။

 

သူက ရှစ်ချင်းလျို့ကိုကြည့်ကာ မေးခဲ့သည်။ "နင့်အဖေကို ကျေးဇူးမဆပ်သင့်ဘူးလား။"

 

ငွေတုံး ၆၀၀။ ဒီလောက် ငွေပမာဏ အများကြီးကို အခုမှ သူ ပထမဆုံး တွေ့ဖူးတာ ဖြစ်သည်။

 

ဒီအယုတ်တမာမကို အိမ်ထောင်မပြုပေးခဲ့မိပါက သိပ်ကောင်းမည်။

 

ဒါဆိုရင် ဒီငွေတွေက သူတို့အပိုင်ဖြစ်လာနိုင်သည်။

 

ရှစ်ချင်းလျို့က သူ့ကို လှောင်ပြုံးဖြင့် ကြည့်ခဲ့သည်။ "စိတ်မပူပါနဲ့၊ ရှင် တမလွန်သွားတဲ့အခါကျရင် တရုတ်နှစ်သစ်ကူးတိုင်း ငွေစက္ကူတွေ မီးရှို့ပေးပါ့မယ်၊ ကျွန်မက သိပ်သဘောထားကြီးတဲ့လူမလို့ ရှင်သတိမပေးလည်းရပါတယ်။"

 

ရှစ်မိသားစု တတိယသားက ရင်တုန်သွားခဲ့သည်။

 

သူ ကြက်သေ သေနေခဲ့သည်။

 

မင်းငွေစက္ကူတွေမီးရှို့ပေးတာ ဘယ်သူက လိုချင်နေလို့လဲ။

 

ဒီအယုတ်တမာကမ အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူ့ကို သေဖို့ ကျိန်စာတိုက်နေတာ။

 

ထိုစကားကြားတော့ ရှောင်ဟန်ကျန့်ပင် မနေနိုင်စွာ နှုတ်ခမ်းကော့တက်သွားခဲ့သည်။

 

သူ့ဇနီးလေးရဲ့ အပြောစွမ်းရည်ကို ဘယ်သူမှ နိုင်မည်မဟုတ်ပေ။

 

စောနက ဆို့နင့်နေသည့် ရှစ်မိသားစု စတုတ္ထသားက ထိုစကားကြားမှ အနည်းငယ် နေသာထိုင်သာ ရှိသွားခဲ့သည်။

 

အနည်းဆုံးတော့ သူက ဆင်းရဲရုံသာ ဖြစ်သည်။

 

ထိုငွေတွေ အသုံးပြုဖို့ သူ့တတိယအစ်ကိုကတော့ တမလွန်ကိုသွားရမည်ဖြစ်သည်။

 

ရှစ်မိသားစု တတိယသားက ပြောခဲ့သည်။ "သားသမီးဝတ္တရား မကျေပွန်မှုနဲ့ မင်းကို ငါတရားစွဲလိုက်မှာ မကြောက်ဘူးလား၊ မင်းက အခု အခြေခံစာသင်သားရဲ့ မိန်းမ ဖြစ်နေပြီလေ။"

 

စာသင်သားတွေက ကောင်းမွန်သည့် ဂုဏ်သတင်း လိုအပ်ပြီး အထူးသဖြင့် စာသင်သားဖြစ်ဖို့ အလားအလာရှိသည့် ရှောင်ဟန်ကျန့်က ပိုလိုအပ်သည်။

 

ရှစ်မိသားစု စတုတ္ထသားက ဟိုးတုန်းက သူမကို မြေမြှုပ်သင်္ဂြိုလ်ဖို့ ထည့်ပေးရန် အကြံပြုခဲ့သည်။

 

သူမကို ရောင်းစားသည်ဟု အမည်မခံဘဲ အိမ်ထောင်ပြုပေးသည်ဟု အမည်ခံခဲ့သည်။

 

မဟုတ်ပါက သူ့ဂုဏ်သိက္ခာ မှေးမှိန်သွားမည်ဖြစ်သည်။

 

အကယ်၍ သူသာ ရှစ်ချင်းလျို့ကို တရားစွဲပါက ရှောင်ဟန်ကျန့်ရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်မည်ဖြစ်သည်။

 

ငွေတုံး ၆၀၀ကို တပ်မက်နေတာကြောင့် ထိုသို့လုပ်ဖို့ သူ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

 

တကယ်တော့ ဒီကိုမလာခင်ကတည်းက သူတို့အိမ်မှာ ဒီကိစ္စကို ဆွေးနွေးပြီးသား ဖြစ်သည်။

 

ရှစ်ချင်းလျို့က အေးစက်စွာ ကြည့်လိုက်သည်။ "ဒါဆိုလည်း လုပ်လိုက်လေ၊ ဒါပေမဲ့ ရှေ့နောက် အပြင်ထွက်ရင် ရှင်တို့ သတိထားကြ၊ နေ့တိုင်း အရိုက်ခံရလိမ့်မယ်၊ တကယ်လို့ ကျွန်မကို မယုံရင် စမ်းကြည့်လိုက်လေ။"

 

သူများကို ဘယ်လိုခြိမ်းခြောက်ရမလဲဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ။ ဟမ့်။

 

ထို့နောက် သူမက ရှစ်မိသားစု စတုတ္ထသားကို ကြည့်ကာ ပြောခဲ့သည်။ "စတုတ္ထဦးလေးလည်း စာသင်သားပဲလေ၊ ကျောင်းကိုသွားပြီး ကျွန်မ ရှင့်အကြောင်းတွေ ဖော်ထုတ်လိုက်ရင် စိတ်ဆိုးမှာလား၊ ငွေတုံး ၁၀၀အတွက် ကိုယ့်တူမကို ဝူမိသားစုရဲ့ မြေမြှုပ်သင်္ဂြိုလ်တဲ့ မင်္ဂလာပွဲမှာ ရောင်းချခဲ့တဲ့ အကြောင်းလေ။"

 

ဝူမိသားစုက မင်္ဂလာပွဲလို ငွေတုံး ၁၀၀ကို တင်တောင်းငွေအဖြစ် ပေးပြီး တရားဝင်စနစ်၏ လွတ်ပေါက်အဖြစ် လုပ်ခဲ့သော်လည်း ထိုသတင်းသာ ပျံ့သွားပါက မိသားစုတိုင်းက သမီးတွေက မြေမြှုပ်သင်္ဂြိုလ်ခံရဖို့ ရောင်းစားခံနေရတာကို လူတိုင်း သိသွားနိုင်သည်။

 

ရှစ်မိသားစု စတုတ္ထသားက ဆွံ့အသွားခံသည်။ သူ တကယ် စိတ်တိုမိမှာပဲ။

 

ဒီကိစ္စကို ရွာသားတွေ ပြောဆိုကြမှာကို ရှစ်မိသားစု စတုတ္ထသားက မကြောက်ပေ။

 

ဘာပဲဖြစ်ဖြစ် ရွာရဲ့ လွှမ်းမိုးမှုက အကန့်အသတ် ရှိသည်။

 

ဒါ့အပြင် ရွာသားတွေက သူ့ရဲ့ တတိယအစ်ကိုနှင့် မရီးဖြစ်သူက အသိစိတ်မဲ့ပြီး လုပ်ခဲ့တာဟု မှားထင်နိုင်ပြီး သူနှင့် ဘာမှ သက်ဆိုင်မည်မဟုတ်ပေ။

 

သို့ပေမယ့် သူမသာ မြို့တော်မှာ သတင်းဖြန့်လိုက်ရင်တော့ သူ့ဂုဏ်သိက္ခာတွေ ပျက်စီးကုန်မယ် မဟုတ်လား။

 

ရှစ်မိသားစု စတုတ္ထသားက အလွန်အမင်း မကျေမနပ် ခံစားနေရသည်။

 

ဒီအယုတ်တမာမက သူ့အားနည်းချက်ကို ချုပ်ကိုင်ထားခဲ့တာပဲ။

 

သူက တတိယအစ်ကို ကိုကြည့်လိုက်သည်။ အခု အစ်ကို့အပေါ် မူတည်သွားပြီ။

 

ခြိမ်းခြောက်ခံရပြီး ငွေတွေ ရလိုက်မှတော့ ဘာကို ကြောက်နေရမှာလဲ။

 

အများဆုံး ခဏလောက် အပြင်မထွက်ဘဲ နေလိုက်ရင် ရပြီ။

 

ရှစ်မိသားစု တတိယသားကလည်း ထိုအတိုင်းသာ တွေးနေသည်။

 

ပိုက်ဆံတွေယူပြီး အပြင်မထွက်ဘဲ နေရင်ပြီးပြီလေ။

 

သို့ပေမယ့် သူစကားမပြောရသေးခင်မှာပဲ ရှစ်ချင်းလျို့က သူ့ကိုကြည့်ခဲ့သည်။

 

"သားတစ်ယောက် လိုချင်တုန်းလား။"

 

ရှစ်မိသားစု တတိယသားက ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ "ဒါပေါ့။"

 

ရှစ်ချင်းလျို့က နည်းလမ်းကျကျ ပြောခဲ့သည်။ "အကယ်၍ ရှင်သာ ကျွန်မကို သားသမီးဝတ္တရား မကျေပွန်တဲ့လူအဖြစ် တရားသွားစွဲခဲ့ရင် ကျွန်မရဲ့ တာအိုဆရာတော်ကြီးဆီသွားပြီ ရှင် သားမမွေးနိုင်အောင် နေ့တိုင်း သွားဆုတောင်းပစ်မယ်၊ ကလေး မရအောင် သေချာပေါက် လုပ်ပစ်မယ်။"

 

ဒီပြဿနာကောင်တွေကို ထိန်းချုပ်ဖို့ နည်းလမ်း သူမမှာ အများကြီးရှိပြီး ကတိအတိုင်းဖြစ်အောင် အာမခံနိုင်သည်။

 

ရှစ်မိသားစု တတိယသားက ပင့်သက်ရှိုက်ခဲ့သည်။

 

ချီး ဒါက အရမ်းရက်စက်တာပဲ။

 

ဒီအယုတ်တမာမက အရမ်းရက်စက်တာပဲ။

 

သူမက တကယ်ပဲ တာအိုဘုန်းတော်ကြီးဆီသွားကာ သူ ဆက်ခံသူ သားယောကျာ်းလေး မရအောင် သွားဆုတောင်းပစ်ချင်နေသည်။

 

သူမက အလွန်ရက်စက်ကြောင်း ရှစ်မိသားစု စတုတ္ထသားလည်း ခံစားနေရသည်။

 

ဒီအယုတ်တမာမက လူ မဟုတ်ဘူး။

 

အသက်ပင် မရှူနိုင်အောင် ရှစ်မိသားစု တတိယသားက ဒေါသထွက်နေသည်။ "နင် လုပ်ရဲလား။"

 

အဓိက အချက်က သူတို့က တာအိုဘုန်းတော်ကြီးကိုတော့ ရိုသေလေးစားသည်။

 

သူတို့က ယုံလည်းယုံကြည်သည်။

 

သူမှာ သားတစ်ယောက်ရှိဖို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတာကြောင့် ထိုအယုတ်တမာမကို ဖျက်စီးခွင့် မပြုနိုင်ပေ။

 

ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်။ "ရှင့်ကိုတောင် ပါးရိုက်ရဲတယ်၊ မလုပ်ရဲဘူးလို့ ထင်နေလား။"

 

ရှစ်မိသားစု တတိယသားက ဆွံ့အသွားခဲ့သည်။

 

ဒီအယုတ်တမာမက တကယ်လုပ်ရဲတယ်။ စိတ်တိုဖို့ကောင်းလိုက်တာ။

 

သူက ဒူးထောက်တောင်းပန်ချင်သွားသည်။ "တကယ်ပဲ အကြင်နာမဲ့တော့မှာလား။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ရှင်တို့ ကျွန်မကို မဆန့်ကျင်သ၍ ကျွန်မ ဆရာသခင်ကို အလုပ်သွားမရှုပ်ပါဘူး။"

 

ရက်အနည်းငယ်နေပြီးပါက တာအိုဘုန်းကြီးကိုသွားကာ တာအိုဘုန်းတော်ကြီး၏ အရိုးပြာတွေကိုရှင်းလင်းပေးပြီး အထိန်းအမှတ် မော်ကွန်းကျောက်တိုင်လုပ်ပေးဖို့ သူမ တွေးလိုက်သည်။

 

တာအိုဘုန်းတော်ကြီးက သူမရဲ့ လွှဲချမှုတွေ အများကြီး ခံယူခဲ့ရသည်။

 

အနာဂတ်မှာလည်း ဆက်လက် လွှဲချခံရမည်ဖြစ်သည်။

 

သူမက စိတ်မကောင်းတောင် ဖြစ်မိသွားသည်။

 

ရှစ်မိသားစု တတိယသားက စိတ်သက်သာရာ ရသွားခဲ့သည်။

 

ဒီအယုတ်တမာမက သူ ကလေး မရအောင် တကယ်သွားပြီး ကျိန်စာတိုက်မှာကို သူစိုးရိမ်နေတာဖြစ်သည်။

 

"အေးပါ မင်းကိုကြောက်ပါတယ်၊ ဒီငွေတွေလည်း မလိုချင်တော့ပါဘူး။" ရှစ်မိသားစု တတိယသားက ရင်ထဲမှာ အော်ဟစ်နာကျင်နေပြီး အသက်ရှူဖို့တောင် ခက်ခဲနေသည်။

 

ငွေတုံး ၆၀၀။ အမလေး လေထဲလွင့်သွားပြီ။