အခန်း ၆၁
Viewers 7k

Ch-61 Uni

အခန်း(၆၁) -ဘာကိုရွေးချယ်ရမလဲဆိုတာ သိတယ်မလား

 

သူ့အကြီးဆုံးသားက အမြင်ရှိကြောင်း ဝူသခင်ကြီး သိသည်။

 

သူက မေးခဲ့သည်။ "ဘယ်လိုလုပ်မယ်တွေးထားလဲ။"

 

သူ့သားက ပြန်ဖြေခဲ့သည်။ "ရှောင်ဟန်ကျန့်က ရှောင်မိသားစုဟောင်းက လူတွေနဲ့ ဆက်ဆံရေး မကောင်းဘူး၊ သူတို့မြို့တော်က ဗိုလ်ချုပ်ကြီး ရှောင်ယွမ်ရှစ်ဆီသွားဖို့ အိမ်နဲ့မြေ ရောင်းချမယ်လို့ ကြားတယ်။"

 

သူက ပြုံးခဲ့သည်။ "ရှောင်မိသားစုဟောင်းက လူတွေရဲ့ စိတ်ဓာတ်အရ ရှောင်ဟန်ကျန့်နဲ့ ရှစ်ချင်းလျို့မှာ ကျွန်တော်တို့ဆီက ရတဲ့ ငွေတုံး ၆၀၀ ရှိတာ သိသွားရင် သူတို့ သေချာပေါက် ပြဿနာရှာမှာပဲ။"

 

ဒီအနက်ရောင် အလုံးတွေကို သူမျက်စိကျသည့်အချိန်ကစပြီး ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ အကြောင်းကို စုံစမ်းဖို့က သူ့ရဲ့ ဦးစားပေး ဖြစ်လာခဲ့သည်။

 

ရှောင်ဟန်ကျန့်သာ ဆရာရဲ့ အသိမှတ်ပြုခံရသည့် စာသင်သား မဟုတ်ပါက၊ သူ့အဖေက ဗိုလ်ချုပ်ကြီး မဟုတ်ပါက သူက ထိုအနက်ရောင် အလုံးတွေကို ငွေပေးဝယ်နေမည်မဟုတ်ပေ။

 

လူတချို့ကို ဓားပြတိုက်ခိုင်းပြီး ပစ္စည်းယူပြီးပါက သတ်ပစ်ခိုင်းခဲ့လောက်ပြီဖြစ်သည်။

 

ပြီးရင် ဘာမှမဖြစ်ခဲ့သလိုဖြင့် ယူလိုက်မည်ဖြစ်သည်။

 

အခုတော့ မော့မျိုးရိုးအမည်ဖြင့် ရာဇဝတ် တရားသူကြီးအသစ် ရောက်နေပြီဖြစ်သည်။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ဝူမိသားစုဆီက ငွေတုံး ၆၀၀ရခဲ့ကြောင်း ကြိုပြောမည် မဟုတ်ကြောင်း သူတို့ ယုံကြည်သည်။

 

ဒီသတင်းကို ကူဖြန့်ပေးလိုက်ရင် ဘယ်လိုလဲ။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို ရှောင်မိသားစုဟောင်းက ပစ်မှတ်ထားရုံသာမက သူခိုးတွေလည်း သူတို့ကို ပစ်မှတ်ထားလိမ့်မည်။

 

ဝူသခင်ကြီးက ယုတ်မာစွာပြုံးပြီး သဘောတူခဲ့သည်။ "ဒီအကြံကောင်းတယ်၊ ရှောင်မိသားစုကို သတင်းပေးဖို့ လူတစ်ယောက် စီစဥ်လိုက်ချေ။"

 

သူ့သားက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့။"

 

ရွာထဲတွင်ဖြစ်သည်။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က သူကြီးအိမ်မှ ပြန်လာခဲ့သည်။

 

တစ်ချိန်တည်းမှာပင် လယ်လုပ်ပြီးသည့် ရွာသားတွေလည်း အိမ်ပြန်လာနေကြသည်။

 

အတင်းပြောရတာ သဘောကျသည့်လူတွေက သူတို့ ဘာကြောင့် သူကြီးအိမ်ကိုသွားလဲဆိုသည့် အကြောင်း မေးခဲ့သည်။

 

ရှောင်ဟန်ကျန့်က ငွေတုံး ၆၀၀ ဘယ်လိုရခဲ့သည့်အကြောင်း ပြောပြပြီး အိမ်ဆောက်ဖို့ မြေဝယ်ချင်ကြောင်း ပြောခဲ့သည်။

 

ထိုဆုံးဖြတ်ချက်က သူနှင့် သူ့ဇနီး ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်သည်။

 

သူတို့ကိုယ်တိုင်သာ ပြောပြလိုက်ပါက ဝူမိသားစုက ပြဿနာရှာလို့ရမည်မဟုတ်ပေ။ ဒါက ရွာသားတွေရဲ့ မကောင်းသည့် စိတ်တွေ ဖြစ်ပေါ်မလာအောင် တားဆီးရာလည်း ရောက်ပေသည်။

 

ထိုစကားကိုကြားတော့ ဖြတ်သွားဖြတ်လာ ရွာသားတွေက ထိတ်လန့်သွားခဲ့သည်။

 

အံ့သြတာထက်ပိုနေသည်။ ငွေတုံး ၆၀၀ ဆိုတာ အလွန်များသည့် ပမာဏ ဖြစ်သည်။

 

အခြေခံစာသင်သားရှောင်က ရွှေရုပ်ကြီးနဲ့များ လက်ထပ်ခဲ့တာလား။

 

တာအိုဘုန်းတော်ကြီး ချန်ပေးခဲ့သည့် ပစ္စည်းက ငွေတုံး ၆၀၀ဖြင့် ရောင်းလို့ ရတာကြောင့် အံ့သြစရာတော့ မရှိပေ။

 

ဘာပဲဖြစ်ဖြစ် သူက မသေမျိုး တာအိုဘုန်းတော်ကြီးဆိုတော့ သူ ချန်ခဲ့တဲ့ပစ္စည်းက အဲလောက်တော့ တန်မှာပဲမလား။

 

ကံကောင်းချင်တော့ ရှာ့ရှီရွာက လူကောင်းတွေသာ များသည်။ ရွာသားအများစုက ရိုးသားပြီး ဟိတ်ဟန် မရှိပေ။

 

အထူးသဖြင့် အရည်အချင်းရှိ အခြေခံစာသင်သား ရှောင်ဟန်ကျန့်ကြောင့်ဖြစ်ပြီး သူ့အဆင့်အတန်းက သူများနှင့်မတူပေ။

 

တခြားလူကို အထင်မသေးရုံဖြင့်ပင် သူ့ကို လေးစားနေပြီဖြစ်သည်။

 

ထိုကြောင့် ရွာသားတွေက သူ့ကို အားကျသော်လည်း အများစုက မနာလို မဖြစ်ပေ။

 

သိပ်မကြာခင်မှာပဲ ထိုသတင်းက တစ်ရွာလုံးကို ပျံ့နှံ့သွားခဲ့သည်။

 

ထိုသတင်းက နောက်ထပ် အုတ်အော်သောင်းနင်းတစ်ခု ဖြစ်စေခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ ဇနီးက ကောင်းချီးပေးခံရရုံတင်မကဘဲ ရွှေရုပ်ကြီးပါဖြစ်ကြောင်း လူတိုင်း ခံစားလိုက်ရသည်။

 

အရင်တုန်းက သူမကို လက်ထပ်ဖို့ ဘာလို့ မတွေးမိခဲ့ပါလိမ့်။

 

ရှောင်မိသားစုဟောင်း၏ အိမ်တွင်ဖြစ်သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ထိုသတင်းကိုကြားတော့ မနာလိုမှုကြောင့် မျက်လုံးတွေ နီရဲသွားခဲ့သည်။

 

"အဲဒီအယုတ်တမာမက တကယ်အံ့သြစရာ ကောင်းတာပဲ၊ မသေမျိုး ဘုန်းတော်ကြီး ချန်ပေးခဲ့တဲ့ ပစ္စည်းကို ရောင်းရုံနဲ့ ငွေတုံး ၆၀၀ ရသွားပြီ။"

 

ဝူအမျိုးသမီးက မျက်လုံးလည်ပြကာ ရှောင်သခင်မကြီးကို လှုံ့ဆော်ခဲ့သည်။ "အမေ အရင်က သူတို့ ပိုက်ဆံမရှိလို့ ကျွန်မတို့ အိမ်ကိုမဝယ်တာလေ၊ အခု ပိုက်ဆံရှိနေပြီ၊ အိမ်ရောင်းတဲ့စာချုပ်လည်း လက်မှတ်မထိုးရသေးတော့ စကားပြန်ရုတ်သိမ်းရင်လည်း နောက်မကျသေးပါဘူး။"

 

ဝူအမျိုးသမီးနှင့် တခြားလူတွေကလည်း ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

 

အဓိက အကြောင်းအရင်းက သူတို့က ရှောင်ဟန်ကျန့်တို့မိသားစုကို ရိတ်စားလုပ်ချင်နေတာဖြစ်သည်။ ငွေတုံး ၆၀၀ တောင် ဖြစ်သည်။

 

ရှောင်သခင်မကြီးက မတ်တပ်ထရပ်ခဲ့သည်။ "အခုပဲ ကျန့်အာကို သွားရှာမယ်။"

 

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကလည်း လိုက်ရန်အတွက် ထရပ်လိုက်သည်။

 

သူတို့ တံခါးနားရောက်တုန်းမှာပဲ သူတို့အိမ်ကို လာနေသည့် ရှောင်ဟန်ကျန့်တို့လင်မယားနှင့် တွေ့လိမ့်မည်ဟု မထင်မိခဲ့ပေ။

 

ရှောင်သခင်မကြီးက ရှားရှားပါးပါး ကြင်နာစွာ ပြုံးပြခဲ့သည်။ "ကျန့်အာ လာပြီလား၊ ဝင်ပြီး ထိုင်ပါဦး။"

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ငွေတုံး ၆၀၀ ရှိတာကြောင့် သူတို့အိမ်ကို လာဝယ်သည်ဟု သူတို့ထင်နေသည်။

 

သူတို့ အကုန်လုံးက ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာ တွေးနေသည်။

 

ငွေတုံး ၃၀၀လား။ ငွေတုံး ၄၀၀ဆိုရင်ပိုကောင်းမယ်။

 

ထိုင်ပြီးသည့်အချိန်မှာပဲ ရှစ်ချင်းလျို့က အရင်ပြောခဲ့သည်။ "အိမ်နဲ့မြေကို မြန်မြန်လေး ခွဲရောင်းဖို့ အကြံပြုချင်တယ်။"

 

ရှောင်သခင်မကြီးက မျက်မှောင်ကြုတ်ခဲ့သည်။ “ဘာလို့ ခွဲရောင်းရမှာလဲ၊ အတူတူရောင်းရင် အနာဂတ်မှာ ငါတို့ပြန်လာတဲ့အခါ ပြန်ရွေးလို့ရတာပဲ။"

 

ရှစ်ချင်းလျို့က သူမကိုကြည့်ကာ ပြောခဲ့သည်။ "ဘာလို့ တခြားရှုထောင့်ကနေ မကြည့်ကြတာလဲ၊ ရှင်တို့ လူတစ်ယောက်တည်းကိုပဲ ရောင်းလိုက်ရင် ရှောင်ဗိုလ်ချုပ်ကြီးက လူလွှတ်ပြီး သူ့ကိုခြိမ်းခြောက်မှာပေါ့၊ သူက အိမ်နဲ့မြေကို ချက်ချင်းပြန်ဝယ်ပြီး အကြောင်းပြချက်ရှာပြီး ရှင်တို့ကို ပြန်ပို့ပစ်မှာပေါ့၊ အိမ်နဲ့မြေကို လူတွေကိုခွဲရောင်းမယ်ဆိုရင် အိမ်ကို လူတွေနေတာနဲ့ မြေတွေကို လယ်စိုက်တာမျိုး လုပ်ပစ်မယ်ဆိုရင် သူလည်း တစ်ခုစီ ပြန်စုမဝယ်နိုင်တော့ဘူးမလား၊ အတင်းအဖျင်း ပြောစရာ ဖြစ်ကုန်မှာစိုးလို့ သူ လုပ်ရဲမှာ မဟုတ်ဘူး။"

 

ရှောင်မိသားစုရဲ့ အရံထားသည့် အစီအစဥ်ကို သူမ ဖျက်စီးပစ်ရုံသာမက ဆန်ကုန်မြေလေးအဖေ မြေနဲ့ အိမ်ကို ပြန်မရွေးနိုင်အောင်ပါ တားမြစ်ခဲ့သည်။

 

အကယ်၍ တတ်နိုင်ရင် သူက လွတ်လမ်းရှာကာ ထိုလူတွေကို ရွာပြန်ပို့လိမ့်မည်။

 

ရှောင်သခင်မကြီးက အဓိပ္ပာယ်ရှိသလို ခံစားလိုက်ရသည်။

 

"တကယ်တော့ ငါက နင့်ကိုရောင်းချင်တာ။" သူမက အရှုံးမပေးချင်သေးပေ။

 

ရှစ်ချင်းလျို့က ခနဲ့ခဲ့သည်။ "ကျွန်မတို့က ဉာဏ်ရှိတဲ့လူတွေပါ၊ ရှင့်ဆီက အိမ်အဟောင်းနဲ့ မြေအဟောင်းကို ဝယ်မယ်ထင်နေတာလား၊ အနာဂတ်မှာ ရှင်တို့ပြန်လာပြီး အကျင့်ယုတ်တာကို ခံမယ်လို့ တွေးနေတာလား၊ ကျွန်မတို့ရဲ့ ငွေတုံး ၆၀၀ကို တွေးမနေနဲ့၊ ကျွန်မတို့က တောင်ကိုဝယ်ပြီး အိမ်ဆောက်နေမယ်၊ လက်ရှိအိမ်ကို ပြန်ပြင်ပြီး တို့ဟူးအလုပ်ရုံ လုပ်မှာ၊ ဒီငွေက လောက်ငှရုံပဲ ရှိတယ်။"

 

သူမက ဒဲ့ပြောခဲ့သည်။ "မျက်စိရှေ့က ငွေတုံး ၆၀၀ကိုပဲ မက်မနေနဲ့၊ ကျွန်မတို့က ငွေတုံး ၆၀၀ပဲ ရှိတာ၊ ဗိုလ်ချုပ်အိမ်တော်မှာ ငွေတုံး ၆၀၀ထက် အဆများစွာ များတဲ့ငွေတွေ စောင့်နေရင် ဘယ်လို လုပ်မလဲ၊ ရှင့်ရဲ့ အဖိုးတန်သားနဲ့ ချွေးမက အစားအသောက် တစ်နပ်ကို ငွေတုံး ၁၀ကနေ ၂၀အထိ သုံးနေတာနော်၊ တစ်ရက်တာ အစားအသောက်စရိတ်အတွက် ငွေတုံး ၃၀ကနေ ၄၀ အထိသုံးတာ၊ ကျွန်မတို့ရဲ့ ငွေတုံး ၆၀၀က သူတို့ ၁လတောင် မသုံးရဘူး၊ ဒါကြောင့် ရှင်တို့ ပိုပြီး အမြော်အမြင်ရှိဖို့လိုတယ်။"

 

သူတို့ ငွေတုံး ၆၀၀ ရှိသည့် သတင်းပျံ့နှံ့သွားပါက ရှောင်မိသားစုက ပြဿနာကောင်တွေ ပြဿနာရှာနိုင်သလို ဝူမိသားစုကလည်း ဝင်ရှုပ်နိုင်ကြောင်း သူမနှင့် သူမ ခင်ပွန်းက တွေးပြီးသား ဖြစ်သည်။

 

သူမနဲ့ သူမခင်ပွန်း လူကိုယ်တိုင်လာပြီး ဒီကိစ္စကို ဖိနှိပ်လိုက်တာက ပိုကောင်းသည်။

 

ဝူမိသားစုက သူတို့ကို မကောင်းကြံချင်တာတောင် ရှောင်မိသားစုဟောင်း သူတို့ကို ပြဿနာရှာအောင် သွေးထိုးပေးဦးမည်ဖြစ်သည်။

 

ရှစ်ချင်းလျို့ရဲ့စကားကို ကြားပြီးနောက် ရှောင်မိသားစုဟောင်းရဲ့အာရုံက ငွေတုံး ၆၀၀ ကနေ မြို့တော်က အသုံးအဖြုန်းကြီးသည့် လူနှစ်ယောက်ဆီ ကျရောက်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "အဖိုး၊ ဦးလေးကြီး၊ တတိယဦးလေးတို့တွေလည်း ကျွန်တော့်ကို ကောင်းကောင်း သိပါတယ်၊ ကျွန်တော့် ပိုက်ဆံကို လွယ်လွယ်ယူလို့မရဘူး။"

 

သူလည်းပဲ အကြင်နာမဲ့ကာ ရက်စက်သည့်လူဆိုတာ သူတို့ မေ့သွားခဲ့သည်။

 

ဆွေမျိုးမဖြတ်ခင်တုန်းကတောင် သူ့ကို ထိန်းချုပ်လို့ မရခဲ့ပေ။

 

ထိုအစား သူက သူတို့ကိုတောင် အပြစ်ပေးခဲ့သေးသည်။

 

သူ့ပိုက်ဆံကို လွယ်လွယ်ယူလို့မရတာ တကယ်ဖြစ်သည်။

 

ရှစ်ချင်းလျို့ကလည်း အပြုံးဖြင့် ပြောခဲ့သည်။ "ဗိုလ်ချုပ်စံအိမ်က ရွှေတွေငွေတွေက ရှင်တို့ သုံးဖြုန်းတာ ခံရဖို့ စောင့်နေတယ်၊ ငွေတုံး ၆၀၀ ဆိုတာ ပမွှားလေးပါ၊ ဗိုလ်ချုပ်ကြီးနဲ့ သူ့မိန်းမ ဆင်ခြေရှာပြီး ရှင်တို့ကို ပြန်ပို့တာ မခံနဲ့နော်၊ ရှင်တို့နေစရာမရှိရင် ဗိုလ်ချုပ်ကြီးက သားသမီးဝတ္တရား မကျေပွန်ဘူးလို့ အပြောခံရမှာ ကြောက်လို့ ရှင်တို့ကို မောင်းထုတ်ရဲမှာ မဟုတ်ဘူး။"

 

သူမက ထပ်ခြိမ်းခြောက်ခဲ့သည်။ "ဗိုလ်ချုပ်စံအိမ်ကို ရှင်တို့လက်ထဲ ရောက်ဖို့ အကြံပေးစေချင်လား၊ ရှင်တို့က ဉာဏ်ကောင်းပါတယ်၊ ဘာကို ရွေးချယ်ရမလဲဆိုတာ သိတယ်မလား။"

 

ရှောင်မိသားစုဟောင်းမှ လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

 

ဒီအယုတ်တမာမ ပြောတာ မှန်တယ်။

 

အရေးကြီးတာက သူ့အကြံဉာဏ်ကို မှီခိုဖို့ လိုအပ်နေသေးသည်။

 

မဟုတ်ပါက မြို့တော်က အကျင့်မကောင်းသည့် နှစ်ယောက်ကို နိုင်မည်မဟုတ်ပေ။

 

ရှောင်သခင်ကြီးက ရှောင်သခင်မကြီးကို အကြည့်တစ်ချက် ပေးလိုက်သည်။

 

ရှောင်သခင်မကြီးက နာကျင်မှုကိုမြိုသိပ်ပြီး အံကြိတ်ကာ ပြောခဲ့သည်။ "ကောင်းပြီ။ ငါတို့ လူတွေဆီကို ခွဲရောင်းလိုက်မယ်။"

 

တကယ်တော့ များစွာသော မိသားစုတွေနှင့် သူတို့သဘောတူညီမှု ယူပြီးသား ဖြစ်သည်။

 

အစကတော့ သူတို့ စကားကို ပြန်ရုတ်သိမ်းချင်ပေမယ့် အခုတော့ ဖြစ်နိုင်ခြေ မရှိတော့ပေ။

 

ဗိုလ်ချုပ်စံအိမ်က ရွှေတွေ ငွေတွေနှင့် ယှဥ်ပါက ငွေတုံး ၆၀၀ဆိုတာ ဘာမှ မဟုတ်ပေ။

 

အဟမ်း ရင်တော့နာတုန်းပဲ။

 

ရှစ်ချင်းလျို့က ချီးကျူးသလိုကြည့်ကာ ချော့ခဲ့သည်။ "ရှောင်သခင်မကြီးရဲ့ ဉာဏ်ထက်မှုနဲ့ ဆုံးဖြတ်ချက်ကို လေးစားသွားမိပြီ၊ အနာဂတ်မှာ ရှောင်သခင်မကြီးက ဗိုလ်ချုပ်စံအိမ်က အဆင့်မြင့် သခင်မကြီးဖြစ်မှာ။"

 

ရှောင်သခင်မကြီးသည် ချီးကျူးခံလိုက်ရတော့ ဂုဏ်ယူစွာဖြင့် ရင်ကော့သွားခဲ့သည်။ "ဒါပေါ့။"

 

သေချာပေါက် သူမက ဉာဏ်ကောင်းသည့်လူဖြစ်သည်။

 

မဟုတ်ရင် ဘယ်လိုလုပ် သားဖြစ်သူ ဗိုလ်ချုပ်ကြီးနဲ့ ပညာရေးမှာ ထူးချွန်တဲ့ မြေးဖြစ်သူကို မွေးထုတ်ပေးနိုင်ပါ့မလဲ။