အခန်း ၇၀
Viewers 7k

Ch-70 Uni

အခန်း(၇၀) - သူတို့ပြဿနာရှာခဲ့ရင် ဒုတိယဦးလေးက ရှင်းပေးလိမ့်မယ်

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက သူ့ရဲ့ အမေးကိုကြားတော့ ရင်ဘတ်ကို ပင့်လိုက်သည်။

 

သူက မျက်နှာထက်တွင် ဘဝမြင့်သည့် အမူအရာ ဆင်မြန်းပြီး ပြောခဲ့သည်။ "ငါက ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ အစ်ကိုကြီးပဲ၊ မင်း ဖမ်းနိုင်ရင် ဖမ်းလေ၊ ဘယ်သူထောင်ကျမလဲဆိုတာ ကြည့်ကြသေးတာပေါ့။"

 

အစောင့်က သူ့ကိုကြည့်ပြီး ခနဲ့ခဲ့သည်။ "ဟာသတွေ လာပြောမနေနဲ့၊ ဝေယွမ်ဗိုလ်ချုပ်ကြီး မှာ သူတောင်းစားအစ်ကို ရှိပါ့မလား။"

 

သူ့စကားတွေက ရှောင်မိသားစုဟောင်းရဲ့ ရင်ကို ထိသွားစေခဲ့သည်။ "ငါတို့ ဒီကိုလာတဲ့လမ်းမှာ ဓားပြတွေနဲ့ တွေ့ခဲ့လို့ အခုလို သူတောင်းစားပုံစံ ပေါက်နေတာ၊ ဒါပေမဲ့ ငါတို့က တကယ်ကို ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ အမျိုးပါ၊ မယုံရင် မြို့တော်က ဂိတ်ကို သူ့ကို လာခိုင်းပြီး မေးလိုက်လေ။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက ဘေးကိုလှည့်ပြီး ရှောင်သခင်ကြီးကို ကူတွဲပေးခဲ့သည်။ "ဒါ သူ့အဖေပဲ၊ သူ့မိဘတွေကို အသိအမှတ်မပြုရင် အဲတာ ကျေးဇူးမသိတတ်တဲ့သားပဲ။"

 

ဘေးမှာရပ်နေသည့် ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက တံဆိပ်ပြားကို ညွှန်ပြကာ ပြောခဲ့သည်။ "ကျုပ်က ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ တူပဲ၊ ပတ်မေးကြည့်လိုက်၊ ဒါ ဝေယွမ်ဗိုလ်ချုပ်ကြီး မွေးဖွားခဲ့တဲ့ နေရာပဲ။"

 

အစောင့်တွေက ယုံကြည်ချက်ရှိရှိ ပြောနေသည့် သူတောင်းစားအုပ်ကြီးကို သေချာကြည့်လိုက်သည်။

 

သူ မဆုံးဖြတ်တတ်တော့ပေ။

 

တကယ်လို့ သူတို့ကသာ ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေဆိုပါက သူတို့ မြို့တော်နှင့် ဗိုလ်ချုပ်စံအိမ်ကို မသွားဖို့ တားမြစ်တာဟာ ကောင်းတာ မရှိပေ။

 

သို့ပေမယ့် သူတို့က မြို့တော်ကို တောင်းရမ်းဖို့ လာတာဆိုရင်လည်း မကောင်းပေ။

 

ထို့ကြောင့် သူတို့နှစ်ယောက်က တိတ်တိတ်လေး ဆွေးနွေးခဲ့သည်။

 

သူတို့ထဲက တစ်ယောက်က ရှောင်မိသားစုက လူတွေကို ကြည့်ကာ ပြောခဲ့သည်။ "ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ စံအိမ် ဘယ်မှာရှိလည်းသိလား။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက ခေါင်းခါပြခဲ့သည်။ "မသိဘူး၊ ငါတို့က အခုမှ မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။"

 

"ဝေယွမ်ဗိုလ်ချုပ်ကြီးကို လူလွှတ်ပြီး လာကြိုခိုင်းဖို့ သူ့ကို မပြောခဲ့ဘူးလား။" သူတို့ထဲက တစ်ယောက်က မေးခွန်း မေးခဲ့သည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက သူ့ညီလေးကို ရင်ထဲက ကြိတ်ဆဲလိုက်သည်။ ဒီမျိုးမစစ်ကောင်က သူတို့ကို လာကြိုဖို့အထိ သဘောကောင်းနေပါ့မလား။

 

သူတို့ မြို့တော်ကို လာချင်တာသာသိရင် တားမြစ်နေမယ့်ကောင်လေ။

 

သို့ပေမယ့် သူက ထိုစကားတွေ ထုတ်မပြောခဲ့ပေ။ "ငါတို့ထွက်မလာခင် စာပို့ထားပါတယ်၊ ဒါပေမဲ့လည်း လမ်းမှာ ဓားပြတွေနဲ့ကြုံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ ဒါကြောင့် ငါတို့လည်း ရက်အနည်းငယ်လောက် နောက်ကျသွားခဲ့တာ။"

 

တစ်ယောက်က ထပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆိုရင်လည်း ကျုပ် ခင်ဗျားတို့ကို ဗိုလ်ချုပ်စံအိမ်တော်ကို ခေါ်သွားပေးမယ်။"

 

တကယ်လို့ သူတို့သာ ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးဆိုပါက သူတို့ကို ကူညီပို့ဆောင်ပေးခဲ့သည့်အတွက် မျက်နှာသာရနိုင်သည်။

 

တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း ထောင်ထဲ ရက်အနည်းငယ်လောက် ထည့်ထားလိုက်မည်။

 

သူတို့ကို ကန်းနေလားဟု ဆဲခဲ့သည့်စကားကို အစောင့်တွေက မှတ်ထားခဲ့သည်။

 

ရှောင်သခင်ကြီးက အနည်းငယ် ချောင်းဟန့်လိုက်သည်။ "ဒါဆိုလည်း မြို့တော်အစောင့်ကြီးတွေကိုပဲ ဒုက္ခပေးပါရစေ။"

 

အခုတော့ ဗိုလ်ချုပ်စံအိမ်ကိုရှာဖို့က ပထမဆုံး အရေးကြီးသည့် အချက် ဖြစ်သည်။

 

ထို့ကြောင့် ဂိတ်စောင့်ရဲ့ လမ်းပြပေးမှုဖြင့် လူအုပ်ကြီးက တောင်ဘက် မိန်းလမ်းမ နောက်ကို လိုက်သွားခဲ့သည်။

 

တောင်ဘက်မိန်းလမ်းမမှာ မကြာသေးမီ နှစ်ကမှ ပေါ်လာခဲ့သည့် မျိုးရိုးမြင့်တွေ နေထိုင်တာဖြစ်သည်။

 

မြို့တော်ရဲ့ဂိတ်က တောင်ဘက်မိန်းလမ်းမနှင့် မနီးတာကြောင့် တစ်နာရီလောက် လမ်းလျှောက်သွားရသည်။

 

ရှောင်မိသားစုကလူတွေ အကုန်လုံးက စုတ်ပြတ်စွာ ဝတ်ဆင်ထားကြသည်။

 

အသက်ပြည့်ပြီးသားလူတွေ အများကြီး ပါဝင်ပြီး လမ်းဆက်မလျှောက်နိုင်တော့သည့် ကလေးအနည်းငယ်ကလည်း အော်ဟစ်ငိုယိုနေခဲ့သည်။

 

ထို့ကြောင့် သူတို့သွားသည့်နေရာတိုင်းမှာ လူကြည့်ခံနေရသည်။

 

လူတချို့က သိချင်စွာမေးတိုင်း ရှောင်မိသားစုဟောင်းမှ လူတွေက သူတို့က ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။

 

အထူးသဖြင့် ရှောင်သခင်မကြီးက ထိုသို့မေးသည့်လူတွေနှင့် ဆုံတွေ့တိုင်း ငိုယိုပြီး မကျေနပ်ချက်တွေ ထုတ်ပြောခဲ့သည်။

 

သူမ စကားတွေက သူမရဲ့ ဒုတိယသားက ချမ်းသာသွားပြီး ဇနီးကိုသာ ချစ်ပြီး ဂရုစိုက်ကာ မိဘဆွေမျိုးတွေကို ရွာမှာပစ်ခဲ့ကြောင်း စောင်းပါးရိပ်ခြေ ပြသခဲ့လေသည်။

 

ဒါတွေက ရှစ်ချင်းလျို့ သူမကို သင်ပေးခဲ့တာ ဖြစ်သည်။

 

မြို့တော်ကို ရောက်ပြီးသည့်အခါ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ လူထုကို ဒုတိယသားရဲ့ သားသမီးဝတ္တရား မကျေပွန်သည့်အကြောင်း ပြောပေးရမည်ဖြစ်သည်။

 

ပထမဆုံး ထိုးနှက်ချက်အနေနှင့် ရှောင်မိသားစုရဲ့ ဒုတိယသားအပေါ် လူထုရဲ့ ဖိအား ပေးရမည် ဖြစ်သည်။

 

သားသမီးဝတ္တရား မကျေပွန်သည့် သားအဖြစ် ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို မခံယူလိုပါက သူက သူများတွေရှေ့မှာ ဟန်ဆောင်ပြရမည်ဖြစ်သည်။

 

အနည်းဆုံးတော့ ပေါ်ပေါ်ထင်ထင် သူတို့ကို မောင်းထုတ်လို့ရမည် မဟုတ်ပေ။

 

မဟုတ်ပါက သူတို့ မြို့တော်ကို တိတ်တဆိတ်ရောက်သွားပါက မျိုးမစစ် ဒုတိယသားက သူတို့ကို တိတ်တဆိတ် ပြန်ပို့လိုက်နိုင်သည်။

 

အစကတော့ သူမ၏ သားဖြစ်သူကို သားသမီးဝတ္တရား မကျေပွန်သည့်သားဖြစ်အောင် လုပ်တာ မမျှတဘူးဟု ရှောင်သခင်မကြီးက တွေးခဲ့သည်။

 

သို့ပေမယ့်လည်း တောင်ပေါ်မှာ ဓားပြတွေနှင့် ဆုံပြီးနောက် သူမ ဘဝရဲ့ အဆိုးဆုံး ဒုက္ခတွေကို ကြုံခဲ့ရလေသည်။

 

ပြည့်နက်နေသည့်ဒေါသတွေကို ထိန်းချုပ်ခဲ့ရပြီး သူများတွေရဲ့ ထူးဆန်းသည့် အကြည့်တွေကို သည်းခံခဲ့ရသည်။

 

ဒီတရားမမျှတမှုကို သူမ ဆက်သည်းမခံနိုင်တော့ပေ။

 

သူမလည်း ရှစ်ချင်းလျို့ သင်ပေးခဲ့သည့် အနာကို ဆားပက်ခြင်း နည်းလမ်းကို ထုတ်သုံးခဲ့သည်။

 

ရှောင်မိသားစုဟောင်းရဲ့ ဒုတိယသားက သားသမီးဝတ္တရား မကျေတဲ့ကောင်။ အဆဲခံရဖို့ ထိုက်တန်တယ်။

 

တကယ်ပဲ ဖြတ်သွားဖြတ်လာတွေက ထိတ်လန့်သွားခဲ့သည်။

 

သူတို့က ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ အမျိုးတွေ ဖြစ်လိမ့်မည်ဟု သူတို့ မထင်မိခဲ့ပေ။

 

ဒါ့အပြင် ဝေယွမ်ဗိုလ်ချုပ်ကြီး က သားသမီးဝတ္တရား မကျေပွန်သည့်လူ ဖြစ်နေသည်။

 

မဟုတ်ပါက မြို့တော်ကိုလာသည့် လမ်းတစ်လျှောက် မိဘတွေကို တောင်းရမ်းခိုင်းမည် မဟုတ်ပေ။

 

သူတို့ရောက်ခါနီးမှာပဲ သပ်သပ်ရပ်ရပ်နှင့် ပိုးထည်ဝတ်ရုံတွေ ဝတ်ဆင်ထားသည့် လူငယ်တချို့က အစေခံတွေဖြင့် လမ်းလျှောက်နေကြသည်။

 

တောင်ဘက်မိန်းလမ်းမဆီကို သူတောင်းစားအုပ်ကြီး လာနေတာကို သူတို့ တွေ့လိုက်လေသည်။

 

သူတို့ထဲက တစ်ယောက်က နှာခေါင်းပွတ်ပြီး ရွံရှာစွာ ပြောခဲ့သည်။ "ဒီသူတောင်းစားတွေက ဘယ်ကလာတာလဲ၊ ဒီတောင်ဘက်မိန်းလမ်းမကြီးက မင်းတို့တောင်းစားရမယ့်နေရာမဟုတ်ဘူး၊ လစ်စမ်း။"

 

တခြားဖြတ်သွားဖြတ်လာတွေကလည်း သူတို့ကို ရွံရှာစွာ ကြည့်ခဲ့သည်။

 

သူတောင်းစားလို ထပ်ဆက်ဆံခံလိုက်ရတာကြောင့် ရှောင်မိသားစုဟောင်းက အလွန်ဒေါသထွက်သွားခဲ့သည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက လဲကျမလိုတောင် ဖြစ်နေခဲ့သည်။

 

သူ့ဦးလေးက ဘုရင်ကြီး တင်မြှောက်ထားသည့် အရာရှိအသစ်ဖြစ်ကြောင်း ရှစ်ချင်းလျို့ ပြောခဲ့သည့်စကားကို ပြန်အမှတ်ရသွားခဲ့သည်။

 

ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်အနေနှင့် ဘာပြဿနာကြုံကြုံ ကြောက်ရွံ့နေဖို့ မလိုအပ်ပေ။ မဟုတ်ပါက ဗိုလ်ချုပ်ကြီး သိက္ခာကျလိမ့်မည်။

 

ထို့ကြောင့် သူက လူငယ်လေးတွေကို မောက်မာစွာ ကြည့်လိုက်သည်။ "ငါတို့က ဝေယွမ်ဗိုလ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေမလို့ မင်း ငါတို့ကို စောင်းမြောင်းပြောဆိုခွင့်မရှိဘူး၊ ယုံချင်ယုံ မယုံချင်နေ၊ ငါ့ရဲ့ ဒုတိယဦးလေးကိုပြောပြီး မင်းတို့အကုန်လုံးကို ထောင်ထဲပို့ခိုင်းပစ်မယ်။"

 

စောနက အစောင့်တွေပြောခဲ့သည့် စကားကို သူက အတုယူကာ ပြောခဲ့သည်။

 

ထိုစကားကိုကြားတော့ လူငယ်လေးတွေရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။

 

ဒါဟာ သူတို့ထောင်ထဲသွားရမှာ ကြောက်လို့မဟုတ်ဘဲ ဒီလိုစော်ကားမှုမျိုးကို သည်းမခံနိုင်လို့ဖြစ်သည်။

 

လူငယ်လေးတစ်ယောက်က ခနဲ့ခဲ့သည်။ "မောက်မာတဲ့ ဗိုလ်ချုပ်ကြီးပါလား၊ ငါတို့ကို ထောင်ထဲ ထည့်ရဲမလားဆိုတာ ကြည့်ကြတာပေါ့။"

 

သူတို့ မိသားစုတွေဟာလည်း အသစ်တင်မြှောက်ခံထားရသည့် မျိုးရိုးမြင့်တွေဖြစ်သလို အဆင့်မြင့် မင်းစိုးရာဇာမိသားစုဝင်တွေ ဖြစ်သည်။

 

သူတို့က ဗိုလ်ချုပ်ကြီးထက် မနိမ့်ကျပေ။

 

သူတို့ရဲ့ မိသားစုဝင် လူကြီးတွေက ဒီတိုင်း အဖြစ်ခံမည် မဟုတ်ပေ။

 

ဦးဆောင်လာသည့် လူငယ်လေးတစ်ယောက်က ခနဲ့ခဲ့သည်။ "ဟုတ်တယ်။ သူက ဝေယွမ်ဗိုလ်ချုပ်ကြီးအဖြစ်ပဲ ဘွဲ့ပေးခံထားရတာ၊ ကိုယ့်ဘာသာကိုယ် သိပ်အထင်ကြီးနေတာလား။"

 

သူက အရှေ့ဘက်လမ်းက မင်းစိုးရာဇာမိသားစုက ဆင်းသက်လာတာဖြစ်ပြီး မြို့စားမင်း၏ ပြည်သူ့အုပ်ချုပ်ရေးအိမ်တော်၏ ဆက်ခံသူ ဖြစ်သည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက သူ့ဒုတိယဦးလေးကို စော်ကာားပြောဆိုခံရတာကြားတော့ သူကပြောခဲ့သည်။ "ဘဝင်မြင့်မနေနဲ့၊ စောင့်ကြည့်နေလိုက်၊ ငါ့ဒုတိယဦးလေးနဲ့မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးခိုင်းပြမယ်။"

 

သူက ရွာထဲမှာ ရွာကျယ် ဖြစ်သည်။

 

အထူးသဖြင့် ရှောင်းမိသားစုဟောင်းကလူတွေက သူ့ကို အလိုလိုက်သည်။

 

ရှောင်မိသားစုဟောင်းရဲ့ ဒုတိယသားက ဗိုလ်ချုပ်ကြီးဖြစ်လာတော့ မြို့ထဲက လူအများစုက သူ့ဘက်မှ ရပ်တည်ခဲ့ကြသည်။

 

ထိုလူငယ်လေးက ဒေါသတွေထွက်လာပြီး လမ်းမှာလည်း အလွန်ဒုက္ခခံခဲ့ရတာကြောင့် ပေါက်ကွဲခဲ့လေသည်။

 

သို့ပေမယ့် သူတို့ ပြဿနာရှာရင် ဒုတိယဦးလေးက ရှင်းပေးလိမ့်မည်ဟု ရှစ်ချင်းလျို့က ပြောခဲ့သည်။

 

ဧကရာဇ်၏ မိဖုရားခေါင်ကြီးဖြစ်သည့် အန်တီကြီးရှိသည့် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူငယ်လေးက မြို့တော်မှာ ထင်တိုင်းကြဲလေ့ ရှိသည်။

 

ထိုလူငယ်လေးက သူ့ထက် ဘဝင်မြင့်သည့် သူတောင်းစားနှင့် တွေ့လိုက်တော့ သည်းမခံနိုင်တော့ပေ။

 

ထို့ကြောင့် သူ့အစေခံတွေက အမြန်ရှေ့ထွက်ပြီး ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို ရိုက်နှက်ခဲ့သည်။

 

ရှောင်သခင်ကြီးနှင့် သခင်မကြီးက သူတို့ရဲ့ အဖိုးတန်မြေးလေး အရိုက်ခံရတာတွေ့တော့ ရင်ကွဲနာကျမတတ် နာကျင်ခဲ့လေသည်။

 

ရှောင်သခင်ကြီးက သူ့သားနှစ်ယောက်နှင့် မြေးတွေကို သွားကူခိုင်းခဲ့ပြီး ရှောင်သခင်မကြီးက သူတို့ရဲ့ အစေခံတွေဖြင့် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူငယ်လေးရဲ့ အစေခံတွေကို ဝင်ချခိုင်းခဲ့သည်။

 

အခြေအနေတွေက အမြန်အဆန်ဘဲ ကမောက်ကမတွေ ဖြစ်ခဲ့သည်။

 

လူတိုင်း သတိကပ်မနေသည့် အချိန်မှာ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ဦးဆောင်သည့် လူငယ်လေးကို ပြေးထိုးခဲ့သည်။

 

သို့သော်လည်း မကြာသေးခင်က သူက ကောင်းကောင်း မစားခဲ့ရသလို ထိုးချက်ကလည်း မပြင်းထန်တာကြောင့် ထိုဦးဆောင်သည့် လူငယ်လေးက ထိုကိစ္စကို ဒီတိုင်း မထားပေ။

 

ထို့ကြောင့် သူက လူငယ်လေးတွေနှင့် အစေခံတွေခေါ်ကာ ချခိုင်းခဲ့သည်။

 

သူက ရုံးတော်က လူတချို့ကိုပါ ခေါ်လာခဲ့သည်။

 

သူက မြို့စားမင်း၏ပြည်သူ့အုပ်ချုပ်ရေးအိမ်တော်၏ အလိုလိုက်အခံရဆုံး သခင်လေးဖြစ်နေတော့ ပိုဆိုးသည်။

 

ဗိုလ်ချုပ်စံအိမ်တော်တွင် ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က အိမ်ပြန်ရောက်ပြီး သူ့ချစ်ဇနီးလေးနှင့် စကားပြောနေသည်။

 

ရုတ်တရက်ကြီး အစေခံက လာတင်ပြခဲ့သည်။

 

"ဗိုလ်ချုပ်ကြီး မြို့တော်ကလူတွေ သတင်းလာပို့ပါတယ်။"