အခန်း (၂၉၈) – ဖျားသည်
ပေကျင်းမှာရှိတဲ့ မိသားစုကတော့ သက်ကြီးရွယ်အိုတွေ ဘယ်လိုတွေးနေကြလဲ ဆိုတာကို မသိပါဘူး။
မိသားစုတစ်ခုလုံး အရမ်းပျော်ပျော်ရွှင်ရွှင်နေရသည်။
ဥပမာအားဖြင့်၊ ဒီနေ့တွင် ကျိုးခိုင်က ပိုက်ဆံအချို့ ယူသွားပြီး ပြန်လာတော့ ဘဲကင်တစ်ကောင် ပါဆယ်ဆွဲလာခဲ့သည်။ တစ်မိသားစုလုံး ဘဲကင်ကို အတူဝိုင်းဖွဲ့စားသောက်ကြသည်။
စားသောက်ပြီးနောက် အဖိုးအိုဝမ်သည် ညီအစ်ကိုသုံးယောက်နှင့်အတူ လမ်းလျှောက်ထွက်သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သန့်ရှင်းရေးလုပ်ပြီးနောက် ဆိုင်ပိတ်ကာ လင်မယားနှစ်ယောက်သား လမ်းလျှောက်ထွက်ခဲ့ကြသည်။
"ရေခဲမုန့်သွားပါလား။ ကျွန်မ မစားဘူးလို့ ကတိပေးတယ်။" ဟု လင်းချင်းဟယ်က ပြောသည်။
သူမအန်တီ(ဓမ္မတာ)လာနေတာ ဖြစ်သည်။ သူမရဲ့ စကားတွေက အလွန်ရဲရင့်သည်။ သူမအန်တီလာနေသောကြောင့် သူမကို တစ်ကိုက်လေးတောင် မစားရဘူး။ ကျိုးချင်းပိုင်က စားခွင့်မပြုဘူး။
ဒါကြောင့် သူမ မစားဘူးလို့ ပြောရင်တောင် ကျိုးချင်းပိုင်က ဝယ်မှာ မဟုတ်ဘူး။ အဲဒီအစား၊ သူက ပန်းသီးတစ်လုံးကိုသာ ဝယ်ပြီး စားလိုက်သည်။
"နှစ်ပေါင်းများစွာကြာတဲ့အခါ ကျွန်မတို့လည်း အခုလို နေထိုင်သွားကြရလိမ့်မယ်။ အဲ့အချိန်ကျရင် ကျွန်မတို့ အေးအေးဆေးဆေး အပန်းဖြေဖို့ နေ့တိုင်း လမ်းလျှောက်ထွက်ကြမယ်။" လင်းချင်းဟယ်က ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
ကျိုးချင်းပိုင်က ပြုံးရယ်ပြီး ပြောသည်၊ "ကိုယ်တို့မြေးလေးတွေကိုပါ ခေါ်လာချင်တယ်။"
"ဘယ်မြေးတွေကို ခေါ်လာချင်တာလဲ။ ကျွန်မ သူတို့ကို မထိန်းနိုင်ဘူး။ သူတို့ကိုယ်သူတို့ ပြုစုစောင့်ရှောက်ပါစေ။ ကျွန်မတို့အိမ်တံခါးကို ဖြတ်ဝင်လာတဲ့ ချွေးမတိုင်းကို ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြထားမယ်။ အဲဒီအချိန်ဆို ကူညီခိုင်းစေဖို့ ယုံကြည်စိတ်ချရတဲ့ ကလေးထိန်းကို ငှားလိုက်ရင် အဆင်ပြေတယ်။" လင်းချင်းဟယ်က ပြောသည်။
"ကောင်းပါပြီ။" ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အောက်တိုဘာလသို့ ရောက်ရှိသွားပြီ။ လွန်ခဲ့သော တစ်လခွဲခန့်က လင်းချင်းဟယ်သည် ဆိုင်တစ်ဆိုင်နှင့် ဥယျာဥ်ခြံပါ ခြံဝင်းတစ်ခုကို ဝယ်ယူခဲ့သည်။
ဒီဆိုင်က သိပ်မကြီးဘူး။ စတုရန်းမီတာ ငါးဆယ် ခြောက်ဆယ်ဝန်းကျင်သာ ရှိသည်။ အနားယူရန်အတွက် အရင် ဖက်ထုပ်ဆိုင်ကဲ့သို့ နှစ်ထပ် မဟုတ်ပေ။
ဒါပေမယ့် နေရာက တော်တော်ကောင်းတာကြောင့် လင်းချင်းဟယ်သည် ဒီဆိုင်ကိုဝယ်တာ ယွမ် ၂၀၀၀ ကုန်ကျခဲ့သည်။ အရင်က ဖက်ထုပ်ဆိုင်ကို ဝယ်တုန်းကတောင် ယွမ် ၃၀၀၀ပဲ ကုန်သည်။
သို့တိုင် လင်းချင်းဟယ်သည် သတ္တိရှိရှိ ဝယ်ယူခဲ့သည်။
သို့သော် လင်းချင်းဟယ်သည် ခြံဝင်းကျယ်ကျယ်ပါ အိမ်ခြံဝင်းကို ဝယ်ဖို့ အကြိမ်ပေါင်းများစွာ တွေးတောမိသည်။ သူမသည် ခြံဝင်းကျယ်ကျယ်ပါ အိမ်ခြံဝင်း တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ဝယ်ဖို့ စဥ်းစားနေတုန်းပါပဲ။
အဲဒါကို ရောင်းတဲ့သူ မရှိဘူး။
ဒါပေမယ့် အလျင်စလို မလုပ်ပါဘူး။ တစ်ယောက်ယောက်ကတော့ ရောင်းချလိမ့်မည်။ သူမ စောင့်နေရုံသာ လိုအပ်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဟိုနားဒီနား လမ်းလျှောက်ထွက်ရင်း "အခုအချိန်နဲ့ နှစ်အစပိုင်းအချိန်ကြားထဲမှာ အပြောင်းအလဲတွေကို ရှင် သတိထားမိလား။" ဟု လင်းချင်းဟယ်က မေးလာသည်။
"ပိုပြီး လွတ်လပ်လာတယ်။" ဟု ကျိုးချင်းပိုင်က ပြောသည်။
နှစ်အစ သူတို့ ဒီကိုစရောက်တုန်းက တင်းကြပ်တဲ့ အငွေ့အသက်တွေ ရှိနေသေးတယ်လို့ ခံစားမိပေမယ့် ဒီနှစ်မှာတော့ လမ်းပေါ်မှာ စကတ်တွေ ဝတ်ဆင်ထားတဲ့သူတွေ များလာတာကို သူ သတိပြုမိသည်။
Rossမှ တင်သွင်းလာသော အထည်စများနှင့် ပြုလုပ်ထားသည့် စကတ်များလည်းရှိပြီး အလွန်ဖက်ရှင်ကျပြီး လှပသည်။
ဒီလိုပုံစံမျိုး ဝတ်ဆင်တဲ့သူ တစ်ယောက်စ နှစ်ယောက်စသာ မဟုတ်ပါဘူး။ ရံဖန်ရံခါ လမ်းပေါ်မှာ မကြာခဏဆိုသလို အနည်းနဲ့အများ တိုက်မိတာမျိုးတွေ ကြုံရသည်။ နှစ်အစပိုင်းမှာတော့ နည်းနည်းလေးပဲ ရှိသေးသည်။
ဒီနှစ်ရဲ့ အပြောင်းအလဲတွေက တကယ်ကို မနည်းလှတာကို တွေ့နိုင်ပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ လင်မယားနှစ်ယောက်သား ခဏလောက် လှည့်ပတ်လျှောက်ပြီး အိမ်ပြန်လာခဲ့ကြသည်။
ကလေးတွေ မပြန်ရောက်ခင်မှာ လင်းချင်းဟယ်က ရေအရင်ချိုးဖို့ အခန်းထဲသို့ ဝင်သွားသည်။
"နောက်ကျ ကျွန်မတို့အိမ်ပြောင်းတဲ့အခါကျရင်၊ ကျွန်မအတွက် ရေချိုးခန်းတစ်ခု လုပ်ရမယ်။" လင်းချင်းဟယ်က ရေချိုးပြီးနောက် ပြောသည်။
"မင်းပြောတဲ့အိမ်က ဘယ်တော့ရမှာလဲ။" ကျိုးချင်းပိုင်က မေးသည်။
မေးခွန်းက မရှင်းလင်းပေမယ့် လင်းချင်းဟယ်သည် သူမရဲ့ မိသားစုချင်းပိုင်က စီးပွားရေး အိမ်ရာအကြောင်း ပြောနေတာကို လင်းချင်းဟယ်က နားလည်သဘောပေါက်သွားခဲ့သည်။
"အခုလောလောဆယ်တော့၊ မပေါ်သေးဘူး။ ဒါက အချိန်လိုသေးတယ်။" လင်းချင်းဟယ်က ပြောသည်။
လင်မယားနှစ်ယောက်သား ပန်ကာဖွင့်ကာ တီဗီ အတူတူထိုင်ကြည့်ကြသည်။ ရှစ်နာရီထိုးပြီးနောက် ကျိုးခိုင်တို့ညီအစ်ကိုသုံးယောက် အပြင်မှ ပြန်လာကြသည်။
"နင်တို့အိမ်စာတွေကို မြန်မြန်ပြန်လုပ်ကြဦး။" လင်းချင်းဟယ်က သတိပေးသည်။
အငယ်နှစ်ယောက်က သူတို့အိမ်စာတွေကို လုပ်ရန် အခန်းထဲပြန်သွားကြသည်။ ကျိုးခိုင်က တက္ကသိုလ်တက်နေတာကြောင့် မလိုအပ်ပါဘူး။ လင်းချင်းဟယ်က သူ့ကို ထားလိုက်သည်။
"အမေ၊ မနက်ဖြန်ကျရင် ကျွန်တော် အဖိုးနဲ့ စျေးဝယ်ထွက်မလို့။" ကျိုးခိုင်က ပြောသည်။
"နင့်မှာ ပိုက်ဆံကျန်သေးလား။" လင်းချင်းဟယ်က ခေါင်းညိတ်ပြီး မေးသည်။
"ကျွန်တော့်ကို နောက်ထပ် ဆယ်ယွမ်လောက် ပေးပါဦး။" ကျိုးခိုင်က ပြောသည်။
လင်းချင်းဟယ်က "နင့်အဖေဆီကို တောင်းသွားလိုက်ချေ။" ဟု ပြောလိုက်သည်။
ကျိုးချင်းပိုင်က တီဗီကြည့်နေရင်း "အံဆွဲထဲက နှိုက်သွားလိုက်။" ဟု လှမ်းပြောလိုက်သည်။
မိသားစုရဲ့ ပိုက်ဆံတွေကို ဒီကလေးတွေဆီမှာ မဝှက်ထားဘူး။ ကလေးတွေက ပိုက်ဆံခိုးမှာ မဟုတ်ဘူး၊ အခြေခံအားဖြင့်တော့ ဝယ်စရာ ဘာမှ မရှိဘူး။
ထို့အပြင်၊ အလွန်အကျူးမဖြစ်သရွေ့ ခေတ်မီမိဘနှစ်ပါးဖြစ်တဲ့ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့ကို တားမှာ မဟုတ်ဘူးလို့ ကြိုပြောထားခဲ့သည်။
"ကျွန်တော်တို့အိမ်မှာ ရေခဲသေတ္တာတစ်လုံးလောက်ရှိရင် ကောင်းမယ်။" ကျိုးခိုင်က ဆက်ပြောသည်။
"ပြောတတ်ပါ့၊ ရေခဲသေတ္တာတစ်လုံးက ယွမ်ထောင်ချီ ကုန်ကျတယ်။ ဒါက မင်းအဖေရဲ့ ဖက်ထုပ်ဆိုင်ထက် ပိုစျေးကြီးတယ်။" ဟု လင်းချင်းဟယ်က မကျေမနပ် တုံ့ပြန်လိုက်သည်။
သူမသည် လျှပ်စစ်ပန်ကန် သို့မဟုတ် တီဗီတစ်လုံး ဆိုရင်တော့ ဝယ်ပေးနိုင်ပေမယ့် ရေခဲသေတ္တာလိုမျိုး စျေးအရမ်းများတဲ့ပစ္စည်းမျိုးကို ဘယ်တော့မှ ဝယ်မှာ မဟုတ်ပါဘူး။
အဲဒီငွေနဲ့ ဆိုင် သို့မဟုတ် အိမ်ကို တိုက်ရိုက်ဝယ်ယူလိုက်တာက ပိုကောင်းပါသည်။
ကျိုးခိုင်က ပြုံးလိုက်သည်။
"နောက်ကျရင် တီဗီပိတ်ဖို့ မမေ့နဲ့နော်။" အချိန် ကိုးနာရီခွဲနေပြီဖြစ်သည်ကို မြင်ပြီးနောက် လင်းချင်းဟယ်က ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။" ကျိုးခိုင်က ပြန်ဖြေသည်။
ထို့နောက် သူ့မိဘများ အခန်းထဲဝင်ပြီး အနားယူသွားသည်ကို ကြည့်လိုက်မိသည်။
ကျိုးချင်းပိုင်သည် မနက်တိုင်း ၅နာရီခွဲ အိပ်ရာထရတာဖြစ်လို့ ထုံးစံအတိုင်း ညဘက် စောစောအိပ်ရာဝင်ပါသည်။
ဒါပေမယ့် အိပ်ရာမဝင်ခင် ကျိုးချင်းပိုင်က သူ မရေးရသေးတဲ့ စာရင်းတွေကို ချရေးလိုက်သည်။
ကျိုးချင်းပိုင်သည် နေ့တိုင်း စာရင်းတွေကို သိမ်းထားဖို့ လိုအပ်ပြီး၊ လကုန်မှာ စေ့စေ့စပ်စပ် ပြန်တွက်ချက်ပါလိမ့်မည်။
လင်းချင်းဟယ်သည် သူ့ရဲ့ စေ့စေ့စပ်စပ် လုပ်တတ်သော သဘောထားကို သဘောတူလိုက်သည်။
"ဒီနှစ်မှာ ဝင်ငွေကောင်းအောင်လုပ်ပါ။ အဖေနဲ့ အမေတို့ လာလည်တဲ့အခါ အဖေတို့ အမေတို့ကို အိမ်မှာ နေခွင့်ပေးနိုင်လိမ့်မယ်။" လင်းချင်းဟယ်က ပြောသည်။
"ငှားထားတယ်လို့ပဲပြောပါ။" ကျိုးချင်းပိုင်က ပြောသည်။
သူ့ဇနီးသည် ဘာကိုဆိုလိုသည်ကို သူသိသည်။ လင်းချင်းဟယ်သည် ခိုင်လုံသော အကြောင်းပြချက်တစ်ခုကို လိုချင်သော်လည်း ကျိုးချင်းပိုင်ကတော့ မရှိမဖြစ် လိုအပ်တယ်လို့ မထင်ပေ။ သူက ဖက်ထုပ်ဆိုင်ရဲ့ ဝတ်စုံကို ဝတ်ကြည့်ပြီး ပိုင်ရှင်ဆီက ငှားထားတာလို့ ဆိုပါသည်။
ဒါပေမယ့် ပြောရလျှင် အိမ်သည် အဖေကျိုးနှင့် အမေကျိုးတို့ နေထိုင်ရန် အလွန်သင့်တော်ပါသည်။ အိမ်သည် အလွန်သစ်လွင်ပါသည်။ သန့်ရှင်းရေးလုပ်ပြီးရင် သူတို့ နေထိုင်ပါသည်။ ဒါတင်မကသေးပါဘူး၊ ခြံဝင်းလည်း ပါတာကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့ ဝါသနာပါရင် စိုက်ပျိုးလို့လည်း ရပါသည်။ ထို့နောက် ကြက်အနည်းငယ် သို့မဟုတ် တခြားတစ်ခုခုကို မွေးမြူထားနိုင်ပါသည်။
လင်းချင်းဟယ်က ကန့်ကွက်ခြင်း မရှိပါဘူး။ သူမသည် ကျိုးရှောင်မိန်အကြောင်းပြောရင်း "ရှောင်မိန် လာချင်လားတော့ မသိဘူး။"
"ရှောင်မိန် လာလိမ့်မယ်။ သူတို့ ဘန်းမုန့်ရောင်းဖို့ ကိုယ်တို့ဆိုင်ကို သူတို့ငှားလိုက်ရင် အဆင်ပြေတာပဲ။" ကျိုးချင်းပိုင်က ပြန်ဖြေသည်။
"ကျွန်မတို့ဆိုင်တော့ မရဘူး။ သူတို့အတွက် တခြားနေရာရှာပေးရအောင်။" လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။
ကျိုးရှောင်မိန်နှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း မည်မျှပင် ကောင်းမွန်နေပါစေ၊ ကန့်သတ်ချက်တော့ ရှိပါသည်။ လင်းချင်းဟယ်သည် ထိုဆိုင်ကို ဆက်လက်ထားရှိကာ အနာဂတ်တွင် ဇိမ်ခံစတိုးဆိုင်ဖွင့်ရန် ရည်ရွယ်ထားပါသည်။
ကျိုးရှောင်မိန်ကို အရင်ငှားထားရတာ အဆင်ပြေပေမယ့် ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့က ဒါကို သဘောကျပါ့မလား။ သူတို့ ဝယ်ချင်ရင် ဘယ်လိုလုပ်မလဲ။
အဲဒီအခါမှာ အပြန်အလှန်ဆက်ဆံဖို့ ခက်ခဲသွားနိုင်တယ်၊ မဟုတ်ပါလား။
ထို့ကြောင့် လင်းချင်းဟယ်သည် ကျိုးရှောင်မိန်အား သူမ၏ မိသားစုဆိုင်ကို ငှားရမ်းဖို့ အစီအစဥ် မရှိခဲ့ပေ။ ထိုအချိန်တွင် သူမသည် ကျိုးရှောင်မိန်ကို အခြားဆိုင်တစ်ဆိုင် ရှာဖွေရန် ကူညီပေးလိုက်မည် ဖြစ်သည်။ ခြုံငုံပြောရလျှင် သူမသည် ကျိုးရှောင်မိန်အား တည်နေရာကောင်းသည့် ဆိုင်တစ်ဆိုင်ကို ရှာဖွေရန် ကူညီပေးနိုင်ပါသည်။
ဆွေမျိုးများဖြစ်လင့်ကစား လူတိုင်းသည် စည်းစနစ်ကျကျ ရှင်းလင်းစွာ လုပ်ထားသင့်သည်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာ အဖုအထစ်တွေ မထားတာ ပိုကောင်းပါသည်။ သို့မှာသာ၊ ဆွေမျိုးသားချင်း အပြန်အလှန် ဆက်ဆံရေး ပိုကောင်းလာမှာ ဖြစ်သည်။
"ကောင်းပြီ။" ကျိုးချင်းပိုင်က သိပ်ပြီးမတွေးဘူး။ သူ့ဇနီးသည် ဘာပဲပြောပြော သူ ကန့်ကွက်မှာ မဟုတ်ဘူး။
ရက်အနည်းငယ်ကြာတော့ တရုတ်ပြက္ခဒိန်တွင် နဝမလ၏ ကိုးရက်မြောက်နေ့တွင် ကျင်းပသည့် နှစ်ထပ်ကိုးကြိမ်မြောက်ပွဲတော်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေ့နံနက်တွင် ကျိုးချင်းပို်ငသည် ပါဝင်ပစ္စည်းများ ဝယ်ယူရန် သွားရာလမ်းတွင် ကြက်မတစ်ကောင် ဖမ်းမိခဲ့သည်။ ဒီနေ့ နှစ်ထပ်ကိုးကြိမ်မြောက်ပွဲတော်နေ့ဖြစ်ပြီး မိသားစုကို ကြက်စွပ်ပြုတ်ဖြင့် တည်ခင်းကျွေးမွေးမယ်လို့ မနေ့ညက သူ့ဇနီးသည်က ညွှန်ကြားထားခဲ့သည်။
ကျိုးချင်းပိုင်သည် အချက်အပြုတ်တာဝန်ကို ယူခဲ့ပြီး အရည်အချင်းရှိသူ ဖြစ်သည်။ ယခု သူသည် အရာအားလုံးကို ချက်ပြုတ်နိုင်နေပြီ။
နေ့ခင်းဘက်တွင် လင်းချင်းဟယ်သည် အရသာရှိသော ကြက်စွပ်ပြုတ်ကို သောက်ခဲ့ပြီး ပန်းကန်လုံးထဲတွင် ကြက်ခြေထောက်တစ်ခုလုံး ရှိနေသေးသဖြင့် သူမ မအောင့်ထားနိုင်ပဲ စားသောက်ပစ်လိုက်သည်။
ကျန်တစ်ဖက်ကိုတော့ အဖိုးအိုဝမ်ကို ပေးခဲ့ပေမယ့် အဖိုးအိုဝမ်က မစားတဲ့အတွက် ကျိုးခိုင်ဆီကို ပို့မယ့် ထမင်းဘူးထဲမှာ ထည့်ပေးလိုက်သည်။
မွေးစားမိဘ/မွေးစားကလေး အထိမ်းအမှတ်ပွဲပြီးကတည်းက အဖိုးအိုဝမ်သည် မကြာခဏ လာရောက်စားသောက်လေ့ရှိသည်။ သူ မလာစားရင်လည်း သူတို့က သူ့အတွက် ဝေစုချန်ပြီး ပို့ပေးဖို့ကို မမေ့ကြပါဘူး။
သို့ရာတွင်၊ သူ့အသက်က ကြီးလာသည်နှင့်အမျှ အဖိုးအိုဝမ်သည် ဆောင်းတွင်းဝင်ရောက်ပြီးနောက် ဖျားနာခဲ့လေသည်။