လင်းရှောင်၏အကြည့်ကိုလည်း ဟယ့်ပေါင်လင်က ခံစားမိပုံပေါ်သည် ။ သူရှိရာဘက်သို့လှည့်ကြည့်လာကာ အမြန်ထရပ်လိုက်လေသည်။ သူမသူ့ကိုသေချာပေါက်တွေ့သွားသည်။
လင်းရှောင်လည်း မိုရွှီတစ်ယောက်ရိုက်နှင်ခံနေရတာကို ဆက်မကြည့်ရတော့တာကြောင့် အနည်းငယ်နှမြောတသဖြစ်မှုနှင့်အတူ အလျင်မလိုစွာထရပ်လိုက်သည်။ သူ့အ၀တ်မှ ဖုန်များကိုခါလိုက်ပြီး ဟယ်ပေါင်လင်အား သင့်လျော်သောစစ်ဆေးမှုပြုလုပ်ရန် လျှောက်သွားလိုက်သည်။
ဟယ်ပေါင်လင်၏အကြည့်မှာအလွန်ရှုပ်ထွေးနေပြီး တစ်စုံတစ်ခုပြောချင်နေပုံပေါက်သော်လည်း ပြောမထွက်ပုံပင်။အဆုံးတွင် သူမကမကျေမနပ်နှင့်ခြေဆောင့်လျက် သူမ၏အစေခံတစ်စုနှင့်အတူ ထွက်သွားတော့သည်။
လင်းရှောင်လည်း သူမအားမျက်မှောင်ကြုတ်လျက်ကြည့်လိုက်မိသည်။
ကြည့်ရတာ အရှင့်ရဲ့သူ့အပေါ်ချီးမြှောက်မှုကို တော်၀င်ကိုယ်လုပ်တော်သုံးဦးတည်းသိတာတော့မဖြစ်နိုင်တော့ချေ။
ဟယ်ပေါင်လင်မှာလည်း သူ့အတွေးနှင့်သူရှိပေလိမ့်မည်။
သို့သော်ဟယ်ပေါင်လင်မှာ ခွန်အားကြီးသူကိုကြောက်ရွံ့ရသည်သာ။ လင်းရှောင်မှာ နာမည်အရသာ အထိန်းတော်တစ်ယောက်ဖြစ်သော်လည်း
အရှင့်၏မျက်နှာသာပေးမှုကိုရထားသည်။ ထို့အပြင်ကို အရှင်ကသူ့အားသခင်တစ်ပါးရထိုက်သော အဆောင်အယောင်များကိုလည်းချီးမြှောက်ထားချေရာ။ ဧကရာဇ်၏ရင်ထဲတွင် သူသည် သာမာန် အထိန်းတော်လေးသာသာရယ်တော့မဟုတ်ချေ။ ဟယ့်ပေါင်လင်မှာ လက်ရှိအခြေအနေနှင့် သူ့ကိုရန်မစရဲပေ။
ထို့ကြောင့် သူမလူများကိုခေါ်လျက် ထွက်သွားရုံသာတတ်နိုင်လေသည်။
လင်းရှောင်လည်း လှည့်ပြန်ရန်ပြင်လိုက်စဉ် နောက်ကျောဘက်မှာ အရိုက်ခံရသလိုခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မိုရွှီမှာ မျက်ရည်များစိုရွှဲလျက် သူ့အားကျောဘက်မှာ အတင်းဖက်တွယ်နေသည်ကို တွေ့လိုက်ရတော့သည်။
လင်းရှောင်လည်းအမြန်တွန်းထုတ်လိုက်ပြီး သူမအားအော်လိုက်သည်။
"မောင်းမမို ဒါဘာလုပ်တာလဲ"
"လင်းရှောင်~"
မိုရွှီကအော်ခေါ်လိုက်သည်။
လင်းရှောင်လည်း သူမအား သရော်ကြည့်ဖြင့်ကြည့်လိုက်သည်။
"လင်းရှောင် သူတို့အားလုံးငါ့ကိုအနိုင်ကျင့်နေကြတယ်၊ နင်ဘယ်ကိုရောက်နေတာလဲ..."
မိုရွှီကငိုယိုရင်းပြောလာသည်။
လင်းရှောင်လည်း နှာမှုတ်လျက်...
"မိုရွှီငါမင်းကို အမြဲပြောချင်နေခဲ့တာတစ်ခုရှိတယ်..."
လင်းရှောင်က တဖြည်းဖြည်းသူမနားသို့လျှောက်သွားကာပြောလိုက်သည်။
"သရုပ်ဆောင်တာအရမ်းညံ့တာပဲ..."
မိုရွှီလည်း ခဏမျှကြောင်နေပြီး လင်းရှောင်အား လက်သီးတင်းတင်းဆုပ်လျက် မုန်းတီးစွာကြည့်လိုက်သည်။
"နင်ကဘာလို့ အရှင့်ဆီကမျက်နှာသာပေးခံရတာလဲ၊ နင်ကကျဘာလို့နန်းတွင်းမှာကောင်းစားနေရတာလဲ၊ နင်ငါ့ကိုဘာလို့မကူညီတာလဲ၊ ဘာလို့လဲ..."
သူမမျက်နှာဖုံးလည်းကွာကျသွားပြီမို့ မိုရွှီလည်းဟန်ဆောင်မနေတော့ပဲ လင်းရှောင်အားတိုက်ရိုက်ပင်မနာလိုစွာမေးလာခဲ့သည်။သူမသည် လင်းရှောင်သူမကို မကူညီသည့်အတွက် ပိုမုန်းသေးသည်။
"ငါမှားတယ်၊ ငါနင့်ကိုနန်းတွင်းကိုခေါ်မလာသင့်ဘူး..."
"ဟ" လင်းရှောင်သူမစကားအားရယ်မောလိုက်သည်။
"စိတ်မကောင်းစရာပဲ၊ နောက်ကျသွားပြီ..."
မိုရွှီကလင်းရှောင်အားပြင်းပြင်းထန်ထန်စိုက်ကြည့်ရင်း အံကြိတ်ကာပြောလာသည်။
"ငါနင့်အကူအညီလိုနေတာတစ်ခုရှိတယ်၊ ကူညီမှာလား မကူညီဘူးလားပဲပြော...."
လင်းရှောင်ရဲ့လှောင်ပြုံးကိုတွေ့တော့ မိုရွှီလည်းနှုတ်ခမ်းကိုကိုက်လိုက်မိသည်။
"နင်မကူညီရင် ငါနင့်ရဲ့လျှို့ဝှတ်ချက်ကို အရှင့်ကိုသွားပြောမယ်..."
လင်းရှောင်မျက်လုံးသာလှိမ့်လိုက်မိသည်။ မိုရွှီတစ်ယောက် အခက်အခဲတွေကြုံရလို့ နည်းနည်းဥာဏ်ရှိလာပြီထင်နေတာ တုံးနေတုန်းပဲကိုး။
"မင်း အရှင့်ကိုတွေ့ချင်တိုင်းတွေ့မရတာကို ထားလိုက်ဦး တွေ့ခွင့်ရရင်တောင်မှ မင်းမှာအဲလိုအတွေးတွေရှိရဲရင် အမတ်ကြီးကမင်းကိုလွှတ်ပေးမှာမဟုတ်ဘူး..."
မိုရွှီမှာ လင်းရှောင်၏ အေးစက်သောအကြည့်တို့ကြောင့် မသိလိုက်ခင်နောက်သို့တစ်လှမ်းခန့်ဆုတ်မိသွားသည်။သို့သော်သူမလက်သီးကိုဆုပ်လျက်
"နင်လောင်းရဲလား... ငါအသက်ရှင်လျက် နင့်အကြောင်းကို အရှင့်ဆီလျှောက်တင်ပြမယ်..."
လင်းရှောင်ကမူ သူမအားအထင်သေးစွာတစ်ချက်ကြည့်လိုက်ပြီး
"ကြိုက်သလိုသာလုပ်၊ မင်းလုပ်နိုင်တယ်ဆိုရင်လည်း ငါက၀မ်းသာအားရစောင့်နေပေးမယ်..."
လင်းရှောင်လည်း မိုရွှီအားအသာအယာဖြတ်ကျော်သွားခဲ့သည်။ သူမ၏ခြိမ်းခြောက်မှုအလုပ်မဖြစ်တာတွေ့တော့ မိုရွှီလည်း ကြံမိကြံရာကြံတော့သည်။
မိုရွှီမှာရုတ်တရက်ကြီးပြေးလာပြီး လင်းရှောင်က နောက်မှအတင်းဖက်လိုက်သည်။
လင်းရှောင်လည်း သူမလက်အားဆွဲပြီးတွန်းဖယ်လိုက်သည်။
"မောင်းမမို ဒါဘာလုပ်တာလဲ၊ ဧကရာဇ်က တံဆိပ်ပြားကိုလှန်ပြီးကတည်းက မင်းကအရှင့်အမျိုးသမီးဆိုတာမေ့သွားပြီလား..."
မိုရွှီမှာ သူ့အားပြုံးလျက်ကြည့်လာပြီး ဖြားယောင်းသောလေသံဖြင့်
"ဒီကိစ္စက ငါတို့ကြားထဲပဲထားသ၍ အရှင်ကဘယ်သိမှာလဲ လင်းရှောင်~ ငါနင့်ကိုသိပါတယ်... နင်ငါ့ကိုလိုချင်တယ်မလား... နင်ငါ့ကိုကူညီဖို့ ဆန္ဒရှိသ၍ ငါဘာမဆိုပေးနိုင်တယ်... ငါ့ကိုယ်ငါရော ငါ့နှလုံးရော ငါ့ခန္ဓာကိုယ်ကိုရော အကုန်လုံးပဲ.."
ပြောရင်းဆိုရင်း သူမပုခုံးမှအ၀တ်စကိုလည်း လျှောချလိုက်ပြီး သူမ၏ဖြူဖွေးသောပုခုံးသားကိုလည်းပေါ်စေလိုက်သည်။ လင်းရှောင်မှာ အလွန်ရွံရှာလွန်းရကား အော်ဂလီဆန်စွာသူမအား တွန်းထုတ်လိုက်တော့သည်။
မြေကြီးပေါ်တွင်လဲကျနေသော မိုရွှီမှာ ညစ်ပေနေသောအ၀တ်အစား ရှုပ်ပွနေသောဆံပင်တို့ဖြင့် အလှတရားဆိုတာ ရှာမတွေ့တော့။
"လင်းရှောင် ငါ့ကိုကူညီရုံလေးပဲကို နင်ဘာလို့အရမ်းခက်ခဲနေတာလဲ၊ နင်ငါ့ကိုကူညီရင် ငါ့ဘ၀တစ်လျှောက်လုံးအမှတ်ရနေမှာပါ..."
"ဒီတစ်ကြိမ်ပါပဲ တစ်ကြိမ်လောက်ပဲ ကူညီပါနော်..."
မိုရွှိကငိုရင်းနှင်ပြောလိုက်သည်။
"မိန်းမစိုးလင်းဆီကငါကြားမိတာ အိမ်နီးချင်းနိုင်ငံက တော်၀င် ဧည့်သည်တွေလာမယ်ဆို... အရှင်က တော်၀င်ဥယျာဉ်မှာ စားသောက်ပွဲကျင်းပပြီးတော့ ငါတို့ကို ဖြော်ဖြေခိုင်းမှာတဲ့... တော်၀င်ကိုယ်လုပ်တော်သုံးယောက်ကလွဲရင် ငါတို့အကုန်ဖြော်ဖြေရမှာတဲ့..."
လင်းရှောင်သူမအားစိုက်ကြည့်နေမိသည်။ လင်းရှောင် မှတ်မိနေပါသေးသည်။ အတိတ်ဘ၀က ထိုပွဲကို အထိန်းတော်ရှုကစီစဉ်ရသည်။ သို့သော်ဒီဘ၀တွင်တော့ အထိန်းတော်ရှုကမရှိတော့သည့်အတွက် သူ့တာ၀န်ဖြစ်လာချေပြီ။ ဒီလိုဆိုရင်တောင် သူဘာသတင်းမှမကြားမိသေးပေ။ မိန်းမစိုးလင်းနှင့် မိုရွှီကပင် သူ့ထက်အရင်သတင်းရတာစောနေသေးတယ်။
လင်းရှောင်သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်။ မိန်းမစိုးလင်းနှင့်မိူရွှီမှာ အမတ်ကြီးအိမ်ကိုမှီခိုပြီးသတင်းရလာတာလည်းဖြစ်နိုင်သည်။
အရှင်ကအမတ်ကြီးနှင့်ဆွေးနွေးပြီးခါစလည်းဖြစ်နိုင်သည်။ ဒါကြောင့်သူဘာမှမသိရသေးခြင်းဖြစ်နိုင်သည်။
လင်းရှောင်တွေးတောရင်း မိုရွှီအားကြည့်လိုက်သည်။
"အဲတော့ မင်းကငါ့ကို အရည်အချင်းပြဖို့ ကူညီပေးစေချင်တယ်ပေါ့..."
မိုရွှီကဤတောင်းဆိုမှုကို ယခင်ဘ၀ကရော ယခုဘဝရောလုပ်ခဲ့သည်။ မိုရွှီကခေါင်းကိုအပြင်းအထန်ငြိမ့်လာသည်။
"ငါ့မျက်နှာကလောလောဆယ်ပျက်ဆီးတာ ပြီးတော့ငါ့မှာတခြားထွေထွေထူးထူးအရည်အချင်းလည်းမရှိဘူး...ဒီပွဲကငါ့ရဲ့အခွင့်အရေးပဲ ဒါပေမယ့်ငါဘာသာငါမလုပ်နိုင်ဘူး... လင်းရှောင် ငါ့ကိုကူညီပါနော် နင်ကအနုပညာကျောင်းသားလေ နင်ကအရမ်းလည်းတော်တာပဲ နင်ကယောကျာ်းလေးဆိုပေမယ့်နည်းလမ်းရှိမှာပါ။ နင်ကအမြဲ ဥာဏ်ကောင်းတာပဲလေ..."
လင်းရှောင်နှုတ်ခမ်းအား တင်းတင်းစေ့ထားလိုက်မိသည်။ အတိတ်ဘ၀ကသူနည်းမျိုးစုံသုံးပြီး မိုရွှီကို ကူညီခဲ့တာအမှန်ပင်။ ထိုကြောင့်လည်း မိုရွှီအား အသေရရအရှင်ရရ ပိုးပန်းသူတစ်ယောက် ထပ်ရလိုက်တာပင်။
ဒီဘ၀မှာတော့ သူ့အနေနှင့် သူမအား ကူညီစရာအကြောင်းမရှိချေ။
သို့သော် ..
လင်းရှောင်လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
မိုရွှီမှာ နန်းတွင်းကိုရောက်ကတည်းက အလွဲများစွာ အမှားများစွာကိုသာ ထပ်တလဲလဲပြုလုပ်နေခဲ့တာဖြစ်သည်။ တခြားသူသာဆိုလျှင် သေပြီးလို့ အရိုးဆွေးနေလောက်ပြီ။ သို့သော် မိုရွှီကမူ အခုချိန် အထိအသက်ရှင်လျက်အကောင်းအတိုင်းရှိနေသေးသည်။
ပို၍မယုံနိုင်စရာကောင်းသည်မှာ ဧကရာဇ်ကိုယ်တိုင်ပင် မိုရွှီနှင့်လန်ဝေ့၏ပြောမပြရဲသော ဆက်ဆံရေးက်ုသိနေတာတောင်မှ မိုရွှီကို သည်အတိုင်း လွှတ်ပေးထားခြင်းပင်။ အမတ်ကြီးအိမ်တော်ပင်လျှင် အပြစ်ဒဏ်အနည်းငယ်အပေးခံရသေးသည်။
ဤသည်က လင်းရှောင်အားထိတ်လန့်စေသည်။
တချိန်တည်းမှာပင် လင်းရှောင်လည်း မိုရွှီကိုဘယ်လိုနည်းနဲ့ ဒုက္ခပေးပါမှ သူမကိုယ်သူမသတ်သေကာအေးအေးဆေးဆေးထွက်သွားလိမ့်မည်နည်းဟု တွေးတောနေမိသည်။ သူ့တွင်အကြံမရှိသလောက်ပင်
ယခုမူအခွင့်အရေးမှာ သူ့ရှေ့ရောက်လာချေပြီ။