အပိုင်း ၂၅
Viewers 12k

"မင်းငါ့ကိုကူညီပေးစေချင်လည်းရတယ်လေ..."
လင်းရှောင်လည်းအကြံအစည်နှင့်ငါးစာချပေးလိုက်သည်။
မိုရွှီလည်း၀မ်းသာအားရဖြင့်ထရပ်လိုက်သည်။
သူမ၏အမာရွတ်များဖြင့်ပြည့်နှက်နေသောမျက်နှာမှာ လင်းရှောင်အားအလွန်မျှော်လင့်တကြီးမော်ကြည့်လာသည်၊
လင်းရှောင်သူမအားတစ်ချက်သာကြည့်ကာ
"ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ မင်းငါ့ကို တစ်ခုပြန်ကူညီရမယ်..."
မိုရွှီမျက်နှာကချက်ချင်းမကျေမနပ်ဖြစ်သွားခဲ့သည်။
"နင်ကငါ့ကိုဘယ်လိုကူညီစေချင်သေးလို့လဲ..."
လင်းရှောင် စိတ်မရှည်စွာပြောလိုက်သည်။
"မင်းလုပ်မှာလားမလုပ်ဘူးလား..."
မိုရွှီလည်းအံကိုကြိတ်လျက်
"လုပ်မယ်..."
"ကောင်းတယ် " လင်းရှောင်ကျေနပ်သွားသည်၊
အမတ်ကြီးအိမ်တော်တွင်တော့ တိမ်မည်းများဖုံးအုပ်လျက်။
သခင်လေးလန်ဝေ့မှာ အိမ်၀တွင်မေ့လဲနေတာကိုမနေ့ကတွေ့ခဲ့ကြသည်။
အမတ်ကြီးမှာ ပြာပြာသလဲပင် သားဖြစ်သူအား လူအများအားဝိုင်းသယ်ပြီးအိမ်ထဲသွင်းစေသည်။ ထို့နောက်အကောင်းဆုံးသမားတော်ကိုပင့်ပြီး သူ့သားအားကုစေခဲ့သည်။
သို့သော်လန်ဝေ့မှာ ယခုထိနိုးမလာသေးချေ။
အမတ်ကြီးမှာ လန်ဝေ့အခန်းပါတ်ပါတ်လည်တွင် အစောင့်များချထားခဲ့သည်။ အိပ်ယာပေါ်တွင် ဖြူဖပ်ဖြူရော်နှင့်လဲနေသော သားဖြစ်သူကိုမြင်လျှင် သူ့ ဆံပင်တွေပိုဖြူလာသလိုပင်။
လန်ဝေ့၏ကိုယ်ပေါ်တွင် မီးလောင်အမာရွတ်များ နေရာအနှံ့တွင်ရှိနေပြီး သူ၏အ၀တ်အစားများမှာလည်း ညစ်နွမ်းလျက် မီးတောထဲမှ တိုးထွက်လာခဲ့ရသကဲ့သို့ပင်။ သူကြားမိသလောက်ဆိုလျှင် ဤတောအတွင်းမီးလောင်မှုဖြစ်သောနေရာတစ်ခုသာရှိသည်။ ၄င်းမှာ အထိန်းတော်၏နန်းဆောင်ပင်။
သို့သော် လန်ဝေ့ထွက်မသွားခင်အချိန်ကို သူမှတ်မိနေသေးသည်။ လန်ဝေ့မှာ အလွန်တက်ကြွနေပုံဖြင့် နှစ်ရက်ခန့်အပျင်းပြေလျှောက်သွားလိုက်ဦးမယ် ဟုဆိုခဲ့သည်။
သို့သော် ထိုအပျင်းပြေလျှောက်သွားတယ်ဆိုတာ နန်းတွင်းကိုလား။ သူကအထိန်းတော်၀တ်ရုံကြီးခြုံပြီး ဒဏ်ရာတွေနဲ့တောင် ပြန်လာလိုက်သေးသည်။
အမတ်ကြီးမှာ သူ့သားကိုဆုံးမဖို့စိတ်ထဲပြင်ဆင်ထားသော်လည်း လန်ဝေ့မှာနိုးမလာသေးချေ။
ထို့ကြောင့် သူမှာပြောပစ်ချင်သည့်စကားလုံးပေါင်း များစွာကို စိတ်ထဲမြိုသိပ်ထားရုံသာတတ်နိုင်သည်။
လန်ဝေ့၏ဖြူဖျော့နေသောမျက်နှာကိုမြင်တိုင်း အမတ်ကြီးမှာ စိတ်ဆင်းရဲနေရသည်။ မိမိမှာ ရုံးတော်ကိုသွားကာ မိမိသားမတရားခံရမှုအတွက် တိုင်တန်းချင်းသော်ငြားလည်း ယခုထိတိုင် ဘာဖြစ်ခဲ့သလဲဆိုတာ အသေအချာမသိသေးပေ။
ထို့အပြင် အထိန်းတော်အဆောင်မှာ မောင်းမဆောင်ထဲတွင်ရှိတာဖြစ်ပြီး ဧကရာဇ်ကလွဲ ဘယ်ယောကျာ်းမျှမ၀င်ရချေ။
ဒါကြောင့်လဲ အမတ်ကြီးမှာလက်လွတ်စပယ်မလျှောက်တင်ရဲတာဖြစ်သည်။
သူလည်း လန်ဝေ့မှာအလည်လွန်ပြီး ဖျားနာမှုကြောင့် အိပ်ယာထဲလဲနေသည်ဟုသာ သတင်းလွင့်ရန်တတ်နိုင်သည်။
ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ သူ့ရဲ့ပြသနာရှာလွန်းတဲ့သားတော်မောင်နိုးချိန်ကိုသာစောင့်မေးရန်တတ်နိုင်သည်။
အမတ်ကြီးမှာ အိပ်ယာဘေးတွင်ရပ်လျက်
လန်ရေ့အားစိတ်ပူစွာကြည့်လိုက်သည်။
ထို့နောက်သက်ပြင်းကိုချလျက် သားဖြစ်သူအား စောင်ကိုသေချာခြုံပေးလိုက်သည်။
"သခင်ကြီးခင်ဗျာ" အမျိုးသားအစေခံ၏ ခပ်တိုးတိုးအသံက ၀င်ရောက်လာခဲ့သည်။
အမတ်ကြီးလည်းအသာလှည့်ကြည့်လျက်ဆိုလိုက်သည်။
"၀င်ခဲ့"
အစေခံကအခန်းထဲသို့၀င်လာတော့ သူ့လက်ထဲတွင် စာတစ်စောင်ကိုင်လျက်ရှိသည်။
သူကထိုစာအား အမတ်ကြီးအား ခေါင်းငုံ့၍ပေးလိုက်သည်။
"သခင်ကြီးခင်ဗျာ နန်းတော်ကစာရောက်လာပါတယ်၊ သခင်လေးလန်ဝေ့အတွက်လို့လည်းပြောပါတယ်"
အမတ်ကြီးမှာ မျက်မှောင်ကျုံ့လျက် သံသယတချို့တ၀က်ဖြင့်ပင် စာကိုလှမ်းယူလိုက်သည်။ နန်းတွင်းမှာ လန်ဝေ့အားစာပို့မည့်သူ ဘယ်သူများရှိသနည်း။
ထို့နောက်စာကိုဖွင့်ဖတ်ကြည့်ပြီးသည်နှင့် အမတ်ကြီးမှာလွန်စွာမျက်နှာပျက်သွားတော့သည်။ သူကစာကိုချက်ချင်းပစ်ထုတ်လိုက်ပြီး အစေခံအားမေးလ်ုက်သည်။
"စာကိုပို့တဲ့သူဘယ်မှာလဲ"
"ပြန်သွားပါပြီ " အစေခံကအလွန်ရိုကျိုးစွာဖြေလာခဲ့သည်။
"စာကိုတစ်ယောက်ယောက်တွေ့သွားသေးလား"
အစေခံကခေါင်းကိုခါလိုက်သည်။
"စာရောက်ရောက်ချင်းပဲ ကျွန်တော်မျိုး သခင်ကြီးဆီကို တိုက်ရိုက်ယူလာခဲ့တာပါ။ ဘယ်သူမှတွေ့မသွားပါဘူး..."
ထိုစကားကြားမှ အမတ်ကြီး သက်ပြင်းချမိလေသည်။
"ရပြီ မင်းသွားတော့..."
အစေခံထွက်သွားပြီးနောက် အမတ်ကြီးက စာကိုနောက်တစ်ကြိမ်ထပ်ဖတ်ကြည့်ရင်း သူ၏မျက်နှာအမူအယာမှာ ပိုပို၍ဆိုးရွားလာခဲ့သည်။
ထိုအချိန်တွင် အိပ်ယာထဲက လူမှာတဖြည်းဖြည်းလှုပ်ရှားလာပြီး မျက်လုံးအားဖြည်းညင်းစွာဖွင့်လာခဲ့သည်။
အမတ်ကြီး၏ သေစေနိုင်သော အကြည့်ကြီးမှာ လန်ဝေ့ပေါ်ဒိုင်းခနဲ့ကျရောက်သွားတော့သည်။
နိုးနိုးချင်းမူးဝေနေသောအာရုံနှင့်အမတ်ကြီး၏ပုံရိပ်အားမြင်လျင် လန်ဝေ့စိတ်သက်သာရာ ရစွာခေါ်လိုက်မိသည်။
"အဖေ...ကျွန်တော်ပြန်ရောက်နေပြီလား..."
လန်ဝေ့ ဘေးဘီကိုစူးစမ်းလျက် ချောင်းတဟွတ်ဟွတ်ဆိုးရင်း ထထိုင်လိုက်သည်။
"မင်းဒီတစ်ကြိမ်ပြန်လာနိုင်သေးတာပဲ ကံကောင်းတယ်မှတ်..."
အမတ်ကြီးကကြိမ်းမောင်းလိုက်သည်။
လန်ဝေ့လည်းလန့်သွားပေမယ့် သူဒီတစ်ခေါက် ဘယ်လိုပြသနာမျိုးရှာလာမိတာကိုသိတာကြောင့် အဖေဖြစ်သူအားဒူးထောက်ချလျက်တောင်းပန်လိုက်သည်။
"အဖေ ဒီသားမိုက် သူ့အပြစ်ကိုသူသိပါပြီ..."
"မင်းအပြစ်ကိုသိတယ်ဟုတ်လား... မင်းကဒါကိုအပြစ်လို့ခေါ်တာလား..."
အမတ်ကြီးမှာ လက်ထဲမှစာအား သားဖြစ်သူထံပစ်ပေါက်လိုက်သည်။ သူ၏မျက်နှာမှာလဲ ဒေါသကြောင့် နီမြန်းလျက်။
လန်ဝေ့လည်းအခြေအနေကိုနားမလည်နိုင်ပဲ စာကိုကောက်ကာဖတ်ကြည့်လိုက်သည်။ထို့နောက်တွင် သူတောင့်ခဲသွားမိပြီး မျက်လုံးအစုံမှာလည်းပြူးကျယ်သွားတော့သည်။
"အဖေ ဒါက..."
"ငါမင်းကိုသတိပေးထားပြီးသား မိုရွှီဆိုတဲ့ကောင်မလေးနဲ့ သွားမပါတ်သတ်နဲ့လို့၊ သူ့မှာ ဘာကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး မင်းနဲ့လည်းမသင့်တော်ဘူး မင်းကငါ့စကားကိုနားမထောင်ဘူး... အခုမင်းဘယ်လိုဖြစ်လာလဲ ကြည့်စမ်း လင်းရှောင်ကိုတောင် သွားလုပ်ကြံလိုက်သေးတယ်၊ မိုရွှီက သူ့ကိုမကျေနပ်တာနဲ့ပဲ မင်းဒီလောက်ထိလုပ်စရာလိုလား မင်းကိုယ်မင်းကြည့်စမ်း..."
"မ.မဟုတ်ပါဘူးအဖေ..."
လန်ဝေ့လည်းရှင်းပြရန်ကြိုးစားရင်း စိတ်ထဲမှလည်း သံသယ၀င်နေခဲ့သည်။ လက်ရေးမှာ ကျိန်းသေ ရွှီရွှီလက်ရေးဆိုပေမယ့် သူကဒီစာကိုဘာလို့ရေးမှာလဲ
သူကလင်းရှောင်ဆီမှာ နှစ်ရက်လုံးလုံးအဖမ်းခံထားရပါရက်နဲ့ စာထဲမှာတော့ သူက သူမနှင့်ရှိနေခဲ့သည်ဟု ဖော်ပြထားသည်။
သူက သူမကိုကူညီချင်ရုံသက်သက်နှင့် လင်းရှောင်ကို နည်းနည်းပါးပါးသွားခြိမ်းခြောက်ပေးချင်ရုံသာ။
ဒါပေမယ့် ရွှီရွှီက အကုန်လုံးသူ့အမှားဆိုပြီး ဘာလို့အပြစ်တင်နေရတာလဲ၊ သူမက သူ့အဖေဆီက အပြစ်တင်ခံရမှာကြောက်လို့လား။
"မင်းက သူနဲ့အတူထွက်ပြေးဖို့တောင် အချိန်းအချက်လုပ်ထားသေးတယ်ပေါ့၊ ကောင်းတယ်၊ သိပ်ကောင်းတယ် ၊ လန်ဝေ့မင်းကမိန်းမတစ်ယောက်အတွက်နဲ့ အမတ်ကြီးအိမ်တော်တစ်ခုလုံးကို ငရဲကိုဆွဲချရဲတယ်၊ မင်းကိုဆံပင်ဖြူအောင်ပျိုးထောင်လာရတဲ့ မိဘတွေကိုမှမထောက်၊ မင်း - မင်း သိပ်ကောင်းတဲ့သား..."
အမတ်ကြီးမှာ ဒေါသကြောင့်တစ်ကိုယ်လုံးတုန်ရီနေပြီး လန်ဝေ့အားလက်ညှိုးငေါက်ငေါက်ထိုးလျက် ကြိမ်းမောင်းနေခဲ့သည်။
လန်ဝေ့လည်း ရင်တွင်းမှအပြစ်ရှိစိတ်လေးပေါက်ဖွားလာခဲ့သည်။ သူအမှန်တကယ်ပင် မိုရွှီအားခေါ်လျက် အဝေးကိုထွက်ပြေးဖို့ကြိုးစားဖူး သည်ပင်။ သို့သော်မိုရွှီကငြင်းဆန်ခဲ့သည်။ စာထဲမှာလိုတော့ သူတို့အတူထွက်ပြေးဖို့သဘောတူမထားချေ။
ရွှီရွှိမှာ ဤကဲ့သို့အခြေအနေတွင် ဒီစာကို ဘာလို့ရေးမည်နည်း။ သူမအမှန်တကယ်ပဲ သူနှင့်အတူထွက်ပြေးရန်အချိန်းအချက်လုပ်ချင်သည်လော။
လန်ဝေ့မျက်လုံးများတောက်ပသွားမိစဉ်အမတ်ကြီး၏စကားသံအားကြားလိုက်ရတော့သည်။
"လန်ဝေ့၊ ငါတစ်ခါတည်းပဲပြောလိုက်မယ်၊ မင်းမိုရွှီနဲ့အရင်တုန်းကလည်းမပါတ်သတ်သလို နောင်လည်းမပါတ်သတ်ရဘူး... သူ့တံဆိပ်ပြားကအလှန်ခံရပြီးပြီ။ ဧကရာဇ်ကတစ်ဘ၀လုံး သူ့ကိုမထိဘူးဆိုရင်တောင် သူကဧကရာဇ်ရဲ့အမျိုးသမီးဖြစ်နေတုန်းပဲ၊ အဲဒါပြောင်းလဲလို့မရတဲ့အမှန်တရားပဲ...
"
"နားလည်လား..."
အမတ်ကြီးမှာ အလွန်ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။
လန်ဝေ့လည်းအံကိုကြိတ်လျက် လက်မခံလိုမှုများ သူ့မျက်နှာတွင်ထင်ဟပ်နေခဲ့သည်။ အမတ်ကြီးမှာ ထိုသည်ကိုမြင်လျှင် ဒေါသဖြင့် နောက်သွိုနှစ်လှမ်းခန့်ဆုတ်လျက်
"ငါဆယ့်ခုနှနှစ်လောက်ပျိုးထောင်လာတဲ့သားက
လုံး၀မထိုက္တန္ဘူးပဲ..."
"အဖေ..."
လန်ဝေ့ကတီးတိုးဆိုရင်း ခေါင်းကိုငုံ့လျက် မျက်လုံးများနီရဲလာသည်။
အမတ်ကြီးမှာ မျှော်လင့်သလိုဖြစ်မလာသော သားဖြစ်သူအား လွန်စွာစိတ်ပျက်မိလျက် အခန်းထဲမှာ ချာခနဲလှည့်ထွက်လာခဲ့တော့သည်။
ထို့နောက်တံခါးအားပြင်းစွာဆောင့်ပိတ်လျက်ဆိုလိုက်သည်။
"အစောင့်တွေလာကြစမ်း မင်းတို့သခင်လေး လန်ဝေ့ကိုစောင့်ကြည့်ထားကြ၊ အခန်းထဲနေ အခန်းပြင်ခြေတစ်လှမ်းတောင်မထွက်စေနဲ့..."
"သိပါပြီ သခင်ကြီး..."
လန်ဝေ့လည်းအခန်းပြင်မှ ဒါဇင်ကျော်သောအစောင့်များကိုကြည့်လျက် အားနည်းစွာ အိပ်ယာပေါ်ပြန်လဲကျသွားတော့သည်။
စာမှာရွှီရွှီ၏လက်ရေးဖြစ်သော်လည်း စာပါအကြောင်းအရာများမှာ တစ်ခုမှမှန်ကန်ခြင်းမရှိချေ။ အထူးသဖြင့် သူနှင့်အတူထွက်ပြေးရန် သဘောတူထားသည့်အချက်ပင်။ သူမက အချိန်းအချက်လုပ်ထားသည့် အချိန်ကိုပင်ထည့်ရေးမထား။
သူမကိုကြည့်ရတာ သူနှင့်အတူအမှန်တကယ်ထွက်ပြေးဖို့ အစီအစဉ်မရှိပုံပင်။
ဤစာမှာ လင်းရှောင်၏အကြံအစည်ပဲဖြစ်ရမည်။
ဒီတော့သူမက လင်းရှောင်နဲ့ပူးပေါင်းသွားတာလား
ဒါက သူ့ကို လင်းရှောင်ကိုမနှောင့်ယှက်ဖို့နဲ့ အမတ်ကြီးအိမ်တော်ကိုသုံးပြီး လင်းရှောင်ကိုဖိအားမပေးဖို့ သတိပေးတဲ့သဘောလား။
ဘာလို့လဲ။
သူ့မှာတော့အရှက်ကွဲခံရသည့်အပြင် ထိုနေရာတွင် သေမလိုပင်ဖြစ်ခဲ့သည်။
လန်ဝေ့နာကျင်စွာမျက်လုံးကိုမှိတ်လိုက်မိသည်။ သူမျက်လုံးမှိတ်လိုက်သည်နှင့် လင်းရှောင်တစ်ယောက် မီးထဲပြေး၀င်လာပြီး သူ့အားလူမမိအောင် ကယ်ထုတ်ပုံအားမြင်ယောင်လာသည်။ လန်ဝေ့မျက်လုံးအားပြန်ဖွင့်လိုက်သည်။
လင်းရှောင် ဒီသခင်လေးဝိဥာဉ်မပြိုကွဲသ၍ မင်းနဲ့မကျေဘူး။
လန်ဝေ့ ကျိန်စာတိုက်နေသော လင်းရှောင်မှာတော့ သူ၏နင်းရွှမ်နန်းဆောင်အား ပြုံးပြုံးပျော်ပျော်ဖြင့် ပြန်လာနေသည်။
မိုရွှီ၏ စာတစ်စောင်က သူ့အားပြသနာအများအပြားဖြေရှင်းပေးလိုက်သည်။
ထိုစာတစ်စောင်က အမတ်ကြီး၏အာရုံစိုက်မှုကို သူကိုယ်တိုင်ထံမှ သူ့သားဖြစ်သူနှင့်မိုရွှီထံ လမ်းကြောင်းပြောင်းပေးလိုက်သည်။
ထိုစာကြောင့်ပင် လန်ဝေ့မှာ လတ်တလောသူ့ကို ပြသနာလာရှာနိုင်မည်မဟုတ်။ သူကမိုရွှီကိုအရမ်းကြိုက်တာကြောင့် မိုရွှီကမလုပ်နှင့်ဆိုလျှင် ဘာမဆို အံကြိတ်ကာမလုပ်ရုံပဲတတ်နိုင်လိမ့်မည်။
လင်းရှောင် ကျေနပ်စွာ ရယ်သမ်းသွေးလိုက်သည်။
ကြည့်ရတာမိုရွှီက ကောင်းကောင်းသုံးတတ်မယ်ဆို သူ့နေရာနဲ့သူ အသုံး၀င်သေးသားပဲ။
လင်းရှောင်လည်း ချင်နန်းတော်တစ်ပါတ်လျှောက်သွားပြီးမှ သူ့နန်းဆောင်ကိုပြန်လာပြီး တံခါးအား လက်နှစ်ဖက်နှင့်တွန်းဖွင့်လိုကွသည်။
သို့သော်လဲသူအထဲသို့၀င်လိုက်သည်နှင့် အတွင်းတွင် တစ်စုံတစ်ဦးထိုင်နေတာကို တွေ့လိုက်ရတော့သည်။
ရွှေချည်ထိုးထားသော အနက်ရောင်၀တ်ရုံ၊ သေသပ်စွာဖြီးသင်ထားသောဆံပင်နှင့် သန့်စင်ချောမောသောမျက်နှာက ရှိန်စေသော ခံစားချက်တစ်ခုအား ထုတ်လွှတ်နေခဲ့သည်။ထိုပုဂ္ဂိုလ်မှာ စာကြည့်ဆောင်တွင် အမှုကိစ္စများကို ဖြေရှင်းနေသင့်ပါသည့် ပြည့်ရှင်ဧကရာဇ်ပင်ဖြစ်တော့သည်။
လင်းရှောင်အပြုံးမှာမှိန်ဖျော့သွားကာ ဒူးများမှာလည်း အားနည်းစွာသူ့အလိုလိုခွေကျသွားတော့သည်။
လင်းရှောင်ကြမ်းပြင်ပေါ်သင့်လျော်စွာဒူးထောက်လျက် အရိုအသေပေးလိုက်သည်
"အရှင် သက်တော်ရာကျော်ရှည်ပါစေ..."