အပိုင်း ၃၃
Viewers 12k

နင်းရွှမ်းနန်းဆောင်တွင်။
သမားတော်အိုကြီးက ဒူးထောက်လျက် လျှောက်တင်လိုက်သည်။
"အရှင် အထိန်းတော်လင်းရဲ့ဒဏ်ရာကအရမ်းမပြင်းထန်ပါဘူး။ အပေါ်ရံသာမို့လို့ စိတ်မပူပါနဲ့အရှင်..."
ထိုစကားကြားပြီးသည်နှင့် ဧကရာဇ်၏အမူအယာနှင့် အေးခဲသောအရှိန်အဝါမှာလည်းအနည်းငယ်ပြေလျော့သွားခဲ့သည်။
သမားတော်ကြီး တိတ်တိတ်လေး သက်ပြင်းချမိပြီး ဆက်ပြောလာခဲ့သည်။
"အထိန်းတော်လင်းက၂လလောက်အနားယူဖို့လိုရုံပါပဲ။ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ....."
သမားတော်ကြီးဆက်ပြောသင့်မပြောသင့်တွေဝေသွားမိသည်။
ဧကရာဇ်ကမူ မျက်ခုံးကိုပင့်လျက် အဘယ်ကြောင့်ဆက်မပြောသလဲဟူသည့် အမူအယာဖြင့်ကြည့်လာသည်။
သမားတော်ကြီးလည်း တိတ်မနေရဲတော့ပဲလျောက်တင်လိုက်သည်။
"ဒီ၂လအတွင်းမှာအနာကိုပြန်ပွင့်စေလို့မရတာကြောင့်၊ အိပ်ယာထဲမှာသိပ်လှုပ်လှုပ်ရှားရှားမလုပ်ဖို့ လိုတာပါအရှင်..."
ဧကရာဇ် မျက်ခုံးကိုပင့်လျက် သမားတော်အိုကြီးအားကြည့်လိုက်သည်။ မည်သူကမျှ ဧကရာဇ်စိတ်ဆိုးနေသလား စိတ်ကောင်း၀င်နေသလားမပြောနိုင်ချေ။
ကြောက်လန့်တကြားနှင့်ပင် သမားအိုကြီးမှာခေါင်းတဖြည်းဖြည်းငုံ့သွားရှာသည်။
ဧကရာဇ်ကမူ သူ့အား မထူးမခြားနားစွာ တစ်ချက်သာကြည့်လိုက်ပြီး
"သွားနိုင်ပြီ..."
"သိပါပြီအရှင်..."
သမားအိုကြီးမှာရိုကျိုးစွာထရပ်ရင်း ထွက်သွားတော့သည်။
သမားတော်ကြီး၏စကားကိုကြားလျှင် လင်းရှောင်လှဲနေရာမှခိုးပြုံးလိုက်မိသေးသည်။
သူဤသမားတော်ကြီးအားစိတ်ထဲမှအမှတ်ပြည့်ပေးလိုက်မိသည်။.
အနာခံမှုက မိုရွှီကိုရှင်းမပစ်နိုင်လျှင်တောင် သူ့အတွက်အကျိုးမယုတ်ပေ။ အနည်းဆုံးတော့ နန်းတွင်းထဲတွင် စိတ်ချလက်ချနေနိုင်ဖို့ အချိန်တချို့ရရှိသွားဆဲမဟုတ်ပေလော။
ဧကရာဇ်က လက်ကိုတစ်ချက်ဝေ့လျက် အစေခံများအားထွက်သွားစေခဲ့သည်။ ထို့နောက် စားပွဲပေါ်မှ ဆေးခွက်ကိုမလျက် လင်းရှောင်ရှိရာအိပ်ယာဘေးသို့လျှောက်လာခဲ့သည်။
"အရှင်.." လင်းရှောင်လည်းအပြုံးကိုအမြန်ပျောက်ကွယ်သွားစေပြီး ထထိုင်ရန်ကြိုးစားလိုက်သည်။
မခန့်မှန်းနိုင်သောအမူအယာမျိုးနှင့် ဧကရာဇ်က လင်းရှောင်အားကြည့်လာခဲ့သည်။ ထို့နောက် ရုတ်လျည်းဆိုသလို ဧကရာဇ်မှာဆေးရည်တစ်ခွက်လုံးအား သူ့ပါးစပ်ထဲလောင်းထည့်လိုက်ပြီး လင်းရှောင်၏မေးအား ပင့်ယူကာ နှုတ်ခမ်းချင်းတေ့လိုက်တော့သည်။
လင်းရှောင် မျက်လုံးများတမဟုတ်ချင်းပြူးကျယ်သွားခဲ့သည်။
ဧကရာဇ်က မိမိနှင့်အလွန်နီးကပ်နေတာမို့ ထိုမျက်နှာပေါ်မှအမူအယာအားလုံးကိုအသေးစိတ်မြင်နိုင်သည်။ တ၀က်ပွင့်နေသော နက်မှောင်သည့်မျက်၀န်းတို့မှာညှို့ငင်ခြင်းတမျိုးကိုထုတ်လွှင့်လျက် သူ့အားသတိလက်လွတ်စိုက်ကြည့်မိစေသည်။ သို့သော် ဧကရာဇ်၏အကြည့်မှာလွန်စွာစူးရှလွန်းရကား မိမိ၏အတွင်းစိတ်ကိုပင်ဖောက်မြင်နေရသည်ဟု ခံစားရကာ လင်းရှောင်မျက်လုံးကိုတင်းတင်းပိတ်လိုက်မိလေသည်။
သူ့နှလုံးကအပြင်းအထန်ခုန်နေပြီး ဧကရာဇ်က မိမိတမင်ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်လိုက်မှန်း ထိုးထွင်းသိနေသလားဟု စိတ်ပူနေမိသည်။
ဧကရာဇ်ကမူ ဤကုန်းကုန်းငယ်လေးမှာရယ်စရာကောင်းတယ်ဟုတွေးနေမိသည်။ သူ့မျက်လုံးတွေကတင်းတင်းပိတ်ထားလျက် သူ့ကိုယ်ကလည်းတောင့်တင်းနေသည်။ မသိလျှင်အပြစ်ပေးခံရမည်ကိုစောင့်နေသလိုမျိုးပင် ။နှုတ်ခမ်းထောင့်မှာအသာလေးကွေးတက်သွားရင်း ဧကရာဇ် ခေါင်းကိုမြင့်လျက် ဆေးရည်အားလုံး လင်းရှောင်ပါးစပ်ထဲရောက်အောင်ပို့လိုက်သည်။
ကုန်းကုန်းငယ်လေးက အလွန်နာခံစွာဖြင့် ဆေးရည်အားလုံးကိုမြိုချလိုက်လေသည်။
ဤကဲ့သို့နာခံသောအမူအယာက သူ့အားအလွန်ကျေနပ်စေသည်မို့ သူ လင်းရှောင်၏နှုတ်ခမ်းထံမှာခွာလိုက်ချိန်တွင် နဖူးအားအသာအယာအနမ်းပေးလိုက်သည်။
မိမိနဖူးထက်မှ နွေးထွေးစိုစွတ်သောအထိအတွေ့ကို ရလိုက်လျှင် လင်းရှောင်လည်းရင်ထဲတစ်ချက်တုန်သွားလျက် သူ့မျက်လုံးအားဖွင့်ကြည့်လိုက်သည်၊
သူ၏မျက်နှာမှာ နီရဲလျက် သူ၏အမူအယာမှာ ဆွဲဆောင်မှုလေးတစ်မျိုးနှင့် ညှို့ငင်နေခဲ့သည်။
ဧကရာဇ်၏မမျှော်လင့်ထားသော အနမ်းကြောင့်မျက်၀န်းလေးတွေကစိုစွတ်လျက် နှုတ်ခမ်းလေး ဟကာအသက်ကိုပြင်းပြင်းရှူနေပုံမှာ မိမိကိုယ်ကိုမည်မျှ မြူစွယ်နိုင်လွန်းမှန်းနားမလည်သည့်အတိုင်း။
ဧကရာဇ်၏အကြည့်တို့မှာမှောင်မဲသွားခဲ့သည်
"အရှင့်ကို ကျေးဇူးတင် အွန်း..."
သူဆုံးအောင်မပြောနိုင်ခင်မှာပင် ဧကရာဇ်ပ သူ့နှုတ်ခမ်းအားထပ်မံ နှမ်းရှိုက်လာပြန်သည်။ ဤသည်မှာပထမတစ်ခေါက်ကနူးညံ့သောအနမ်းနှင့်မတူပဲ ပြင်းရှပြီးစစ်မှန်လှသည်။
ဧကရာဇ်မှာလင်းရှောင်၏နှုတ်လမ်းအား အကြမ်းပတမ်းစုပ်ယူလျက် အတွင်းသို့လည်း လျှာဖြင့်မွှေနှောက်ကာ မသေမျိုး၏ပျားရည်လိုချိုမြိန်စွာ နမ်းရှိုက်နေခဲ့သည်။
"အွန်း အွန်း.. အ.. အရှင်.."
လင်းရှောင် နာကျင်မှုကြောင့်ရော သာယာမှုကြောင့်ပါ ညည်းညူလိုက်မိသည်။
အနမ်းမှာပြင်းထန်လွန်းပြီးသူ့အား အသက်ရှူခွင့်တောင်မပေးချေ။ လင်းရှောင်မှာ ရေနည်းငါးတစ်ကောင်လိုမျိုး ဧကရာဇ်၏ရင်ဘတ်ထဲတွင် ပျော့ခွေနေမိသည်။ ထို့နောက် အသက်ရှူမ၀တာကြောင့် အနည်းငယ်ရုန်းကန်လိုက်သည်။
လင်းရှောင်၏ရုန်းကန်မှုကိုခံစားရလျှင် ဧကရာဇ်၏အနမ်းက သူ့နှုတ်ခမ်းမှဖယ်ခွာလျက် သူ့လည်တိုင်အားတဖန်စုပ်ယူလိုက်ပြန်သည်။
လင်းရှောင်၏ သေးသွယ်သောလည်တိုင်လေးမှာ နွေးထွေးစိုစွတ်သော တစ်စုံတစ်ခု၏ လျက်ခြင်း နမ်းခြင်းကို မခံနိုင်လောက်အောင် တွန့်လိမ်ရင်း ပူလောင်လာမိသည်။
လင်းရှောင်အသက်ကိုပြင်းစွာရှူလိုက်သည်။ သူ၏အသိစိတ်မှာေ၀၀ါးလာခဲ့ပြီး သူ၏အောက်ပိုင်းမှာလည်းတောင့်တင်းလာလျှင် သတိလက်လွတ်နှင်ပိုကောင်းအောင်ပွတ်သပ်ချင်စိတ်ဖြင့် လက်ကိုလှမ်းလိုက်မိသည်။ သို့သော် သူ့လက်မှာ တစ်စုံတစ်ဦး၏ ပူနွေးကြီးမားသော တစ်နေရာကိုသာ အမှတ်မိထင်သွားထိမိလေသည်။
"ဟာ့.. "
ဧကရာဇ်၏ ရုတ်တရက်ညည်းညူလိုက်သံက လင်းရှောင်၏စိတ်အားကြည်လင်သွားစေလျက် မျက်ရည်များဖြင့်စိုနေသောမျက်လုံးများက ဝိုင်းစက်သွားခဲ့သည်။ သူ ခြေထောက်ကြားမှာထောင်မတ်နေသော အရာအား ခြေထောက်နှစ်ခုကိုပူးလျက် ဝှက်လိုက်သည်။ ထို့နောက် အလွန်စိုးထိတ်စွာ ဧကရာဇ်အား ကြည့်လိုက်မိတော့သည်။
ဧကရာဇ်က မျက်မှောင်ကြုတ်လျက်။ အလွန်ထိန်းချုပ်ထားရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။
အတော်လေးကြာပြီးသည်မှ ဧကရာဇ်ကပြန်ထလိုက်ပြံး သက်ပြင်းချလိုက်သည်။
ထို့နောက် လင်းရှောင်အားလှည့်ကြည့်လျက်...
"မင်းရဲ့ဒဏ်ရာကလည်း အချိန်ကောင်းမှရတတ်တယ်နော်"
လင်းရှောင် ဧကရာဇ်၏စကားကြောင့် တောင့်သွားမိသည်။
ဧကရာဇ်လည်း အိပ်ယာဘေးမှစားပွဲတွင်ထိုင်လျက် ရေနွေးကြမ်းများကိုသာ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့သည်။
လင်းရှောင် ခေါင်းကိုငုံ့လျက် တစ်စုံတစ်ခုပြောသင့်မပြောသင့်စဉ်းစားနေမိသည်။
ထိုစဉ်ရဲမက်ခေါင်းဆောင် ရောက်လာပြီး သတင်းလာပို့လေသည်။
"အရှင် လုပ်ကြံသူကိုဖမ်းမိပါပြီ..."
လင်းရှောင်အေးခဲသွားသည်။
လန်ဝေ့ကသိုင်းအရမ်းတော်တယ် မဟုတ်ဘူးလား။ ဘာလို့လွယ်လွယ်အဖမ်းခံရမှာလဲ။
"အပြင်မှာစောင့်ကြည့်ထား..."
ဧကရာဇ်ကဆိုလိုက်သည်၊
"သိပါပြီ..." မုန့်ရွှီကပြန်ဖြေသည်၊
ဧကရာဇ်လည်းထရပ်ကာထွက်သွားရန်ပြင်လိုက်စဉ်
လင်းရှောင်လည်း အံ့အားသင့်လျက် အော်ခေါ်လိုက်မိသည်။
"အရှင်..."
စိုးရိမ်ပူပန်မှုတွေရှိနေသော ကုန်းကုန်းငယ်လေး၏မျက်နှာကိုမြင်လျင် ဧကရာဇ်၏နှလုံးသားမှာလည်း နူးညံ့သွားလေသည်။ ကုန်းကုန်းငယ်လေးထံလျှောက်သွားလျက် ခေါင်းလေးကိုပွတ်သပ်ရင်း ဆိုလိုက်သည်။
"ကိုယ်တော်အမြန်ပြန်လာခဲ့မယ် ။ လိမ်လိမ်မာမာနဲ့ ဒီမှာပဲစောင့်နေ..."
"..." မေးခွန်းများပြည့်နှက်စွာနှင့် လင်းရှောင်မော့ကြည့်လိုက်သည်။
ဧကရာဇ်ကသူ့ကိုဘာမှမမေးတော့ဘူးလား။
သူကအခင်းဖြစ်တဲ့နေရာမှာအထင်ရှားဆုံးသက်သေပဲလေ။
လင်းရှောင်လည်းမနေနိုင်တော့ပဲ...
"အရှင် ဒီငယ်သားကို ဘာမ်ှမေးတော့ဘူးလား..."
ဧကရာဇ်ကခဏမျှတန့်သွားပြီး ပေါ့ပါးသွာဖြေလာသည်။
"မလိုအပ်ဘူး..."
လင်းရှောင်ကြောင်သွားမိသည်။
မလိုအက်ဘူးဆိုသည်မှာဘာကိုဆိုလိုတာလဲ... အရှင်ကအားလုံးကိုသိပြီးနေပြီလား...
ရုတ်တရက် ဧကရာဇ်ကလှည့်ကြည့်လာလျှင် လင်းရှောင့်သူ့မျက်လုံးထဲမှမေးခွန်းများကိုဖုံးကွယ်ရန် ခေါင်းကိုအမြန်ငုံလိုက်မိသည်။
ဧကရာဇ်ကသူ့အားစိုက်ကြည့်ရင်းဆိုလိုက်သည်။
"မင်းကိုတော့ ကိုယ်တော်တစ်ခုပဲမေးစရာရှိတယ်၊ သေချာစဉ်းစားပြီးမှဖြေ..."
လင်းရှောင်လည်းမော့ကြည့်လိုက်စဉ် ဧကရာဇ်မှာမေးခွန်းတစ်ခုကိုသာချန်ထားလျက် ထွက်သွားခဲ့သည်။
"မိုရွှီကိုဘာလို့အမြဲပစ်မှတ်ထားနေတာလဲ..."
လင်းရှောင် အိပ်ယာပေါ်တွင်အေးခဲတောင့်တင်းစွာကျန်ရစ်ခဲ့သည်။
ဧကရာဇ်က မိမိမိုရွှီအပေါ် ပစ်မှတ်ထားနေမှန်း သေချာသိပြီးဖြစ်သည်။
ဒါကိုသိပြီးပြီးဆိုလျှင် သူလုပ်သမျှကိစ္စတိုင်းရဲ့အကြောင်းပြချက်ကိုလည်း ပါးနပ်သော ဧကရာဇ်မှာ သိပြီးဖြစ်လိမ့်မည်။
သို့ဆိုလျှင် သူထိုမေးခွန်းကို မည်သို့ ရှင်းပြသင့်ပါသနည်း။
ဧကရာဇ်အမုန်းဆုံးမှာအလိမ်အညာပင်။
သို့ဆိုလျှင် မိမိမှာဆက်၍လိမ်နိုင်တော့မည်မဟုတ်။
"သူ့ကိုခေါ်သွားပြီး ကွပ်မြက်လိုက်၊ ပြီးတော့ အမတ်ကြီးနဲ့လန်ဝေ့ကိုပါခေါ်လိုက်။
အ၀င်၀မှဧကရာဇ်၏အသံကဟိန်းထွက်လာသည်။
လင်းရှောင် ဒဏ်ရာကိုဖိထားရင်း အသံလာရာကို ချောင်းကြည့်မိသည်။
ရဲမက်တစ်ဦးကဆွဲသွားသော သတိလစ်နေသည့် လူတစ်ဦးကို သူတွေ့လိုက်ရသည်။ ထိုလူ၀တ်ထားသည်မှာအပြာရောင်အ၀တ်အစားများဖြစ်သော်လည်း ထိုလူမှာလန်ဝေ့မဟုတ်ချေ။ ဤ လုပ်ကြံသူမှာ လန်ဝေ့အစားထိုးထားသူတစ်ဦးသာဖြစ်သည်။
ထို့နောက် ဧကရာဇ်နှင့်ရှောင်လိဇီက တော်၀င်စာကြည့်ဆောင်သို့ထွက်သွားသည်ကိုတွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ဧကရာဇ်ကိုယ်တိုင်လည်း
ဤလုပ်ကြံသူမှာ အစစ်မဟုတ်မှန်းသိပုံရသည်။
ထို့အပြင် ဤလုပ်ကြံသူအတုမှာလည်း လန်ဝေ့နှင့်ပါတ်သတ်နေမှန်း ရိပ်စားမိသေးသည်။
ထို့ကြောင့်ပင် အမတ်ကြီးနှင့်လန်ဝေ့အား ချက်ချင်းခေါ်စေသည်မဟုတ်ပေလော။
ဧကရာဇ်မှာသူထင်ထားသည်ထက် ပိုသိနေသည်။
လင်းရှောင်မှာ မိမိတစ်စုံတသ်ခုကို အလွန်ဂရုတစိုက်လျှို့ဝှတ်ထားသည့်တိုင် ဧကရာဇ်ကသိနှင့်နေပြီဟုခံစားနေရလေသည်။
လင်းရှောင်လည်း စိတ်ဓါတ်ကျလျက်ခေါင်းကိုငုံ့ကာ ပြန်ငြိမ်သက်သွားပြီဖြစ်သော သူ၏ညီငယ်လေးကိုကြည့်လိုက်သည်။
ဧကရာဇ်ကဒီအကြောင်းကိုတောင် သိပြီလောက်ပြီများလား။ ဟင့်အင်းမဖြစ်နိုင်ဘူး။
လင်းရှောင်ခေါင်းကိုခါယမ်းလိုက်သည်။ ဧကရာဇ်သိစရာအကြောင်းမရှိပေ။ ဧကရာဇ်မသိတာမရှိရင် ဤလျှို့ဝှက်ချက်ကတော့ချွင်းချက်ဖြစ်လိမ့်မည်။
လင်းရှောင်မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။
တော်၀င်စာကြည့်ဆောင်တွင်။
ဧကရာဇ်က တုန်ရီနေကြသော အမတ်ကြီးနှင့်သားဖြစ်သူကို အေးစက်စွာကြည့်လိုက်သည်။
အတော်ကိုကြာပြီးသည်မှ ထိုနှစ်ဦးမှာ မတ်တပ်ရပ်ခွင့်ရလေသည်။
ဧကရာဇ်မှာထိုနှစ်ဦးကိုအကြာကြီးစိုက်ကြည့်နေပြီးမှမေးလာခဲ့သည်။
"ဒီညပွဲတော်ကို အမတ်ကြီးက လန်ဝေ့ကို ဘာကြောင့်မခေါ်ခဲ့တာလဲ"
အမတ်ကြီးမှာချွေးစေးများပြန်လျက် ဖြေလာသည်။
"အရှင် ဒီငယ်သားရဲ့ သားက ဆိုဆုံးမမှုညံ့ဖျင်းတဲ့အတွက် ဧည့်သည်တွေကိုအနှောင့်အယှက်ပေးမိမှာစိုးလို့ ခေါ်မလာခဲ့တာပါ..
."
"အဲလိုလား..."
ဧကရာဇ်ကပေါ့ပါးစွာမေးရင်း ရှောင်လိဇီအားတစ်ချက်မျှကြည့်လိုက်သည်။ နားလည်သောရှောင်လိဇီက အပြာရောင်၀တ်ရုံအား လက်နှစ်ဖက်ဖြင့်သယ်လာခဲ့သည်။
ဧကရာဇ်ကတစ်ချက်မျှကြည့်လိုက်ပြီး
"လန်ဝေ့ကအပြာရောင်၀တ်ရတာ အတော်ကြိုက်တာ ကိုယ်တော် သတိထားမိပါတယ်။ ဒါကြောင့်လည်းကိုယ်တော် ဒီအ၀တ်ကိုနည်းနည်း စိတ်၀င်စားမိတယ်..."
ရှောင်လိဇီက လန်ဝေ့အား ထိုအ၀တ်ကိုကမ်းပေးလိုက်လျှင် လန်ဝေ့ကတုန်တုန်ရီရီနှင့်လက်ခံလိုက်သည်။ သူ၏အပြစ်ရှိစိတ်ကြောင့် သူ၏လက်ဖဝါးမှချွေးများမှာ ၀တ်ရုံကိုပင်စိုစွတ်စေသည်။
ထို၀တ်ရုံအားကြမ်းပြင်ပေါ်ဖြန့်လိုက်လျှင် အပြာနောက်ခံတွင် အနီစက်များကိုပါတွေ့လိုက်ရသည်။
၄င်းမှာသွေးစက်များပင်။
အတိအကျဆိုရလျှင် ဤ၀တ်ရုံမှာ သူအပြစ်ကလွတ်အောင် ချွတ်ပစ်ခဲ့ပြီး အရံနန်းဆောင်မှ အစောင့်တစ်ဦးထံတွင်ထားခဲ့ခြင်းဖြစ်သည်။
ကြောက်လန့်သွားသော လန်ဝေ့က ခေါင်းကိုမော့လျက် ဧကရာဇ်အားကြည့်လိုက်သည်။ ဧကရာဇ်၏အေးစက်သောအကြည့်များမှာ မိမိအားအရိုးထိတိုင် အေးခဲစေကြောင်းတွေ့လိုက်ရတော့သည်။ ဧကရာဇ်မှာအဖြစ်မှန်ကိုသိပြီးကြောင်း သူ သဘောပေါက်လိုက်ချေပြီ။
လန်ဝေ့ တုန်တုန်ယင်ယင်ဖြင့်ရှင်းပြရန်ကြိုးစားလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းမှာ ဘာတစ်ခုမှထွက်မလာခဲ့ပေ။
ဒါတွေအကုန်အဲဒိလင်းရှောင် မျိုးမစစ်ကောင်ကြောင့်! သူသေသွားရင်တောင် လွှတ်မပေးဘူး...
"အ.. အရှင် ဒါက..."
အမတ်ကြီးမှာလည်း ၀တ်ရုံအားမြင်လျှင် လွန်စွာကြောက်ရွံ့သွားတော့သည်။
လန်ဝေ့ နန်းတွင်းသို့ဖောက်၀င်စဉ် မတော်တဆဖြစ်ပြီး လင်းရှောင်ကိုပင်ဒဏ်ရာရစေလျက် ဧကရာဇ်အားသွားဆွမိချေပြီ။ သူကလုပ်ကြံသူကိုမိပြီးကွပ်မျက်လိုက်ပြီဟုကြားတုန်းက လွန်စွာစိတ်သက်သာရရခဲ့မိသေးသည်။ သို့သော် တစ်နာရီပင်မကြာခင်မှာ မိမိနှင့် လန်ဝေ့မှာ အခေါ်တော်သွင်းခံရမည်ဟုမထင်ထားမိခဲ့။
အခုလေးတင် အမတ်ကြီးမှာ လုပ်ကြံသူကလန်ဝေ့မှန်းမသိလောက်ဟု ထင်နေခဲ့မိသည်။ သို့သော်ယခုမူသွားချေပြီ..။
အမတ်ကြီးမှာ ကြမ်းပြင်တွင်ခေါင်းကိုအကြိမ်ကြိမ်ဆောင့်လျက် တုန်ယင်စွာတောင်းပန်လာသည်။
"အရှင် သနားညှာတာပေးတော်မူပါ။ ဒီနိမ့်ကျတဲ့ ငယ်သားဆိုဆုံးမှုညံ့ဖျင်းခဲ့လို့ သားဖြစ်သူက ဒီလိုရူးမိုက်တဲ့လုပ်ရပ်ကို မတော်တဆလုပ်မိသွားတာပါ။
ထပ်မဖြစ်စေရပါဘူး ညှာတာပေးပါအရှင်..."
"..." ဤလူနှစ်ယောက်အားကြည့်နေသော ဧကရာဇ်၏အကြည့်မှာမူအေးစက်နေခဲ့သည်။
ထို့နောက်သူကထရပ်လိုက်ကာ လန်ဝေ့ရှေ့တွင် ရပ်လိုက်ပြီး
"မင်းအတွက်ကံကောင်းတာက ဒဏ်ရာကမပြင်းထန်လို့ပေါ့။ မဟုတ်ရင်တော့ မင်းဒီမှာရှိနေခွင့်တောင်ရမှာမဟုတ်ဘူး"
လန်ဝေ့မှာနှုတ်ခမ်းကိုနာနာဖိကိုက်ရင်းခေါင်းကိုပင် မဖော်ရဲချေ။ သူ၏ခေါင်းမှာအေးစက်သော ကြမ်းပြင်တွင် လုံး၀ထိကပ်နေခဲ့သည်။
ဧကရာဇ်ကလှည့်လိုက်ပြီး သူ၏ခုံသို့ပြန်လျှောက်သွားလိုက်သည်။
"အမတ်ကြီးလည်းအိုပြီ ။ အရွယ်နဲ့မမျှဝေဒနာတွေကိုလည်းခံစားနေရရှာတယ်၊ညီလာခံမှာလည်းမကြာခဏဖျားနာတတ်တယ်။ ဒီလိုမြင်ရတာ ကိုယ်တော်စိတ်မချမ်းသာချေဘူး။ ဒါကြောင့် အမတ်ကြီးကို သူ့အိမ်တော်ဟောင်းကိုပြန်ခွင့်ပြုတယ်။ လမ်းခရီးမှာ အန္တရာယ်မကျရောက်အောင် သားဖြစ်သူက လိုက်ပို့စေ..."
အမတ်ကြီး အလွန်ထိတ်လန့်သွားတော့သည်။
ဧကရာဇ်က သူ့အားရာထူးမှဖယ်ရှားတော့မည်။
သူအလျင်အမြန်တောင်းပန်လိုက်သည်။
"အရှင် ဒီအမတ်အိုကြီးက ညီလာခံမှာလည်း နှစ်ပေါင်းများစွာလုပ်လာပြီး တိုင်းပြည်အတွက်တစ်ချိန်လုံးစိတ်နှစ်ထားခဲ့တာပါ။ အရှင်ဒီလိုလုပ်လို့မရပါဘူး။ ရှေ့ကဧကရာဇ်တုန်းကလည်း..."
"ကိုယ်တော်က အခုကောင်းကင်ဘုံရဲ့သားတော်ပဲ..."
ဧကရာဇ်ကအမတ်ကြီး၏စကားများကိုဖြတ်ပြောလိုက်သည်။ ထို့နောက်ရှောင်လိဇီကိုအမိန့်ပေးလိုက်သည်။
"ဆွဲထုတ်သွားလိုက်"
ထိုစကားများကြောင့်အမတ်ကြီး လဲပြိုကျသွားချေပြီ။
"အရှင်မင်းကြီး..."
လန်ဝေ့ နောက်ဆုံးတော့ပါးစပ်ကိုဖွင့်လျက် တွားလာကာ...
" အရှင် ဒီကိစ္စက ကျွန်တော်မျိုးတစ်ယောက်တည်းမှာပဲ အပြစ်ရှိတာပါ အဖေနဲ့ဘာမှမဆိုင်ပါဘူး။ ကျွန်တော်မျိုးကိုပဲအပြစ်ပေးပြီး အဖေ့ကိုလွှတ်ပေးဖို့တောင်းဆိုပါတယ်..."
ဧကရာဇ် အေးစက်စွာပြုံးလိုက်ပြီး
ရှောင်လိဇီနှင်လူများအား အမတ်ကြီးကိုဆွဲထုတ်သွားရန်အချက်ပြလိုက်သည်။
အမတ်ကြီး၏အရိပ်ကိုမတွေ့ရတော့မှသာ
ဧကရာဇ်က လန်ဝေ့အားကြည့်လိုက်သည်။
"နန်းတွင်းထဲကိုဖောက်၀င်ပြီး လူသတ်ဖို့ကြိုးစားတဲ့ ပြစ်မှုမျိုးက ဘာလဲ..."
လန်ဝေ့ ခေါင်းကိုငုံ့ထားလျက် တုန်ယင်စွာပြန်ဖြေလာခဲ့သည်။
"မြေးစဉ်ကိုးဆက်အထိပါ၀င်တဲ့ ကြီးမားတဲ့ပြစ်မှုပါအရှင်..."
ဧကရာဇ်ကအေးစက်စွာဆိုလာသည်။
"အမတ်ကြီးရဲ့ နှစ်ပေါင်းများစွာသတိရှိမှုကြောင့်သာမဟုတ်ရင်၊ အရင်ဧကရာဇ်ရဲ့ မင်းအပေါ်ပစားပေးမှုကြောင့်သာမဟုတ်ရင် ဟမ့်..
မင်းတို့ကိုဒီနေ့တော့ဒီတိုင်းလွှတ်မပေးနိုင်ဘူး..."
ထို့နောက်ဧကရာဇ်မှာလန်ဝေ့အားထပ်မမြင်ချင်တော့ပုံဖြင့် လက်ကိုဝေ့ယမ်း၍သာ ထွက်သွားရန်အချက်ပြလိုက်သည်။ လန်ဝေ့ ပါးစပ်ကိုဟလိုက်သော်လည်း လည်ချောင်းမှာတစ်ဆို့နေပြီး ဘာကိုမှပြောမထွက်တော့ပေ။
သူကသိပ်မိုက်မဲလွန်း၍ သူ့အဖေကိုပါ အန္တရာယ်ထဲဆွဲချမိလေပြီ။