အပိုင်း ၅၂
Viewers 53k

အခန်း52 ကမာနှလုံးသားပန်ကိတ်


“ဒီကောင်က တစ်ကယ်ပဲဦးနှောက်ပျက်နေတာလား… သူတော်စင်အဆင့်တစ်ယောက်ကိုတောင်မှ သူ့စကားကို နားမထောင်ရင် တစ်ခြားသူတွေကို ဥပမာပေဖို့ အ၀တ်တွေချွတ်ပစ်မယ်လို့ ပြောရတယ်… ဒီလိုပြောရဲတဲ့ သတ္တိတွေ ဘယ်ကများ ရလာတာပါလိမ့်…” အိမ်ရှေ့စံမင်းသားက ပုဖန်ကို သတ္တဝါဆန်းတစ်ကောင်ကဲ့သို့ ကြည့်၍ တွေးလိုက်မိသည်။


အိမ်ရှေ့စံမင်းသားက တစ်ချက်ကြည့်လိုက်ယုံနှင့်ပင် ပုဖန်၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်ပေသည်။ တတိယအဆင့်သာ ရှိသော ဆိုင်ပိုင်ရှင်တစ်ယောက်က သူတော်စင်အဆင့်တစ်ယောက်ကို ခြိမ်းခြောက်ပြောဆိုရဲသည်ကို မယုံကြည်နိုင်ပဲ ဖြစ်နေပေသည်။


အိမ်ရှေ့စံမင်းသားက လက်ပိုက်လိုက်၍ သင်ခန်းစာအပေးခံရမည့် ပုဖန်ကို စောင့်ကြည့်နေလိုက်ပြီး ရှောင်မိသားစုများကလဲ ပုဖန်ကို သနားစဖွယ် သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်၍ ဆက်လက်ဖြစ်ပျက်မည်များကို စောင့်စားနေကြသည်။ ရှောင်မန်နှင့် ရှောင်ယုတို၏ စူးရှထက်မြိသည့် အကြည့်များက ပုဖန်၏ ခန္ဒာကိုယ်ပေါ်တွင် ဝေ့၀ဲနေကြပြီး ဆိုင်အတွင်းမှ လေထုက တစ်ဖြည်းဖြည်းနှင့် အေးစက်လာခဲ့သည်။


ပုဖန်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး လက်တစ်ဖက်တွင် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်က ဝှိုက်တီ၏ ရင်ဘက်ကို ပွတ်သပ်နေလေသည်။ ဝှိုက်တီက ပုဖန်မခေါ်ရသေးမီပင် အနီးသို့ရောက်ရှိနေပြီး သူ၏ မျက်လုံးများက အနီရောင်တောက်ပနေပေသည်။ ရှောင်ယုနှင့် ရှောင်မန်တို့၏ စူးရှသော အကြည့်များက ဝှိုက်တီပေါ်သို့ ကျရောက်သွားကြပြီး ရေရွတ်လိုက်မိကြသည်။


“ဒီ…ဒီစက်ရုပ်…” ရှောင်မန်က သက်ပြင်းတစ်ချက်ကို မသိမသာချလိုက်ပြီးနောက် စားသောက်ဆိုင်အပြင်ဘက်သို့ လျောက်သွားလိုက်သည်။


“ဒီနေ့တော့ ငါက ပိုင်ရှင်ပုကို မျက်နှာသာပေးလိုက်မယ်… မင်းထွက်ခဲ့ ဒီကိစ္စကို အပြင်ဘက်မှာဖြေရှင်းကြမယ်…”


ဆုံးမခံရမည့် ပုဖန်ကို စောင်ကြည့်နေကြသည့် လူအုပ်ကြီးက မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် ကြောင်အသွားကြသည်။ ရှောင်ယုက သူ၏နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး စိန်ပြေနပြေအမူအယာနှင့် ပြန်ထိုင်လိုက်သည်။


“ဘာလို့အပြင်ထွက်ရမှာလဲ…” ရှောင်ယုက ပြောဆိုလိုက်ပြီး သူ၏ ဝိုင်အိုးကို လှမ်းယူလိုက်သည်။ ရှောင်မန်က အပြင်သို့ ထွက်သွားနေရာမှ ပြန်လှည့်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို မြောက်၍ စွမ်းအင်များကို စုစည်းလိုက်သည်။ သူ၏ စွမ်းအင်များက စုပ်ဝဲတစ်ခုကဲ့သို့ ရှောင်ယု၏ လက်အတွင်းမှ ဝိုင်ကရားကို ဆွဲယူလိုက်ရာ ဝိုင်အိုးက လေထဲမှ ရှောင်မန်၏ လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။


ရှောင်ယု၏ မျက်လုံးများက ဒေါသကြောင့် လင်းလက်လာပြီး သူ၏ ခန္ဒာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါများက ပြောင်းလဲသွားကြသည်။ ထို့နောက် သူကစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ဝိုင်ကရားကို ပြန်လည်ဆွဲယူလိုက်သည်။


“ငါပြောပြီးပြီ…. မင်းတို့ သိပ်တိုက်ချင်နေရင် အပြင်ထွက်ကြ…” သူတို့နှစ်ယောက်က နောက်တစ်ကြိမ်တိုက်ခိုက်ရန် တာစူနေသောကြောင့် ပုဖန်က ထပ်မံသတိပေးလိုက်သည်။ ရှောင်ယုနှင့် ရှောင်မန်တို့က ဒေါသတစ်ကြီးနှင့် နှာခေါင်းရှုံ့လိုက်ကြပြီး အပြင်သို့ ထွက်သွားကြသည်။


သူတို့နှစ်ယောက် အပြင်သို့ ထွက်သွားသည်နှင့် ဆိုင်အတွင်းမှ အေးစက်နေသော လေထုက ချက်ချင်းပင် သက်တောင့်သက်သာ ပြန်ဖြစ်လာခဲ့သည်။ ဆိုင်အတွင်းရှိလူများက အသက်၀၀ ရှူလိုက်မိကြသည်။ အိမ်ရှေ့စံမင်းသား ဂျိချန်းကန်က ပုဖန်ကို မျက်လုံးပြူး၍ မယုံကြည်နိုင်ဖွယ်ကြည့်နေမိသည်။ ထိုနှစ်ယောက်က သူပြောလိုက်သောကြောင့် အပြင်သို့ ထွက်၍ တိုက်ခိုက်နေကြသည်။ထိုအဖြစ်အပျက်က သူမျော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပေသည်။


“သူ…သူ့မှာဘယ်လိုနောက်ခံများရှိနေတာလဲ…” မင်းသားက မျက်မှောင်ကြုံ့၍ ကြည့်နေမိသည်။


“ဒီစကိရုပ်က အရမ်းကြောက်ဖို့ကောင်းတယ်…” ရှုရှီလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ စားသောက်ဆိုင်ငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို အိမ်ရှေ့စံမင်းသားက မသိသော်လည်း သူက ကောင်းကောင်းသိနေပေသည်။ အခြားသူများကလဲ ပုဖန်ကို သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြောင်ကြည့်နေလိုက်ကြသည်။


“မင်းတို့ကဘာကြည့်နေကြတာလဲ… ဒီနေ့အတွက်ဆိုင်ပိတ်ချိန်ရောက်ပီ… အဲတော့ကျေးဇူးပြုပြီး အပြင်ကို ထွက်ပေးကြပါ…” ပုဖန်ကို သူ့ကို အံ့အားတသင့် ကြည့်နေကြသည့် အကြည့်များကို ဂရုမစိုက်ပဲ ပြောဆိုလိုက်သည်။


“ပိုင်ရှင်ပု… ငါ…” အိမ်ရှေ့စံမင်းသားက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပုဖန်ကကြားဖြတ်၍ ပြောဆိုလိုက်သည်။


“ငါပြောပြီးသွားပြီ… ဒီဟင်းပွဲကို မရောင်းဘူး… တစ်ကယ်လို့ မင်းကဒီဟင်းပွဲကို စားချင်တယ်ဆိုရင် ပါ၀င်ပစ္စည်းတွေကို ရှာပြီး ယူလာခဲ့…” အိမ်ရှေ့စံမင်းသားက စကားဖြတ်ပြောခံလိုက်ရသောကြောင့် ဒေါသထွက်သွားသော်လည်း သူ၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် တောက်ပလာခဲ့သည်။ အကယ်၍ ပါ၀င်ပစ္စည်းများကို ရှာဖွေနိုင်လျှင်ပုဖန်က ချက်ပြုတ်ပေးရန် သဘောတူလိုက်သည်မဟုတ်ပါလား… ထို့နောက် သူ့ကဲ့သို့ မျက်၀န်းများ တောက်ပလာသည့် ဂျိချန်းရွဲ့ကို ကြည့်လိုက်မိသည်။


“ကောင်းပြီလေ… ဒါဆိုလည်း ငါသွားတော့မယ်…” အိမ်ရှေ့စံမင်းသားက ပုဖန်၏ စကားကို ကြားလိုက်ရပြီးနောက် စိတ်ကြေနပ်သွားပြီး ရှောင်ယုနှင့် ရှောင်မန်တို့၏ တိုက်ပွဲကိုကြည့်ရန် စားသောက်ဆိုင်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ အခြားသူများကလဲ… တိုက်ပွဲကို ကြည့်ရန် လက်မလွှတ်လိုသောကြောင့် ဆိုင်အတွင်းမှ အလျိုအလျိုထွက်ခွာသွားကြသည်။ ရှောင်ရှောင်လုံက အစေခံအခ်ျို့အား ရှောင်ယန်ယုကို သယ်ဆောင်လာရန်ပြောဆိုလိုက်ပြီး ဆိုင်အတွင်းမှ ထွက်ခွာလာခဲ့လိုက်သည်။


ရှောင်ယန်ယုက ဒဏ်ရာသက်သာလာပြီဖြစ်သော်လည်း အားနည်းနေပေသေးသည်။ လူများအားလုံး ထွက်ခွာသွားပြီးနောက် ဆိုင်အတွင်းတွင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည့် ကွမ်းရှောင်ယီတစ်ယောက်သာ ကျန်ရစ်ခဲ့ပေသည်။


“ စိတ်ပုပ်သူဌေး… ငါလဲသွားတော့မယ်… မနက်ဖြန်ကျမှထပ်လာတော့မယ်…” ရှောင်ယန်ယု၏ ချစ်စဖွယ်မျက်နှာပေါ်တွင် အပြုံးလေးများတွဲခိုနေပေသည်။


“စိတ်ပုပ်သူဌေးက ငါ့ကိုမလ်ိမ်ဘူးပဲ… သူကတစ်ကယ်ပဲ အမယန်ယုကို ကယ်တင်နိုင်တယ်…”


ပုဖန်က ပြန်မပြောပဲ မီးဖိုခန်းအတွင်းလျောက်၀င်သွားသောကြောင့် ကွမ်းရှောင်ယီက နောက်မှနေ၍ လျှာထုတ်ပြောင်ပြလိုက်ပြီး ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။


နှလုံးကွဲကြေဓါးဧကရာဇ် ရှောင်ယုက အင်ပါယာမြို့တော်အတွင်းတွင် ပေါ်လာခဲ့ပြီး စစ်သေနာပတိချုပ်ရှောင်နှင့် တိုက်ခိုက်နေကြသောကြောင့် ညက တိတ်ဆိတ်ငြိမ်သက်နေမည်မဟုတ်ပေ။ ထိုနှစ်ယောက်က ဝုိုင်အိုးတစ်အိုးအတွက် တိုက်ခိုက်နေကြသည်ဟု ပြောဆိုနေကြပေသည်။ သူတို့ နှစ်ယောက်က အရှေ့အရပ်မှ အနောက်အရပ်သို့တိုင် ပြေးလွှား တိုက်ခိုက်နေကြပြီး အရှေ့အရပ်သို့ တစ်ဖန်ပြန်ရောက်လာသည်အထိ တိုင်ခိုက်နေကြသည်။


သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း ဝိုင်အိုးက မပျက်မစီးပဲရှိနေပေသည်။ စစ်သေနာပတိချုပ်ရှောင်မန်၏ တိုက်ခိုက်မှုစွမ်းရည်က ပြိုင်ဘက်ကင်းသကဲ့သို့ နှလုံးကွဲကြေ ဓါးဧကရာဇ်ရှောင်ယု၏ ဓါးချက်များက လဲ ကောင်းကင်ကိုပင် ထိုးခွဲတော့မည်ကဲ့သို့ ပြင်းထန်လှပေသည်။ တိုက်ပွဲက အင်ပါယာမြို့တော်တစ်ခုလုံးကို ကြီးကြီးမားမား ဂယက်ထသွားစေပြီး တိုက်ပွဲအခြေအနေကို မည်သူကမျှ မခန့်မှန်းနိုင်ကြပေ။


မြို့တော်အတွင်း ပုန်းအောင်းနေသော ကျွမ်းကျင်သူအချို့က တိုက်ပွဲကြောင့် ပေါ်ထွက်လာကြပြီး မြို့တော်အတွင်းရှိ လမ်းများပေါ်တွင် တိုက်ပွဲများ ဖြစ်ပေါ်လာစေခဲ့သည်။ တိုက်ပွဲများမှ ထွက်ပေါ်နေသည့် စွမ်းအင်များက မီးရှုး မီးပန်းများ ဖောက်နေသကဲ့သို့ နေရာအနှံ့တွင် လင်းထိန်နေစေပေသည်။ ထိုအဖြစ်အပျက်များက ပုဖန်ကို သက်ရောက်စေနိုင်ခြင်းမရှိပေ။ သူက ဆိုင်ကို ပိတ်လိုက်ပြီးနောက် မီးဖိုခန်းအတွင်း ၀င်ရောက်လိုက်သည်နှင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ဟင်းပွဲအသစ် စမ်းသပ်ချက်ပြုတ်ရန်လောက်ပင် ဂရုစိုက်ခြင်းမရှိပေ။


“မစ်ရှင်ပြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ် လူငယ်လေး … သက်စောင့်ချက်ပြုတ်နည်းကို သင်ယူပြီး ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်လိုက်နိုင်ပြီဖြစ်လို့ သေဆုံးရတော့မဲ့ အလှတစ်ပါးကို ကယ်တင်လိုက်နိုင်ပါပြီ… ဒါကြောင့် စနစ်က ပေးမယ့်ဆုတွေကို ရရှိပါလိမ့်မယ်.. ဆုတွေကို ဖော်ပြထားပြီးပြီဖြစ်လို့ တစ်ချက်လောက် စစ်ဆေးကြည်ိ့လိုက်ပါ…” စနစ်၏ တည်ငြိမ်သောအသံက ပုဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာသောကြောင့် ပုဖန်၏ မျက်၀န်းများတွင် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။


“စနစ်မှဆု… ကမာနှလုံးသား ပန်ကိတ်.. ( ဒီဟင်းပွဲကို အပြင်ကို သယ်ဆောင်သွားနိုင်တယ်…)”


“ရတဲ့ဆုက ပန်ကိတ်လား… ဒါဆိုရင်အဆာပြေစားစရာတစ်မျိုးပေါ့…” ပုဖန်က စနစ်၏ အပြုအမူများကို ကျက်မိနေပြီဖြစ်သည်။


“သူကဒီစားစရာကို ပါဆယ်ထုတ်ခွင့်ပြုတယ်ဆိုတော့ ဒါက အဓိကဟင်းပွဲမဟုတ်လို့ပေါ့… အဓိကဟင်းပွဲတွေကို ပါဆယ်ထုတ်ယူခွင့် မရှိဘူးလို့ စည်းကမ်းသတ်မှတ်ထားတာကို ဒါဆို… ဒီဆုလေးတစ်ခုရဖို့အတွက် နေ့တစ်၀က်လောက် မနားမနေကြိုးစားလိုက်ရတာပေါ့…” ပုဖန်က သူ့ကိုယ်သူ အလွန်သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။


“ဒီကမာနှလုံးသားပန်ကိတ်က သာမာန်ထက်ထူးခြားတယ်.. ဒါကိုပြုလုပ်ဖို့အတွက် မုန့်နှစ်ရည် ခပ်ပါးပါးလှီးထားတဲ့ မုန်လာဥ …နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီ… ကြိတ်ချေထားတဲ့ ကမာသားနဲ့… တစ်ခြားပါ၀င်ပစ္စည်းတွေအများကြီးလိုအပ်တယ်… သူတို့ကို ဆီပူပူမှာအတူတကွ ရောထည့်ပြီးတော့ ခပ်ကြာကြာလေးကြော်ပေးရတယ်…”


“သူ့ရဲအရသာက ကောင်းလွန်းလို့ တစ်ခါစားဖူးတာနဲ့ ပါးစပ်ထဲမှာ အရသာက စွဲနေပြီး ထပ်ခါထပ်ခါ စားချင်လာလိမ့်မယ်…” ပုဖန်က ပန်ကိတ်ကို ကမ္ဘာမြေပေါ်တွင် ပြုလုပ်ခဲ့ဖူးခြင်းမရှိသောကြောင့် စိတ်၀င်တစားနှင့် နားထောင်နေလေသည်။


ထို့ကြောင့် ပုဖန်က မြို့တော်အတွင်းရှိ တိုက်ပွဲများကို ဂရုမစိုက်မိပဲ ဟင်းလျာအသစ်ကို စမ်းသပ်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ စနစ်မှ ပန်ကိတ်ပြုလုပ်ရန် ပါ၀င်ပစ္စည်းများကို ဗီဒိုထဲတွင် အဆင်သင့် ထည့်ထားပေပြီး ဖြစ်သည်။ ပုဖန်က အရသာရှိမည်ထင်ရသော မုန်လာဥကို ထုတ်ယူလိုက်သည်။ ထိုမုန်လာဥက ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို လေ့ကျင့်ဖြတ်တောက်ရာတွင်သုံးသည့် မုန်လာဥထက်ပင် အနည်းငယ် ပိုကြီးနေပေသည်။


မုန်လာဥကို ကိုင်လိုက်သည်နှင့် များပြားလှသည့် ဝိဥာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။ သူက မုန်လာဥကို ပုံမှန်အတိုင်းအကွင်းလေးများအဖြစ် လှီးဖြတ်လိုက်ပြီး ရှည်ရှည်ပါးပါးလေးများအဖြစ် ပြန်လှီးလိုက်ကာ ဘေးတစ်ဖက်တွင် ပုံထားလိုက်သည်။ ထို့နောက် အသားအချို့ကို ထုတ်ယူလိုက်ပြီး နုပ်နုပ်စင်းကာ ပုံထားလိုက်သည်။ ကြက်သွန်ဥများကိုလည်း စင်းလိုက်ပြီးနောက် ကမာကောင်လေးများကို ထုတ်ကာရေဖြင့် သန့်စင်လိုက်သည်။


ကမာကောင်က သာမာန်ကမာကောင်ဟုတ်မနေပေ။ စနစ်၏ ပြောကြားချက်အရ တောင်ဘက်စွန့်ပစ်နယ်မြေ၏ ပင်လယ်ကမ်းခြေဒေသတွင်သာ ရရှိနိုင်သည့် ဝိဥာဉ်စွမ်းအင် ပါ၀င်မှု မြင့်မားသော ကမာကောင်ဖြစ်ပြီး ထူးခြားကောင်းမွန်သည့် ပါ၀င်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ပုဖန်က ပါ၀င်ပစ္စည်းများကို ပြင်ဆင်လိုက်ပြီးနောက် မုန့်အနှစ်ရည် ပြုလုပ်ရန် ပြင်ဆင်ရမည်ဖြစ်သည်။


မုန့်ရည်က အလွန်ကျဲသွားလျင် ပန်ကိတ်ပြုလုပ်ရာတွင် မအောင်မြင်ပဲ အမှုန်အမွှားများသာ ဖြစ်ပေါ်လာနိုင်ပေသည်။ အလွန်ပစ်သွားမည်ဆိုလျင်လည်း မုန့်က မာသွားနိုင်ပြီး အရသာမရှိဖြစ်လာနိုင်ပေသည်။ ပုဖန်က မုန်ကြိတ်ဆုံအသေးလေးကို ထုတ်ယူလိုက်ပြီး ဆန်ကို ကြိတ်ရန် ပြင်ဆင်လိုက်လေတော့သည်။