အပိုင်း ၃၅
Viewers 12k

လင်းရှောင်မှာသူ၏လွတ်နေသောလက်ဖက်ဖြင့် ဓါးမြှောင်ကိုပြန်လုသော်လည်း နှစ်ကြိမ်လုံးရှုံးနိမ့်သွားခဲ့သည်။ သူကလန်ဝေ့အားမုန်းတီးစွာ ကြည့်လျက်
"မင်းနဲ့မဆိုင်ပါဘူး...တကယ်တော့သခင်လေးလန်ဝေ့ကသာ ဒီနေရာနဲ့ပိုပြီးမသက်ဆိုင်တဲ့သူမဟုတ်ဘူးလား..."
လင်းရှောင် အပြစ်တင်လိုက်သည်။
လန်ဝေ့၏မျက်နှာမှာအေးစက်သွားပြီး လင်းရှောင်၏လက်အားတင်းတင်းဆုပ်လိုက်မိရာ လင်းရှောင်လည်းနာကျင်မှုကြောင့် အော်သံတိုးတိုးလေးထွက်လာခဲ့သည်၊
"မင်းအခြေအနေကိုနားမလည်ဘူးလား။ မင်းကဒီသခင်လေးရဲ့လက်ခုပ်ထဲကရေပဲ..."
လင်းရှောင်ကမူလှောင်ပြောင်စွာပြုံးလျက်...
"ငါမင်းလက်ကတစ်ခါလွတ်နိုင်ရင် နောက်တစ်ခါလည်းလွတ်နိုင်တယ်။ ငါ ဧကရာဇ်ကိုအမတ်ကြီးအိမ်တော်ကိုတစ်ခါအပြစ်ပေးအောင် လုပ်နိုင်ရင် နောက်တစ်ခါလည်းလုပ်နိုင်သေးတယ်..."
"မင်း..."
လန်ဝေ့မှာလွန်စွာဒေါသထွက်မိရကား ဓါးမြောင်ဖြင့် သူ့လည်ပင်းအားထောက်ထားလိုက်သည်။
"မင်းသေချာစဉ်းစားပေါ့။ ငါကအရှင်မြတ်နိုးတဲ့သူ၊ ငါသေသွားရင် အရှင်ကဘာမှတောင်ဝေဖန်ပိုင်းခြားနေတော့မှာမဟုတ်ဘူး..."
လင်းရှောင်က အလွန်တည်ငြိမ်နေဟန်ဖြင့်ပြောလာသည်။
လန်ဝေ့လည်း သူ့ကြောင့်အမတ်ကြီးအိမ်တော် ဘယ်လိုအဆုံးသတ်သွားရသည်ကို သတိရသွားမိသည်။
သူ့ရှေ့ကလူက ဧကရာဇ်ကို သွေးထိုးလိုက်လို့။
လန်ဝေ့လင်းရှောင်အား မကျေမချမ်းစိုက်ကြည့်နေသော်လည်း ထိုအကြည့်ထဲတွင် နားလည်ရခက်သော ရှုပ်ထွေးမှုတစ်ခုလည်းပါ၀င်နေခဲ့သည်။
ထိုအကြည့်ကြောင့်ပင် လန်ဝေ့၏မျက်လုံးများမှာ နက်မှောင်နေပြီး နားလည်ရခက်ပြီး ဆန်းကြယ်သောခံစားချက်ကိုဖြစ်ပေါ်စေသည်။
လင်းရှောင်မှာ သူအမြင်မှားသည်ဟုထင်လျက် မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်မိသည်။ ဤတုံးအပြီး ဘ၀င်ရူးသောလန်ဝေ့မှာလည်း ဤကဲ့သို့အမူအယာမျိုးရှိသေးသလော။
လင်းရှောင်ကအနီးကပ်စူးစမ်းကြည့်ရန်ပြင်လိုက်သော်လည်း သူ့လက်ကိုလွှတ်လိုက်ပြီး တဖက်သို့လှည့်သွားတော့သည်။
ထို့နောက်လန့်ဝေ့က ဟမ့်ခနဲ့အသံပြုလျက်
"မင်းတောင် သိနေတာပဲ"
သူကဓါးမြှောင်အားတစ်ချက်ခန့်မြှောက်လျက် သူ့ထံပစ်ပေးလာသည်။
"မင်းမပြောရင်တောင် ဒီသခင်လေးကတွေးနိုင်တယ်။ မင်းမိုရွှီကိုသတ်ဖို့လာတာမလား..."
အေးစက်သောအလင်းရောင်နှင့်ဓါးမြှောင်မှာ သူ့ထံပျံသန်းလာလေရာ လင်းရှောင်မှာ ခုန်ထမတက် ကြောက်လန့်သွားသည်။ ဓါးကသူ့ကိုဒဏ်ရာမရစေမှန်းသေချာမှ လင်းရှောင်လည်းဓါးမြှောင်အား လက်ထဲတင်းတင်းဆုပ်ထားလိုက်သည်။
လန်ဝေ့ကသူ့အားလှောင်လိုက်သည်။
"မင်းကဓါးမြှောင်တောင်သေချာမကိုင်တတ်ပဲ တစ်ယောက်ယောက်ကိုသတ်ချင်သေးတယ်..."
အလှောင်ခံရသည်မို့ လင်းရှောင် လန်ဝေ့အား မုန်းတီးစွာကြည့်လျက် ပြောလိုက်သည်။
"သခင်လေးလန်ဝေ့၀င်မပါသရွေ့ ဒီဓါးမြှောင်လေးနဲ့ ကိုယ့်ဘာသာကိစ္စရှင်းနိုင်တုန်းပဲ..."
လင်ဝေ့ကသူ့အားထွေငေါ့လျက်
"ဒီသခင်လေးကမင်းကိုသေချာတွေးဖို့အကြံပေးမယ်။ အရှင်ကသူ့နောက်မှာလှုပ်ရှားတဲ့သူတွေကိုအမုန်းဆုံးပဲ..."
လင်းရှောင်မျက်နှာမှာထူးဆန်းသွားခဲ့သည်။
လန်ဝေ့ကသူ့အတွက်ပြောပေးနေတာလား။
မဖြစ်နိုင်တာ။
သူနဲ့လန်ဝေ့ကြားကအမုန်းတရားကဒီလောက်ကြီးတာ လန်ဝေ့ကသူ့အတွက်တွေးပေးဖို့ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လန်ဝေ့၏ရည်ရွယ်ချက်မှာ မိုရွှီကို အန္တရာယ်မပြုစေရုံသာဖြစ်လိမ့်မည်။
ဒီလိုတွေဖြစ်နေတာတောင် မိုရွှီအတွက်တွေးပေးနေသေးတယ်။
သူသည်းမခံနိုင်တော့ပဲ..
"မင်းရဲ့အချစ်တော်မိန်းမက တခြားတစ်ယောက်နဲ့ဖက်နေပြီ ဒါတောင် သခင်လေးလန်ဝေ့ကသူ့ကို ကာကွယ်ပေးချင်နေသေးတယ်နော်၊ သခင်လေးရဲ့အရမ်းကကိုယ်ကျိုးမဲ့ပြီး ကြီးကျယ်တာလား၊ နှလုံးသားကပဲကြီးလို့လား ပြောရခက်လိုက်တာ"
ဒါကိုကြားလျှင် လန်ဝေ့မှာ လင်းရှောင်အား စူးရှစွာကြည့်လိုက်သည်။
လင်းရှောင်ကမူဆက်ပြောနေဆဲ။
"သြော် ဟုတ်သားပဲ ၊ မိုရွှီကအစကတည်းကမင်းကို တကယ်မှမကြိုက်တာ၊ သခင်လေးလန်ဝေ့ကသာ သူ့အတွက် အခက်အခဲအကုန်ရင်ဆိုင်ဖို့အသင့် ဖြစ်နေတာလေ။ ကျွတ်..ကျွတ်.. ကြီးကျယ်တဲ့ အမတ်ချုပ်ကြီးရဲ့သားကဒီလိုအသုံးချခံရတယ်လို့... "
"မင်းဘာသိလို့လဲ..."
လန်ဝေ့က လင်းရှောင်အား နံရံတွင်ညှပ်ကာပိတ်ထားရင်းအော်လိုက်သည်။
"သူကငါ့ကိုကယ်ခဲ့တယ်လို့ ငါယုံကြည်နေခဲ့တာကွ..."
ပြောပြီးသည်နှင့် လန်ဝေ့မှာတိတ်ဆိတ်သွားလျက် လင်းရှောင်ကို မပြောမပြတတ်သော အကြည့်မျိုးနှင့်ကြည့်လာပြန်သည်။
လင်းရှောင် သူ့လည်ပင်းအားထိုးဖောက်ခါနီးဓါးမြှောင်အား ထိတ်လန့်စွာကြည့်နေခဲ့သည်။
လင်းရှောင်၏သေးငယ်သောအပြုအမူလေးများကိုမြင်လျှင် လန်ဝေ့၏ဒေါသမှာပြေသွားလျက် စိတ်လည်းပြန်ငြိမ်သွားခဲ့သည်။ သူကရယ်စရာကောင်းတယ်လို့တောင်ခံစားမိသည်။ ဤလူမှာသေခြင်းကိုအမှန်တကယ်ကြောက်ရွံ့သည်ပဲ။ သို့ဆိုလျှင် ထိုစဉ်က အဘယ်ကြောင့် အသက်ကိုမမှုပဲ..
လန်ဝေ့ တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် နှုတ်ခမ်းအားတင်းတင်းစေ့လျက် စိတ်အခြေအနေမှာပြန်လည်ကျဆင်းသွားပြန်သည်။ ထိုနောက်လူတစ်ယောက်မှာ သူ့အာရုံထဲတွင်ပေါ်လာခဲ့သည်။ ထိုလူမှာ သူ့အားအမှန်တရားကိုသိရှိစေသူဖြစ်ပြီး ဒဏ်ရာအနာတရများပေးခဲ့သူလည်းဖြစ်သည်။
......
"လန်ဝေ့ငါနင့်အပေါ်ဘာလို့ကောင်းပေးနေတာလဲ နင်သိလား... ဘာလို့လဲဆိုနင်ကအမတ်ချုပ်ကြီးရဲ့
သားမို့လို့ ငါ့ကိုနန်းတွင်းကိုရောက်အောင် ပို့ပေးနိုင်မှာမို့လို့ပဲ..."
သူ၏မှတ်ဥာဏ်ထဲတွင် မိုရွှီ၏ ရှုံ့မဲ့တွန့်လိမ်နေသော မျက်နှာကိုမြင်ယောင်လျက် လက်သီးကိုတင်းတင်းဆုပ်မိလေသည်။
လွန်ခဲ့သောနှစ်ရက်ခန့်က လန်ဝေ့မှာ မြို့တော်မှ ထွက်သွားရတော့မည်မို့ မိုရွှီကိုလက်မလွှတ်ချင်ပဲ သူနှင့်အတူလိုက်ပါစေချင်ခဲ့သည်။ သို့သော် ဤကဲ့သို့အဖြေမျိုးပြန်ရမည်လို့တော့မထင်ထားမိခဲ့
"ဒါပေမယ့် အခုနင့်မှာအခုဘာရှိလဲ ။ နင်ကသာမာန် အရပ်သားဖြစ်သွားပြီ။ ပြီးတော့ မြို့တော်ကလည်းနှင်ခံလိုက်ရပြီ။ ဒီလိုပုံစံနဲ့ နင်ကငါ့ကိုခေါ်သွားမယ်ဟုတ်လား။ နင့်မှာဘာအစွမ်းအစရှိလို့လဲ...ငါကရောဘာလို့နင်နဲ့လိုက်ရမှာလဲ၊ နင်ငါ့ကိုဘာပေးနိုင်လဲ၊ ငါကအမြင့်ဆုံးနေရာမှာနေပြီး အချမ်းသာဆုံးဖြစ်ချင်တာ၊ လူတစ်သောင်းလောက်ကနင့်ခေါင်းပေါ်မှာရှိတယ်၊ နင်ငါ့ကိုဘာပေးနိုင်လဲ ပြောလေ..."
မိုရွှီ၏လှပသောမျက်နှာမှာလွန်စွာအကျဉ်းတန်နေခဲ့သည်။ လန်ဝေ့မှာ ကိုယ့်နားကိုပင် မယုံနိုင်ခဲ့ ။
ဤသည်မှာသူချစ်ရသောအမျိုးသမီး သူအသက်ကိုပင်မငဲ့ပဲ ကူညီပေးခဲ့ရသည်အထိ မစွန့်လွှတ်ရက်သော အမျိုးသမီးဖြစ်သည်။
"ရွှီရွှီမင်းဘာတွေပြောနေတာလဲ..."
လန်ဝေ့မှာထိုစဉ်ကအသံများလည်းတုန်ယင်နေခဲ့သည်။
တုန်ယင်လွန်း၍ စကားပင်ကောင်းစွာထွက်မလာသည်အထိ
"ငါကအမတ်ကြီးရဲ့သားမို့လို့ ငါ့ကိုချဉ်းကပ်ခဲ့တာ ဟုတ်လား...မဖြစ်နိုင်တာ..."
"ငါတို့စတွေ့တုန်းက ငါ့ဘ၀မှန်ကိုတောင်မသိပဲ မင်းငါ့ကိုကယ်ပေး စောင့်ရှောက်ပေးခဲ့တာလေ။ မင်းကအဲလိုလူမျိုးလေ မဖြစ်နိုင်တာ"
မိုရွှီကမူသူ့အားဖြတ်ပြောလာခဲ့သည်။
"နင်ကအဲဒါလည်းယုံတာပဲလား...နင်နိုးနိုးပထမဆုံးမြင်တဲ့သူက ငါဖြစ်နေရုံပဲ၊ ငါကနင့်ကိုကယ်ခဲ့တယ်ဟုတ်လား။ အဲတုန်းက နင်ကကြည့်ကောင်းတယ်ထင်လို့ ငါလိမ်ပြောခဲ့တာ။ နင်မေ့နေမယ်ထင်လို့ ငါသတိပေးလိုက်မယ် ၊အဲတုန်းက အဲဒီနေရာမှာရှိတာ ငါရယ်နင်ရယ်တင်မဟုတ်ဘူး..လင်းရှောင်လည်းရှိနေခဲ့တယ်.."
မိုရွှီ၏စကားလုံးများကြောင့် လန်ဝေ့နိုးထလာခဲ့ရသည်။
သို့သော်သု့မျက်နှာမှာ အံ့အားသင့်နေမိဆဲ။
ထိုစဉ်က သူမြို့ပြင်သို့အပျော်ရှာရန်သွားခဲ့သည်။
ထို့နောက်သူသတိမမူမိ၍မြင်းပေါ်မှပြုတ်ကျကာ ဒဏ်ရာပြင်းစွာရခဲ့လေသည်။ သူ့အားမိုရွှီမှကယ်တင်ခဲ့သည်ဟုသူအမြဲယုံကြည်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူနိုးလာသည့်အချိန်ပထမဆုံးမြင်လိုက်ရသူမှာမ်ိုရွှီဖြစ်နေ၍ပင်။
သို့သော် သူ့အားသယ်လာပေးခဲ့ပြီး မီးမွှေးပေးခဲ့သူ အစားအစာတချို့ရှာဖွေပေးခဲ့သူမှာလင်းရှောင်ဖြစ်ကြောင်းသူမေ့နေခဲ့သည်။
"လင်းရှောင် ဟုတ်လား ဒါပေမယ့် သူငါ့ကိုဘာမှမပြောဘူးလေ..."
လန်ဝေ့၏နှုတ်ခမ်းတို့မှာ တုန်ရီလျက် မယုံနိုင်ဖြစ်နေခဲ့သည်။
"သူကငါ့ပြောတာပဲနားထောင်တာ၊ သူနင့်ကိုကယ်ခဲ့မှန်းထုတ်မပြောတာ ပုံမှန်ပဲ..."
မိုရွှီကမော်ကြွားစွာဖြေလိုက်သည်။
"သြော်ဟုတ်သားပဲ ငါနင့်ကိုတစ်ခုပြောလိုက်ဦးမယ်၊ နင်အမတ်ကြီးအိမ်တော်ကိုပြန်ရောက်သွားတော့ လည်း နင်ငါ့ကိုမြင်တဲ့ပုံစံကအကုန် ဟန်ဆောင်ထားတာ၊ လင်းရှောင်က နင်ကညင်သာတဲ့မိန်းကလေးမျိုးကိုကြိုက်တယ်လို့ပြောလို့လေ၊ အဲဒါကြောင့် ငါနင့်ကိုပြောခဲ့သမျှတွေအကုန် အလိမ်အညာတွေချည်းပဲ
နင့်ကိုအသုံးချချင်လို့ သိပြီလား..."
လန်ဝေ့မှာ မယုံကြည်နိုင်စွာခြေနှစ်လှမ်းဆုတ်လိုက်မိသည်။ မခံမရပ်နိုင် ဖြစ်မှုများပြည့်လျှံလာလျက် သွေးတစ်လုပ်အန်လိုက်မိလေသည်။
"ဟဟ, စိတ်၀င်စားစရာပဲ..."
ထိုစဉ်မှာပင် အမှောင်ထဲမှ တစ်စုံတစ်ယောက်ကပေါ်လာခဲ့သည်။ ထိုလူမှာ အဖြူ၀တ်ရုံနှင့်ရွှေသီးလေးများကို၀တ်ဆင်ထားသည်ကိုတွေ့ရလျှင်
လန်ဝေ့မှာ ထိတ်လန့်သွားတော့သည်။
"ဖူယွီကျွင်း.. မင်းကဘယ်လိုလုပ်ပြီးဒီမှာ.."
"ဒါဆို မြိုတော်ကနှင်ခံထားရတဲ့ သခင်လေး လန်ဝေ့ကရော ဒီမှာဘယ်လိုလုပ်ရှိနေပါလိမ့်..."
လန်ဝေ့၏အမူအယာအားမြင်လျှင် ဖူယွီကျွင်းမှာ ရယ်မောလျက် ခေါင်းခါလိုက်တော့သည်။
" မူဧကရာဇ်အတွက်တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုတာ၀န်မသိတတ်တဲ့ အမတ်ကြီးနဲ့ ပြသနာရှာတဲ့ သူ့ရဲ့သားမျိူးရှိနေလို့လေ..."
"မင်း..."
လန်ဝေ့ပြန်လည်ချေပချင်သော်လည်း ချေပစရာစကားလုံးကိုမူရှာမတွေ့ခဲ့ချေ။ ဖူယွီကျွင်းမှန်သည်။ သူကပြသာနာသာအမြဲရှာနေသော သူမျိုးပင်။
လန်ဝေ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ဖူယွီကျွင်းက မိုရွှီထံအယာအယာလျှောက်သွားကာ ခါးကိုပွေ့ဖက်လိုက်သည်အား ကြည့်နေမိသည်။
လန်ဝေ့မှာ ယခုမှမအခြေအနေကိုရိပ်စားမိသွားသည်။
"မင်း.. မင်းတို့နှစ်ယောက်.."
"မင်းမြင်တဲ့အတိုင်းပဲလေ "
ဖူယွီကျွင်းကပြုံးလျက်ဆိုသည်။ ဖူယွီကျွင်းမှာမိုရွှီအားဖက်ထားလျက်ပင်
"မကြာခင်မှာ ငါသူ့ကိုခေါ်သွားဖို့ မူအင်ပါယာကိုတောင်းဆိုတော့မှာ အဲဒါကြောင့် မင်းသူမကိုခေါ်သွားဖို့စဉ်းစားနေတာကိုလက်လျှော့လိုက်တော့..."
"ဟုတ်တယ် ဟုတ်တယ်၊ ငါအခုအဆင်ပြေနေပြီ၊ နင်ထွက်သွားလိုက်တော့၊ အမြန်သာထွက်သွား၊ စိတ်ရှုပ်ဖို့ကောင်းတယ်..."
၄င်းမှာ သူ့မှတ်ဥာဏ်ထဲမှ မိုရွှီသူ့ကိုပြောခဲ့သော နောက်ဆုံးစကားပင်ဖြစ်လေသည်။
.....
လန်ဝေ့အံကိုကြိတ်လိုက်ပြီး ခေါင်းကိုခါလျက် မကောင်းသောမှတ်ဥာဏ်ကိုမေ့ဖျောက်ဖို့ကြိုးစားလိုက်သည်။ ဤနှစ်ရက်အတွင်း၌ သူနန်းတွင်းမှထွက်မသွားနိုင်ခဲ့ပေ။ သူကအအေးနန်းဆောင်အနီးတွင် တိတ်တိတ်လေးပုန်းကွယ်နေလျက် မိုရွှီအားစောင့်ကြည့်နေပြီးသည့်နောက် အားလုံးကိုနားလည်သွားချေပြီ။
တုံးအခဲ့လေခြင်း ။
လန်ဝေ့ကမျက်လုံးကိုတင်းတင်းစေ့မှိတ်ထားရာကနေပြန်ဖွင့်လိုက်သည်။ သူ့ရှေ့မှလင်းရှောင်အား ဓါးနှင့်ဖိထားမိကာ လင်းရှောင်မှာလည်းတုန်လှုပ်နေသည်ကိုမြင်သော် သူအမြန်လွှတ်လိုက်သည်။
ထက်ရှသောဓါးမှာ သူနှင့်ဝေးကွာသွားပါမှ လင်းရှောင်လည်း အသက်ကိုပြင်းပြင်းရှူမိတော့သည်။
သူဒီလောက်တောင်ရန်စထားတာကို လန်ဝေ့က သူ့ကိုလွယ်လွှတ်ပေးတယ်ပေါ့။
လင်းရှောင်ယခုတော့သေချာသွားချေ့ပြီ လန်ဝေ့မှာ သူ့အားသည်းခံနေတာပင်။ သို့သော် အဘယ်ကြောင့်နည်း။
လန်ဝေ့မှာ ဓါးမြှောင်အား ဓါးအိမ်ထဲပြန်ထည့်လိုက်ပြီး လင်းရှောင်ရှေ့၌ပင် အထီးကျန်စွာရပ်လာသည်။
လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။ ဤလန်ဝေ့မှာတစ်ခုခုထူးခြားနေသည်ပင်။
"ရူးရူးမိုက်မိုက်တွေမလုပ်နဲ့။ ဧကရာဇ်ကသူ့အပေါ်လိမ်ညာတဲ့သူတွေကိုသည်းခံမှာမဟုတ်ဘူး။အဲဒီလူကသူ့စိတ်ထဲမှာဘယ်လောက်အရေးပါပါပေါ့။ အမတ်အိမ်တော်ကိုဥပမာကြည့်..."
"..."ဤစိတ်ရင်းနှင့်ပူပန်ပေးနေသော လန်ဝေ့အား လင်းရှောင်ဘယ်လိုရင်ဆိုင်ရမလဲမသိတော့ချေ။
"ညီလာခံမှာ အမတ်ချုပ်ကြီးကလွဲရင် နေရာချထားရေး၀န်ကြီးက ပါဝါအရှိဆုံးပဲ။ အရာရှိတော်တော်များများကသူ့လက်အောက်ခံတွေ ။ အရင်ကတော့အမတ်ကြီးအိမ်တော်က ဒီအားပြိုင်မှုကိုထိန်းထားနိုင်တယ်။ အမတ်ကြီးအိမ်တော်မရှိတော့ရင် နေရာချထားရေး၀န်ကြီးက လက်တံပိုရှည်လာလိမ့်မယ်..."
ပြောပြီးသည်နှင့် လန်ဝေ့ရပ်တန့်သွားသည်။
လင်းရှောင်လည်းချက်ချင်းနားလည်လိုက်သည်။ ညီလာခံတွင် အားပြိုင်မှုကို ညီမျှအောင် ထိန်းပေးနေခဲ့သည့် အမတ်ကြီးအိမ်တော်မှာ မရှိတော့။ ညီလာခံမှာ မမျှမတဖြစ်လာတော့မည်။ အမတ်ကြီးအားဖြုတ်ပစ်လိုက်ခြင်းမှာကောင်းသောရွေးချယ်မှုမဟုတ်မှန်း ဧကရာဇ်ကကောင်းကောင်းသိခဲ့သည်။ ထို့ကြောင့်သာ ဧကရာဇ်မှာအမတ်ကြီးအိမ်တော်ကို ကာကွယ်ပေးနေသည်ဟု လင်းရှောင်ခံစားခဲ့ရခြင်းပင်။
ဧကရာဇ်ကဒါတွေကို တချိန်လုံးသိနေခဲ့တာလား။
သို့သော်လည်းအခြေအနေကသည်လိုဆိုလျှင်တောင်
လန်ဝေ့နှင့်အမတ်ကြီးတို့၏ အထပ်ထပ်အခါခါလိမ်ညာလှည့်ဖျားမှုများကြောင့်သာမဟုတ်ခဲ့လျှင်...
လန်ဝေ့မှာမိမိကိုယ်ကိုလှောင်ရယ်လိုက်သည်။
"အမတ်ကြီးအိမ်တော်ရဲ့အဆုံးသတ်ကိုလည်း မင်းမြင်ပြီးပြီ။ မင်းဒီလိုဆက်လုပ်နေမယ်ဆိုရင်
မင်းရဲ့အဆုံးသတ်လည်း အမတ်ကြီးအိမ်တော်ထက်တော့ ပိုကောင်းမှာမဟုတ်ဘူး..."
လင်းရှောင် ရင်ထဲမှပင်ထူးဆန်းသွာခံစားနေရသည်။
အရင်တုန်းကလန်ဝေ့သာဆိုလျှင် ဤစကားများကိုပြောလိမ့်မည်လော။ အရင်တုန်းကလန်ဝေ့သာဆိုလျှင် အခြေအနေအားဤမျှသဘောပေါက်နားလည်မည်လော။ အရေးအကြီးဆုံးအချက်မှာ အရင်တုန်းကလန်ဝေ့သာဆိုလျှင် မိမိကောင်းကျိုးအတွက် ဤမျှစိတ်ရှည်လက်ရှည်ပြောပြနေမည်လော။
လင်းရှောင်အလွန်သံသယ၀င်မိသည်။သိူ့သော်ထုတ်ဖော်မပြပေ။ လန်ဝေ့မှာထိုမိန်းမ၏မျက်နှာကိုမြင်ယောင်လျှင် ဓါးကိုတင်းတင်းဆုပ်လျက်ပြောလာသည်။
"မိုရွှီကအနှေးနဲ့အမြန် သူစိုက်တာသူပြန်ရိတ်သိမ်းရမှာပါ။ ဧကရာဇ်ကအားလုံးကိုရှင်းရှင်းလင်းလင်းသိတာမို့ လုပ်သင့်လုပ်ထိုက်တာကို ဆုံးဖြတ်ချက်ချလိမ့်မယ်။မင်းကိုယ်တိုင် ဒီလိုတွေလုပ်နေဖို့မလိုပါဘူး..."
ပြောနေရင်းပင် လန်ဝေ့မှာလင်းရှောင်အားဓါးပြန်ကမ်းပေးရန်ပြင်လိုက်စဉ် လင်းရှောင်၏လက်ကောက်၀တ်မှထွက်ကျနေသော စာခေါက်တစ်ခုကို မြင်လိုက်ရသည်။ လန်ဝေ့လည်းမျက်မှောင်ကျုံ့လျက် သံသယများဖြင့် ထိုစာအားအလင်းအလျင်ဖြင့်ဆွဲယုလိုက်တော့သည်။
လင်းရှောင်မှာ ဘာဖြစ်သွားမှန်းမသိလိုက်ချေ။
သူပြင်ဆင်ထားသော စာမှာတပါးသူလက်ထဲရောက်သွားချေပြီ။
ထိတ်လန့်သွားခြင်းနှင့်အတူ လင်းရှောင်အမြန်ပြန်လုရန်ကြိုးစားလိုက်သည်။ သို့သော် လန်ဝေ့မှာ သူ့အား လက်တစ်ဖက်နှင့်ပင် နံရံတွင်ဖိကာထိန်းထားလိုက်ပြီး နောက်ဖက်ဖြင့်စာကိုဖွင့်ကာဖတ်လိုက်သည်၊
စာကိုဖတ်ပြီးနောက်တွင် လန်ဝေ့မျက်နှာမှာမဲမှောင်သွားချေတော့သည်။