အပိုင်း ၈၀
Viewers 61k

အခန်း ၈၀ “ငါ့လို ခွေးနတ်ဘုရားကို ဘယ်သူက ပန်းပွားအပ်နဲ့ ပစ်တာလဲ:


မြေပြင်ပေါ်မှ သတ်ဖြတ်ခြင်းမှော်အစီအရင်၏ အနက်ရောက်စွမ်းအင်များက ပတ်၀န်းကျင်တစ်ခွင်ကို မြူမှုန်နက်များကဲ့သို့ လွှမ်းခြုံသွားရာ လမ်းကြားလေးတစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။ ဘုရင်အဆင့် ငါးယောက်၏ အမူအယာများက လေးနက်တည်ကြည်သွားပြီး ရှုရှီကို ၀န်းရံထားလိုက်လေသည်။ သူတို့၏ တာ၀န်က သက်စောင့်ဟင်းပွဲကို ကာကွယ်ရန် ဖြစ်သောကြောင့် ဟင်းပွဲကို သယ်ဆောင်ထားသည့် ရှုရှီကို ဂရုစိုက်ရန် လိုအပ်ပေသည်။


“ငရဲဝိဥာဉ်စုတ်ဖြဲခြင်းလို ဝိဥာဉ်တစ္ဆေဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းမှော်အစီအရင်က ဒီနေရာမှာ ဘယ်လိုဖြစ်လို့ ပေါ်လာတာလဲ…: ရှုရှီက ထိတ်လန့်စွာတွေးလိုက်မိပြီး ရှေ့သို့ လှမ်းကြည့်လိုက်မိသည်။ ထိုအချိန်တွင် အနက်ရောင်၀တ် လူတစ်စုက မှော်အစီအရင်အတွင်းတွင် ရုတ်တရက် ပေါ်လာခဲ့သည်။


“မင်းတို့ ဝိဥာဉ်တစ္ဆေဂိုဏ်းက လူတွေမဟုတ်လား… သက်စောင့်ဟင်းပွဲကို ဖျက်စီးဖို့ရောက်လာတာ ဆိုပါတော့…” ရှရှီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။


“မြန်မြန်လုပ်ကြ… မင်းတို့ရဲ့ အသက်ကို မဆုံးရှုံးချင်ရင် သေသေချာချာလုပ်ကြ… ဘယ်လိုသဲလွန်စမှ ကျန်ခဲ့လို့ မရဘူးဆိုတာ သတိထားကြ…” 


ကျောက်တုံးများကွဲအက်သံကဲ့သို့ ခပ်အက်အက်အသံက ထွက်ပေါ်လာပြီး အနက်ရောက်၀တ်စုံနှင့် လူများက မှော်အစီအရင်၏ ထောင့်များထံသို့ လျင်မြန်စွာ ရွေ့လျားသွားကြသည်။ ဟွန်းချွမ်ယွမ်ကလည်း အမှောင်ထုအတွင်းမှ တဖြည်းဖြည်းချင်း လမ်းလျောက်ထွက်လာခဲ့သည်။ 


ထိုအချိန်တွင် ရှုရှီက လုံး၀ပင် စိတ်ပျက်လက်ပျက် ဖြစ်နေပြီဖြစ်သည်။ သူက သတိထား၍ လုပ်ဆောင်ခဲ့သော်လည်း ဘုရင်ခံယု၏ ထောင်ခြောက်အတွင်း ကျရောက်ခဲ့ရသည်။ ဘုရင်ခံယုက စွပ်ပြုတ်ကို ဖျက်စီးရန် ကျွမ်းကျင်သူအချို့သာ စေလွတ်လိုက်မည်ဟု ယူဆထားခဲ့သော်လည်း ဘုရင်ခံယုက ဝိဥာဉ်တစ္ဆေဂိုဏ်းနှင့် ပူးပေါင်းရသည်အထိ ရူးသွပ်နေလိမ့်မည်ဟု တွေးထင်နေမိခြင်းမရှိပေ။


ထိုဂိုဏ်းများကို အင်ပါယာရုံးတော်က နှစ်ပေါင်းများစွာ တိုက်ခိုက်နှိမ်နင်းခဲ့သာလဲ သူတို့၏ ဆန်းကျယ်သော နည်းလမ်းများနှင့် မြောက်များလှစွာသော လျို့ဝှက်ချက်များကြောင့် ပြိုကွဲပျက်စီးသွားခြင်းမရှိပေ။ ဂိုဏ်းများ၏ အင်အားက သေးသေးကွေးကွေး မဟုတ်ကြောင်းကိုအင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူတိုင်းက သိရှိကြပေသည်။ ဝိဥာဉ်တစ္ဆေဂိုဏ်းမှ သတ်ဖြတ်ခြင်းအစီအရင်ဖြစ်သော သတ်ဖြတ်ခြင်းမှော်အစီအရင်ကို မြို့တော်ထဲတွင် အသုံးပြုရဲပေသည်။


“ဘုရင်ခံယုက ဂိုဏ်းတွေနဲ့တောင် ပူးပေါင်းရဲတယ်ပေါ့… ဒီအကြောင်းကို အင်ပါယာမင်းမြတ် ရှာဖွေတွေ့ရှိသွားမှာကို မကြောက်ဘူးလား….” ရှုရှီက အံကြိတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ 


ဟွန်းချွမ်ယွမ်က အံ့အားသင့်သွားဟန် ပြုလုပ်လိုက်ပြီး ရှုရှီ၏ အနီးသို့ တိုးကပ်လာကာ ကျယ်လောင်စွာရယ်မောလိုက်သည်။


“ဟားဟားဟား… အင်ပါယာမင်းမြတ်က ဒီအကြောင်းကိုဘယ်လိုလုပ်ပြီး ရှာတွေ့သွားမှာလဲ… ဒီနေရာမှာ မင်းတို့အားလုံးကို သတ်လိုက်ရင် ဘယ်သူမှမသိတော့ဘူး… လူသေတွေက စကားမပြောနိုင်ဘူးလေ…” 


ရှုရှီက ပြန်ပြောရန် ပြင်ဆင်လိုက်ချိန်တွင် ထိုသူများက သူတို့၏ ရှင်သန်ရေးအတွက် ရှုရှီတို့ အားလုံးကို သတ်ဖြတ်ရန် ပြင်ဆင်ပြီးဖြစ်သောကြောင့် အလျင်အမြန် လှုပ်ရှားလာကြပြီး မှော်အစီအရင်မှ မြူခိုးနက်များနှင့် စတင်တိုက်ခိုက်လာကြသည်။ ကြီးမားသော လက်သီးသဏ္ဍာန် အနက်ရောင်စွမ်းအင်များက ရှုရှီထံသို့ တည့်တည့်ကြီး တိုး၀င်လာလေသည်။ ထိုစွမ်းအင်များ၏ အရှိန်အဝါများက တည်ငြိမ်ခြင်းမရှိသော်လည်း ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေပေသည်။


“အဲဒါကိုတားထားကြ…” ရှုရှီက အော်ဟစ်ပြောဆိုလိုက်သည်။


ဘုရင်အဆင့်တစ်ယောက်က သူ၏ ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်များကို အပြည့်အ၀ ထုတ်ဖော်လိုက်ပြီး တိုက်ခိုက်လာသည့် စွမ်းအင်များကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ ဘုရင်အဆင့်တစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုက အနက်ရောင်စွမ်းအင် လက်သီးပေါ်တွင် အကျိုးသက်ရောက်မှုမရှိသည်ကို တွေ့မြင်လိုက်ကြရသည်။


ဘန်း.. 


အလွန်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်သည့် ဘုရင်အဆင့် တပ်သားက မြေပြင်ပေါ်သို့ လက်သီးဖြင့် ထုချေလိုက်ခြင်း ခံလိုက်ရပေသည်။ ထိုတပ်သား၏ အနီးပတ်၀န်းကျင်ရှိ မြေပြင်များပင် အက်ကြောင်များ ထလာလေသည်။ သူ၏ ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်အငွေ့အသက်များက ပျောက်ဆုံးသွားပြီး လက်သီးတစ်ချက်နှင့်ပင် သေဆုံးသွားလေတော့သည်။


ရှုရှီ၏ တစ်ကိုယ်လုံးက အေးစက်တောင့်ခဲသွားခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်းမှော်အစီအရင်၏ အကျိုးသက်ရောက်မှုက ထိုမျှ ပြင်းထန်လိမ့်မည်ဟု စဉ်းစားထားခြင်းမရှိပေ။ ဟွန်းချွမ်ယွမ်က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး ရှုရှီတို့လူစုထံသို့ လက်ညိုးညွှန်၍ ပြောဆိုလိုက်သည်။


“သူတို့အားလုံးသေရမယ်….”


အိမ်ရှေ့စံမင်းသားက နန်းဆောင်အတွင်းတွင် မျက်လုံးမှိတ်၍ ထိုင်နေလေသည်။ သူက စိတ်တည်ငြိမ်စေရန် ကြိုးစားနေသော်လည်း တခဏအကြာတွင် မျက်လုံးများကို ဖွင့်၍ သက်ပြင်းတစ်ချက် ချလိုက်မိသည်။


“ဟူး… ရှုရှီ ဘာတွေများဖြစ်နေပြီလဲ… ငါစိတ်တွေလေးလံနေပြီး မျက်ခုံးတွေလဲ လှုပ်နေတယ်…” အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုံ့၍ မတ်တပ်ရပ်လိုက်ကာ ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လိုက်မိသည်။


ပုဖန်ကို ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ် ချက်ပြုတ်ခိုင်းပြီး အင်ပါယာမင်းမြတ်ကို ဆက်သရန် ကြံစည်ထားသော သူ၏ အကြံအစည်က ကောင်းမွန်လှသော်လည်း ဘုရင်ခံယုက လှည့်ကွက်အချို့ကို အသုံးပြု၍ ထိုအကြံအစည်ကို ဖျက်ဆီးလိုက်မည်ဟု အိမ်ရှေ့စံမင်းသားက မျှော်လင့်ထားမိခြင်းမရှိပေ။ အိမ်ရှေ့စံမင်းသာဒက ကူရာမဲ့စွာ ခံစားနေရပြီး ခက်ခဲသော အခြေအနေများအကြားတွင် မလူးသာမလွန့်သာ ရှိနေပေသည်။ ရှုရှီက ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို အောင်မြင်စွာ ယူဆောင်လာနိုင်မှသာ အခြေအနေဆိုးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။


ဘုရင်ခံယု၏ စံအိမ်အတွင်းတွင် ဘုရင်ခံယုက ရေကန်လေးအနီးတွင် ရပ်တန့်နေပြီး သလင်းကျောက်အမှုန်လေးများကို ချ၍ ငါးစာကြွေးနေပေသည်။ ရေကန်အတွင်းမှ ငါးများက အစာအတွက် အသေအကြေတိုက်ခိုက်နေကြသည်ကို ကြည့်ရှုနေလိုက်ပြီး သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုမိုအေးစက်လာလေတော့သည်။


ပုဖန်က ကုလားထိုင်ပေါ်တွင် ခွေခေါက်ထိုင်နေရာမှ စိတ်ရှုပ်ထွေးလာသည်ကို ခံစားလိုက်ရသောကြောင့် ဆိုင်အတွင်းမှ လျောက်ထွက်လာလိုက်သည်။ ထို့နောက် လမ်းကြားလေး၏ အ၀င်၀သို့ လှမ်းကြည့်လိုက်ရာ လူတစ်ယောက်သဏ္ဍာန် မြူခိုးများက လမ်းကြားလေး၏ အ၀င်၀ကို ပိတ်ဆို့ထားသည်ကို တွေ့မြင်လိုက်ရသည်။


“သူတို့အဲမှာဘာလုပ်နေကြတာလဲ… အဲလိုပိတ်ဆို့ထားတာက ငါ့စီးပွားရေးကို နှောက်ယှက်နေတာပဲ…” ပုဖန်က မျက်မှောင်ကြုံ့၍ ရေရွတ်လိုက်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားလေသည်။


သူ၏ ဆိုင်ငယ်လေးက သီးသန့်တည်ရှိနေသောကြောင့် လူသွားလူလာ နည်းပါးပေသည်။ ထိုသူများက ပြသနာရှာရန် အခြားနေရာများစွာ ရှိနေသော်လည်း လမ်းကြးထိပ်တွင် ပြသနာလာရှာခြင်းက ပုဖန်ကို ပြသနာလာရှာနေသကဲ့သို့ပင် ဖြစ်နေပေသည်။ ကွမ်းရှောင်ယီက စပ်စပ်စုစုဖြင့် လည်ပင်းကိုဆန့်၍ မျှော်ကြည့်လိုက်ရာ မြင့်မားသော မြူခိုးများကို တွေ့မြင်လိုက်ရသည်။


“စိတ်ပုပ်သူဌေး သူတို့အဲဒီမှာ ဘာလုပ်နေကြတာလဲ….” 


“သူတို့က ပြသနာရှာနေတာ နေမှာပေါ့..” ပုဖန်က ကွမ်းရှောင်ယီ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ ထိုအချိန်တွင် ကြီးမားသော မြူခိုးပုံရိပ်က ပြိုကွဲသွားပြီး ပုံရိပ်တစ်ခုက သူ၏စားသောက်ဆိုင်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။


“ပိုင်ရှင်ပု… ငါ့ကိုကယ်ပါဦး….” နှလုံးကွဲကြေလုမတက် ခြောက်ခြားနေသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။


ရှုရှီ၏ အခြေအနေက အလွန်ဆိုးဝါးနေပေသည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးတွင် သွေးများနှင့် ပေပွနေပြီး လက်မောင်းတစ်ဖက်လည်း ပြတ်နေပြီဖြစ်သည်။ သူက ရန်သူများကို ခွန်အားကုန်အသုံးပြု၍ ရူးသွပ်စွာ တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးလာသော်လည်း အခြားလက်တစ်ဖက်တွင် မြေအိုးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလေသည်။ 


ဘုတ်… 


ရှုရှီက ပုဖန်၏ ရှေ့သို့ ရောက်လာသည်နှင့် ဒူးထောက်လဲကျသွားပြီး သူ၏ တစ်ကိုယ်လုံးက တစ်ဆတ်ဆတ်တုန်နေပေသည်။ သို့သော် မြေအိုးအတွင်းမှ စွပ်ပြုတ်ရည်များက ဖိတ်စင်သွားခြင်းမရှိပေ။


ရှုရှီ၏ ကြောက်လန့်တကြား အော်သံကြောင့် ပုဖန်၏နောက်တွင် ၀င်ပုန်းနေသည့် ရှောင်ယီက ခေါင်းထုတ်၍ ကြည့်လိုက်သည်။ ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး လမ်းကြားထိပ်မှ ထူထဲသိပ်သည်းသည့် မြူခိုးနက်များကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ သွေးနှင့်ရေချိုးထားသကဲ့သို့ နီရဲနေသည့် ရှုရှီကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အမူအယာက ပိုမိုအေးစက်လာပေသည်။


ဘယ်လိုကောင်မျိုးက ငါ့ဆိုင်က စားသုံးသူကို တိုက်ခိုက်ရဲတာလဲ.. ဒါက ငါ့ကို မထီမဲ့မြင်လုပ်လိုက်တာပဲ… ပုဖန်က မေးစက်စက် အော်ဟစ်ပြောဆိုလိုက်သော်လည်း သူ၏ အမူအယာက ပြောင်းလဲခြင်းပင် မရှိပေ။ 


“ပိုင်… ပိုင်ရှင်ပု… ဒီစွပ်ပြုတ်က ပျက်စီးသွားလို့မရဘူး…” တုန်တုန်ယင်ယင် ဖြစ်နေသည့် ရှုရှီ့ မြေအိုးကို ပုဖန်ထံသို့ ကမ်းပေးရန်ကြိုးစားလိုက်သည်။ သူ၏ မျက်လုံးများအတွင်းတွင် အသနားခံမှုများနှင့် အကူအညီမဲ့မှုကို တွေမြင်နေရပေသည်။ 


ထိုအချိန်တွင်ရှုရှီ၏ ခန္ဒာကိုယ်အတွင်းမှ အနက်ရောက်စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဒွါရပေါက်များမှ အနက်ရောင်မီးခိုးငွေ့များ ထွက်လာခဲ့သသည်။ ရှုရှီကို အာရုံစိုက်၍ ကြည့်ရှုနေသည့် ပုဖန်က ရှုရှီ၏ မျက်လုံးအတွင်းတွင် တောင်းပန်တိုးလျိုးမှုများကို မြင်တွေ့လိုက်ရသောကြောင့် မြေအိုးကို ယူဆောင်ရန် လက်ကမ်းလိုက်သည်။ ထိုအချိန်တွင် အလွန်လျင်မြန်သော အရှိန်နှင့် လှံတစ်ချောင်းက သူတို့ထံ ရောက်ရှိလာပြီး မြေအိုးကို ထွင်းဖောက်သွားလေသည်။


ခလွမ်း….


ကျယ်လောင်သော အသံထွက်ပေါ်လာပြီး မြေအိုးက အပိုင်းပိုင်းအစစ ကွဲကြေသွားလေသည်။ ပုဖန်နှင့်ရှုရှီက သံပက်ရပ်သွားသော စက်ရုပ်ကဲ့သို့ ကြောင်အသွားလေသည်။ ထိုအနက်ရောင်လှံက အရှိန်မသေသေးပဲ အိပ်မောကျနေသော ဘလက်ကီထံသို့ ဆက်လက်၀င်ရောက်သွားပြီး ဘလက်ကီ၏ ဦးခေါင်းကို တိုက်မိသွားလေသည်။


ဘန်း… 


ထိုလှံတံက ကျိုးပဲ့သွားပြီး ငိုက်မြည်းနေသော ဘလက်ကီက နိုးလာလေသည်။


“ဘယ်သူလဲကွ… ဘယ်သူက ငါ့လိုခွေးနတ်ဘုရားကို ပန်းပွားအပ်နဲ့ပေါက်တာလဲ… အခုရှေ့ထွက်လာခဲ့စမ်း…” ဘလက်ကီက စိတ်ဆိုးမာန်ဆိုးနှင့် ပြောဆိုလိုက်ပြီး ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အတန်ငယ်လှမ်းသည့်နေရာမှ မြူခိုးနက်များကို သတိပြုမိသွားလေသည်။ 


ရှုရှီက အနက်ရောင်လှံ ဖောက်ထွက်သွားသည့် မြေအိုးကို စိုက်ကြည့်နေပေသည်။ ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်များက မြေပြင်ပေါ်တွင် ပြန့်ကျဲသွားပြီး ဂျယ်လီကဲ့သို့ နူးညံ့သည့် သလင်းကြည်ရောင် အသားများက မြေပြင်ပေါ်တွင် ပျံ့ကြဲနေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်လေည်။ ရှုရှီ၏ စိတ်ဝိဥာဉ်က ပြိုကွဲပျက်စီးသွားပြီဖြစ်သည်။


“မင်းက ဒီဆိုင်ရဲ့ ပိုင်ရှင်ပဲ ဖြစ်ရမယ်…” အက်ရှရှ အသံတစ်ခုက ထွက်ပေါ်လာပြီး အနက်ရောင်၀တ်စုံနှင့် လူတစ်ယောက်က လျောက်လာလေသည်။


“မင်းက စွပ်ပြုတ်အိုးကို ဖျက်စီးလိုက်ပြီး သူ့ကို သတ်လိုက်တဲ့လူလား…” ပုဖန်က သူ့ရှေ့မှ အနက်ရောင်၀တ်ထားသည့် သူကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက် မေးမြန်းလိုက်သည်။


ဟွန်းချွမ်ယွမ်က လှောင်ပြောင်ရယ်မောလိုက်ပြီး အက်ရှရှလေသံနှင့် ပြန်လည်ပြောဆိုလိုက်သည်။


“မင်းရဲ့ စားသောက်ဆိုင်က အရမ်းကို ထူးခြားဆန်းကျယ်တယ်လို့ ပြောနေတာ ကြားဖူးတယ်…. ရှောင်မန်လိုမျိုး သူတော်စင်အဆင့်တစ်ယောက်တောင် မင်းရဲ့ စားသောက်ဆိုင်ကို ၀င်မရှုပ်ရဲဘူး… ငါက သူတော်စင်အဆင့်တစ်ယောက် မဟုတ်ပေမယ့် မင်းရဲ့ စားသောက်ဆိုင်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိချင်နေသေးတယ်… ပြီးတော့ ဒီမှာသေဆုံးသွားတဲ့ ငါ့ရဲ့ လူနှစ်ယောက်အတွက် ပြန်ပေးဆပ်စေရမယ်…”


“မင်းက သူ့ကိုသတ်လိုက်တဲ့သူလား … ဒါမှမဟုတ် စွပ်ပြုတ်အိုးကို ဖျက်ဆီးလိုက်တဲ့သူလား… ငါမေးနေတာကို ဟုတ်တယ်မဟုတ်ဘူးပဲ ဖြေ … အပိုတွေပြောမနေနဲ့ …” ပုဖန်က မျက်မှောင်ကြုံ့၍ ဟွန်းချွမ်ယွမ်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။


“မင်းကငါ့ကိုမေးနေတာလဲ… ငရဲဝိဥာဉ်စုတ်ဖြဲခြင်း မှော်အစီအရင်ရှေ့မှာရပ်နေတာတောင်မှ မင်းက သတ္တိကောင်းလှချည်လား… ကောင်းပြီလေ… ငါကသူ့ကိုသတ်လိုက်တယ်ဆိုရင်ရော… စွပ်ပြုတ်အိုးကို ဖျက်ဆီးလိုက်တယ်ဆိုရင်ရော… မင်းကဘာလုပ်နိုင်မှာလဲ…” ဟွန်းချွမ်ယွမ်က ဒေါသထွက်လာပြီး ပြန်ပြောလိုက်သည်။


ထို့နောက် သူ၏ ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်များကို ဖော်ထုတ်လိုက်ရာ ငရဲဝိဥာဉ်စုတ်ဖြဲခြင်း မှော်အစီအရင်၏ စွမ်းအားက ပို၍ သိပ်သည်းထူထပ်လာလေသည်။ ဘလက်ကီက ပျင်းရိစွာ ဖြင့် ထလာပြီး မြူခိုးနက်များနှင့် လူပုံဖော်ထားသော နေရာကို တစ်ချက်ကြည့်လိုက်သည်။ 


“အစစ်အမှန်ငရဲဘုရင် ထွက်ပေါ်လာရင်တောင် ဒီခွေးနတ်ဘုရားက စောက်ဂရုမစိုက်ဘူး… မင်းကဘယ်သူနဲ့ လာကစားနေတာလဲ…” ဘလက်ကီထံမှ စကားသံထွက်ပေါ်လာပြီး လမ်းကြားလေးအတွင်းတွင် ပဲ့တင်ထပ်သွားလေသည်။