အပိုင်း ၈၃
Viewers 53k

အခန်း ၈၃ “အသုံး၀င်မှုအသစ်”


ပိုင်ရှင် ပုဖန်


စွမ်းအင်ကျင့်ကြံခြင်းအဆင့် စတုတ္ထအဆင့် (အစစ်အမှန်စွမ်းအင်များကို ခန္ဒာကိုယ်အပြင်ဘက်တွင် အကာအကွယ်အဖြစ် အသုံးပြုနိုင်သည့် စွမ်းရည်ကို ရရှိပြီး ဖြစ်သည်။ ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် သရဲ့ ဝိဥာဥာ်တည်အဆင့် စွမ်းအားများကို အသုံးပြု၍ ပါ၀င်ပစ္စည်းများကို သုံးသပ်ပါ… အလုပ်ကို ကြိုးစားပါ.. လူငယ်လေး…)


အချက်အပြုတ်စွမ်းရည် သောမပွင့်သေး


အခြားစွမ်းရည်များ အဆင့် ၁ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ (၉၀/၁၀၀) အဆင့်တစ် ခုနစ်စင်ကြယ်အသားလွှာနည်းစနစ်( ၀/၁၀၀)


လတ်နတ်ကရိယာများ ရွှေရောင်နဂါးအရိုး မီးဖိုချောင်သုံးဓါး( နတ်ဘုရားအဆင့်) 


နတ်ဘုရားအဆင့် သတ်မှတ်ချက် အငယ်တန်းစားဖိုမှုး (ပါ၀င်ပစ္စည်းများကို ပြင်ဆင်ရာတွင် အစစ်အမှန်စွမ်းအင်များကို အသုံးပြုပါ… ဖြတ်တောက်ခြင်းနည်းပညာနှင့် အသားလွှာခြင်းနည်းစနစ်တို့ကို လေ့ကျင့် သင်ယူပါ… ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာရန် လမ်းကြောင်းက ပွင့်နေပါပြီ… အလုပ်ကို ကြိုးစားပါ… လူငယ်လေး…) 


စနစ်၏ အဆင့် ကြယ်လေးပွင့် ( ပိုင်ရှင်မှ ပါ၀င်ပစ္စည်းများကို ဖမ်းယူရန် ခွင့်ပြုသည်။)


ပြောင်းလဲမှုအချိုး ၅၀%


ပုဖန်က သူ့စိတ်ထဲမှ စနစ်၏ ဖော်ပြချက်များကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ မစ်ရှင်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီး စနစ်က ကြယ်လေးပွင့်သို့ရောက်ရှိလာခဲ့ကာ ပြောင်းလဲနိုင်မှု အချိုးကလဲ ၅၀% သို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုအချက်ကို ကြည့်လိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုက ပို၍ မြန်ဆန်လာပေမည်။ သို့သော် ပဉ္စမအဆင့် သို့ ရောက်ရှိရန် သလင်းကျောက် တစ်သောင်းလိုအပ်လေရာ စနစ်၏ ပြောင်းလဲနိုင်မှု အချိုးအရ သလင်းကျောက် နှစ်သောင်းကို ရှာဖွေရန် လိုအပ်နေပေသည်။


“နှစ်သောင်း….” ပုဖန်၏ မျက်နှာအမူအယာက ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ စိတ်ထဲတွင် အော်ဟစ်နေမိသည်။


“ဟင်းပွဲတွေရဲ့ စျေးနှုန်းအရ သလင်းကျောက်နှစ်သောင်းရအောင် အချိန်ဘယ်လောက်များလိုအပ်မလဲ…”


“ထားလိုက်တော့… အဲဒါတွေကို လိုက်တွေးနေလို့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး… လောလောဆယ် အဆင့်တက်ထားတဲ့ စနစ်ရဲ့ စွမ်းဆောင်ရည်တွေကိုပဲ ဆက်လေ့လာရမယ်…”


“စနစ် ငါက ပါ၀င်ပစ္စည်းတွေကို ဖမ်းယူခွင့်ပြုတယ်လို့ ပြောထားတာက ဘာကို ရည်ညွှန်းတာလဲ….” ပုဖန်က စိတ်ထဲတွင် ရှုပ်ထွေးနေသော အချက်ကို မေးမြန်းလိုက်သည်။


“ကြယ်လေးပွင့်အဆင့်ကို မရောက်ခင်က ဟင်းပွဲတွေရဲ့ ပါ၀င်ပစ္စည်းတွေကို စနစ်က ထောက်ပံ့ပေးထားပါတယ်… ကြယ်လေးပွင့် အဆင့်ကိုရောက်တာနဲ့ ပါ၀င်ပစ္စည်းတွေကိ်ု သင်ကိုယ်တိုင်ရှာဖွေလို့ရပြီပြီ… သင်ရှာဖွေရရှိလာတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေရဲ့ တန်ဖိုးကို စနစ်က သတ်မှတ်ပေးပါမယ်…”


“အမ်… ငါက တိုက်ခိုက်ရေးစွမ်းရည်တောင် မရှိဘူးလေ.. ပါ၀င်ပစ္စည်းတွေကိ်ု ဘယ်လိုလုပ်ရှာဖွေနိုင်မှာလဲ…” 


“နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း ရွှေရောင် နဂါးအရိုးဓါးက ပါ၀င်ပစ္စည်းတွေကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိပါတယ်.. သင်က ဒီကိစ္စတွေကို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်… အလုပ်ကို ကြိုးစားပါ လူငယ်လေး….”


ပုဖန်က နားလည်သွားပြီး မရှင်းလင်းသေးသော ကိစ္စများကို ထပ်မံမေးမြန်းလိုက်သည်။ 


“ဟုတ်ပါပြီ..ပါ၀င်ပစ္စည်းတွေကို ဘယ်နေရာမှာသွားရှာရမှာလဲ… အင်ပါယာမြို့တော်တစ်ဝှိုက်လား…”


“စနစ်က သယ်ယူပို့ဆောင်ရေး အစီအရင်တစ်ခုကို ထောက်ပံ့ပေးပါမယ်… မြေရိုင်းလွင်ပြင်ဒေသက ပါ၀င်ပစ္စည်းတွေ အများအပြားရှိနိုင်တဲ့့ နေရာတွေကို သင့်ကို ပို့ဆောင်ပေးပါမယ်..” 


“အသံကို နားထောင်ကြည့်ရတာနဲ့တင် ကြောက်စရာပဲ .. ဘာပဲဖြစ်ဖြစ် စနစ်က ပို့ဆောင်ပေးမှာဆိုတော့ ပြသနာမရှိလောက်ဘူး ထင်ရတာပဲ..” ပုဖန်က တွေးတောနေမိသည်။


ထိုအချိန်တွင် သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းအင်များ၏ ပြောင်းလဲမှုကို ခံစားလိုက်ရပြီး မျက်လုံးများ လင်းလက်သွားလေသည်။ တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ အကြားမှ ခြားနားချက်မှ အစစ်အမှန်စွမ်းအင်များကို စုစည်းသိုလှောင်ထားနိုင်သည့် ဒန်တျန် တည်ဆောက်ခြင်းသာ ဖြစ်သည်။ ဒန်တျန်အတွင်းမှ ဝဲဂယက်လေးက ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်များက ဝိဥာဉ်ကို ထိန်းချုပ်ထားပြီး စွမ်းအင် လည်ပတ်မှုကို တိုးတက်စေသည့် ထို့ကြောင့် ဤအဆင့်ကို ဝိဥာဉ်တည်အဆင့်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ 


ပုဖန်က သူ၏ ဒန်တျန်အတွင်းတွင် နွေးထွေးသော စွမ်းအင်စည်းကြောင်းများ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို ခံစားနေရသည်။ သူ၏ ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်စည်းကြောင်းများက ထိုနေရာသို့စုစည်းသွားပြီး တစ်ဖြည်းဖြည်းခြင်းဝဲကတော့ပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။ ထိုဝဲကတော့ပုံက နဂါးငွေ့တန်းကဲ့သို့ အဖြူရောင်အလင်းတန်းများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ပုဖန်၏ အမူအယာက ပြောင်းလဲခြင်းမရှိသော်လည်း မျက်၀န်းများအတွင်းတွင် ပျော်ရွှင်မှုက အထင်းသား ပေါ်ထွကနေပေသည်။ ထို့နောက် သူ၏ လက်ကို အသာအယာ ဝေ့ရမ်းလိုက်သောအခါ ဒန်တျန်အတွင်းမှ စွမ်းအင်များက အစစ်အမှန်စွမ်းအင်များအဖြစ် ပြောင်းလဲ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဝိဥာဉ်တည်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ပုဖန်၏ အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းက ပိုမိုမြင့်မားလာပြီဖြစ်သည်။ 


ပုဖန်က စွမ်းအင်ထုတ်လွှတ်ခြင်းကို တခဏမျှ လေ့ကျင့်လိုက်ပြီး ပြောင်းလဲလာသော စွမ်းအင်များနှင့် အသားကျလာလေသည်။ ထို့နောက် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းကို သတိရသွားပြီး စနစ်ကို မေးမြန်းလိုက်သည်။ 


“စနစ်… ရွှေရောင်နဂါးအရိုး မီးဖိုချောင်သုံး ဓါးက ဘယ်မှာလဲ… ငါက အဲဒါကို ဘယ်ကထုတ်ယူရမှာလဲ…” 


“ပစ္စည်းကို ပို့ဆောင်နေပါတယ်… အလောတကြီးမဖြစ်ပါနဲ့…” စနစ်၏ တုံ့ပြန်မှုကြောင့် ပုဖန်က နှုတ်ဆိတ်သွားလေသည်။ 


မကြာမီပင် သူ့ရှေ့မှ လေဟာနယ်အတွင်းတွင် အစက်အပြောက်လေးတစ်ခု ပေါ်ထွက်လာပြီး အစီအရင်တစ်ခုကဲ့သို့ တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။ အစီအရင်က ပြည့်စုံလားပြီး နဂါးတစ်ကောင်၏ အော်ဟစ်သံကို အစီအရင်အတွင်းမှ ကြားလိုက်ရပြီး သူ၏ စိတ်ဝိဥာဉ်ပင် တုန်လှုပ်သွားလေသည်။ ထို့နောက် မှော်အစီအရင်အတွင်းမှ ရွှေရောင်လင်းလက်နေသည့် မီးဖိုချောင်သုံးဓါးတစ်ချောင်းထွက်ပေါ်လာပြီး လေထဲတွင် မျောလွင့်နေပေသည်။ ထိုဓါးကို ရွှေရောင်နဂါးငယ်လေးတစ်ကောင်က လှည့်ပတ်နေပြီး အော်သံအချို့ ထွက်ပေါ်နေပေသည်။


ပြင်းထန်အားကောင်းသည် အရှိန်အဝါများက ဆိုင်တစ်ခုလုံးကို ဖိနှိပ်လာပြီး ပုဖန်ပင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် အသက်ရှူရ ခက်ခဲမှုကို တစ်ပြိုင်ထဲ ခံစားနေရပေသည်။ ဆိုင်၏ အပြင်ဘက်တွင် အိပ်ပျော်နေသည့် ဘလက်ကီက မျက်လုံးဖွင့်လိုက်မိသည်။ သူ၏ မျက်လုံးများက အလွန်နူးညံ့နေပြီး ဆိုင်အတွင်းသို့ ငေးကြည့်လိုက်မိသည်။ ထို့နောက် ပြန်လည်အိပ်စက်လိုက်လေတော့သည်။ 


ရွှေရောင်နဂါးသဏ္ဍာန် အခိုးအငွေ့များက ပုဖန်ဆီသို့ ရောက်ရှိလာပြီး သူ၏ လက်ကောက်၀တ်ကို ကိုက်လိုက်လေသည်။ ပုဖန်က နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရပြီး သူ၏ လက်မှ အနီရောင်သွေးများ စီးကျလာပြီး ရွှေရောင်နဂါးကို ဖုံးလွှမ်းသွားလေသည်။နဂါးသဏ္ဍာန်က မီးဖိုချောင်သုံးဓါးသို့ ပြန်သွာလိုက်ပြီး ဓါးနှင့် ပေါင်းစည်းလိုက်သည်။ ထို့နောက် ဓါး၏ အရှိန်အဝါများနှင့် ရွှေရောင်နဂါးငယ်လေးက ပျောက်ကွယ်သွာေးလတော့သည်။ 


အကိုက်ခံလိုက်ရသော လက်ကောက်၀တ်နေရာတွင် ရွှေရောင်နဂါးသဏ္ဍာန်က ပေါ်ထွက်လာခဲ့သည်။ ထိုအမှတ်အသားနှင့် မီးဖိုချောင်သုံးဓါးက ဆက်သွယ်ချက် တစ်ခု ရှိ်နေသည်ကို ခံစားလိုက်ရပြီး သူတွေးလိုက်သည်နှင့် ရွှေရောင်နဂါး မီးဖိုချောင်သုံးဓါးကို ခေါ်ထုတ်နိုင်သည်ဟု သိရှိလိုက်သည်။


“ရွှေရောင်နဂါးအရိုး… မီးဖိုချောင်သုံးဓါးကို ပို့ဆောင်ပြီးပါပြီ…. လက်ခံလိုက်ပါ…” စနစ်၏ အသံက ထွက်ပေါ်လာခဲ့သည်။ 


ပုဖန်က လေထဲတွင် မျောလွင့်နေသည့် ဓါးကို ကြည့်လိုက်ပြီး ဖမ်းဆုတ်ယူလိုက်သည်။ ဓါးက လက်ထဲသို့ရောက်ရှိလာသည်နှင့် အလွန်သဟဇာတ ဖြစ်သော ခံစားချက် တစ်ခုကို သူ၏ နှလုံးသားထဲကပင် ခံစားလိုက်ရလေသည်။ သူ၏ လက်ကောက်၀တ်ကို အသာအယာပုတ်လိုက်သည်နှင့် ဓါး၏ ပုံသဏ္ဍာန်ကို အလွယ်တကူ ပြောင်းလဲနိုင်ပေသည်။ ပုဖန်က ဓါးကို ဆုတ်ကိုင်ထားလိုက်ပြီး သူ၏ မျက်၀န်းများက ကျေနပ်နှစိသိမ့်မှုများနှင့် တောက်ပနေပေသည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက ရွှေရောင်တောက်ပနေသည့် နဂါးအရိုးနှင့် ပြုလုပ်ထားမည်ဟု ယူဆထားသော်လည်း သာမာန်စတီးဓါးများနှင့် ထူးမခြားနားသော ပုံသဏ္ဍာန်သာ ဖြစ်နေမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။


“ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓါးကို နဂါးအရိုးနဲ့ ပြုလုပ်ထားပြီး နဂါးတစ်ကောင်ရဲ့ ခြမ်းခြောက်နိုင်တဲ့ အရှိန်အဝါတွေက်ိုပိုင်ဆိုင်တယ်… အဲဒီအရှိန်အဝါတွေက ဝိဥာဉ်သားရဲတွေ ရှေးဦးသားရဲတွေကို ဖိနှိပ်နိုင်ပြီး သတ္တမအဆင့်အောက်က ဘယ်လိုသားရဲဖြစ်ဖြစ် တွန်းလှန်နိုင်မှာမဟုတ်ဘူး… သင့်ရဲ့ အစစ်အမှန်စွမ်းအင် တစ်၀က်ကို သုံပြီး ဓါးရဲ့ ပုံသဏ္ဍာန်ကို အလိုရှိသလို ပြောင်းလဲနိုင်ပါတယ်…”  


“ရွှေနဂါးအရိုးဓါးကို သုံးပြီး ပါ၀င်ပစ္စည်းတွေကို ပြင်ဆင်မယ်ဆိုရင်လဲ ဝိဥာဉ်စွမ်းအင် ဆုံးရှုံးမှုကိုလျော့ချပေးနိုင်ပြီး သူတို့ရဲ့ အဆင့်ကိုလည်း တိုးတက်လာစေနိုင်တယ်…..” စနစ်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး၏ အသုံး၀င်ပုံများကို ရှင်းပြလိုက်သည်။


“ဒါကတစ်ကယ်ပဲ ပုံသဏ္ဍာန် ပြောင်းလဲနိုင်တာလား…” ပုဖန်က အံ့အားသင့်သွားမိသည်။ 


သူမျှော်လင့်ထားသကဲ့သို့ပင် နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းများ၏ စွမ်းဆောင်နိုင်စွမ်းက သာမာန်ပစ္စည်းများ၏ စွမ်းဆောင်နိုင်မှုနှင့် လားလားမျှ မသက်ဆိုင်ချေ။ ထို့အပြင် စနစ်မှ သူ့ကို မြေရိုင်းလွင်ပြင်သို့ သွားရောက်၍ ပါ၀င်ပစ္စည်းများကို ရှာဖွေခွင့် ပြုထားသည်ကို သတိရလိုက်သည်။


“အင်း.. ဒီဓါးက ရှေးဦးသားရဲတွေကို ဖိနှိပ်နိုင်တယ်ဆိုတော့…. ငါရှေးဦးသားရဲတွေကို လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်မှာပေါ့…” 


ပုဖန်က တိုက်ခိုက်ရေးစွမ်းရည်မရှိသော်လည်း ရွှေရောက်နဂါးအရိုး မီးဖိုချောင်သုံးဓါးက သတ္တမအဆင့်အောက်မှ ဝိဥာဉ်သားရဲများကို ဖိနှိပ်နိုင်သည်ကို သိရှိလိုက်သောကြောင့် ယုံကြည်မှုများ မြင့်တက်လာခဲ့သည်။


“အင်း… စနစ်က ကြယ်လေးပွင့်အဆင့်ကို ရောကသွားတယ်… ငါက နတ်ဘုရားဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစလေးခုကို စုဆောင်းနိုင်သွားပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ရရှိလာတယ်.. မီးဖိုချောင်သုံးဓါးကို ရရှိပြီးတာနဲ့ စနစ်က ငါ့ကို သားရဲကောင်တွေ ဖမ်းခိုင်းတယ်…. အရာရာတိုင်းက အစီအစဉ်တကျပဲ ဖြစ်နေတာပဲ …” ပုဖန်က သဘောကျစွာ ရယ်မောလိုက်မိသည်။


ပါ၀င်ပစ္စည်းများကို ကိုယ်တိုင်ရှာဖွေ၍ ဖမ်းဆီးရယူနိုင်ခြင်းမှာ စားဖိုမှုးများအတွက် လိုအပ်သော စွမ်းရည်တစ်မျိုးပင် ဖြစ်သည်။ စားဖိုမှုးများက ပါ၀င်ပစ္စည်းများ၏ အရည်အသွေးနှင့် ပါ၀င်သော စွမ်းရည်များကို နက်နက်နဲနဲ နားလည်နေမှသာ ချက်ပြုတ်ရာတွင် ပိုမိုစိတ်၀င်စားလာပြီး ဟင်းပွဲများက ကောင်းမွန်လာမည်ဖြစ်သည်။ 


စနစ်၏ အပြုအမူများကို ပုဖန်က ကောင်းမွန်စွာ နားလည်နေပေသည်။ ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာစေရန် ကိုယ်တိုင်ကြိုးစား လျောက်လှမ်းရမည်ဖြစ်ပြီး စနစ်က ကူညီထောက်ပံ့ပေးနေရုံသာ ဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာထဲတွင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ရန် လျှောက်လှမ်းရမည့် လမ်းကြောင်းက ဝေးကွာနေသေးပေသည်။ ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာနှင့် အသားလွှာခြင်း နည်းပညာများကို သင်ယူရခြင်းက သူ၏ ကျွမ်းကျင်မှုများကိုမြင့်တက်လာစေပြီး ရည်မှန်းချက်ကို ရောက်ရှိလာနိုင်ရန်သာ ဖြစ်သည်။ 


ထိုအတွေးများကို ရှင်းလင်းလိုက်ပြီး ပုဖန်၏ အမူအယာက ပြန်လည်တည်ငြိမ်သွားလေသည်။ ထို့နောက် သူ၏ လက်ထဲတွင် လှည့်လည်နေသော မီးဖိုချောင်သုံးဓါးကို အာရုံစိုက်လိုက်ပြီး သူ၏ လက်ကောက်၀တ်မှ အမှတ်ထဲသို့ ၀င်ရောက်သွားစေလိုက်သည်။ 


“အင်း… အခုဟင်းပွဲအသစ်ကို ချက်ပြုတ်လေ့ကျင့်ရမယ်… အနီရောင်အသားနှပ်… စနစ်က ထောက်ပံ့ပေးမယ့်အသားက ထူးခြားတဲ့အသားဖြစ်သင့်တယ်…” ပုဖန်က တတွတ်တွတ် ရေရွတ်နေလိုက်လေသည်။