အပိုင်း ၈၇
Viewers 54k

အခန်း ၈၇ “ဝက်ကို တစ်ချက်ထဲနှင့် သတ်ဖြတ်ခြင်း”


ပုန်းကွယ်နေသောနဂါး တိုက်ကြီးတွင် သယံဇာတများ ပေါကြွယ်ဝပြီး မရေမတွက်နိုင်အောင်များပြားလှသော တောင်တန်းများ မြစ်ချောင်းများနှင့် အဆုံးအစမဲ့ ပင်လယ်များ၊ နက်ရှိုင်းလှသေရေကန်များလည်း ပါ၀င်ပေသည်။


 မြေရိုင်းလွင်ပြင်ဒေသက လေအလင်းအင်ပါယာနှင့် နယ်မြေခြင်းထိစပ်လျက်ရှိပြီး သစ်တောကြီးတစ်ခုနှင့် ရေကန်ကြီးတစ်ခုရှိနေပေသည်။ မြေရိုင်းလွင်ပြင်ဟု အမည်တွင်ရသည်မှာ မရေမတွက်နိုင်အောင် များပြားလှသော အဆင့်မြင့်သားရဲကောင်များ တည်ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုသားရဲကောင်များ၏ စွမ်းအင်အဆင့်များကလည်း အဆက်မပြတ် တိုးတက်လျက်ရှိသည်။ 


မြေရိုင်းလွင်ပြင်ဒေသအတွင်းရှိ သစ်တောကြီးကို အပိုင်းသုံးပိုင်းခွဲခြားထားသည်။ အပိုင်းတစ်ခုခြင်းဆီတွင် နေထိုင်ကြသော သားရဲကောင်များ၏ စွမ်းအားက မတူညီကြပဲ အတွင်းပိုင်းသို့ နီးလာလေလေ စွမ်းအင်အဆင့် ပိုမြင့်လာလေဖြစ်သည်။ တောအုပ်ကြီး၏ အတွင်းအကျဆုံးနေရာများတွင် အဆင့်ကိုးအဆင့်မြင့် တောရိုင်းကောင်များ.. ရှေးဦးသားရိုင်းများနှင့် နတ်ဝိဥာဉ်အဆင့် သားရိုင်းများပင်ရှိနေသည်ဟု ကောလဟာလများ ရှိနေပေသည်။ 


ထို့ကြောင့် အတွင်းဘက်အကျဆုံး အပိုင်းကို အန္တရာယ်အလွှာအဖြစ် လူသားများက သတ်မှတ်ခဲ့ကြသည်။ သူတော်စင်အဆင့်တစ်ယောက်ပင် ထိုနယ်မြေအတွင်းသို့ ခြေတစ်လှမ်းမျှ လှမ်းရဲမည်မဟုတ်ချေ။ န၀မအဆင့် အဆင့်မြင့်သားရဲကောင်များ၏ အမြင်တွင် သူတော်စင်အဆင့်တစ်ယောက် ပုရွက်ဆိတ်တစ်ကောင်မျှသာ ရှိနေပေသည်။ 


မြေရိုင်းလွင်ပြင်ဒေ၏ အပြင်ဘက်အစွန်ဆုံးပိုင်းတွင် ပေါက်ကွဲသံအချို့နှင့် ဟာရီကိန်းမုန်တိုင်းကဲ့သို့ စွမ်းအင်တစ်ခုက ထွက်ပေါ်လာပြီး ဘေးပတ်၀န်းကျင်မှ သစ်ပင်များကို ပြီုလဲသွားစေသည်။ ထိုသစ်ပင်များအကြားတွင် ပုံရိပ်သုံးခုက ကြမ်းတမ်းသော စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ပြေးလွှားနေကြသည်။ ပုံရိပ်နှစ်ခုက ပြေးနေသည့် သားရဲကောင်ကို ပိတ်ဆို့ဖမ်းဆီးနေခြင်းဖြစ်သည်။


ထိုဝိဥာဉ်သားရဲက အလွန်လျင်မြန်လှပြီး သူ၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ပြေးလွားနေစဉ်တွင် တစ်ရွီရွီမည်နေသော လျပ်စစ်စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိပြီး သူ၏ ခန္တာကိုယ်က အဆက်မပြတ် တုန်ခါနေပေသည်။ ထိုဝိဥာဉ်သားရဲက အဆင့်ခြောက်သို့ပင် ရောက်ရှိနေလေသည်။ သူတိ်ု့၏ ပတ်၀န်းကျင်ရှိ လေထုထဲတွင် ညှော်နံ့များနှင့် မီးခိုးငွေ့များ ပြည့်နှက်နေလေသည်။


“ဒုတိယအကို …ဒီလျပ်စီးမိုးကြိုးဝိဥာဉ်၀က်ရဲ့ အမြန်နှုန်းက တစ်ဖြည်းဖြည်းလျော့ကျလာပြီ … ငါတို့သူ့ကို ဖမ်းဆီးလိုက်တော့မယ်…” နူးညံ့ချိုသာသော အသံတစ်ခုထွက်ပေါ်လာပြီး အားပြင်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူတို့ရှေ့မှ ၀က်ကို လှမ်းပစ်လိုက်သည်။ 


ဂရား…..


အော်မြည်သံတစ်ခု ထွက်ပေါ်လာပြီး… လျပ်စီးမိုးကြိုး၀က်က ပို၍ မြန်ဆန်သွားပြီး သူ့ရှေ့မှ သစ်ပင်ကို တွန်းတိုက်လိုက်သည်။ ထို့နောက် သူ၏ခန္တာကိုယ်မှ လျပ်စီးစွမ်းအင်များ ထွက်ပေါ်လာပြီး ကျိုးပဲ့သွားသော သစ်ပင်ကို ဖျက်ဆီးလိုက်သည်။ အစိမ်းရောင်၀တ်စုံနှင့် လူတစ်ယောက်က ဓါးပျံပေါ်တွင် ရပ်နေပြီး သူ၏ ဆံပင်ရှည်များက လေထဲတွင် တစ်ဖျပ်ဖျပ် လွင့်နေလေသည်။ 


ထိုသူက သူ၏ရှေ့တွင် ပြေးလွားနေသည့် လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို လှမ်းကြည့်လိုက်ပြီး ခပ်ဖွဖွပြုံး၍ ပြောဆိုလိုက်သည်။


“ဂျူနီယာညီမလေး.. အရမ်းအလျင်လိုနေစရာမလိုပါဘူး… ဒီသားရဲက အဆင့်ခြောက်သားရဲဆိုပေမယ့် သူ့ရဲ့အားသာချက်က ခုခံမှုမှာလေ…အခုဆိုရင် သူ့ရဲ့ ပြေးနှုန်းက လျော့ကျလာပြီး စွမ်းအင်တွေလဲ နည်းပါးလာပြီဆိုတော့ မကြာခင်မှာပဲ.. ငါတို့ကို အညံ့ခံလာတော့မှာပါ…..”


ထိုသူ၏ ဘေးတွင် ရပ်နေသည့် ချစ်စရာကောင်းသည့် မိန်းမငယ်လေးက သူမ၏ ရှေ့သို့ ကြည့်လိုက်ပြီး ပြုံးလိုက်လေရာ ပါးချိုင့်လေးနှစ်ခု ပေါ်လာလေသည်။ အစိမ်းရောင်၀တ်စုံနှင့် လူငယ်က သူ၏ ရှေ့သို့ ရုတ်တရက် စိုက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။ ထွက်ပြေးနေသည့် လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကလည်း ရပ်တန့်သွားလေသည်။ သူ၏ရှေ့မှ လေဟာနယ်က မငြိမ်မသက်ဖြစ်လာပြီး မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာလေသည်။ ထိုမုန်တိုင်းထဲတွင် မရေတွက်နိုင်သော အလင်းစက်လေးများ ပါ၀င်လည်ပတ်နေလေသည်။ 


ဘန်း….


အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး မုန်တိုင်းအတွင်းမှ ကျစ်လစ်သွယ်လျသောခန္တာကိုယ်တစ်ခု ကျဆင်းလာလေသည်။ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်က ဒေါသတစ်ကြီး အော်ဟစ်လိုက်ပြီး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ပြေး၀င်တိုက်ခိုက်လိုက်သည်။ သူ၏စွမ်းအင်များက လျော့နည်းနေသော်လည်း အဆင့်ခြောက် ဝိဥာဉ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုက ညင်သာလိမ့်မည်မဟုတ်ချေ။


“ဟမ်… အဲဒါဘာကောင်ကြီးလဲ…” ပြုတ်ကျလာသော ပုံရိပ်က မူးဝေနေဆဲဖြစ်င်္ပြီး သူ့ထံသို့ ပြေး၀င်လာသော လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို တွေ့လိုက်ရသောအခါ အံ့သြတစ်ကြီးနှင့် ရေရွတ်လိုက်မိသည်။


“သတိထား…”


 အစိမ်းရောင်၀တ်လူက ရုတ်တရက်ရောက်ရှိလာသော လူငယ်ကို သတိလှမ်းပေးလိုက်သည်။


ထိုလူငယ်၏ နောက်တွင် လိုက်ပါလာသည့် ပါးချိုင့်လေးနှင့် မိန်းမပျိုလေး၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားလေသည်။ သူမက ဖြစ်ပွားလာမည့် ကြောက်စရာ အဖြစ်အပျက်များကို မကြည့်ရဲဟန်ဖြင့် သူမ၏ မျက်နှာကို လက်ဖြင့် ကာလိုက်လေသည်။ အစိမ်းရောင်၀တ်လူငယ်က လျပ်စီးမိုးကြိုးဝိဥာဉ်၀က်၏ ရှေ့တွင် လူတစ်ယောက်ပေါ်လာမည်ဟု မထင်မှတ်ထားခဲ့ချေ။ ထိုဝိဥာဉ်သားရဲ၏ တိုက်ခိုက်ရေးစွမ်းရည်က သန်မာခြင်းမရှိသော်လည်း ခုခံကာကွယ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပေသည်။ 


ထို၀က်၏ အရည်ပြားများက အလွန်ထူထဲပြီး ကြွက်သားများကလည်း အလွန်သန်မာလှပေသည်။ ထို့ကြောင့် အင်ပါယာအဆင့်တစ်ယောက်၏ အပြင်းအထန် တိုက်ခိုက်မှုကပင် သူ့ကို ဒဏ်ရာရရှိစေခြင်းမရှိပေ။ သာမာန်လူတစ်ယောက်ဆိုပါက ဝိဥာဉ်၀က် ရှေ့တွင် အသားပြားဖြစ်သွားနိုင်ပေသည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ မျက်၀န်းများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားပြီး အေးခဲ တောင့်တင်းသွားစေသည်။ 


လျပ်စီးမိုးကြိုးဝိဥာဉ်၀က်နှင့် မျက်နှာချင်းဆိုင်မှ လူငယ်လေးက ကြောက်ရွံ့သွားမည်ဟု ထင်ထားသော်လည်း ထိုသူ၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိသည့်အပြင် မျက်၀န်းများကလည်း ရေသေကဲ့သို့ တည်ငြိမ်နေပေသည်။ သူ၏လက်ထဲတွင် မီးဖိုချောင်သုံး ဓါးတစ်လက်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ 


“မင်းရူးနေတာလား… မင်းက လျပ်စီးမိုးကြိုးဝိဥာဉ်၀က်နဲ့ ရင်ဆိုင်နေရတာလဲ.. အဲဒီမီးဖိုချောင်သုံးဓါးနဲ့ ဘာလုပ်မလို့လဲ…..” အစိမ်းရောင်၀တ် လူငယ်က ကူရာမဲ့စွာ တွေးလိုက်မိသည်။


သို့သော် ထွက်ပေါ်လာသည့် ရလာဒ်က သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မနေပေ။ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်၏ အရှိန်က အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိပဲ လူငယ်လေးထံသို့ တိုး၀င်သွားလေသည်။ ထိုအချိန်တွင် လူငယ်လေး၏ လက်ထဲတွင် ကိုင်ဆောင်ထားသော မီးဖိုချောင်သုံးဓါးထံမှ ရွှေရောင်အလင်းများ စတင်ထွက်ပေါ်လာလေသည်။ 


လင်းလက်နေသည့် ရွှေရောင်အလင်းကြောင့် အစိမ်းရောင်၀တ်ရုံနှင့် လူငယ်က မျက်လုံးများကို မှိတ်လိုက်မိသည်။ တခဏမျှကြာသောအခါ ရွှေရောင်အလင်းများ ပြန်လည်ပျောက်ကွယ်သွားလေသည်။ အစိမ်းရောင်၀တ်စုံနှင့် လူငယ်က ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ့ဘေးမှ မိန်းမငယ်လေး၏ မျက်၀န်းများကလည်း ပြူးကျယ်နေပေသည်။


၀ိဥာဉ်၀က်က အသက်ငွေ့ငွေ့ ရှိနေသေးသော်လည်း သူ၏ခန္တကိုယ်က နှစ်ခြမ်းကွဲလုလု ဖြစ်နေပေသည်။ သွေးအမြောက်အများက အိုင်ထွန်းနေပြီး သွေးအိုင်အတွင်းမှ လျပ်စီးဓါတ်များတစ်ဖျပ်ဖျပ် လင်းလက်နေပေသည်။ လူငယ်လေးက သူ၏ မီးဖိုချောင်သုံးဓါးကို ပြန်သိမ်းလိုက်ပြီး တည်ကြည်လေးနက်သော အမူအယာဖြင့် ဝိဥာဉ်၀က်အနားသို့ လျောက်လာကြည့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်သည်။


အစိမ်းရောင်၀တ်စုံနှင့် လူငယ်နှင့် မိန်းမပျိုလေးတို့က အလျင်အမြန် ဆင်းသက်လာကြသော်လည်း အသံတစ်စက်မျှပင် မထွက်ရဲကြချေ။ သူတို့ရှေ့မှ လူငယ်လေးက ခုခံနိုင်စွမ်း မြင့်မားသော အဆင့်ခြောက်သားရဲကို ဓါးချက်တစ်ချက်မျှဖြင့် သတ်ဖြတ်ခဲ့သောကြောင့် အဆင့်မြင့်ကျွမ်းကျင်သူ ဖြစ်နိုင်ပေသည်။


“မင်း… အင်း… စီနီယာရဲ့ လှုပ်ရှားမှုက အံ့အားသင့်စရာကောင်းလိုက်တာ… အဆင့်ခြောက် လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကိုတောင် လှုပ်ရှားမှုလေးတစ်ခုထဲနဲ့ သတ်ပစ်လိုက်နိုင်တယ်… အံ့အားသင့်စရာကောင်းလိုက်တာ…” အစိမ်းရောင်၀တ်ရုံနှင့်လူက လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို ကြည့်လိုက်ပြီး ခပ်ပြုံးပြုံးအမူအယာနှင့် ပြောဆိုလိုက်သည်။


ထိုလူငယ်လေးက အစိမ်းရောင်၀တ်ရုံနှင့် လူငယ်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ 


“လျပ်စီးမိုးကြိုး ဝိဥာဉ်၀က်ရဲ့အသားထဲမှာ လျပ်စစ်စွမ်းအင်တွေနဲ့ မီးစွမ်းအင်တွေ အများကြီးပါ၀င်နေတယ်… သူက တစ်ကယ်ကို ကောင်းမွန်တဲ့ ပါ၀င်ပစ္စည်းတစ်ခုပဲ… ဟင်း… ၀မ်းနဲစရာကောင်းတာက ငါရှာဖွေဖမ်းဆိးဖို့ ရည်ရွယ်ထားတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ယှဉ်လိုက်မယ်ဆို အရည်အသွေးက အရမ်းကို နိမ့်ပါးနေတယ်…” 


ထိုလူငယ်လေး၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသောအခါ အစိမ်းရောင်၀တ်စုံနှင့် လူက မိုးကြိုးပစ်သံ ကြားလိုက်ရသကဲ့သို့ ထင်မိသွားလေသည်။


“ဗုဒ္ဒေါ… အဆင့်ခြောက် လျပ်စီးမိုးကြိုးဝိဥာဉ်၀က်က သူ့အတွက် မလုံလောက်သေးဘူး…. ဟုတ်လား… ဒါဆို သူက ဒီနေရာကို အဆင့် ခုနစ် သူတော်စင်အဆင့် သားရဲတွေကို ဖမ်းဖို့ ရောက်လာတာလား…” အစိမ်းရောင်၀တ်စုံနှင့် လူငယ်က ထိတ်လန့်တကြားတွေးလိုက်မိသည်။


“မင်းနာမည်က ဘယ်သူလဲ… မင်းတို့က ဒီနေရာကို ဘာလာလုပ်နေကြတာလဲ…” လူငယ်လေးက အစိမ်းရောင်၀တ်စုံနှင့် လူကို ခပ်တည်တည်နှင့် မေးလိုက်လေသည်။


“စီနီယာ… ငါကထန်းယင်ပါ… ငါတို့က အာကာသအာနန်ဂိုဏ်းက လူတွေပါ… သူမက ငါ့ရဲ့ ဂျူနီယာညီမလေး လုရှောင်ရှောင်းလို့ ခေါ်ပါတယ်..” အစိမ်းရောင်၀တ်စုံနှင့် လူက လေးလေးစားစားနှင့် ပြန်လည်ပြောဆိုလိုက်သည်။ 


လူငယ်လေး၏ အရှိန်အဝါ သိပ်မပြင်းထန်ပဲ ဝိဥာဉ်တည်အဆင့်မျှသာရှိသည်ဟု ထင်မြင်မိသော်လည်း သူက တရိုတသေသာ ပြန်ဖြေလိုက်သည်။ ဝိဥာဉ်တည်အဆင့်သာ ရောက်ရှိနေသေးသည့် လူတစ်ယောက်က မြေရိုင်းလွင်ပြင်သို့ ၀င်လာရဲမည်မဟုတ်ချေ။ ထို့အပြင် မီးဖိုချောင်သုံးဓါးနှင့် အဆင်ခြောက်သားရဲကို သေအောင်သတ်နိုင်သည်မှာ ဝိဥာဉ်တည်အဆင့်များ ပြုလုပ်နိုင်သော စွမ်းရည်မျိုး ဟုတ်မနေပေ။


“အိုး… ငါ့နာမည်က ပုဖန်ပါ… ငါက စားဖိုမှုးတစ်ယောက်လေ… ငါက လေအလင်းအင်ပါယာမြို့တော်က လာတာ…” ပုဖန်က စိတ်အားထက်သန်စွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


“အော်… ဟမ်.. ဘာ…. စားဖိုမှုးတစ်ယောက်… ဟုတ်လား… စီနီယာက စားဖိုမှုးတစ်ယောက်လို့ ပြောလိုက်တာလား…” ထန်းယင်က မယုံကြည်နိုင်စွာဖြင့် ပြန်ပြောလိုက်သည်။


ထန်းယင်နှင့် လုရှောင်ရှောင်းတို့နှစ်ယောက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအယာများ ဖြစ်ပေါ်လာလေသည်။ ခွန်အားကြီးမားသော လူများ၏ အမူအကျင့်က ထူးခြားဆန်းကျယ်သည်ဟု သူတို့က တွေးထင်နေမိသည်။ အာကာသအာနန်ဂိုဏ်း၏ တတိယအကြီးအကဲတစ်ယောက်ဖြစ်သည့် သူတို့၏ ဆရာက မီးဖိုချောင်အတွင်းတွင် ချက်ပြုတ်နည်းများကို သူတေသန ပြုလုပ်၍ အချိန်ကုန်နေခြင်း ဖြစ်သည်။ 


“စီနီယာ… မင်းဒီလျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို ငါတို့ကို ရောင်းပေးနိုင်မလား… ငါနဲ့ ငါ့ညီမလေးက ဒီလျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကိုရဖို့ မြေရိုင်းလွင်ပြင် တစ်လျောက် လိုက်ရှာနေရတာ…” ထန်းယင်က သူ၏ လက်သီးကို နောက်လက်တစ်ဖက်နှင့် ဆုတ်လိုက်ပြီး အရိုအသေပြု၍ ပြောဆိုလိုက်သည်။


ပုဖန်က လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြောဆိုလိုက်သည်။


“မင်းတို့ယူလို့ရတယ်… ငါလဲ ဒီသားရဲကို မလိုချင်ဘူး… ပြီးတော့ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို သုံးပြီးချက်ရမယ့် ဟင်းပွဲလဲ မရှိ်ဘူး…. မင်းတို့နှစ်ယောက်ကရော စားဖိုမှုးတွေလား…” 


ထန်းယင်၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ ရှေ့မှ ပုဖန်ကို ကြည်ညိုလေးစားဟန်ဖြင့် ကြည့်လိုက်လေသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ထိုစီနီယာက ကိုယ်တိုင်သတ်ထားသော သားရဲကို တစ်ချက်မျှသာ ကြည့်၍ ပေးလိုက်နိုင်လေသည်။ သူ၏ ဆုံးဖြတ်ချက်က မှန်ကန်သွားပြီဖြစ်သည်။ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို သူတို့၏ ဆရာက ချက်ပြုတ်ရာတွင် လိုအပ်နေသောကြောင့် ဖမ်းဆီးခိုင်းလိုက်ခြင်း ဖြစ်သည်။


“မင်းတို့ နှစ်ယောက်က စားဖိုမှုး ဟုတ်ဟုတ် မဟုတ်ဟုတ်.. ကိစ္စတော့မရှိပါဘူး… ငါမင်းတို့ကိုမေးစရာတစ်ခုရှိတယ်..”


ထန်းယင်က ပြန်ပြောရန် ပြင်လိုက်ချိန်တွင် ပုဖန်က ကြားဖြတ်ပြောလိုက်သည်။


“ဒီနေရာပတ်၀န်းကျင်မှာ အခုရထားတဲ့ လျပ်စီးမိုးကြိုး ဝိဥာဉ်၀က်ထက် အဆင့်မြင့်တဲ့ သားရဲကောင်တွေရှိတဲ့နေရာကို မင်းတို့ သိလား…”


နောက်တစ်ပိုင်းလာမယ်နော်