အပိုင်း ၈၈
Viewers 62k

အခန်း ၈၈ “ငါကစားဖိုမှုး”

ပုဖန်၏ မေးခွန်းက ထန်းယင်ကို အူကြောင်ကြောင်ဖြစ်သွားစေသည်။ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်က အဆင့်ခြောက် ဝိဥာဉ်သားရဲတစ်ကောင်ဖြစ်ပြီး အင်အားအကောင်းဆုံးပင်ဖြစ်သည်။ မြေရိုင်လွင်ပြင်ဒေသ၏ အပြင်ဘက်အလွာတွင် ထိုသားရဲက အမြင့်တန်းတွင် ပါ၀က်လေသည်။ ထိုထက်ပို၍ အဆင့်မြင့်သည့် သားရဲများကို ဖမ်းယူလိုပါက မြေရိုင်းလွင်ပြင်ဒေသ၏ အတွင်းပိုင်းသို့ ထပ်မံ၀င်ရောက်ရမည်ဖြစ်သည်။

မြေရိုင်းလွင်ပြင်ဒေသ၏ အတွင်းပိုင်အလွှာက အလွန်အန္တရာယ်များလှပေသည်။ ထန်းယင်က အင်ပါယာအဆင့်ဖြစ်ပြီး လုရှောင်ရှောင်းက ဘုရင်အဆင့်ဖြစ်သော်လည်း သူတို့နှစ်ယောက်သာ အတွင်းပိုင်းသို့ ၀င်ရောက်သွားမည်ဆိုပါက အသက်ရှင်နိုင်ရန်ပင် မသေချာပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းပိုင်းအလွှာတွင် အင်အားအနည်းဆုံးက အဆင့်ခြောက်သားရဲများ ဖြစ်ကြပြီး အဆင့်ခုနစ်နှင့် အဆင့်ရှစ်ရှိသော ရှေးဦးသားရဲများလည်း ရှိနေသောကြောင့် ဖြစ်သည်။

ပုဖန်က ထန်းယင်၏ ထူးဆန်းသောအမူအယာကို တွေ့မြင်လိုက်သောအခါ ထိုသူက လမ်းညွှန်နိုင်မည်ဟု ကောက်ချက်ချလိုက်သည်။

“မင်းကငါ့ကို အဲဒီသားရဲတွေရှိတဲ့နေရာကို လမ်းညွှန်ပေးတာပဲဖြစ်ဖြစ် မင်းကိုယ်တိုင် လမ်းပြတာပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ကူညီပေးမယ်ဆိုရင် မင်းကို ဟင်းပွဲတစ်ပွဲ အခမဲ့ပြင်ဆင်ပေးမယ်…” ပုဖန်က စိတ်အားထက်သန်စွာ ပြောလိုက်သော်လည်း ထန်းယင်၏ အမူအယာက အလေးအနက်မရှိပဲ လှေင်ပြောင်နေသကဲ့သို့ ရှိနေပေသည်။

ပုဖန်က လျပ်စီးမိုးကြိုး၀က်ကို ဓါးတစ်ချက်ဖြင့် သက်ဖြတ်လိုက်သည်ကို မတွေ့လိုက်ပါက လုရှောင်ရှောင်းကို ခေါ်ဆောင်၍ ထန်းယင်က ထွက်ခွာသွားမည်ဖြစ်သည်။ အတွင်းဘက်အလွှာကို လမ်းပြခြင်းက သူတို့အတွက် အလွန်အန္တရယ်များလှပြီး ပုဖန်၏ ဟင်းပွဲက သူတို့အသက်နှင့် လောင်းကြေးထပ်ရလောက်အောင် တန်ဖိုးရှိနေမည်ဟု ထင်မြင်မိခြင်းမရှိပေ။

“ဒုတိယအကို ဖီးနစ်စုတေတောင်ကြားမှာ အဆင့်မြင့်သားရဲတစ်ကောင် ရှိနေတယ်မဟုတ်ဘူးလား…. ဆရာက ငါတို့ကို ပြောလိုက်တယ်လေ… ငါတို့မှာလုံလောက်တဲ့အရည်အချင်းရှိရင် အဲသားရဲကိုဖမ်းဆီးနိုင်တယ်… အရည်အချင်းမရှိဘူးလို့ တွေးထားရင် လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကိုပဲ ဖမ်းလို့ ပြောခဲ့တာလေ..”

ထန်းယင်က တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေချိန်တွင် လုရှောင်ရှောင်းက သူမ၏ စီနီယာကို ကြည့်၍ ပြောဆိုလိုက်သည်။

“ အဲလိုဆိုမှတော့… အဲဒီသားရဲရဲ့ အသားမှာ ပါ၀င်တဲ့ စွမ်းအင်တွေက လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် ပိုကောင်းတယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား…” လုရှောင်ရှောင်း၏ မျက်၀န်းများက လခြမ်းကွေးသဏ္ဍာန်ကွေးညွှတ်သွားပြီး ပါးချိုင့်လေးများ ခွက်သွားသည်အထိ ပြုံး၍ ပြောဆိုလိုက်သည်။

ထန်းယင်က မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ ဂျူနီယာညီမလေးကို ကြည့်လိုက်လေသည်။ သူမက ထိုနတ်ဆိုးသားရဲအကြောင်းကိ ထုတ်ဖော်ပြောဆိုလိုက်မည်ဟု သူက မျှော်လင့်ထားခြင်းမရှိပေ။

“ဟမ်… လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် အဆင့်မြင့်တဲ့ သားရဲလား…. ကောင်းပြီ… ငါ့ကို အဲဒီကိုခေါ်သွားပေး…” ပုဖန်က ခပ်တည်တည်နှင့် ပြောဆိုလိုက်သည်။

ထန်းယင်က တစ်စုံတစ်ခုကို ပြောပြရန် ပြင်လိုက်သော်လည်း လုရှောင်ရှောင်းက သူ၏ လက်ကို ဆွဲလိုက်ပြီး အရှေ့သို့ လျောက်ထွက်သွားလိုက်သည်။

“ဒုတိယအကို… ဒီစီနီယာရဲ့ စွမ်းရည်နဲ့ဆို နတ်ဆိုးသားရဲကို ပထုတ်နိုင်မှာသေချာတယ်.. နတ်ဆိုးသားရဲသာ မရှိတော့ဘူးဆိုရင် တောင်ကြားထဲက ဖီးနစ်သွေးဆေးပင်တွေက်ို ငါတို့ ခူးဆွတ်နိုင်ပြီပေါ့… အဲလိုဆိုရင် ဆရာရဲ့ မစ်ရှင်လည်း အောင်မြင်သွားနိုင်တယ်…” လုရှောင်ရှောင်းက လေသံတိုးတိုးနှင့် ထန်းယင်ကို ပြောဆိုလိုက်သည်။

“ငါတို့က စီနီယာ့အပေါ်ကို အဲလိုအခွင့်အရေးမယူသင့်ဘူး… ငါအဲလိုမလုပ်နိုင်ဘူး…. ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို အမှန်အတိုင်းပြောပြလိုက်သင့်တယ်..” ထန်းယင်က သူ၏ ဂျူနီယာညီမကို မကျေမနပ်နှင့် မျက်မှောင်ကြုံ့၍ ကြည့်လိုက်လေသည်။

“စီနီယာအကို… ငါတို့အမှန်အတိုင်းပြောလိုက်ရင် စီနီယာက မသွားတော့ဘူးဆို ဘယ်လိ်ုလုပ်မလဲ… ပြီးတော့လဲ စီနီယာက အဆင့်မြင့်သားရဲကို လိုချင်နေတာလေ… အဲဒီတောင်ကြားထဲက သားရဲက ဒီဝိဥာဉ်၀က်ထက် အဆင့်မြင့်တာပဲလေ…” လုရှောင်းရှောင်းက ထန်းယင်၏ လက်မောင်းကို လှုပ်ခါလိုက်ပြီး စိုးရိမ်တကြီးပုံစံနှင့် ပြောဆိုလိုက်သည်။

ထန်းယင်က တခဏမျှ ချီတုံချတုံဖြစ်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“အင်း…အဲလိုဆိုမှတော့…နတ်ဆိုးသားရဲကို ပထုတ်တဲ့ အချိန်ကျရင် ငါတို့လဲ ကြိုးစားပြီး စီနီယာ့ကို ကူညီကြတာပေါ့…”

“ဒါပေါ့… ငါတို့ အဲလိုလုပ်ရမှာပေါ့…”

ထန်းယင်က သဘောတူလိုက်သောကြောင့် လုရှောင်းရှောင်းက ကျေနပ်စွာ ပြုံးလိုက်ရာ သူမ၏ ချစ်စရာကောင်းသော ပါးချိုင့်လေးများက နောက်တစ်ကြိမ် ထွက်ပေါ်လာလေတော့သည်။ အထုတ်အပိုးများကို သယ်ဆောင်ပြီး နောက်မှ လိုက်ပါလာသည့် ပုဖန်က သူတို့ပြောနေသည့် စကားများကို သတိထားမိခြင်း မရှိပေ။ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ကို ထန်းယင်၏ သိုလှောင်လက်စွပ်အတွင်းတွင် သိမ်းဆည်းထားလိုက်ပြီဖြစ်သည်။

“စီနီယာ… အဆင့်မြင့်သားရဲက ဖီးနစ်စုတေတောင်ကြားမှာရှိတာ.. ငါတို့နေရာနဲ့ အဲတောင်ကြားက တော်တော်ဝေးတယ်… အဲဒီကိုရောက်ဖို့ တစ်ညလုံးခရီးနှင်ရလိမ့်မယ်…” ထန်းယင်က ပုဖန်ကို လှည့်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

“အင်း အဲဒီလိုပဲ လုပ်ကြတာပေါ့… ငါတို့ မနက်ဖြန်နေ့လည်လောက် အဲဒီကို ရောက်မှ ဖြစ်မယ်...” ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး ပြောဆိုလိုက်သည်။

စနစ်က ပါ၀င်ပစ္စည်းများကို ရှာဖွေရန် အချိန်နှစ်ရက် ပေးထားသောကြောင့် ပုဖန်က စိုးရိမ်သောက ရှိမနေပေ။ သူတို့သုံးယောက်က တောနက်ထဲသို့ ခရီးဆက်ခဲ့ကြသည်။ မြေရိုင်းလွင်ပြင်တစ်ဝှိုက်တွင် ထိုတောအုပ်က ထူထပ်ကျယ်ပြောလှသည်။ သူတို့ လျောက်လာသည့် လမ်းတစ်လျောက်တွင် အဆင့်သုံးနှင့် အဆင့်လေး သားရဲကောင်များကို တွေ့ရှိခဲ့သည်။ ထိုသားရဲများကို ထန်းယင်က ဒိုင်ခံရှင်းလင်းနေပေသည်။

သူတို့ခရီးဆက်လာပြီး အတန်ငယ်မျှကြာသောအခါ အုံ့ဆိုင်းနေသောတောအုပ်ကို ကျော်ဖြတ်လာပြီး ကျောက်တုံးနယ်မြေအတွင်းသိ်ု့ ၀င်ရောက်လာကြသည်။ ထိုနေရာက စွန့်ပစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေပြီး မြေပြင်ပေါ်တွင် အမှိုက်သရိုက်များ မရေတွက်နိုင်အောင် ရှိနေလေသည်။

“ဒီကျောက်တုံးနယ်မြေကို ကျော်ဖြတ်ပြီးရင် ဖီးနစ်စုတေတောင်ကြားကိုရောက်ပြီ… စီနီယာ…. ငါတို့ဒီမှာခဏနားကြမလား….” ထန်းယင်က ပုဖန်ကို လှည့်ကြည့်၍ မေးမြန်းလိုက်သည်။

“ဟုတ်တယ်… စီနီယာ… ငါတို့ဒီမှာ နားကြရအောင် … ငါအရမ်းပင်ပန်းနေပြီ… ပြီးတော့ မြေရိုင်းလွင်ပြင်က ညဘက်မှာပိုပြီးအန္တရာယ်များတယ်…. စီနီယာက စွမ်းအားကြီးတယ်ဆိုပေမယ့်… ငါတို့က လုံခြုံဖို့နဲ့ စွမ်းအင်ဖြည့်ဖို့အတွက် အနားယူဖို့ လိုအပ်တယ်… မနက်ဖြန်မှ ခရီးဆက်ကြမယ်လေ…” လုရှောင်းရှောင်းက အလျင်အမြန် ၀င်ရောက်ပြောဆိုလိုက်သည်။

“ကောင်းပြီလေ… ငါတို့ဒီမှာပဲ နားကြတာပေါ့…” ပုဖန်က မှောင်မည်းနေသော ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သက်ပြင်းချ၍ ပြောဆိုလိုက်သည်။

ထို့နောက် သူတို့သုံးယောက်က ကျောက်တုံးကြီးတစ်တုံး၏ နောက်ကွယ်တွင် ရှင်းလင်း၍ နေရာယူလိုက်ကြသည်။

“ငါ့ကို လမ်းပြပေးရင် မင်းတို့အတွက် ဟင်းပွဲချက်ပေးမယ်လို့ ကတိပေးထားတာဆိုတော့… ဟင်းချက်ဖို့အတွက် ငါ့ကို အသားနည်းနည်းပေးဦး …” ပုဖန်က ထန်းယင်ကို လှမ်းပြောလိုက်ပြီး ထင်းခြောက်ရှာဖွေရန် တောအုပ်ထဲသို့ ပြန်၀င်သွားလိုက်သည်။

ထို့နောက် ပြန်လည်ရောက်ရှိလာပြီး ထန်းယင်ကို မေးလိုက်လေသည်။

“ဘယ်လိုမီးမွှေးရမလဲဆိုတာကို မင်းသိလား…”

ထန်းယင်က တခဏမျှ ကြောင်အသွားပြီး ပြောလိုက်မိသည်။

“စီနီယာက တစ်ကယ်ပဲ ငါတို့အတွက် ချက်ပြုတ်ပေးဖို့ ပြင်ဆင်နေတာလား….”

ပုဖန်က နောက်ပြောင်နေခြင်းဟု သူက ထင်ထားခဲ့ပြီး တစ်ကယ်ချက်ပြုတ်ပေးလိမ့်မည်ဟု လုံး၀မထင်ထားခဲ့ပေ။ လုရှောင်းရှောင်းကလဲ မှင်သက်သွားပြီး တွေးလိုက်မိသည်။

“ဒီစီနီယာ… သူက တစ်ကယ်စားဖိုမှုးတစ်ယောက်ဟုတ်ပါတယ်နော်…. ငါတို့ဆရာလို သုံးစားလို့မရတဲ့ စားဖိုမှုးတော့ မဟုတ်လောက်ပါဘူး… ဟုတ်တယ်မလား…”

“မင်းမီးမွှေးလိုက်… ပီးတော့ငါ့ကို လျပ်စီးမိုကြိုးဝိဥာဉ်၀က်ရဲ့ ကျောရိုးသားနည်နည်းပေး… ငါက ချက်ပြုတ်ဖို့ ပြင်ဆင်ရဦးမယ်…” ပုဖန်က ခပ်တည်တည်နှင့် ပြောဆိုလိုက်သည်။

ထန်းယင်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကျောရိုးသားအနည်းငယ်ကို ခပ်မြန်မြန်ထုတ်ပေးလိုက်သည်။ ပုဖန်က အသားကို လှမ်းယူလိုက်ပြီး ကျောက်တုံးတစ်တုံးကို ရှာ၍ စွမ်းအင်များကို အသုံးပြုပြီး သန့်ရှင်းလိုက်သည်။ ကျောက်တုံးသန့်စင်သွားသောအခါ နွေဦးစမ်းရည်များ ပါ၀င်သည့် ဘူးသီးခြောက်ရေဘူးကို ထုတ်ယူလိုက်ပြီး အသားကို ဆေးကျောလိုက်သည်။ အသားတွင် ကပ်ညိနေသည့် အညစ်အကြေးများနှင့် သွေးစသွေးနများက သန်ပစင်သွားပြီး နွေဦးစမ်းရည်များက အသားထဲသို့ စိမ့်၀င်သွားကြလေသည်။

ပုဖန်က အသားပေါ်တွင် တင်ကျန်နေသော ရေများကို သူ၏စွမ်းအင်များနှင့် ခြောက်သွေ့စေလိုက်ပြီး လက်ကောက်၀တ်ကို လှုပ်ရမ်း၍ နဂါးအရိုးဓါးကို ထုတ်ယူလိုက်သည်။ နက်မှောင်နေသည့် ဓါးရိုးကို ဆုတ်ကိုင်လိုက်ပြီး အသားကို သုံးပိုင်းပိုင်းလိုက်လေသည်။ လုရှောင်းရှောင်းက ပုဖန်ကို စိုက်ကြည့်နေပြိး ဆွံ့အနေပေသည်။ ပုဖန်၏ ဖြတ်တောက်ခြင်းနည်းစနစ်ကို သူမ၏ အာရုံထဲတွင် ထပ်တလဲလဲ မြင်ယောင်နေမိလေသည်။

“စီနီယာက တစ်ကယ်ကိုပဲ စားဖိုမှုးတစ်ယောက်လား…”

ထန်းယင်က မီးမွှေးပြီးပြီဖြစ်သည်။ အင်ပါယာအဆင့်တစ်ယောက်ကိုမီးမွှေးခိုင်းသည်က တူကြီးကြီးတစ်လက်နှင့် မြေပဲခွာနေသကဲ့သို့ ဖြစ်နေပေသည်။ ပုဖန်က ထိပ်ဖြားချွန်သည့် သစ်ကိုင်းချောက်သုံးခုကို ကောက်ယူလိုက်ပြီး အသားများကို တံစို့ထိုးလိုက်လေသည်။ ထို့နောက် အသားသီတံများကို မီးဖိူအနီးတွင် ထောင်ထားလိုက်ပြီး တစ်ဖြည်းဖြည်းချင်း ကင်လိုက်လေသည်။

“စီနီယာရဲ့ လှုပ်ရှားမှုတွေက သေသပ်လှပနေတာပဲ… ကြည့်ရတာ စားဖိုမှုးတစ်ယောက်နဲ့ တစ်ကယ်တူတယ်….” ပုဖန်က သူတို့အတွက် အသားကင်နေသောကြောင့် ထန်းယင်က မည်သို့ ပြုလုပ်ရမည်ကို မသိဟန်နှင့် စကားတစ်ခွန်း ပြောလိုက်လေသည်။

“ငါက စားဖိုမှုး…” ပုဖန်က လှမ်းကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။ ထို့နောက် ဆား၊ ငြုပ်ကောင်းမှုန့်တို့ ပါ၀င်သော ဗူးလေးများကို ထုတ်ယူလိုက်သည်။

“သူက တစ်ကယ်ကြီးကို စားဖိုမှုးမအစစ်ပေါ့…”

အမွှေးအကြိုင်များ ထည့်ထားသည့် ဗူးလေးများကို ကြည့်၍ ထန်းယင်နှင့် လုရှောင်းရှောင်းတို့ မှင်သက်သွားကြသည်။

“စီနီယာက မမျော်လင့်ထားတာတွေ လုပ်ပြတတ်တာပဲ စီနီယာ့ကိုကြည့်ရတာ မြေရိုင်းလွင်ပြင်ဒေသကို ပျော်ပွဲစားထွက်လာသလိုပဲ… ဟင်းခတ်အမွှေးအကြိုင်တွေတောင် ယူလာသေးတယ်…” လုရှောင်းရှောင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။

“အမှန်အတိုင်းပြောရမယ်ဆိုရင် ငါက မီးဖိုချောင်သုံး အိုးခွက်တွေပါ ထည့်ထားတာ.. ခွင့်မပြုလို့မယူလာရတာ… အဲဒါတွေပါ သယ်လာလို့ရရင် ငါက ဒီထက်ကောင်းတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်နိုင်မှာ… မင်းတို့နှစ်ယောက် တစ်ကယ်ပဲ ကံမကောင်းဘူး…”

ထန်းယင်နှင့် လုရှောင်းရှောင်းတို့က ပုဖန်ကို ကြောင်အ၍ စိုက်ကြည့်နေလေသည်။ သူတို့သုံးယောက်က စကားမပြောကြတော့သောကြောင့် ပတ်၀န်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားပြီး သစ်ကိုင်းများ လောင်ကြွမ်းနေသံ တစ်ဖျောက်ဖျောက်ကို ကြားနေရပေသည်။ တခဏအကြာတွင် အသားကင်မှ မွှေးကြိုင်သောရနံ့များ စတင်ထွက်ပေါ်လာလေတော့သည်။