အပိုင်း ၉၀
Viewers 53k

အခန်း ၉၀ “စီနီယာက အထင်ကြီးလောက်စရာပဲ”

“စီနီယာ… ဒါက ဖီးနစ်စုတေတောင်ကြားပါ…” ထန်းယင်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်တန့်လိုက်ပြီး သူတို့ရှေ့မှ သာယာယလှပသော နေရာကို ညွှန်ပြ၍ ပြောဆိုလိုက်သည်။

ဖီးနစ်စုတေတောင်ကြားက အပြင်ဘက်အလွှာနှင့် အတွငးဘက်အလွှာ၏ ကြားနယ်နမိတ်တွင် တည်ရှိနေပြီး ကျောက်တုံးတောအုပ်ကို လွန်မြောက်၍ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ထိုနေရာသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ထိုတောင်ကြားအတွင်းတွင် တန်ဖိုးကြီးမားသော ဆေးဘက်၀င်အပင်များ ပေါက်ရောက်နေသည်ကို တွေ့မြင်နေရပေသည်။ တောင်ကြားထဲတွင် ဆေးပင်များ၏ ရနံ့များက ကြိုင်လှိုင်စွာ ထွက်ပေါ်နေပြီး ကောင်းကင်ထိပင် ဆေးအငွေ့အသက်များက ဖုံးလွှမ်းနေပေသည်။

“ဒီနေရာက တစ်ကယ့်ကို အံ့သြဖို့ကောင်းတာပဲ…” ပုဖန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ဤနေရာ၏ လှပမှုက ပုဖန်၏ နှလုံးသားထဲတွင် ဆန်းကျယ်သော ကမ္ဘာအစစ်အမှန်ဟု ခံစားနေရသည်။ ပုဖန်က နဂါးမြို့ဟောင်းနယ်မြေကို ရောက်ရှိသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်မှသာ ဆန်းကျယ်သော ကမ္ဘာဟု ခံစားမိခြင်း ဖြစ်သည်။

“မင်းတို့ပြောတော့ လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် အဆင့်မြင့်တဲ့ သားရဲ ဒီမှာရှိတယ်ဆို… ဘယ်မှာလဲ…” ပုဖန်က ပတ်၀န်းကျင်၏ လှပမှုကို ခံစားနေရင်းမှ လာရင်းကိစ္စကို သတိရသွားပြီး မေးလိုက်မိသည်။

“စီနီယာ… အဲဒီသားရဲက တောင်ကြားထဲမှာပဲ နေတယ်… သူ့ကိုတွေ့ချင်ရင် ငါတို့တောင်ကြားထဲကို ၀င်မှရမယ်…” ထန်းယင်က ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူ၏ ဂျူနီယာညီမလေးကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။

“စီနီယာ… ဖီးနစ်စုတေတောင်ကြားရဲ့ တည်နေရာက ထူးခြားပြီးတော့ အန္တရာယ်လဲများတယ်… ဒီနေရာမှာ အဆင့် ခုနစ် သားရဲတွေကို တောင် တွေ့ရနိ်ုင်တယ်…” ဖီးနစ်စုတေတောင်ကြားက အတွင်းပိုင်းနယ်နမိတ်၏ အစပ်နေရာဖြစ်သောကြောင့် အဆင့် ခုနစ် သားရဲကောင်များပင် ရှိနေနိုင်ကြောင်း ပုဖန်ကို သတိပေးလိုက်သည်။

“အိုး… အဆင့် ခုနစ်သားရဲတွေလား… ကောင်းတာပေါ့… အဲဒါကိုလည်း လျပ်စီးမိုးကြိုးဝိဥာဉ်၀က်ထက် အဆင့်မြင့်တဲ့သားရဲလို့ ထည့်သွင်းစဉ်းစားလို့ရတာပဲ…”

ထန်းယင်က ဘာဆက်ပြောရမည်ပင် မသိတော့ပဲ ကြောင်အသွားလေသည်။ သူမမျှော်လင့်ထားစွာပင် စီနီယာက အဆင့်ခုနစ်သားရဲကောင်ကို လိုအပ်သော ပါ၀င်ပစ္စည်းတစ်ခုအဖြစ်သာ သဘောထားနေပေသည်။ ထန်းယင်၏ စိတ်ထဲတွင် ပုဖန်ကို ပို၍ ယုံကြည်လာလေသည်။ သူတော်စင်အဆင့်မျညးပင် အဆင့် ခုနစ်သားရဲကောင်နှင့် တွေ့မည်ဆိုပါက တိုက်ခိုက်ရန် နှစ်ခါပြန်စဉ်းစားနိုင်သော်လည်း ပုဖန်က သာမာန်ပစ္စည်းတစ်ခုကို ကောက်ယူနေသကဲ့သို့သာ သဘောထားနေပေသည်။

“တစ်ကယ့်ကို အံ့သြဖို့ကောင်းတယ်… စီနီယာက အထင်ကြီးလောက်စရာပဲ ….”

ထန်းယင်က ဦးဆောင်လိုက်ပြီး တောင်ကြားထဲသို့ ၀င်သွားကြလေသည်။ တောင်ကြားအတွင်းရှိ နေရာအနှံ့တွင် စိမ်းလန်းစိူပြေနေသော သစ်ပင်ပန်းမန်များ ပေါက်ရောက်နေပြီး တည်ငြိမ်အေးချမ်းနေပေသည်။ နေရာတိုင်းတွင် စိမ်းစိုနေပြီး ဆောင်းရာသီတွင် ပွင့်ဖူးတတ်သော ပန်းတစ်ချို့ကို တွေ့နေရပေသည်။ ဖီးနစ်စုတေတောင်ကြားက သီးခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်တည်နေပြီး တောင်ကြားထဲသို့ ၀င်ရောက်လာသည်နှင့် ပုနွေးစွတ်ဆိုမှုနှင့် သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရလေသည်။

ထန်းယင်နှင့် လုရှောင်းရှောင်းတို့က ဖီးနစ်စုတေတောင်ကြားကို ပထမအကြိမ် ၀င်ရောက်ခြင်းဖြစ်သောကြောင့် အရာရာတိုင်းကို သိချင်စိတ်ပြင်းပြစွာနှင့် ကြည့်ရှုနေလေတော့သည်။

“ဒုတိယအကို ကြည့်ပါဦး ဒါက ဆေးဘက်၀င် လိပ်ပြာသစ်ရွက်မဟုတ်လား… ဒါက အဆင့်သုံး ဝိဥာဉ်ဆေးပင်ပဲ…” လုရှောင်းရှောင်းက လိပ်ပြာသဏ္ဍာန် ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသောကြောင့် အံ့သြတကြီးနှင့် ပြောဆိုလိုက်သည်။ ဆေးဘက်၀င် လိပ်ပြာသစ်ရွက်တစ်မျိုးသာ ရှိနေခြင်းမဟုတ်ပဲ အခြားအဖိုးထိုက်တန်သော ဆေးဘက်၀င်အပင်များ ပေါက်ရောက်နေကြလေသည်။ ထို့အပြင် ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်တွင် အသုံးပြုသည့် ဆေးဘက်၀င်အပင်များကို နေရာတိုင်းတွင် တွေ့နိုင်ပေသည်။

သူတို့နားထဲတွင် အလွန်ကျယ်လောင်သော ရေစီးကျသံကို ကြားလိုက်ရသောကြောင့် ဆေးပင်များကို မြန်မြန်ဆန်ဆန် နှုတ်ယူလိုက်ပြီး လမ်းကျဉ်းလေးထဲသို့ လျောက်၀င်လာကြသည်။ အနည်းငယ်မျှ ၀င်ရောက်လိုက်ပြီးနောက် ရေတံခွန်တစ်ခုကို တွေ့လိုက်ကြရလေသည်။ ရေမှုန်များ ရောနှောနေသည့် လေထုက သူတို့ထံသိ်ု့ ရောက်ရှိလာလေသည်။

“ဟမ်…. အဲဒါနတ်ဆေးပင်လား…” ပုဖန်က အရှေ့သို့ မမှိတ်မသုန် စိုက်ကြည့်နေပြီး အံ့အားသင့်ဟန်နှင့် ပြောဆိုလိုက်သည်။

ပုဖန်က ရေတံခွန်အနီးမှ ခရမ်းရောင်သစ်ရွက်များကို စိုက်ကြည့်နေပြီး ထိုသစ်ရွက်များ၏ အောက်တွင် ပေါက်နေသော အပင်တစ်ပင်ကို တွေ့ရှိသွားသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။

“ဟုတ်တယ်… အဲဒါနတ်ဆေးပင်ပဲ… အဆင့်ငါးဆေးဘက်၀င်ကောင်းကင်နွယ်ပဲ… ဖီးနစ်စုတေတောင်ကြားထဲမှာ ဒီလိုနတ်ဆေးပင်တစ်ပင်ကို တွေ့ရမယ်လို့တောင် မမျှော်လင့်ထားမိဘူး…” ထန်းယင်က ပျော်ရွှင်စွာနှင့် ပြန်လည်ပြောဆိုလိုက်သည်။

ပုဖန်က ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ဆက်လျောက်သွားလိုက်သည်။ သူနှင့် ရင်းနှီးကျွမ်း၀င်နေသော ဆေးဘက်၀င်ကောင်းကင်နွယ်ကို လက်လွှတ်မခံနိုင်ပေ။ အထူးသဖြင့် ဆေးဘက်၀င်ကောင်းကင်နွယ်၏ တန်ဖိုးက အလွန်မြင့်မားလှပေသည်။ ဆေးဘက်၀င်ကောင်းကင်နွယ်အနီးသို့ ရောက်ရှိရန် မီတာအနည်းငယ်မျှ လိုသောအခါ လေထုထဲမှ တစ်စုံတစ်ရာတိုး၀င်လာသည်ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။

ပုဖန်က တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ လက်ကောက်၀တ်ကို လှုပ်ရမ်းလိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ထုတ်ယူလိုက်ကာ တိုး၀င်လာသော ပုံရိပ်ကို ခုတ်ချလိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ပေါ်လာသည်နှင့် သူ့ထံတိုး၀င်လာသော ပုံရိပ်က နှစ်ခြမ်းခြမ်းသွားလေသည်။ အနီရောင်တောက်ပနေသည့် သွေးများက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး ခန္ဒာကိုယ်နှစ်ပိုင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထန်းယင်ကလေအေးများကို တစ်ဝြကီး ရှူရှိုက်လိုက်မိသည်။ ထိုသားရဲက အဆင့်ငါးမြွေပွေးတစ်ကောင်ဖြစ်ပြီး အဆင့်ငါးသားရဲများအတွင်းတွင် ကိုင်တွယ်ရအခက်ဆုံးဖြစ်သည်။ ပုဖန်က မြွေပွေးကို သတ်ဖြတ်ပြီးသည်နှင့် သူ၏ ဓါးကိ်ု သုတ်လိုက်လေသည်။ ထို့နောက် အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး နဂါးအရိုးဓါးက ပြန်လည်ပျောက်ကွယ်သွားလေသည်။

ပုဖန်က ဝိဥာဉ်စွမ်းအင်များ ပြည့်ဝနေသည့် ဆေးပင်ကို နှုတ်ယူလိုက်သည်။ ထိုဆေးပင်က စနစ်မှ ထောက်ပံ့ပေးထားသည့် ဆေးဘက်၀င်ကောင်းကင်နွယ်နှင့် မယှဉ်နိုင်သော်လည်း အိမ်ရှေ့စံမင်းသားပေးသည့် ပစ္စည်းထက် သာလွန်ကောင်းမွန်ပေသည်။

“စနစ်… ငါ့က်ို သိုလှောင်လို့ရတဲ့ ပစ္စည်းတစ်ခုခုလောက် မထောက်ပံ့နိုင်ဘူးလား… ဒီပစ္စည်းတွေအကုန်လုံးကို လက်ဗလာနဲ့ ပြန်သယ်ခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်… ငါကပါ၀င်ပစ္စည်းတွေကိုလဲ ရှာဖွေရဦးမယ်…. သူတို့ကို ဖမ်းဆီးယူဆောင်ဖို့လဲ လုပ်ရဦးမယ်…. အားလုံးပြီးသွားပြီဆိုရင်လဲ ဒါတွေကို ပြန်သယ်သွားရဦးမှာလား…” ပုဖန်က စနစ်ကို လှမ်းပြောလိုက်သည်။

စနစ်က ချက်ချင်းပြန်မပြောပဲ ခေတ္တမျှ တိတ်ဆိတ်နေလေသည်။

“အသက်လက်စွပ်ကို စတင်အသက်သွင်းနေပါပြီ… အသက်လက်စွပ်အသုံးပြုရန် စတင်နေပါပြီ…သုံး… နှစ်…. တစ်… အသက်လက်စွပ် စတင်အသက်၀င်ပါပြီ… ပိုင်ရှင် သင်က အခု အသက်လက်စွပ်ကို အသုံးပြုလို့ရပါပြီင်္…” စနစ်၏ အသံက စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ပုဖန်က ကျေနပ်သွားပြီး ခပ်ပြုံးပြုံးဖြစ်သွားကာ သူ့လက်ထဲက ဆေးပင်များကို အသက်လက်စွပ်အတွင်းသို့ ထည့်လိုက်လေသည်။ စနစ်မှ ထောက်ပံ့ပေးထားသော အသက်လက်စွပ်၏ အတွင်းမှ နေရာလွတ်က ဆိုင်တစ်ဆိုင်နီးပါးမျှ ကျယ်၀န်းပေသည်။ ပုဖန်က အခြားပစ္စည်းများကိုလဲ ထည့်သိမ်းလိုက်ပြီး ထန်းယင်ကို စူးစိုက်ကြည့်လိုက်သည်။

“မင်းပြောတဲ့.. အဆင့်မြင့်သားရဲက ဘယ်မှာလဲ…”

“စီနီယာ ခဏလောက်စောင့်ပါဦး… အဲဒီသားရဲက တောင်ကြားထဲမှာရှိပါတယ်…” ထန်းယင်က မထီမဲ့မြင် မလုပ်ရဲပဲ လေးလေးစားစားနှင့် ပြန်ပြောလိုက်သည်။ လမ်းတစ်လျောက်တွင် ပုဖန်၏ အပြုအမူများက သူ့ကို အလွန်အမင်း ထိတ်လန့်စေသည်။

“ဒုတိယအကို ဟိုမှာကြည့်ဦး… အဲဒါက ဖီးနစ်သွေးဆေးပင်မဟုတ်လား…” လုရှောင်းရှောင်းက ရေတံခွန်ဘေးမှ တောင်ကုန်းပေါ်တွင် ပေါက်ရောက်နေသည့် ဆေးပင်ကို ညွှန်ပြလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

“ဖီးနစ်သွေးဆေးပင်… အဲဒါဘာလဲ…” ပုဖန်က မေးမြန်းလိုက်ပြီး လုရှောင်းရှောင်းညွှန်ပြလိုက်သော နေရာသို့ လှမ်းကြည့်လိုက်လေသည်။ တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် လေယူရာယိမ်းနေသော ဖီးနစ်ငှက်၏ အမွှေးနှင့်တူသည့် သွေးနီရောင် အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ထိုအပင်မှ စွမ်းအင်ပမာဏ မြောက်များစွာ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

“ဖီးနစ်သွေးဆေးပင်က အဆင့်ခုနစ်ဆေးပင် တစ်ပင်ဖြစ်ပြီး ဒဏ္ဍာရီတွေထဲမှာတော့ ရှေးကျတဲ့ ဖီးနစ်ငှက်ရဲ့သွေးစက်ကနေ ဒီဆေးပင်က ပေါက်လာတယ်လို့ ဆိုကြတယ်… ဒီဆေးပင်ကို စားလိုက်မယ်ဆိုရင် ပြာပုံဘ၀ကို ရောက်သွားရင်တောင် ပြန်လည်ရှင်သန်နိုင်တယ်လို့ တင်စားကြတယ်…”

“ပြီးတော့ ဒီဆေးပင်က သက်စောင့်ဟင်းပွဲတွေမှာ မရှိမဖြစ် အရေးပါတဲ့ ဆေးပင်တစ်ပင်လဲဖြစ်တယ်… စနစ်က ဖီးနစ်သွေးဆေးပင်ကို အရယူဖို့ အကြံပေးပါတယ်…”

ပုဖန်၏ မျက်၀န်းများက လက်လက်တောက်ပသွာလေသည်။ ဖီးနစ်သွေးဆေးပင်က အလွန်ကောင်းမွန်လှပေသည်။

“ဒီဆေးပင်သာ အရွယ်ရောက်လာပြီဆိုရင် တောင်ကြားထဲက အဆင့်မြင့် သားရဲတွေအကုန် ထွက်လာနိုင်တယ်… စီနီယာ… မင်းရှာနေတဲ့ အဆင့်မြင့်သားရဲတောင်မှ ထွက်ပေါ်လာနိုင်တယ်…”

“ဖီးနစ်သွေးဆေးပင်က ပစ္စည်းကောင်းတစ်ခုပဲ ဒီလောက်ကောင်းမွန်တဲ့ ပစ္စည်းတစ်ခုကိ်ု ရလိမ့်မယ်လို့တောင် ငါမမျော်လင့်ထားမိဘူး…” ပုဖန်က ခပ်ပြုံးပြုံးနှင့် ပြောဆိုလိုက်သည်။

လေယူရာ ယိမ်းနွဲ့နေသည့် ဆေးပင်ကို ကြည့်ရသည်မှာ ပို၍ပင်လှပနေပေသည်။ ဆေးပင်၏ ပတ်၀န်းကျင်တွင် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပျံ့နှံ့နေပြီး အဖြရောင်အခိုးအငွေ့များက တိမ်တိုက်များကဲ့သို့ပင် ဖြစ်ပေါ်နေပေသည်။

“စီနီယာ… နင်က ဒီဆေးပင်ကိုရော လိုချင်တာလား…” ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ လုရှောင်းရှောင်း၏ အမူအယာက ပြောင်းလဲသွားပြီး မေးမြန်းလိုက်သည်။

“အင်းလေ… အဲဒါဘာများ မှားနေလို့လဲ…” ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။

ပုဖန်၏ အဖြေကို ကြားလိုက်ရသောအခါ လုရှောင်းရှောင်း၏ အမူအယာက မကျေမနပ် ဖြစ်သွားလေသည်။ ထိုအချိန်တွင် စွမ်းအင် အများအပြားထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာလေတော့သည်။ ထန်းယင်၏ အမူအယာက ပြောင်းလဲသွားလေသည်။ သူတို့ သတိမထားလိုက်မိခင်ပင် သူတို့အနီးတွင် ကြမ်းကြုတ်ရက်စက်ဟန်ရသော သားရဲများ စုရုံးနေသည်ကို တွေ့လိုက်ရလေသည်။