အပိုင်း ၉၆
Viewers 53k

အခန်း ၉၆ “ပြန်ပေးဆွဲခံရသော မိန်းကလေး”


အင်ပါယာမြို့တော်၏ ရှောင်စံအိမ်အတွင်းတွင် ရှောင်မန်က စကားမပြောနိုင်ပဲ သူ၏ လက်ထဲမှ စာကို ဗလာအကြည့်သက်သက်နှင့် စိုက်ကြည့်နေမိသည်။တခဏအကြာတွင် သက်ပြင်းချလိုက်ပြီး အင်ပါယာနန်းတော်ရှိရာသို့ မျှော်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးထဲတွင် ၀မ်းနဲပူဆွေးမှုများနှင့် ပြည့်နှက်နေပေသည်။


“အဖေ… ဘာတွေဖြစ်နေတာလဲ…” ရှောင်ယန်ယုက ရှောင်မန်၏ ၀မ်းနဲပူဆွေးနေသော အမူအယာကိုကြည့်၍ ပူပန်စွာ မေးမြန်းလိုက်သည်။


ရှောင်ရှောင်လုံကလည်း စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလေသည်။ မနက်စောစောတွင် သူတို့ မောင်နှမနှစ်ယောက်က ပုဖန်၏ ဆိုင်သို့ သွား၍ စားကောင်းသောက်ဖွယ်များကို စားသောက်ရန် အိမ်မှ ထွက်ခွာမည့်အချိန်တွင် တားဆီးခံလိုက်ရသောကြောင့် အံ့အားတသင့် ဖြစ်နေကြသည်။ ရှောင်ယန်ယုက စိတ်သောကရောက်နေသော်လည်း ကွမ်းရှောင်ယီထက် ပို၍ တွေးခေါ်စဉ်းစားနိုင်ပေသည်။ သူမ၏ ဖခင်က စံအိမ်အတွင်းမှ ထွက်ခွာခွင့် မပြုသည်မှာ သူမတို့၏ လုံခြုံရေးကိူ စိုးရိမ်သောကြောင့် ဖြစ်နိုင်ပေသည်။


အင်ပါယာမြို့တောင်ထဲတွင် သွားလာလှုပ်ရှားနေထိုင်ရာတွင် လုံခြုံမှု မရှိတောခြင်းမှာ ဖြစ်နိုင်ခြေအနည်းငယ်မျှသာ ရှိတော့ပေသည်။ မြို့တော် တစ်ခုလုံး မလုံခြုံတော့ခြင်း သို့မဟုတ်.. တရားရုံးတော်မှ အရာရှိများနှင့် အဆင့်အတန်းမြင့်မားသူတို့၏ သားသမီးများ လုံခြုံမှု မရှိတော့၍သာ ဖြစ်နိုင်ပေသည်။


“အင်ပါယာမြို့တော်က ဗရမ်းဗတာ အခြေအနေထဲ ကျရောက်နေပီလား…” ရှောင်ယန်ယုက သာယာသော အသံလေးဖြင့် သူမ၏ အဖေကို မေးမြန်းလိုက်သည်။


ရှောင်မန်က သူမကို လှည့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်မှ ကြွက်သားများပင် တုန်လှုပ်နေလေသည်။ ထို့နောက် တဖြည်းဖြည်းချင်းပြောလိုက်လေသည်။


“အရှင်မင်းကြီးနတ်ရွာစံသွားပြီ…”


ရှောင်မောင်နှမနှစ်ယောက်က ထိုစကားကြောင့် တောင်းတင်းသွားပြီး မျက်လုံးများပင် ပြူးကျယ်ဝိုင်းစက်လာလေသည်။ ရှောင်မိသားစုသာ ထိုသတင်းကို လက်ခံရှိခြင်းမဟုတ်ပဲ အင်ပါယာမြို့တော်အတွင်းမှ ချမ်သာသော မိသားစုများ ကြော်ကြားသော မိသားစုများအားလုံးက ထိုသတင်းကို လက်ခံရရှိကြသည်။ အင်ပါယာမင်းမြတ် သေဆုံးသွားသည့် သတင်းက မြို့တော်အတွင်းတွင် ဆူနာမီလှိုင်းလုံးကဲ့သို့ တမဟုတ်ခြင်း ပျံ့နှံ့သွားလေသည်။အင်ပါယာမင်းမြတ် သေဆုံးသွားပြီးနောက် မြို့တော်အတွင်းမှ အခြေအနေက ချက်ချင်းပင် မငြိမ်မသက် ဖြစ်လာလေသည်။


အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့အကြားမှ တိတ်တဆိတ် တိုက်ခိုက်မှုများက ပေါ်ပေါ်တင်တင် တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲလာကြသည်။ ထိုအချက်ကို မြိုတော်အတွင်းမှ မိသားစုကြီးများမှ ကလေးများကို အိမ်တွင်းမှ မထွက်စေသည်ကိုကြည့်၍ သိနိုင်ပေသည်။ ပုလ္လင်အတွက် တိုက်ခိုက်ရာတွင် မင်းသားများအနေနှင့် ကူညီထောက်ပံ့သူများ လိုအပ်ပေသည်။ သူတို့က တရာရုံးတော် အမတ်များ၏ အကူအညီကို ရရှိရန် ကြိုးစားပေလိမ့်မည်။ ထိုအထဲတွင် အရာရှိတို့၏ ကလေးများကို ပြန်ပေးဆွဲခြင်း နံမည်ပျက်အောင်လုပ်ခြင်း စသည့် နည်းလမ်းပေါင်းစုံကို လုပ်ဆောင်လာကြမည်ဖြစ်သည်။


အင်ပါယာမင်းမြတ် သေဆုံးသွားသည့် သတင်းပျံ့နှံ့သွားသည်နှင့် အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသား ဘုရင်ခံယုတို့က နန်းတော်သို့ ၀င်ရောက်သွားခဲ့ကြသည်။ တစ်နာရီမျှ ဆွေးနွေးပြီးနောက် နန်းတော်အတွင်းမှ ပြန်ထွက်လာကြပြီး မြင်းများ ရထားလုံးများကို ပြင်ဆင်၍ အထောက်အပံ့ရရန် ကြိုးစားကြလေသည်။


လက်ဝဲအမတ်ကြီးကျောက်မူရှန် နေထိုင်ရာစံအိမ်တော်….


လက်ဝဲအမတ်ကြီးကျောက်မူရှန်၏ တည်ရှိမှုက အလွန်အရေးပါပြီး မင်းသားများပင် တရိုတသေ ဆက်ဆံရလေသည်။ သူက စစ်သေနာပတိချုပ်ရှောင်မန်ပြီးလျင် အရေးအပါဆုံးပင် ဖြစ်သည်။ ကျောက်မိုရှန်၏ အသက်အရွယ်က ကြီးရင့်ဟန် မရသေးပဲ သူ၏ ခန္တာကိုယ်က ကျန်းမာသန်စွမ်းလှပေသည်။ သို့သော် သူ၏ ဆံပင်များက အဖြူအနက် ရောနှောနေပြီး ဇရာ၏ ပြောင်းလဲမှုက သိသာထင်ရှားနေပေသည်။


သူက သစ်သားထိုင်ခုံပေါ်တွင် ထိုင်နေပြီး မျက်လုံးများကို ကျဉ်းမြောင်းထားကာ လက်တစ်ဖက်နှင့် သူ၏ ၀မ်းဗိုက်ကို ပွတ်နေလေသည်။ ထိုအချိန်တွင် တံခါး၏ နောက်ကွယ်မှ ခြေသံအချို့ကြားလိုက်ရပြီး အခန်းထဲသို့ ပုံရိပ်တစ်ခု ၀င်လာလေသည်။


“အဖေ… ကျွန်တော် ပြန်ရောက်ပါပြီ…” ကျောက်ရူကျီက အခန်းထဲသို့ ၀င်ရောက်လာပြီး ထိုင်ခုံပေါ်မှ ကျောက်မူရှန်ကို အရိုအသေပြု၍ ပြောဆိုလိုက်သည်။


“ကိစ္စတွေအကုန်ပြီးသွားပြီလား…” ကျောက်မူရှန်က လှမ်းမေးလိုက်သည်။


“ဘာအခက်အခဲမှမရှိပဲ ပြီးဆုံးသွားပါပြီ… ဒါပေမယ့် ဘာကြောင့် ရှောင်ယီ့ကို ပြန်ပေးဆွဲခိုင်းလိုက်တာလဲ… အရူးအဖိုးကြီး ကွမ်းကျီ စိတ်ဆိုးဒေါသထွက်သွားမှာကို မကြောက်ဘူးလား….” ကျောက်ရူကျီက စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်မိသည်။ ရှုပ်ထွေးနေသော အင်ပါယာမြို့တော်၏ အခြေအနေအတွင်း ၀င်ပါရသော ရည်ရွယ်ချက်ကို သူက မသိရှ်ိနေပေ။


“ဂျိချန်းဖန်က သေသွားပြီ… သူသေသွားလို့ အင်ပါယာမြို့တော်လို့ခေါ်တဲ့ စွပ်ပြုတ်အိုးကြီးက ဆူပွက်လာတော့မယ်… အဲတော့ငါတို့က အရသာပိုကောင်းအောင်လို့ ထပ်ပေါင်းထည့်ပေးဖို့ လိုအပ်တယ်…” ကျောက်မူရှန်၏ မျက်လုံးများက အလွန်အမင်း လေးနက်နေပြီး အရှိန်အဝါများက တည်ငြိမ်လှပေသည်။


ထိုအချိန်တွင် ကျောက်ရူကျီ၏ ဖခင်အပေါ် ရိုသေလေးစားမှုက ပို၍ နက်ရှိုင်းလာလေသည်။


“အခုသွားပြီး ကလေးမလေးကို မနှိပ်စက်အောင် သေသေချာချာ စောင့်ကြည့်ထား… ငါတို့က သူ့ကို ဖမ်းဆီးထားတယ်ဆိုတာ ကိစ္စတွေ မြန်မြန်ပြီးသွားအောင်ပဲ… သူမကို မနာကျင်စေနဲ့… သူမသာ နာကျင်သွားမယ်ဆိုရင် ကွမ်းကျီက ငါတို့ကို လာသတ်လိမ့်မယ်… အဲဒီအဘိုးကြီးက သူ့မြေးမလေးကို အရမ်းမြတ်နိုးတယ်လေ…” ကျောက်မူရှန်က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။


“အိမ်ရှေ့စံမင်းသား… ဘုရင်ခံယုနဲ့… သူတို့ကို အရင်ဆုံး ဒုက္ခပေးလိုက်မယ်… သူတို့တွေ အရင်မွှေပါစေ…”


ကျောက်ရူကျီက သူ့ဖခင်ကို ကြည့်၍ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသကဲ့သို့ ခေါင်းတစ်ဆတ်ဆတ်ညိမ့်၍ ထွက်ခွာသွားလေတော့သည်။ အခန်းထဲမှ ထွက်လာပြီးနောက် ကျောက်စံအိမ်အတွင်းပိုင်းသို့ ကျောက်ရူကျီက ၀င်ရောက်သွားလိုက်ပြီး ဘုရင်အဆင့်နှစ်ယောက် စောင့်ကြပ်နေသော အခန်းတစ်ခုရှေ့သို့ ရောက်ရှီလာခဲ့သည်။


“ဒီကလေးမလေးကို သေသေချာချာစောင့်ကြည့်ထား… သူက အရမ်းကိုလိမ္မာပါးနပ်တယ်… သူ့ကို လွတ်မြောက်ဖို့ အခွင့်အရေးနည်းနည်းတောင် မပေးမိစေနဲ့…” ကျောက်ရူကျီက လေးနက်စွာ ပြောဆိုလိုက်သည်။


ဘုရင်အဆင့်နှစ်ယောက်က ကျောက်ရူကျီ၏ စကားကို အလေးအနက်ထား၍ ခေါင်းညိမ့်ပြလိုက်သည်။ ကျောက်ရူကျီက တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေး၍ ပြုံးလိုက်မိသည်။


“ငါအရမ်းကိုသိချင်လာပြီ… ဒီကောင်မလေးအဖမ်းခံရတာကို ပိုင်ရှင်ပုသိရင် ဘာတွေများလုပ်မလဲ…. သူ့ရဲ့သတ္တုတုံးကို ခေါ်ပြီး ဒီကိုရောက်လာမှာလား… အရမ်းကို စိတ်၀င်စားဖို့ ကောင်းတာပဲ…”


အိမ်ရှေ့စံမင်းသား၏ နန်းတော်ထဲတွင် အပြင်းအထန်ဒေါသထွက်နေသော ကွမ်းအဖိုးအိုကို အိမ်ရှေ့စံမင်းသားက ညင်သာစွာ ပြုံးပြလိုက်သည်။ ဒိုယန်ပညာရှင်တစ်ယောက်ကို သူက အလွယ်တကူ ဒေါသမထွက်နိုင်ပေ။


“အကြီးအကဲ ကွမ်းရှောင်ယီရဲ့ ဆံပင်တစ်ချောင်းတောင်မှ မထိခိုက်စေရဘူးလို့ ငါ့ရဲ့အသက်နဲ့ အာမခံပါတယ်…” ဂျိချန်းကန်က အလေးအနက် ပြောဆိုလိုက်သည်။


“ခွေးသား… မင်းကလွဲပြီး တစ်ခြားဘယ်သူက ဒီလိုလုပ်နိုင်လို့လဲ.. ငါ့ရဲ့ အဖိုးတန်ရှောင်ယီလေးရဲ့ ဆံပင်တစ်ချောင်းလောက် ပျောက်ဆုံးသွားမယ်ဆိုရင်တောင်… မင်းရဲ့ နန်းတော်တစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်မယ်…” ကွမ်းအဖိုးအိုက အကြီးအကျယ်ဒေါသထွက်နေပြီး ဂျိချန်းကန်၏ နှာခေါင်းကို လက်ညိုးဖြင့်ထိုး၍ ဆူပူနေလေသည်။


ထို့ကြောင့် ဂျိချန်းကန်က မပျော်မရွှင် ဖြစ်လာလေသည်။ သို့သော် သူက ဘာမှမတတ်နိုင်ပဲ ဟန်ဆောင်ပြုံးပြနေရပြီး ကွမ်းအဖိုးအို နန်းတော်ထဲမှ ပြန်ထွက်သွားရန် ဆုတောင်းနေလေသည်။ အိမ်ရှေ့စံမင်းသား၏ နန်းတော်မှ ထွက်သွားပြီးနောက် ကွမ်းအဖိုးအိုက ဘုရင်ခံယု၏ စံအိမ်သို့ သွား၍ ဆူပူကြိမ်းမောင်းပြန်လေသည်။ သို့သော် ကွမ်းရှောင်ယီနှင့် ပတ်သတ်သည့် သတင်းအစအနကိုပင် မရရှိခဲ့ချေ။


ထိုမင်းသားနှစ်ယောက်ကို ဆူပူကြိမ်းမောင်း၍ သူတို့၏ အမူအယာများကို အကဲခတ်ခဲ့သော်လည်း မျက်နှာပြောင်တိုက်မှုကိုသာ ကြုံခဲ့ရလေသည်။ ကွမ်းအဖိုးအိုက ကွမ်းစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့ကို သူက ဆူပူခဲ့သော်လည်း သူ လွှမ်းမိုးနိုင်စွမ်းများ လျော့နည်းလာသည်ကိ်ု ခံစားလိုက်ရပြီး မကျေမနပ်ဖြစ်နေလေသည်။ အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့က ကွမ်းရှောင်ယီကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ပါက အင်ပါယာမြို့တော်အတွင်းတွင် သူ၏ မြေးမလေးကို ပြန်ပေးဆွဲရဲသူများကို တွေးတောနေလိုက်သည်။ နောက်ဆုံးတွင် နံမည်တစ်ခုကို သတိရသွားပြီး သူ၏ မျက်လုံးများ လင်းလက်လာခဲ့သည်။


“ကျောက်မူရှန်…”


သုံးရက်အတွင်းတွင် ပုဖန်၏ ဆိုင်ငယ်လေးထံ လာရောက်စားသောက်သူများ လျော့နည်းသွားလေသည်။ သေဆုံးမှု သတင်းများကို နေ့စဉ်ကြားနေရသော်လည်း အင်ပါယာမြို့တော်၏ အခြေအနေကို စိတ်မ၀င်စားပေ။ သူစိတ်၀င်စားသည်မှာ စားသုံးသူကျဲပါးပြီး ရောင်းအားကျဆင်းလာမှုပင် ဖြစ်သည်။ သုံးရက်လုံးတွင် ကွမ်းရှောင်ယီက ရောက်ရှိလာခြင်းမရှိပေ။ အင်ပါယာမြို့တော်၏ အခြေအနေကိုပင် မနက်တိုင်း လာရောက်စားသောက်နေသော ဖက်တီးဂျင်ထံမှ သိရှိရခြင်းဖြစ်သည်။


မြို့တော်အတွင်းရှိ မိသားစုကြီးတိုင်းက အဖွဲ့တစ်ခုစီကို ရွေးချယ်ခဲ့ကြသည်။ အင်ပါယာမင်းမြတ် သေဆုံးသွားပြီးနောက် အိမ်ရှေ့စံမင်းသားနှင့် ဘုရင်ခံယုတို့က ပုလ္လအတွက် တိုက်ခိုက်နေကြသည်။ သတင်းအချက်အလက်များကို ကြားပြီးနောက် ပုဖန်က စိတ်ရှုပ်ထွေးသွားသည်။ အင်ပါယာမင်းမြတ်၏ သေဆုံးမှုက သူ့ကို အနည်းငယ် ၀မ်းနဲစေသော်လည်း ပုလ္လင်အတွက် တိုက်ခိုက်နေခြင်းကို သူက စိတ်၀င်စားခြင်းမရှိပေ။


သို့သော် ကွမ်းရှောင်ယီ ပြန်ပေးဆွဲခံရသည့် သတင်းက ပုဖန်ကို အလွန်အမင်း စိုးရိမ်စေသည်။ သူက ဆိုင်ရှင်ဖြစ်ပြီး ထိုကလေးမက တစ်ဦးတည်းသော စားပွဲထိုးဖြစ်သည်။ သူ၏ ၀န်ထမ်းတစ်ဦးကို အလွယ်တကူ အနိုင်ကျင့်ရန် ခွင့်မပြုနိုင်ပေ။


 ပုဖန်က ထိုင်ခုံပေါ်တွင် ခွေခေါက်ထိုင်နေပြီး အဆက်မပြတ်ကျဆင်းနေသော နှင်းများကို စိုက်ကြည့်နေလေသည်။ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် အင်ပါယာမြို့တော်ကို ငွေရောင် အလွှာတစ်လွှာနှင့် ဖုံးအုပ်ထားသကဲ့သို့ ထင်ရစေပြီး ထူးခြားသော အသွင်အပြင် ဖြစ်ပေါ်နေပေသည်။


“ပိုင်ရှင်ပု….. ပိုင်ရှင်ပုက အားနေတာလား… ကြည့်ရတာ.. ငါအချိန်မှန်ရောက်လာသလိုပဲ…” နူးညံ့သော်လည်း ထောင်လွှားနေဟန်ရသော အသံတစ်ခုက ထွက်ပေါ်လာလေသည်။ ကျောက်ရူကျီက ဆိုင်ပေါက်၀တွင် ရပ်၍ ပုဖန်ကို စိုက်ကြည့်နေလေသည်။