အပိုင်း ၁၀၁
Viewers 53k

အခန်း ၁၀၁

ဒီလူက ငတုံးလား


"နင် ဒါကိုစားချင်နေတယ်မှတ်လား..."


ရှောင်ယီကတစ်ခစ်ခစ်ရယ်မောလိုက်ပြီး... အချဉ်ရည်များ ဖုံးလွှမ်းနေသော ဝက်နံရိုးချိုချဉ်ကြော်ကို တူဖြင့်ကောက်ယူလိုက်ခါ ယန်ချန်မျက်နှာရှေ့တွင်ဝေ့ယမ်းပြ၍ပြောလိုက်သည်။


ယန်ချန်က ဝက်နံရိုးချိုချဉ်ကြော်၏ စွဲဆောင်မှု့ရှိလှသည့် မွေးရနံ့အောက်တွင် ကျရှုံးသွားပြီး မျက်လုံးပင် မလွှဲနိုင်ဖြစ်နေမိသည်။ ဝက်နံရိုးချိုချဉ်ကြော်၏ တောက်ပလှသည့် အရောင်က စွဲဆောင်မှု့ရှိလှပေသည်။ ယန်ချန်က ကူကယ်ရာမဲ့စွာဖြင့်သူဗိုက်ထဲတွင် အစာတစ်ခုမျှမရှိသလိုခံစားလိုက်ရပြီးအရသာကိုမြည်းစမ်းချင်လာသည်။ 


နင်စားချင်တယ်မို့လား စားချင်ရင်သွားပြီးကိုယ့်ဘာသာသွားမှာ ဟွန့်... ဒါကငါ့ဟာ ကွမ်းရှောင်ယီက ယန်ချန်ရဲ့အမူအရာကိုတွေ့တဲ့အခါမှာတော့ပျော်ရွှင်သွားပြီး ဝက်နံရိုးချိုချဉ်ကြော်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပြောဆိုလိုက်သည်။


သူမ၏ ချစ်စရာကောင်းသည့် မျက်နှာလေးပေါ်မှ မျက်ဝန်းလေးများက လခြမ်းခုံးသဏ္ဍန်ကွေးညွှန့်နေပေသည်။ ယန်ချန်လည်းဒေါသထွက်သွားမိသည်။ ထိုကလေးမလေး အကျင့်မကောင်းကြောင်းကို ယန်ချန်က သေချာသိနေပေသည်။ သို့သော်လည်း ဒီရနံ့ကတစ်ကယ်ကိုပဲမွှေးကြိုင်လွမ်းသည်ကိုတော့သူဝန်ရပေမည်။ဒီမတိုင်ခင်တုန်းကဒီလိုမွှေးပျံ့တဲရနံမျိုးသူတစ်ခါမှမရခဲ့ဘူးပေ။


ယန်ချန်လည်းသူဝက်နံရိုးချိုချဉ်ကြော်ကိုမှာယူရန် တွေးတောလိုက်မိသည်။ သို့သော်လည်း သူကအနီရောင်အသားနှပ်ကို မှာထားပြီးသားဖြစ်နေမိသည်။နောက်ဆုံးမှာတော့ အနီရောင်အသားနှပ်ကိုသာ အရင်ဆုံးမြည်းစမ်းကြည့်လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ ဟင်းပွဲရောက်မလာခင်အချိန်တွင် ဝက်နံရိုးချိုချဉ်ကြော်ကို ပျော်ရွှင်စွာ စားသောက်နေသည့် ကွမ်းရှောင်ယီကို မကြည့်မိရန် အားတင်းထားရလေသည်။


ကွမ်းရှောင်ယီက ဝက်နံရိုးချိုချဉ်ကြော်ကို မမြင်ရအောင် မျက်နှာလွှဲထားသော ယန်ချန်ကိုကြည့်၍ အလွန်အူးမြူးပျော်ရွှင်နေလေသည်။ သူမ ယန်ချန်မကြားကြားအောင် ဝက်နံရိုးကြော်ကို အသံကျယ်လောင်စွာ ကိုက်ဝါးစားပြလိုက်သည်။


'ကျွတ်..ကျွတ်' 


ထိုအသံကယန်ချန်ကို နှင်းတောထဲထွက်ပြီး ခရာတေးသိုင်းကွက် ဆယ်ခါကစားရတာထက်ကိုပင် စိတ်ကသိကသောက်ဖြစ်စေသည်။ သူတို့နှစ်ယောက် လုံးကိုစောင့်ကြည့်နေတဲ့ စုန့်ထောင်က ဝက်နံရိုးချိုချဉ်ကြော်ကိုမြင်တဲ့အခါမှာတော့ အလောတကြီး တံတွေး တွေမျိုချလိုက်လေသည်။


ဟင်းပွဲ၏ ရနံက စွဲမက်စရာကောင်းလောက်အောင် မွှေးကြိုင်လွန်းနေသည်။ အမည်ပျက်ရှိသည့် စားသောက်ဆိုင်က ကောလဟာလများကဲ့သို့ပင် အလွန်စျေးကြီးသော်လည်း သူ့တွင်အကြောင်းပြချက် ကောင်းကောင်းရှိနေပေသည်။ သို့သော်လည်း ဝက်နံရိုးချိုချဉ်ကြော်တစ်ပွဲက သလင်းကျောက်တုန်း၅၀ကျသင့်ပေသည်။ သူသာမှာစားလိုက်လျှင် သူ့အိပ်ထဲကသလင်းကျောက်လေးတွေ တာ့တာ့ ပြသွားမယ့်အရေးကို တွေးမိသွားသောအခါတွင်တော့ စားချင်စိတ်ပင်ပျောက်သွားမိသည်။


ယန်ချန်က ဝက်နံရိုးချိုချဉ်ကြော်ရဲ့စွဲဆောင်မှု့ကို အံကျြိတ်၍ ပုဖန် မီးဖိုချောင်အတွင်းမှ ထွက်လာချိန်အထိ ကြံကြံခံထားပေသည်။ တိမ်ဆိုင်များကဲ့သို့ အငွေ့တစ်လူလူထွက်နေပြီး ပတ္တမြားရောင်တောက်ပနေသည့် အနီရောင်အသားနှပ်ပန်းကန်ကိုမြင်လိုက်ရသည့်အချိန်တွင် ယန်ချန်က အလွန်ပျော်ရွှင်စိတ်လှုပ်ရှားသွားသည်။ 


ဒီမှာ....မင်းရဲ့အနီရောင်အသားနှပ် ကောင်းကောင်း သုံးဆောင်ပါ .... 


ယန်ချန်၏ စိတ်လှုပ်ရှားနေဟန်က ပုဖန်အတွက် ရိုးနေပြီဖြစ်သည်။ ယန်ချန်က သူ့ရှေ့ကအသားနှပ်ပန်းကန်ကိုမျက်တောင်မခက်ဘဲစိုက်ကြည့်နေမိသည်။ 

အသားဖက်တိုင်းက ပတ္တမြားရောင်စွမ်းစိုတောက်ပနေပြီးအလင်းပင်ဖောက်ဝင်နိုင်လောက်အောင်ပင်ကြည်လင်နေပေသည်။ မီးရောင်အောက်တွင် အသားနှပ်က အရောင်အသွေးက ပို၍တောက်ပနေပေသည်။


သူက အသားဖက်တိုင်းက အနုပညာလက်ရာတစ်ခုလိုမျိုး လှပလှသောကြောင့် စားတောင်မစားရက်နိုင်ပေ။

သို့သော်လည်း သူ့ဗိုက်ထဲကသံစုံမြည်လာတဲ့အခါမှာတော့ လှပမှု့ကိုလည်းမခံစားနိုင်တောပေ။ ယန်ချန်က တူတစ်စုံကိုအလောတကြီးကောက်ယူလိုက်ပြီးအသားတစ်ဖက်ကိုယူလိုက်သည်။ အနီရောင်အသားနှပ်ဆီမှကြည်လင်လှတဲ့အရေလေးတွေစိမ့်ထွက်နေပြီးမွေးရနံ့တွေကလည်းလေထဲကိုပျံနှံနေပေသည်။


ပါးစပ်ထဲသို့ အသားနှပ်ထည့်လိုက်သည်နှင့် ချိုမြိန်၍ နူးညံ့သည့် အရသာက ရုပ်ချည်းကျူးကျော်လာပြီးသူ့ပါးစပ်တစ်ခုလုံးကိုသိမ်ပိုက်လိုက်လေသည်။ ယန်ချန်၏ စိတ်အာရုံတစ်ခုလုံးကလည်း အသားအရသာထဲတွင် နစ်မြုပ်နေပုံရလေသည်။ အသား၏ နူးညံမှု့က သူမျှော်လင့်ထားသည့် အတိုင်းအတာထက်ကို ကျော်လွန်ကောင်းမွန်နေ၏။ သူအလောတကြီး 'ဂလု' ခနဲ့အသံမြည်အောင်ပင်မျိုချလိုက်လေသည်။


ဒါကပြောမပြတက်လောက်အောင်ပင်ကောင်းမွန်လွန်းတယ်....


ယန်ချန်လည်းသူ့ရှေ့မှ အနီရောင်အသားနှပ်ဟင်းပွဲကို ပြူးကြောင်ကြောင်စိုက်ကြည့်နေမိသည်။ ကမ္ဘာပေါ်တွင် ထိုမျှအရသာရှိသည့် အစားအစာရှိလိမ့်မည်ဟု့လုံးဝထင်မထားခဲ့ပေ။ ဆိုင်ငယ်လေထံမှ အနီရောင်အသားနှပ်နှင့် ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ နတ်ဝက်သားနှပ်တို့ကို နှိုင်းယှဉ်လိုက်ပါက မိုးနဲ့မြေလောက်ကွာခြားနေပေသည်။


အသားဖက်လေးတစ်ဖက်ကပင် ယန်ချန်ကိုအစွမ်းကုန်သိမ်းပိုက်သွားနိုင်လေသည်။ ကွမ်းရှောင်ယီကထိုအချင်းအရာကို မြင်လိုက်သည့်အချိန်တွင် သူမ၏လခြမ်းကွေးသဏ္ဍာန်မျက်လုံးလေးတွေကပို၍ကွေးသွားလေသည်။ သူမကပျော်ရွှင်စွာဖြင့် ဝက်နံရိုးချိုချဉ်ကြော်တစ်ဖက်ကိုကောက်ယူ၍ ပါးစပ်ထဲတစ်လုပ်ထဲထည့်လိုက်ပြီးပြောဆိုလိုက်သည်။ 


ဟမ့်... ငါပြောသားပဲ နင့်ကိုငါအစောထဲက ပြောထားပြီးပြီမဟုတ်လား စိတ်ပုပ်သူဌေးရဲ့ အစားအသောက်တွေက ကမ္ဘာပေါ်မှာအကောင်းဆုံးပါလို့ ... 


ယန်ချန်ကသူ့နှုတ်ခမ်းတွေကိုလျှာဖြင့်သပ်လိုက်သည်။သူအသားကိုတစ်ခါမှမမြည်းရသေးသလိုခံစားရတာကြောင့်နောက်ထပ်တစ်ဖက်ကောင်ယူပြီးပါးစပ်ထဲကိုထည့်လိုက်သည်။ သို့သော် ပါးစပ်ထဲရောက်လိုက်သည်နှင့် အရသာကိုခံမနေတော့ဘဲ မျိုချလိုက်လေသည်။ ယန်ချန်မျက်လုံးများက ပြူးကျယ်သွားပြီ နောက်တစ်ဖက်ကိုကောက်ယူ၍ ပါးစပ်ထဲသို့ ချက်ချင်း ထည့်လိုက်ပြန်သည်။ ထိုနည်း၎င်းပဲတန်းမျိုချလိုက်ပြီးဗိုက်ထဲရောက်သွားလေသည်။


ယန်ချန်က အသားဖက်များကို တစ်ဖက်ပြီးတစ်ဖက် ကောက်ယူ၍ ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်၍ မျိုချနေလေသည်။ ပုဖန်က ဥထမင်းကြော်ကို သယ်ဆောင်၍ ထွက်လာချိန်တွင် အသားပန်းကန်က တက်တက်ပြောင်သွားလေသည်။


ဒီမှာမင်းရဲ့ဥထမင်းကြော်ကောင်းကောင်းသုံးဆောင်ပါ... 


ပုဖန်ကရွှေရောင်အလင်းတန်းလေးတွေဖြာထွက်နေတဲ့ဥထမင်းကြော်ပန်းကန်ကိုစုန့်ထောင်ရဲ့ရှေ့သို့ချပေးလိုက်ပြီးပြောလိုက်လေသည်။ ရနံ့များ၏ ဆွဲဆောင်မှုကို အလွန်အမင်းခံစားရသော စုန့်ထောင်က ဘာတစ်ခွန်းမှပြောမနေတော့ဘဲ ကြွေဇွန်းကိုကောက်ယူ၍ထမင်းတစ်ဇွန်းခပ်လိုက်သည်။


ဇွန်းကိုထမင်းထဲသို့ နှစ်လိုက်သည်နှင့် ဥ၏မွှေးရနံနှင့် ထမင်းတို့ပေါင်းစပ်သွားသည့် ရနံ့က စုန့်ထောင်၏ မျက်နှာကို ရေနွေးငွေ့ဖြင့် ပေါင်းခံလိုက်သကဲ့သို့ နီရဲသွားစေသည်။ ဥထမင်းကြော်၏ စျေးနှုန်းကအခြားဟင်းပွဲတွေ၏ စျေးနှုန်းလောက်မကြီးမြင့်သောကြောင့် ချက်ပြုတ်သည့် နည်းလမ်းတွေကအလွန်တစ်ရာရိုးရှင်းမည်ဟုပင်ထင်နေမိသည်။ သို့သော် သူထင်ထားသကဲ့သို့ မဟုတ်ပဲ ဥထမင်းကြော်၏ မွှေးရနံကတော့အလွန်အမင်းပြင်းထန်လှပေသည်။


တစ်ခြားသူများနည်းတူပင် စုန့်ထောင်က ဥထမင်းကြော်၏ မွှေးရနံကိုလွန်ဆန်နိုင်ခြင်းမရှိပေ။ တစ်ဇွန်းမြည်းပြီးနောက် မရပ်တန့်နိုင်တော့ဘဲ ကူကယ်ရာမဲ့စွာဖြင့် တစ်ဇွန်း ပြီးတစ်ဇွန်းမနားတမ်းဆက်စားလေတော့သည်။ ဥထမင်းကြော်၏ ကောင်းမွန်လှသည့် အရသာကြောင့် ဆိုင်ထဲဝင်လာခဲ့သည့် ရည်ရွယ်ချက်ကိုပင်မေ့သွားခဲ့သည်။


တခဏအကြာတွင် စုန့်ထောင်က ဥထမင်းကြော်ပန်းကန်ကို လျှာနဲ့ယက်ပြီးသန့်ရှင်းထားလိုက်သောကြောင့် ထမင်းစေ့တစ်စေ့ပင် မကျန်ခဲ့တော့ပေ။ 


"အရသာရှိလိုက်တာ"


ဥထမင်းကြော်တစ်ပွဲကဒီလောက်အရသာရှိလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပေ။


ပိုင်ရှင်ပု နောက်ထပ်ဥထမင်းကြော်တစ်ပွဲထပ်ပေး ... 


တစ်ပွဲထဲနှင့် စိတ်မကျေနပ်နိုင်သေးပဲ ကောင်းမွန်သောအရသာကို ထက်မံစားသောက်လိုသောကြောင့် စုန့်ထောင်က နောက်တစ်ပွဲထပ်မှာလိုက်သည်။


မင်းက ဥထမင်းကြော်မှာထားပြီးပြီ... ဒါကြောင့်နောက်ထပ်တစ်ပွဲထပ်မှာလို့မရတော့ဘူး... မင်းမှာချင်တယ်ဆိုရင်တစ်ခြားဟင်းပွဲမှာ... ပုဖန်က တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်ခပ်ရှင်းရှင်းခပ်ပြတ်ပြတ်ပဲပြောလိုက်သည်။


စုန့်ထောင်က ခဏမျှမှင်သက်သွားပြီး မီနူးပေါ်တွင် ရေးထားသည့် စည်းမျဉ်းများကို ပြန်လည်သတိရသွားကာသူစိတ်ဓာတ်ကျသွားလေသည်။ သိုသော် ဤနေရာသို့ အစားစားရန် ရောက်နေခြင်းမဟုတ်ကြောင်း ရှောင်ယီနဲ့ယန်ချန်ကိုပြန်ပေးဆွဲရန်ရောက်လာခြင်းဖြစ်ကြောင်းကိုလည်းပြန်အမှတ်ရသွားသည်။ ထို့ကြောင့်စုန့်ထောင်က သွေးဆောင်ခံရမှု့ကို ကြိုးစားတွန်းလှန်လိုက်ပြီး ကျသင့်သည့် သလင်းကျောက်တစ်တုံးကို စားပွဲပေါ်တင်လိုက်ကာ တွန့်ဆုတ်တွန်ဆုတ်အမူအရာဖြင့် ဆိုင်ထဲမှထွက်သွားလေသည်။


ပုဖန် ဆိုင်ထဲမှထွက်ခွာသွားတဲ့စုန့်ထောင်ကို ခပ်ကြောင်ကြောင်ငေးကြည့်နေမိသည်။


"ဘာလဲဟ" သူနောက်ဟင်းတစ်ပွဲထပ်မှာဖို့လုပ်နေတာမဟုတ်ဘူးလား..


ဆိုင်ထဲကထွက်လာပြီးနောက် စုန့်ထောင်က အဝေးကြီးမသွားဘဲ လမ်းကြားလေး၏ အဝင်ဝအနားမှ သက်တောင့်သက်သာရှိမည့် နေရာတစ်ခုကို ရှာဖွေ၍ ဆောင့်ကြောင့်ထိုင်ကာ စောင့်နေလိုက်သည်။ ဆိုင်ထဲတွင် ဘယ်လိုလှုပ်ရှားမှု့မျိုးကိုမှ မပြုလုပ်ရဲသော်လည်း အပြင်မှာတော့မတူပေ။ ခလေးနှစ်ယောက် ကိုဖမ်းပြီးသည့်နောက်မှဒီနေရာကထွက်ခွာသွားရပေမည်။ ရှေးဦးသားရဲခွေးကြီးကို ဝင်ရှုပ်ရန် အခွင့်အရေးတစ်ခုပင် မပေးနိုင်ချေ။ 


သူ၏ လက်အောက်ငယ်သား၂ယောက် လွှင့်ပျံထွက်သွားသည့် ပုံရိပ်ကို အခုထက်ထိပင် မှတ်မိနေသောကြောင့် ထိုခွေးကို ပါဝင်စွတ်ဖက်ရန် လုံးဝခွင့်မပြုနိုင်ပေ။ မည်သို့မျှအချက်ပြမှု့မရှိပါဘဲနှင့် ဆီးနှင်းများ သည်းထန်စွာ ရွာသွန်းချလာပြီး အင်ပါယာမြို့တော်တစ်ခွင်ကို နှင်းများ ဖုံးလွှမ်းသွားလေသည်။ 


စားသောက်ဆိုင်ထဲတွင် ယန်ချန်ကဟင်းပွဲများကို ထပ်မှာလိုက်ပြီး နှစ်ခြိုက် ပျော်ရွှင်စွာ စားသောက်နေလေသည်။ အခြားတစ်ဖက်တွင် ရှောင်ယီကလည်း ငါးခေါင်းတို့ဟူးစွတ်ပြုတ် ကိုမှာယူ၍တစ်ဖြည်းဖြည်းခြင်း အရသာခံသောက်၍ စားသောက်နေလေသည်။ သူတို့နှစ်ယောက်က ဆိုင်ထဲမှ ထွက်ခွာသွားရန် အစီအစဉ်ရှိကြဟန်မရှိပေ။


လမ်းကြားလေး၏ အ၀င်၀တွင် စောင့်ကြောင့်ထိုင်နေသော စုန်ထောင်က အနည်းငယ်မျှပင် မလှုပ်ရှားသောကြောင့် သူ၏ ခန္ဒာကိုယ်ပေါ်သို့ ဆီးနှင်းများထူထပ်စွာဖုံးလွှမ်းသွားလေသည်။ ဆိုင်၏ အပေါက်ဝတွင် လဲလျောင်းနေသည့် ဘလက်ကီက မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ စုန့်ထောင်၏ အခြေအနေကို မြင်လိုက်ရသောကြောင့် ဘလက်ကီက ဆွံ့အသွားပြီး တွေးလိုက်မိသည်။


ဒီကောင်ကရူးနေတာလား... ငတုံးကောင်လား... 


စုန့်ထောင် ကိုယ်တိုင်ပင် သူ့ကိုသူ ထိုသို့သော မေးခွန်းမျိုး မေးနေမိသည်။ သိုသော် ပေးအပ်လိုက်သည့် တာဝန်များကို ကျေပွန်အောင် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပေ။


ပိုးသားဝတ်စုံကို ၀တ်ဆင်ထားသည့် ချမ့်ပေါင်က မြေခွေးမွှေးခြုံထည်ကို အပေါ်ကထပ်ခြုံထားပြီး ထာဝရရှင်သန်သောဖီးနစ်စားသောက်ဆိုင်မှ စားဖိုမှူးတစ်ယောက်ကို ခေါ်ဆောင်၍ အတူထွက်လာခဲ့သည်။ လမ်းကြားလေး၏ အဝတွင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသည့် စုန့်ထောင်ကို တွေ့လိုက်ရလေသည်။ ချမ့်ပေါင်က စိတ်ပျက်လက်ပျက်အမူအရာဖြင့် လက်ကိုဝေ့ရမ်းလိုက်ပြီး ပြောဆိုလိုက်သည်။


ဒီလောက်စုတ်ပြတ် ပေရေနေတဲ့ သူတောင်းစားက ဘယ်ကရောက်လာရတာလဲ.. သွားဇမ်း... ငါတို့လမ်းမှာလာပိတ်ရပ်မနေနဲ့...


သူပြောလိုက်တာကို စုန့်ထောင်ကြားသည့်အခါမှာတော့ စွံအမှင်သက်သွားမိသည်။ အင်ပါယာအဆင့်တစ်ယောက်ကို သူတောင်းစားတစ်ယောက်နဲ့ပင် ခိုင်းနှိုင်းရးလောက်အောင် သူပုံစံက စုတ်ပြတ်သတ်နေသည်ကို သိရှိလိုက်လေသည်။