အခန်း ၁၀၂
ငါတို့ဒီနေ့လာတာ ပိုင်ရှင်ပုနဲ့ ဖြတ်တောက်ခြင်းပညာ ဖလှယ်ချင်လို့
"မင်းကဘာရယ်တာလဲ .... မကျေနပ်ဘူးလား...ဘာလဲ... ချမ်းသာတဲ့လူတွေ တစ်ခါမှမမြင်ဖူးဘူးလား...´´
လမ်းရဲ့ထောင့်မှာ စောင့်စောင့်ထိုင်နေတဲ့သူတောင်းစားက သူကိုစူးစူးရှရှ စိုက်ကြည့်တာကို မြင်လိုက်တဲ့အခါမှာတော့ ချမ့်ပေါင်ကမကျေမနပ်ဖြစ်သွားပြီး သူရုံခြုံထားတ ဲ့မြေခွေးမွေး၀တ်ရုံကို ဖယ်လိုက်ကာ အေးစက်စက်ပြောလိုက်လေသည်။
စုန့်ထောင်ကအံသြသင့်သွားပြီးနှုတ်ခမ်းတွေကိုတင်းတင်းစိ၍သူရှေ့ကလူကိုကြည့်လိုက်သည်။ဘယ်လိုလူမျိုးကသူရှေ့မှာလာပြီး မာနထောင်လွှားနေရတာအရမ်းအြံ့သဖို့ကောင်းသည်
သူရဲ့ အခုလက်ရှိအခြေနေက စုတ်ပြတ်ပေရေနေတယ်ဆိုသော်လည်း သူကအင်ပါယာ အဆင့်တစ်ယောက်ပင်ဖြစ်သည်။
ချမ့်ပေါင်ရဲ့ အနောက်မှာရပ်နေတဲ့ သက်လတ်ပိုင်းအရွယ်စာဖိုမှူးက စုန့်ထောင်ကို စိတ်ပျက်ရွံရှာစွာကြည့်လိုက်ပြီး သူရဲ့ လက်ကိုေ့ဝှရမ်းပြီးပြောလိုက်သည်။
"လမ်းကြားလေးထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို စာသုံးသူတွေဘာလို့မလာလဲဆိုတာ အခုမှပဲသိတော့တယ်..ဒီလိုမျိုး စုတ်ပြတ်ပေရေနေတဲ့သူတောင်းစားတစ်ယောက်ရှိနေမှတော့ စာသုံးသူတွေကစားချင်စိတ်ပျောက်ပြီးတော့ ဆိုင်ရဲ့ ဝေးဝေးကိုပြေးပြီပေါ့.."
......
`` မာစတာကျောက် ငါတို့စားသောက်ဆိုင်ရဲ့ ဂုဏ်သိက္ခာကိုပြန်ပြီးအဖတ်ဆည်နိုင်မယ်ဆိုရင် ငါပြန်ရောက်တာနဲ့ချက်ချင်းပဲ မင်းကိုရွှေဒင်္ဂါးတစ်ထောင်ပေးမဲ့အပြင် ပြည့်စုံတဲ့နွေရာသီပွဲတော်ကိုလဲ
ကျင်းပပေးမယ်လို့ကတ်ိပေးတယ် ´´
ချမ့်ပေါင်က မာစတာကျောက်ကိုကြည့်၍ ပျော်ရွှင်ရယ်မောစွာပြောလိုက်လေသည်။
ထိုစာဖိုမှူးက သူတို့ စားသောက်ဆိုင်ရှိစာဖိုမှူးများအကြား အချက်ပြုတ်သည့်နေရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ချမ့်ပေါင်က သူရဲ့စားသောက်ဆိုင်ဟင်းပွဲတွေက မည့်သည့်နာမည်ပျက်စားသောက်ဆိုင်ကဟင်းပွဲတွေနဲ့ ယှဉ်နိုင်လိမ့်မည်မဟုတ်မှန်းသေသေချာချာသိပေသည်။
အဘယ်ကြောင့်ဆ်ိုသော် ထိုနာမည်ပျက်စားသောက်ဆိုင်ကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က ချီးမွန်းထားသောကြောင့် ထိုဆိုင်ရှိဟင်းပွဲအရသာကို သူမမြည်းဘူးသော်လဲ အဆင့်တန်းတူတူလောက်ရှိမည်ဟု သူခန့်မှန်းမိပေသည် နာမည်ပျက်စားသောက်ဆိုင်ကို အရသာပိုင်းနဲ့နိုင်ဖို့ရန် အလွန်ကိုခက်ခဲပေလိမ့်မည်။
ထို့ကြောင့်ပဲ ချက်တတ်ခြင်းပညာပြိုင်ရန် သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်
ထို့ကြောင့် ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ ဖြတ်တောက်ခြင်းနည်းပညာအတော်ဆုံးဖြစ်သော စားဖိုမှူးတစ်ယောက်ကို ရွေးချယ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်
" ရွှေပြားတစ်ထောင်?"
မာစတာကျောက်ရဲ့ မျက်၀န်းတွေကပြူးကျယ်သွားပြီး နှုတ်ခမ်းတွေကနားရွက်တတ်ချိတ်မတတ်ပြုံးဖြီးဖြီးကြီးဖြစ်သွားသည်။ရွှေပြားတစ်ထောင်ဆိုတာက သူတွက်အလွန်ကို များပြားလှတဲ့ပမာဏပင် သူတစ်နှစ်ပတ်လုံးအလုပ်လုပ်မှသာထိုပမာဏလောက်ပင်ရရှိပေသည်။
"ဘာမှစိတ်မပူနဲ့သူဌေး...ငါ.တာ၀န်ပဲထားလိုက်....ငါရဲ့ဖြတ်တောက်ခြင်းနည်းပညာကိုအသုံးပြုပြီးတော့ ဒီဆိုင်သေးသေးလေးရဲ့မျက်နှာဖြူဖျော့သွားအောင် ဖြတ်ရိုက်ပြမယ်..တကယ်စားဖိုမှူးအစစ်ဆိုတာဘယ်လိုပုံစံလဲလို့ သူတို့သိအောင်ပြပေးလိုက်မယ်"
မာစတာကျောက်ကသူရဲ့ရင်ဘက်ကို တစ်ဖက်ဖက်ပုတ်လိုက်ပြီး ဂုဏ်ယူ၀င့်ကြွားစွာဖြင့်ပြောလိုက်သည်။
" ကောင်းပြီ...ငါမင်းကိုယုံကြည်ထားလိုက်မယ်."
ချမ့်ပေါင်ကလဲ ရယ်ရယ်မောမောဖြင့်ပြန်လည်ပြောဆိုလိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက်က စုန့်ထောင်ကို ဂရုမစိုက်နေတော့ပဲ သူကိုဖြတ်ကြော်၍ လမ်းကြားလေးထဲသို့ ၀င်ရန်ပြင်လိုက်လေသည်။
.........
ဆိုင်ပေါက်၀မှာ အိပ်နေသော ဘလက်ကီကိုကြောက်ရွံသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ကထွက်လာတဲ့ စုန့်ထောင်က သူရဲ့ေ့ရှမှာ ၀င့်ကြွားတဲ့ အမူအရာနှင့် မျက်မမြင်နှစ်ကောင်ကို မြင်လိုက်ရသောအခါ အလွန်စိတ်ပျက်သွားပေသည်..ထိုလူတွေကသူကိုပင် သူတောင်းစားအဖြစ်ပင်ရှုံ့ချခဲ့ကြသေးသည်။
ဘယ်သူတောင်းစားကများ အင်ပါယာအဆင့်ရောက်နေတာ မြင်ဖူးလဲ!!
ချမ့်ပေါင်ရဲ့ ပခုံးပေါ်ကိုလက်တစ်ဖက်ရောက်လာသည့်အတွက် သူအံသြသင့်သွား၏ ကြီးမားတဲ့ဖိအားတစ်စုံတရာကို ခံစားလိုက်ရပြီး သူခန္ဓာကိုယ်နည်းနည်းလေးမှ မလှုပ်ရှားနိုင်တေါ့ပေ။
"အစုတ်အပျက်သူတောင်းစား"
မင်းဘာလာလုပ်ဖို့ကြိုးစားနေတာလဲ?..မင်းရဲ့ ကံကောင်းမှုတွေကို အဝေးက်ိုလွှင့်မပစ်ချင်စမ်းနဲ့...မင်းရဲ့လက်ကိုဖယ်လိုက်စမ်း.."
မာစတာကျောက်ချမ့်ပေါင်ရဲ့ပုခုံးပေါ်က စုန့်ထောင်ရဲ့ လက်ကိုမြင်လိုက်သောအခါ ဒေါသထွက်သွားပြီး အလျင်အမြန်အော်ပြောလိုက်သည်။
ထိုခဏမှာပဲ စုန့်ထောင်ကသူရဲ့ အစစ်မှန်စွမ်းအားတွေကိုထုတ်ဖောက်လိုက်ပြီး သူခန္ဓာကိုယ်ပေါ်မှာပိတ်ဖုံးနေတဲ့နှင်းတွေကို ခါထုတ်လိုက်သည်။
ကန်ထွက်လာတဲ့အစစ်မှန်စွမ်းအားတွေရဲ့အောက်မှာ သူရဲ့ဆံပင်တွေလဲ မျောလွင့်နေပြီး မျက်၀န်းတွေကလဲ အေးစက်ထက်မြနေပေသည်။
မာစတာကျောက်ရဲ့တစ်ကိုယ်လုံး ထိန်းချုပ်၍မရန်ိုင်အောင်တစ်စက်စက်တုန်ခါလာသည်။
" သေစမ်း..
စုတ်ပြတ်ပေရေနေတဲ့သူတောင်းစားက ဘယ်လိုဖြစ်ပြီးသိုင်းသမားတစ်ယောက်အဖြစ်ပြောင်းလဲသွားတာလဲ
စုန့်ထောင်က မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်နေတဲ့ မာစတာကျောက်ကိုလှည့်ကြည့်လိ်ုက်ပြီး..
" ထွက်သွားစမ်း!!!"
မိုးခြိမ်းသံလိုကျယ်လောင်စုးရှတဲ့အသံဖြင့် အော်ဟစ်လိုက်လေသည်
မာစတာကျောက်လဲ ချက်ချင်းပဲ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီးသူရဲ့ခြေထောက်တွေက မတ်တပ်မရပ်နိုင်တော့လောက်အောင်တဆတ်ဆတ်တုန်ခါနေသည်။
မာစတာကျောက်ကဒုတိယအဆင့် တိုက်ခိုက်သူတစ်ယောက်သာဖြစ်ပြီး အင်ပါယာအဆင့်တစ်ယောက်နဲ့ မျက်နှာခြင်းဆိုင်တွေ့သည့့်အခါမှာတော့ သေးထွက်ကြမိမတက် တုန်ရီ ကြောက်ရွံသွားပေသည်။ဒီအခိုက်တန့်လေးက သူဘ၀မှာသိပ်ကြောက်စရာကောင်းလှပေသည်။
တခြားတစ်ဖက်မှာတော့ အတွေ့ကြုံများလှတဲ့ ချမ့်ပေါင်ရဲ့ အမူအရာက မာစတာကျောက်လို သနားစရာကောင်းမနေပဲ အေးဆေးတည်ငြိမ်နေ၏။
ဒီနိမ့်ကျတဲ့လူက ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်ကိုတွေ့တာတောင်မှ သတိမပြုမိခဲ့ပါဘူး။
`` ကြီးမြတ်လှတဲ့လူ ဒီကိစ္စတွေက ဒီနိမ့်ကျတဲ့သူရဲ့အမှားပါ...ဒီနိမ့်ကျတဲ့ သူက ထာ၀ရရှင်သန်သောဖီးနစ်စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပါတယ်.. ဒါကြောင့် ကြီးမြတ်လှတဲ့လူကိုတောင်းပန်တဲ့အနေဖြင့် အစားသောက်ကောင်းတွေနဲ့တည်ခင်းဧည့်ခံဖို့ဆန္ဒရှိပါတယ် နုပျိုပြီး ကြီးမြတ်လှတဲ့သူကစိတ်လျော့ပြီးခွင့်လွှတ်ပေးပါ ´´
ချမ့်ပေါင်ကတုန်တုန်ရီရီဖြင့်ပြောလိုက်သည်။
ပထမတော့ စုန့်ထောင်ကထိုသူနှစ်ယောက်ကို သေအောင်ရိုက်ဖြင့်ဖို့တွေးထားခဲ့သော်လည်း ချမ့်ပေါင်၏ ထာ၀ရရှင်သန်သောဖီးနစ်စားသောက်ဆိုင် ဟုပြောသံကိုကြားသည့်အခါမှာတော့သူ ခဏတွေဝေသွားပြီးသူလက်ထဲမှာ စုစည်းထားတဲ့ စွမ်းအားတွေကိုပြန်လည်ရုတ်သိမ်းလိုက်လေသည်။
ဒါဆိုသူတို့က ထာ၀ရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်ကပေါ့...
"ထားလိုက်တော့"
စုန့်ထောင်တွေးလိုက်မိသည်။
"ဟွန်း ! မင်းတုိ့သာ ထာ၀ရရှင်သန်သောဖီးနစ်စားသောက်ဆိုင်ကလာတာမဟုတ်ဘူးဆိုရင် ငါမင်းတို့ကိုရိုက်သတ်လိုက်ပြီ"
စုန့်ထောင်ကအေးစက်စက်ပြောလိုက်ပြီး သူရဲ့အစစ်မှန်စွမ်းအားတွေက နောက်တစ်ကြိမ်ပြန်၍ထွက်ပေါ်လာသည်။
`` ငါမင်းတို့နှစ်ယောက်ပြောတာကိုကြားလိုက်တယ်။
မင်းတို့က နာမည်ပျက်စားသောက်ဆိုင်ကိုသွားပြီး ပိုင်ရှင်ပုကို စိန်ခေါ်မလို့ပြောနေကြတာ ဟုတ်တယ်မဟုတ်လား ´´
ချမ့်ပေါင်ကအံ့သြသင့်သွားပြီးခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။
`` ဟုတ်ပါတယ် ´´
ငါတို့ကနာမည်ပျက်စားသောက်ဆိုင်ကိုသွားပြီးစိန်ခေါ်မလို့ပါ။ဒါပေမဲ့ ကြီးမြတ်သောသူက ခွင့်မပြုဘူးဆိုရင် ငါတို့ခုချက်ချင်းပဲလှည့်ပြန်သွားပါ့မယ်။
မာစတာကျောက်ကသူရွှေပြားတစ်ထောင်ဆုံးရှုံးမည့်အရေးကိုတွေးမိပြီးနှမြောသွားသော်လည်း ခဏတွင်းမှာပဲ သူရဲ့အသက်ကပို၍တန်ဖိုးရှိတာကိုတွေးမိသွားပြီးခပ်မြန်မြန်ခေါင်းညိတ်လိုက်သည်။
`` မင်းတို့ကဘာလို့ပြန်မှာလဲ?..သွားပြိုင်... မင်းတို့သူနဲ့သွားပြိုင်ရမယ် ဒါ့ပြင်သူနဲ့ပြိုင်မယ်ဆိုရင် အပြင်ဘက်မှာပြိုင်ရမယ် ´´
စုန့်ထောင်ကသူရဲ့မျက်၀န်းတွေက သရော်တော်တော်ပုံစံပြောင်းသွားပြီး ပြောလိုက်၏။
ချမ့်ပေါင်နဲ့ မာစတာကျောက်တို့လဲ အံသြသင့်သွားပြီးတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။
`` ဒါဆိုကြီးမြတ်သောသူကနာမည်ပျက်စားသောက်ဆိုင်ကမဟုတ်ဘူးပေါ့ ´´
`` မင်းတို့ကပိုင်ရှင်ပုကို ဖြတ်တောက်ခြင်းနည်းပညာပြိုင်ဖို့ သွားစိန်ခေါ်မှာမှတ်လား ဒီလိုဆိုပြိုင်ဖို့နေရာကိုလမ်းကြားလေးရဲ့ထိပ်ဖက်ကိုရွေးလိုက်ရင်ရော ဒီနေရာကပိုပြီးတေ့ာအဆင်ပြေတယ်လို့ငါထင်တယ် ´´
စုန့်ထောင်ကသူတို့ကိုထပ်ပြောလိုက်သည်။
`` ဒါကဘာများကွာခြားသွားမှာလဲ
ပြီးတော့လဲ ဖြတ်တောက်ခြင်းပြိုင်မယ်ဆိုရင် အေးစက်တဲ့နေရာမှာပြိုင်ရတာကပိုပြီးခက်ခဲတယ်လေ ´´
မာစတာကျောက်ကခပ်တိုးတုိးအထွန့်တတ်လိုက်လေသည်။
`` ငါကဒီလိုလုပ်လို့ပြောရင်ဒီလိုလုပ်လိုက်...မင်းကဘာတွေအထွန့်တတ်ချင်နေတာလဲ ´´
စုန့်ထောင်ကမာစတာကျောက်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်ပြီးအံကျိတ် ကျိန်းဝါးလိုက်သည်။
ရှေးဦးသားရဲကောင်ကြီးရှိနေတဲ့ စားသောက်ဆိုင်အတွင်းမှာတော့သူ ရိုင်းရိုင်းစိုင်းစိုင်းမပြောရဲသောလည်း ဒီပုရွတ်ဆိတ်နှစ်ကောင်ရဲ့ေ့ရှမှာတော့ သူရဲ့၀င့်ကြွားတဲ့အမူရာကိုမစွန့်လွှတ်နိုင်ပေ။
ချမ့်ပေါင်တို့နှစ်ယောက်လဲ ငြိမ်သက်စွာဖြင့် စုန့်ထောင်ရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ရလေသည်။
ထို့နောကိသူတို့နှစ်ယောက်ပုဖန်ရဲ့ဆိုင်သို့ဦးတည်ပြီးတဖြေးဖြေးလျှောက်သွားလိုက်ကြသည်။
စုန့်ထောင်ကသူရဲ့ဉာဏ်ကောင်းမှုကိုကျေနပ်နှစ်သက်အားရနေပေသည်။
"ဟွန်း
ငါကအဲဒီစားသောက်ဆိုင်ကို ဘာမှမလုပ်နိုင်တော့ဘူးဆိုတော့လဲ ဘာဖြစ်သေးလဲ?ကံတရားကငါဘက်မှာအခွင့်ရေးရှိနေတာလေ...သူတို့သာလမ်းကြားလေးရဲ့ထိပ်မှာ ပြိုင်မယ်ဆိုရင် ရှေးဦးသားရဲကောင်လဲ ဘာမှ ကြားဖြတ်၀င်နှောက်ယှက်လို့ရမှာမဟုတ်တော့ဘူး...ဒီလိုဆိုမှတော့ ဟိုကလေးစုတ်နှစ်ကောင်ကို ငါအလွယ်တကူပြန်ပေးဆွဲသွားလိုက်ရုံပဲ"
ချမ့်ပေါင်က သူရဲ့ဖြူဖျော့နေတဲ့ လက်နှစ်ဖက်ကိုခပ်သာသာပွတ်လိုက်ပြီး သက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ဆိုင်ထဲသို့လှမ်း၀င်လိုက်သည်။
ဆိုင်ထဲသို့ရောက်တာနဲ့နွေးထွေးမှုကို ခံစားလိုက်ရလေ၏။
အပြင်ဘက်မှာ နှင်းတွေထူထပ်စွာကျနေသော်လည်း ဆိုင်ထဲမှာတော့ အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။
ဆိုင်ငယ်လေးအတွင်းမှာ ကြွယ်၀တဲ့မွေးရနံတွေက ရစ်ဝဲလွှင့်ပျံနေသည်။
ငါးခေါင်းစွပ်ပြုတ်ရနံ နဲံ့ မွေးပျံတဲ့အသားရဲ့ရနံက ချမ့်ပေါင်ကိုချက်ချင်းဆွဲဆောင်သွားနိုင်သည်။
သူကူကယ်ရာမဲ့စွာဖြင့် သတွေးမြိုချလိုက်သည်။သူမျှော်လင့်ထားတဲ့အတိုင်းဒီအနံ့တွေက ထာ၀ရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်ရဲ့ ပန်းဘဲကင် ရနံနှင့်ယှဉ်နိုင်ပေသည်။
စားဖိုမှူးတစ်ယောက်ဖြစ်တဲ့မာစတာကျောက်လဲ အနံ့ကိုရူရှိက်လိုက်ရုံနဲ့စားသောက်ကိုသာသူတို့ပြိုင်မယ်ဆိုရင် လက်တုံ့ပြန်ရန်အခွင့်ရေးပင်မရှိပဲ သေချာပေါက်ရှုံးနိမ့်သွားလိမ့်မည်ကို သူချက်ချင်းနားလည်လိုက်သည်။
သူတို့အကြားအဆင့်ကွာခြားချက်ကအလွန်တရာကြီးမားလှ၏။
"ဟမ်!..မင်းပါလား..?မင်းဒီကိုဘာလာလုပ်တာလဲ? "
ပုဖန်ကချမ့်ပေါင်ကိုချက်ချင်းမှတ်မိသွားပြီးမေးလိုက်လေသည်။
သူကထာ၀ရရှင်သန်သောဖီးနစ်စားသောက်ဆိုင်သို့သွား၍ ဟင်းပွဲတွေရဲ့ပြစ်ချက်ကိုရှာပြီး တတိယထပ်ကို၀င်ရောက်ခဲ့သောကြောင့် ထိုစားသောက်ဆိုင် ဆိုင်ရှင်ကိုမှတ်မိနေသည်။
`` ပိုင်ရှင်ပုကငါကိုမှတ်မိနေသေးတာပဲ... အဲဒီနေ့တုန်းက ပိုင်ရှင်ပုငါတို့ဆိုင်ကိုလာပြီး ဟင်းပွဲတွေရဲ့ လိုအပ်တဲ့ပြစ်ချက်တွေကို ပြောပြသွားတဲ့တွက် ငါကအကျိုးကျေးဇူးအများကြီးရသွားခဲ့တယ်...ပိုင်ရှင်ပုရဲ့ အကြံပြုချက်တွေကိုလိုက်နာပြီး ငါတို့ရဲ့ ဟင်းပွဲအမြောက်အမြား ရဲ့အရည်သွေးကလဲတိုးတတ်သွားခဲ့တယ်လေ...ဒါက ပါးစပ်နဲ့ပဲကျေးဇူးတင်လို့မရဘူး ´´
`` ဒါကြောင့် ငါကကျေးဇူးတုံပြန် ချင်တဲ့တွက် ပိုင်ရှင်ပုနဲ့ဆွေးနွေးတိုင်ပင်ရအောင်ငါတို့ဆိုင်ရဲ့ နံပါတ်၁အတော်ဆုံးစားဖိုမှူးကိုခေါ်လာခဲ့တယ် ´´
ချမ့်ပေါင်ရဲ့ စကားကဟိတ်ကြီးဟန်ကြီးနိုင်လှသောလည်း တကယ်အဓိပ္ပါယ်ကတော့ရိုးရှင်းလှပေသည်။
ငါတို့ကဒီနေ့မင်းဆိုင်ကိုလာပြီးအမှားရှာတာ မင်းကငါတို့ဆိုင်ကိုလာပြီးအမှားရှာသွားမှတော့ ငါတို့ကလဲမင်းရဲ့ အမှားတွေပြန်ရှာရမှာပေါ့.. ဒါမှသာငါတို့ သိက္ခာကိုမဆုံးရှုံးမှာဟုတ်တယ်မှတ်လား!
တိုင်ပင်ဆွေးနွေးမယ် !
ပုဖန်က ချမ့်ပေါင်ရဲ့ နောက်နားမှာရပ်နေတဲ့ မာစတာကျောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူရဲ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့၍
`` မင်းစားဖိုမှူးရဲ့အရည်ချင်းက အရင်ချိန်နဲ့တူတူပဲဆိုရင်တော့ ဒီကိစ္စကိုငါလက်မခံနိုင်ဘူး ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်လုံးက အရည်ချင်းမရှိဘူး ´´
`` ငါတို့ကအရည်သွေးမမှီဘူး ´´
မာစတာကျောက်ရဲ့ မျက်နှာကရှုံ့မဲ့သွားလေသည်။
သို့သော်လည်း သူကဆိုင်ထဲမှာပျံနှံနေတဲ့အမွှေးရနံတွေကို ရှုရှိုက်လိုက်မိကထဲက ယုံကြည်မှုတွေပျောက်ဆုံးသွားပြီဖြစ်တာကြောင့် ဘာတစ်ခုမှပြန်လည်မချေပရဲပေ။
မာစတာကျောက်နဲ့ ယှဉ်လိုက်ရင် ချမ့်ပေါင်ရဲ့ အမူရာကပို၍ တည်ကြည်အေးဆေးနေပေသည်။
သူကပြုံးဖြဲဖြဲ အမူရာဖြင့်ဆိုင်ပတ်ပတ်လည်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီး
`` ပိုင်ရှင်ပု ငါတို့ကမင်းနဲ့ ချက်ပြုတ်တဲ့ပညာက်ို တိုင်ပင်ဆွေးနွေးမှာမဟုတ်ဘူးလေ ငါက မင်းနဲ့ ဖြတ်တောက်ခြင်းနည်းပညာကိုတိုင်ပင်ဆွေးနွေးချင်တာ ´´
ထိုစကားကိုကြားလိုက်သည့်အခါမှာ မာစတာကျောက်ရင်ထဲမှာတုန်လှုပ်သွားပြီး သူရဲ့ခေါင်းကိုမော့၍ မာနကြီးတဲ့အမူရာဖြင့်ပြောလိုက်သည်။
`` ဟုတ်တယ် !
ငါတို့ဒီနေ့လာတာ ပိုင်ရှင်ပုနဲ့ ဖြတ်တောက်ခြင်းနည်းပညာကို ဆွေးနွေးချင်လို့ ´´