အပိုင်း ၁၀၃
Viewers 53k

အခန်း ၁၀၃

လူငယ်လေး မင်းရဲ့ မျက်စိတမှိတ်ဖြတ်တောက်ခြင်းနည်းစနစ်ကိုသုံးပြီး ကောင်းကောင်းသင်ပြပေးလိုက်ပါ.....


မာစတာကျောက်က သူကိုယ်သူ အလွန်ယုံကြည်မှုရှိပေသည်။ နှစ်ပေါင်းများစွာ ဖြတ်တောက်ခြင်းနည်းပညာကို လေ့ကျင့်ခဲ့ရသောကြောင့် သူ၏အရည်အချင်းက သာမန်မဟုတ်ပေ။ အလုပ်သင်ဘဝမှစ၍ မီးဖိုချောင်သုံး ဓားတစ်လက်ကို ကိုင်ဆွဲပြီး များပြားလှစွာသော ပါဝင်ပစ္စည်းတွေကို ဖြတ်တောက် လာခဲ့ရပေသည်။


သူ၏ ဟင်းပွဲများကို အရသာမရှိဟု ပြောလျင် လက်ခံနိုင်သော်လည်း ဖြတ်တောက်ခြင်းနည်းပညာက ညံ့ဖျင်းသည်ဟု ပြောလျင် လုံးဝလက်မခံနိုင်ပေ။ ထိုမျှလောက်ထိ သူ၏ဖြတ်တောက်ခြင်းနည်းပညာအပေါ်ကို ယုံကြည်မှု ပြင်းထန်ပေသည်။


ထို့ကြောင့် ချမ့်ပေါင်က ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှူးများစွားထဲမှ မာစတာကျောက်ကို ရွေးထုတ်၍ ပုဖန် နှင့် ယှဉ်ပြိုင်နိုင်ရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။


မာစတာကျောက်က ဝင့်ကြွားစွာဖြင့် မျက်လုံးများကို မှေးစင်းပြီးပုဖန်ကိုစိုက်ကြည့်နေလေသည်။ ထိုလူငယ်လေးက ဖြတ်တောက်ခြင်းနည်းပညာတွင် သူထက်သာလိမ့်မည် ဟု လုံးဝမထင်ပေ။ ဖြတ်တောက်ခြင်းနည်းပညာက ပါရမီပါယုံနဲ့ မရပဲ လေ့ကျင့်မှုကလည်း အလွန်အရေးပါပေသည်။


ထိုအချိန်တွင် အစားသောက်များကို စားသောက်ပြီးစီးသွားပြီဖြစ်သော ကွမ်ရှောင်ယီ နှင့် ယန်ချန်တို့က ထို မြင်ကွင်းကို တက်တက်ကြွကြွ စပ်စပ်စုစုနှင့် ကြည့်နေလေသည် ။ ကွမ်းရှောင်ယီက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။


အရင်တုန်းက စိတ်ပုပ်သူဌေးက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကို သွားပြီး အကုန်လုံးနီးပါး ဖျက်စီးခဲ့တာ... အခုသူတို့က မကျေနပ်လို့ ပြန်လာပြီးစိန်ခေါ်တာပဲဖြစ်ရမယ် ...


သူရှေ့ကမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေရင်းမှ ရှောင်ယီက သူမရဲ့ ကြီးမားဝိုင်းစက်တဲ့်မျက်လုံးလေးတွကို ပုပ်ခပ်ပုပ်ခပ် လုပ်လိုက်ပြီး ပုဖန်ကိုလှမ်းကြည့်လိုက်သည်။ ပုဖန်က ဤအခြေနေတွေကို မည်သို့ ဆုံးဖြတ်မည်ကို သူမအလွန် သိချင်လှပေသည်။ ပုဖန်က တစ်စုံတစ်ယောက်နှင့် စိန်ခေါ်၍ ဆွေးနွေးသင်ယူရမည်ကို လုံးဝစိတ်မဝင်စားပေ။ သူ၏ ဟင်းပွဲများကို အေးဆေးစွာချက်ပြုတ်ခြင်း သူရဲ့စီးပွားရေကို ကောင်းမွန်စွာ လည်ပတ်စေခြင်း သလင်းကျောက်တွေများများစုပြီး သိုင်းအဆင့်မြန်မြန်တိုးမြှင့်နိုင်ခြင်းကိုသာ သူစိတ်ဝင်စားသည်။


သူ၏ရည်ရွယ်ချက်များက ရိုးရှင်းသန့်စင်လှပြီး တစ်ခြားညစ်နွမ်းသည့် အကြောင်းအရာများ မပါဝင်ပေ။စနစ်ကသာ မစ်ရှင်အနေနှင့် မခိုင်းစေခဲ့ပါက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကို စိတ်အနှောင့်ယှက်ဖြစ်ခံပြီး သွားခဲ့လိမ့်မည်မဟုတ်ပေ။


`` ဖြတ်တောက်ခြင်းနည်းပညာ ယှဉ်ပြိုင်ရမယ် ဘာကြောင့်ငါက မင်းနဲ့ယှဉ်ပြိုင်ရမှာလဲ စိတ်မဝင်စားဘူး... ´´ 


ပုဖန်က မျက်နာသေနှင့့် ပြောဆိုလိုက်ပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မီးဖိုချောင်းဘက်သို့ လှည့်ထွက်သွားလေသည်။ ထိုနှစ်ယောက်ကို လောကွတ်ပြုရမှာတောင် စိတ်အနှောင့်ယှက်ဖြစ်ရသည်။


ချမ့်ပေါင်က ပုဖန်၏ငြင်းပယ်မှုကို မမျှော်လင့်ထားသောကြောင့် အနည်းငယ်အံ့အားသင့်သွားလေသည်။ ထို့နောက် သူ၏မျက်ဝန်းများက တောက်ပလာပြီး တွေးလိုက်မိသည်


`` ပိုင်ရှင်ပုက ဖြတ်တောက်ခြင်းနည်းပညာမှာ သူကိုယ်သူ ယုံကြည်မှုမရှိလို့ ငါတို့ကိုငြင်းပယ်လိုက်တာပဲဖြစ်ရမယ် ...´´


`` ပိုင်ရှင်ပုရဲ့ ဖြတ်တောက်ခြင်းနည်းပညာက တော်တော်ကို ညံ့ဖျင်းတာပဲဖြစ်မယ် ဒီလိုမှမဟုတ်ဘူးဆိုရင် သူကဘာလို့ ငါတို့စိန်ခေါ်မှုကို ငြင်းပယ်မှာလဲ ´´ 


သူရှုံးမယ်ဆိုတာကို သိနေလို့လည်း ငြင်းပယ်တာပေါ့...


သူတို့၏ စိန်ခေါ်မှုကို ငြင်းပယ်လိုက်သည်က ဖြတ်တောက်ခြင်းနည်းပညာတွင် လိုအပ်နေမှုကို ဖုံးကွယ်ချင်သောကြောင့် ဖြစ်ရမည်ဟု ချမ့်ပေါင်က တွေးမိသွားပြီး စိတ်လှုပ်ရှားလာလေသည်။


`` ပိုင်ရှင်ပု မင်းက နည်းနည်း သဘာဝမကျဘူးလို့ မခံစားမိဘူးလား ...မင်းငါရဲ့ဆိုင်ကိုလာပြီးတော့ အမှားရှာခဲ့တုန်းက ငါကို လက်မခံဘူးလို့များ တစ်ခွန်းပြောခဲ့မိလား ... သဘောထားကြီးစွာနဲ့ ငါတို့ရဲ့ဟင်းပွဲတွေကို မြည်းခွင့့်ပြုခဲ့တယ်မဟုတ်ဘူးလား... ဒီနေ့ ငါကတစ်ယောက်နဲတစ်ယောက်ပညာ ဖလှယ်ရအောင် တောင်းဆိုတဲ့အခါမှတော့ မင်းက ငါရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြစ်တယ် ဒါကမင်းနဲနဲ မတရားဘူးလို့ မခံစားရဘူးလား ...´´


ဘာလို့လဲ မင်းကိုယ်မင်း ယုံကြည်ချက် မရှိဘူးလား... ဒါမှမဟုတ် မင်းရဲ့ဖြတ်တောက်ခြင်းနည်းပညာက ငါရဲ့စားဖိုမှူးထက် အားနည်းတယ်လို့ ထင်လို့လား ... ချမ့်ပေါင်က ဖြစ်ညှစ်ပြုံး၍ ပြောလိုက်သည်။


သူ၏အသံက အလွန်ဝင့့်ကြွားနေပြီး နားထောင်သူများကို စိတ်မသက်မသာ ဖြစ်စေသည်။ သို့သော်လည်း ကွမ်းရှောင်ယီက သူမ၏ရှေ့မှ မြင်ကွင်းကိုကြည့်၍ အလွန်ရီချင်လှသောကြောင့် အံတင်းတင်းကျိတ်ထားမိသည်။ 


``ဘာဖြစ်တယ် စိတ်ပုပ်သူဌေးက သူကိုယ်သူ ယုံကြည်မှုမရှိဘူး တရားမျှတမှုမရှိဘူး ပြီးတော့ သူရဲ့ဖြတ်တောက်ခြင်းနည်းပညာက မကောင်းမွန်ဘူးဟုတ်လား ဟာသတွေပဲ.... ´´ 


`` ဟုတ်ပြီ ငါကယုံကြည်မှုမရှိဘူး ငါကမမျှတဘူး အာ့လိုဆ်ိုရင်တောင်မှ မင်းရဲ့စားဖိုမှူးကအရည်အချင်းမရှိဘူး သူကအရည်အချင်းမရှိဘူးဆိုမှတော့ ငါကဘာလို့ သူနဲ့ယှဉ်ပြိုင်နေရအုန်းမှာလဲ ´´ 


ပုဖန်က မီးဖိုချောင်ဘက်သို့ လျှေက်သွားရာမှ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ သူ၏အသံက စိတ်ဆိုးမှု လုံးဝမပါပဲ အမှန်တရားတစ်ခု ထုတ်ဖော်ပြောရသလို တည်ကြည်နေပေသည်။ မာစတာကျောက်က ဒေါသထွက်သွားလေသည်။


ငါကအဆင့်မမီဘူး ဟုတ်လား... ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ထဲမှာ ငါကဖြတ်တောက်ခြင်းနည်းစနစ် စကေးအမြင့်ဆုံးလူပဲ ဒါတောင်မှ မင်းက ငါက အရည်အချင်းမရှိဘူးလို့ ပြောရဲသေးတာလား ...


မာစတာကျောက်က အေးစက်စက်ပုံစံဖြင့် ပုဖန်ကို ခနဲ့လိုက်သည်။


`` လူငယ်လေး မင်းကဘယ်လိုတောင်မှ ဝင့်ကြွားနေရတာလဲ ... ကြည့်ရတာတော့ မင်းရဲ့ဖြတ်တောက်ခြင်းနည်းပညာက သိပ်ကောင်းမဲ့ပုံမပေါ်ပါဘူး.. ငါရဲ့နည်းစနစ်က ကောင်းမွန်လား မကောင်းမွန်လားဆိုတာကို ငါနဲ့ယှဉ်ပြိုင်ကြည့်ရင် သိလိမ့်မယ်... ငါကိုအရည်အချင်းမှီတယ်တွေ မမှီတယ်တွေဆုံးဖြတ်ရအောင် မင်းကိုမင်းဘယ်သူထင်နေလို့လဲ ...´´


ထိုအခ်ျိန်တွင် ချမ့်ပေါင်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။


ဒီလိုမျိုးလုပ်ကြရင်ကော ... ပိုင်ရှင်ပု မင်းကအရင်တုန်းက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကို လာပြီးတော့ ငါတို့ရဲ့သိက္ခာတွေကို ရစရာမရှိအောင် နင်းခြေခဲ့တယ် ... အခုငါတို့က မင်းရဲ့ဆိုင်ကိုလာပြီး ယှဉ်ပြိုင်ဖို့ပြောတဲ့အခါကျတော့ မင်ကလက်မခံနိုင်ဘူး... မင်းရဲ့ဖြတ်တောက်ခြင်းနည်းပညာက ငါရဲ့စားဖိုမှူးထက် ကညံံ့ပါတယ်လို့စာရေးပြီးဝန်ခံလိုက်ရင် ငါကပြိုင်ပွဲအကြောင်းကိုမေ့လိုက်မယ် ဘယ်လိုသဘောရလဲ ´´ 


ပုဖန်က ချမ့်ပေါင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်


`` ဒီလူက ရူးနေတာလား ငါကသူတို့စားဖိုမှူးရဲ့ ဖြတ်တောက်ခြင်း နည်းပညာကအဆင့်မမီဘူးလို့ ပြောပြီးတာတောင်မှ ငါရဲ့ဖြတ်တောက်ခြင်းနည်းပညာ ညံ့ပါတယ်လို့ ဝန်ခံစကားရေးပေးရအုန်းမယ် လာနောက်နေတာလား ´´


ပုဖန်၏အမူအရာက အေးစက်နေလေပြီ။ ထိုသူတွေက သေချင်လွန်းလို့ နဲ့တန့်တန့် ဖြစ်နေတော့ သူကလည်းဖြည့်ဆည်းပေးရုံသာ ရှိတော့သည်။


ရုတ်တရက်မစ်ရှင်... ချမ့်ပေါင်စီစဉ်ပေးသော ထာဝရရှင်သန်သော ဖီးနစ်စားသောက်ဆိုင်မှ စားဖိုမှူးနှင့် သူရဲ့ဖြတ်တောက်ခြင်းနည်းပညာ ယှဉ်ပြိုင်ပြီး သူကို အပြည့်အဝလွှမ်းမိုးလိုက်ပါ... စားဖိုမှူးတစ်ယောက်အနေဖြင့် သင့်ရဲ့ စွမ်းဆောင်ရည်ကို တစ်ခြားသောသူတစ်ယောက်က ပျက်ရည်ပြုခြင်းကို ခွင့်မပြုရ ..


`` လူငယ်လေး သင့်ရဲ့မျက်စိတစ်မှိတ် ဖြတ်တောက်ခြင်းနည်းပညာကို အသုံးပြုပြီး ဘယ်လိုကောင်းမွန်အောင်းနေရတယ်ဆိုတာ ကောင်းကောင်းသင်ပေးလိုက်ပါ ´´


မစ်ရှင်ဆု ကျယ်ပြန့်ဖြတ်တောက်ခြင်းနည်ပညာ တိုးတက်မှု...


ပုဖန် ပြန်လည်တုံ့ပြန်တော့မည့်အချိန်တွင် သူ၏စိတ်ထဲမှ စနစ်၏ ကျယ်လောင်လေးနက်စွာ ပြောဆိုသံကို ကြားလိုက်ရသည်။ စနစ်မှ ပေးအပ်လိုက်သည့် မစ်ရှင်က ထုံးစံအတိုင်းဖြစ်သော်လည်း ထိုမစ်ရှင်ထဲမှ စနစ်၏ အမျက်ဒေါသကို ပုဖန်ခံစားလိုက်ရသည်။


ပုဖန်က ချမ့်ပေါင်နှင့် မာစတာကျောက်တို့ကို ခပ်တည်တည် စိုက်ကြည့့်လိုက်သည်။ စနစ်က သူ့အတွက်မစ်ရှင်ထုတ်ပေးနေသောကြောင့် သူကစိန်ခေါ်မှုကို လက်မခံလျင် မိုက်မဲရာ ကျပေမည်။ ကျိုးကြောင်းလည်း မညီညွှတ်ပေ။


`` ကောင်းပြီ ငါလက်ခံတယ် ဒါပေမဲ့ ငါဆိုင်ပိတ်ပြီးတဲ့အချိန်ထိတော့စောင့်အုန်း ´´ 


ချမ့်ပေါင်ရဲ့ မျက်နာပေါ်ကအပြုံးက အေးခဲသွားပြီး တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။


`` ပိုင်ရှင်ပု မင်းလက်ခံလိုက်တာလား တကယ်ပဲလက်ခံလိုက်တာလား ´´ ချမ့်ပေါင်က အလောတကြီးမေးလိုက်သည်။


ပုဖန်က မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလိုက်သည် 


`` ကောင်းပြီ အဲဒါဆိုရင် ဘယ်နေရာမှာ ယှဉ်ပြိုင်ရမလဲဆိုတာ ငါရွေးချယ်လို့ရမလား´´ 


ချမ့်ပေါင်က စုန့်ထောင်၏ ညွှန်ကြားမှုကို အမှတ်ရသွားပြီး ထပ်လောင်းမေးလိုက်သည်။ စုန့်ထောင်ဆီမှ ကြောက်စရာကောင်းသည့် အငွေ့အသက်များကို ပြန်လည်အမှတ်ရသွားပြီး အမိန့်တိုင်းလိုက်နာရန် ဆုံးဖြတ်လိုက်သည်။


ကြိုက်သလိုသာလုပ်...


ပုဖန်က စကားပြန်ပြောရန် စိတ်အနှောင့်ယှက်ဖြစ်သောကြောင့် မီးဖိုချောင်ဘက်ကို လှည့်ထွက်သွားလိုက်သည်။ ချမ့်ပေါင် နှင့် မာစတာကျောက်တို့လည်း တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ခေါင်းငြိမ့်အချက်ပြလိုက်သည်။ ထို့နောက် သူတို့မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။


`` ပိုင်ရှင်ပု ဒါဆိုငါတို့အရင်ပြန်နှင့်မယ်နော် ဆိုင်ပိတ်ချိန်ရောက်တော့မှ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ပြိုင်ပွဲစီစဉ်တဲ့နေရာကို လာခေါ်ခိုင်းလိုက်မယ် ´´ 


`` ကောင်းပြီ ´´ 


ပုဖန်ရဲ့ အေးစက်စက်အသံက မီးဖိုချောင်ဘက်မှ ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လည်း ပြိုင်ပွဲမှာ လိုအပ်တဲ ပစ္စည်းများကို ပြင်ဆင်ရမည်ဖြစ်သောကြောင့် ဆိုင်ထဲမှ ခပ်မြန်မြန် ထွက်သွားလိုက်သည်။ သူတို့ထွက်ခွာသွားသည်နှင့်ကွမ်းရှောင်ယီက မီးဖိုချောင် တံခါး၀သို့ ခပ်မြန်မြန်သွားပြီး မေးလိုက်သည်။


`` စိတ်ပုပ်သူဌေး နင်တကယ်ပဲ သူတို့နဲ့ ဖြတ်တောက်ခြင်းနည်းပညာပြိုင်ဖို့ လက်ခံလိုက်တာလား နင့်ရဲ့ ဖြတ်တောက်ခြင်းနည်းပညာက ကောင်းမွန်တယ်မှတ်လား ´´ 


ပုဖန်က ခေါင်းငုံ့၍ ကွမ်းရှောင်ယီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ဖြင့် လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ရေးဆွဲလိုက်သည်။ အစိမ်းရောင်အခိုးအငွေ့များက မီးဖိုချောင်ခန်းထဲတွင် ပေါ်လာလေသည်။ ပုဖန်က သူရဲ့ လက်ချောင်းးတွေကို အလျင်အမြန်လှုပ်ရှားလိုက်သည်နှင့် မီးဖိုချောင်းသုံးဓားက ပေါ်ထွက်လာပြီး အသက်ရှိသကဲ့သို့ လှည့်လည်နေသည်။


ကွမ်းရှောင်ယီက ထိုမျှကောင်းမွန်သော မီးဖိုချောင်သုံး ဓားကို မမြင်ဖူးသောကြောင့် သူမ၏မျက်လုံးမေားကို ကျွတ်ထွက်မတက် ပြူးကျယ်၍ စိုက်ကြည့်နေလေသည်။ ထို့နောက် သူမ၏ စိုးရိမ်ပူပန်မှုများက ဟာသတစ်ခုကဲ့သို့ ဖြစ်သွားလေသည်။ စိတ်ပုပ်သူဌေးက ချက်ပြုတသည့််နေရာတွင် ပြိုင်စံရှား တော်လွန်းလှသူ ဖြစ်သောကြောင့် ဖြတ်တောက်ခြင်းနည်းပညာကလည်း အားနည်းလိမ့်မည် မဟုတ်ပေ။


သူမက ပြိုင်ပွဲရဲ့ ရလဒ်ကိုပင် ခန့်မှန်းပြီးသွားလေပြီ။ ထာဝရှင်သန်သောဖီးနစ်စားသောက်ဆိုင်ပိုင်ရှင်၏ မျက်နာက အလွန်လွန်ရုပ်ဆိုးလှပြီး စိတ်ပုပ်သူဌေးက ထိုသူတို၏ မျက်နာကို ဖြတ်ရိုက်မှာကို သူမကြည့်ခွင်ရပေတော့မည်။


အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆိုင်ပိတ်ချိန်သို့ ရောက်လာလေသည။ ကွမ်းရှောင်ယီနှင့် ယန်ချန်တို့ နှစ်ယောက်က ဆိုင်ပိတ်သွားသော်လည်း ပြိုင်ပွဲကို ကြည့်ချင်သေးသောကြောင့် မပြန်ကြသေးပေ။ ခဏအကြာတွင် လူတစ်ယောက်က ပြိုင်ပွဲကျင်းပမည့် နေရာကို လာရောက်သတင်းပို့သည်။ ပြိုင်ပွဲနေရာကို ကြားလိုက်ရချိန်တွင် ပုဖန်က အနည်းငယ် အံ့အားသင့်သွားလေသည်။


`` လမ်းကြားလေးရဲ့ အဝင်ဝမှာဟုတ်လား ´´ 


`` ဟုတ်ပါတယ် ´´


ထိုသူက ဟုတ်မှန်ကြောင်း အတည်ပြု ခေါင်းငြိမ့်ပြလေသည်။ ပုဖန်လည်း ဆက်မပြောတော့ပဲ သိုးမွှေးအနွေးထည်ကို ထပ်ဝတ်လိုက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။


ထိုအချိန်တွင် လမ်းကြားလေး၏ အဝင်ဝတွင် ဆူညံပွက်လောရိုက်နေပေသည်။ သာမန်အချိန်များတွင် လူပြတ်နေတတ်သော လမ်းကြားလေး၏ အဝင်အဝက ယခုအချိန်တ်င် ကြောက်စရာကောင်းလောက်အောင် များပြားလှသော လူအုပ်ကြ်ီးဖြင့် ပြည့်နှက်နေလေသည်။ ထိုနေရာတွင် စားပွဲနှစ်လုံးခင်းကျင်းထားပြီး ပါဝင်ပစ္စည်းအမျိုးမျိုးကိုလည်း တင်ထားလေသည်။


စားဖိုမှူးဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် မာစတာကျောက်က စားပွဲတစ်ခုနောက်တွင်ရပ်နေပြီး သူရှေ့မှစားပွဲပေါ်တွင် တစ်ဖျက်ဖျက်တောက်ပပြီး ထက်မြိလှသည့် မီးဖိုချောင်းသုံးဓားမျိုးစုံကို တင်ထားသည့် စင်အကြီးစားတစ်ခု ရှိနေပေသည်။