အပိုင်း ၁၀၄
Viewers 53k

အခန္း ၁၀၄ 

မုန်လာဥ လှီးပြိုင်ကြမယ်


ကွမ်းရှောင်ယီ နှင့် ယန်ချန်း တို့က ပုဖန်၏နောက်သို့ လိုက်သွားကြသည်။ လမ်ကြားလေး၏ ထိပ်တွင် ပြည့်ကြပ်နေသော လူအုပ်ကြီးကိုမြင်လိုက်ရချိန်တွင် ကွမ်းရှောင်ယီက စိတ်လှုပ်ရှားလာလေသည်။


`` အင်းပေါ့ ဒီထာဝရှင်သန်သောဖီးနစ် စားသောက်ဆိုင် ပိုင်ရှင်ရဲ့လုပ်ရက်က တကယ်ထူးဆန်းတာပဲ... သူကဒီနေရာကို လူတွေအများကြီး လာကြည့်အောင်လုပ်ထားတယ် ဘာလဲ ပြိုင်ပွဲအကြောင်းကို လေအလင်းအင်ပါယာ တစ်ခုလုံးသိစေချင်တာလား ´´


ချမ့်ပေါင်ကလမ်းထိပ်တွင် ရပ်နေပြီး ပတ်ဝန်းကျင်က လူအုပ်ကြီးကို ကြည့်လိုက်သည်။ မမျှော်လင့်ထားပဲ လူအများအပြား လာရောက်ကြည့်ရှုနေကြသည့် အခြေနေကို သူအလွန်နှစ်သက်ပေသည်။ သူ၏ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှူးက နာမည်ပျက်စားသောက်ဆိုင်ပိုင်ရှင်ကို အနိုင်ယူနိုင်လျှင် ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က လေအလင်းအင်ပါယာမြို့တော်ထဲတွင် ပို၍နာမည်ကြီးလာပေလိမ့်မည်။ထိုအခါ သူ့ဆိုင်တွင် စားသုံးသူ အများအပြား ရရှိလာလိမ့်မည် ဖြစ်သည် ။


`` အိုး... ငါတို့ရဲ့ ပိုင်ရှင်ပု ရောက်လာပြီပဲ ကြည့်ပါဦး.... ပြိုင်ပွဲကိုလူတွေအများကြီးက စိတ်ဝင်စားနေကြတာ ... ဟွန်းဟွန်း ... ပြိုင်ပွဲကို ငါတို့ အလွယ်လေး အနိုင်ရအောင်တော့မလုပ်နဲ့နော် ´´ ချမ့်ပေါင်က ပြုံးဖြီးဖြီးဖြင့်ပြောလိုက်သည် 


ပုဖန်က သူကို အဓိပ္ပယ်ပါပါ လှမ်းကြည့်လိုက်သည်။ သူကချမ့်ပေါင်ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်ပေသည်။ သူက ပုဖန်ကို အနင်းခံကျောက်တုံးတတုံးကဲ့သို့ အသုံးပြု၍ လေအလင်းအင်ပါယာမြို့တော်ထဲတွင် ပို၍နာမည်ကျော်ကြားလာအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။


သူရဲ့အကြံအစည်က မှားတော့မမှာပေ။ ပုဖန်၏ဆိုင်က အင်ပါယာမြို့တော်ထဲမှာ လူသိများကျော်ကြားလာပေသည်။ ဤပြိုင်ပွဲမှာ ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က အနိုင်ရရှိခဲ့ပါက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ြပီးသားဖြစ်သလို နာမည်လည်း တဟုန်ထိုး ကြီးလာပေလိမ့်မည်။


သို့သော် မာစတာကျောက်၏ ဖြတ်တောက်ခြင်းနည်းစနစ်က ပုဖန်ကို ကျိန်းသေပေါက် ရှုံးနိမ့်စေ မှသာ ထိုသို့ ဖြစ်လာပေလိမ့်မည်။ ချမ့်ပေါင်၏ ရည်ရွယ်ချက်က ကောင်းမွန်သော်လည်း ဆုံးဖြတ်ချက်အမှားတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး စားပွဲတစ်လုံးထံသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် များပြားလတ်ဆတ်လှသည့် ပါဝင်ပစ္စည်းတွေကို တင်ထားလေသည် ။ မာစတာကျောက်က ပုဖန်ကို မြင်သော်အခါ ခြိမ်းခြောက် ဖိအားပေးရန်အတွက် မီးဖိုချောင်သုံးဓားရှည်ကို ဆွဲထုတ်လိုက်သည် 


တောက်ပသည့်မီးဖိုချောင်းသုံး ဓားရှည်၏ကိုယ်ထည်မှ စူးရှသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်၏ အခြေအနေကို ပြောင်းလဲသွားစေသည်။ ဓားမှ ထွက်လာသည့် လေပြင်းကြောင့် တီးတိုးပြောဆိုနေကြသည့် လူအုပ်ကြီးက ငြ်ိမ်သက်သွားကာ ဖြစ်ပေါ်လာမည့် ပြိုင်ပွဲကို စိတ်လှုပ်တရှား စောင့်ကြည့်နေကြသည်။


`` ပိုင်ရှင်ပု ငါက ဖြတ်တော်ခြင်းနည်းစနစ်တွေကို နှစ်ပေါင်း ဒါဇင်ကျော်အောင် ကြိုးစားကျင့်သုံးလာခဲ့တယ်.... ဒါကြောင့် ဒီနေ့ပွဲမှာ ငါက ပေါ့ပေါ့တန်တန် ယှဉ်ပြိုင်မှာမဟုတ်ဘူး ငါသိထားသမျှ နည်းစနစ်တွေကို အသုံးပြုပြီးတော့ မင်းကို ကျိန်းသေပေါက် အနိုင်ယူမယ် ´´


မာစတာကျောက်က ပြောပြောဆိုဆိုဖြင့် သူစားပွဲကို ပုတ်လိုက်ပြီး စားပွဲပေါ်မှ အာလူးတစ်လုံး လေထဲသို့ မြှောက်တက်သွားစေလိုက်သည်။ မာစတာကျောက်၏ အကြည့်များကကလည်း မီးဖိုချောင်သုံး ဓားကဲ့သုိ့ စူးရှ၍ လေးနက်နေလေသည်။ ထို့နောက် ဓားကို တစ်ပတ်လှည့်လိုက်ပြီး လေထဲတွင် ဖြတ်တောက်သံတစ်ချို့ ထွက်ပေါ်လာသည်။ အထူအပါးညီလှသည့် အာလူးအလွှာလေးများက စားပွဲထက်သို့ စီစီရီရီနှင့် ကျလာလေသည်။


သူပြသလိုက်သည့် စွမ်းဆောင်ရည်က အလွန်ကောင်းမွန်လှသောကြောင့် ပတ်ဝန်းကျင်မှ လူထုပရိသတ်များက လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက်ကြသည်။ မာစတာကျောက်က သူလှီးဖြတ်ထားသည့် အာလူးများကို ပန်းကန်ပေါ် တင်လိုက်လေသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်ကွေးလိုက်ပြီး ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ပုဖန်ကို သရော်တော်တော် ကြည့်လိုက်သည်။


မာစတာကျောက်၏ လေထဲမှာ ဖြတ်တောက်ပြသည့် နည်းပညာ တင်ဆက်မှုကို ပုဖန်က အနည်းငယ်မျှ အံ့အာ့သင့်ဟန်မရပဲ မျက်နှာသေဖြင့် ကြည့်နေသည်။ ပုဖန်၏ဘေးတွင် ရပ်နေသည့် ကွမ်းရှောင်ယီက စောင့်ကြွားကြွားပုံစံဖြစ်နေသည့် မာစတာကျောက်ကို ကြည့်၍ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။


`` ကဲ ပြော ငါတို့ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်ကြမှာလဲ ငါကဒီမှာ ယှဉ်ပြိုင်ပြီးရင် ပြန်အိပ်တော့မယ် ´´ ပုဖန်၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။


လူအုပ်ကြီးက ပုဖန်၏ တည်ကြည်လှသည့် အသံကို သတိမထားမိဘဲ လှောင်ပြောင် သရော်၍ ကြည့်နေကြသည်။ ပရိတ်သတ်များ၏ အမူအရာကို မြင်လိုက်ရသောအခါ ချမ့်ပေါင်က အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။ ပုဖန်၏ ပုံရိပ်က ကျဆင်းလေလေ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းက တိုးတက်လေလေပင် ဖြစ်သည်။


`` ငါတို့ ဒီနေ့ အချက်၃ချက် ကို အခြေခံပြီး ယှဉ်ပြိုင်ကြမယ် ... အဲဒါတွေက လျင်မြန်မှု တိကျမှု အကဲခတ်ဖြတ်မှု တွေပဲ ...


လျင်မြန်မှုဆိုတာတော့ မင်းသိတဲ့ အတိုင်းပဲ ... ပါဝင်ပစ္စည်းတွေကို လှီးဖြတ်တဲ့နေရာမှာ ဘယ်လောက်မြန်လဲ ဆိုတာကြည့်ကြမှာ... ဒါကိုတော့ ရှင်းမယ်ထင်တယ် ..


တိကျမှုကတော့ ပိုင်းဖြတ်လိုက်တဲ့ အပိုင်းအစလေးတွေရဲ့ အထူအပါး ဘယ်လိုညီမျှလဲဆိုတာကို ကြည့်ရမယ်...


အကဲဖြတ်မှု... ဒါကတော့ ရှင်းပါတယ် ဖြတ်တောက်ပြီးသွားတဲ့ ပစ္စည်းတွေကို ဆုံးဖြတ်ပေးရမှာပဲ ...


မာစတာကျောက်က တည်ကြည်လေးနက်သည့် အသံဖြင့်ပြောဆိုလိုက်ပြီး လက်ထဲမှဓါးရှည်ကို စဉ်းနှီတုံးပေါ် ထိုးစိုက်လိုက်သည်။


ပုဖန်က ခေါင်းငြိမ့်လိုက်သည်။ သူပြောလိုက်သည့် အချက်များက ဖြတ်တောက်ခြင်းနည်းစနစ်တွင် အခြေခံကျသည့် အချက်များ ဖြစ်သောကြောင့် အနည်းငယ်မျှပင် မအံ့ဩတော့ပေ။


`` ကောင်းပြီလေ..အခုပဲစရအောင် ..´´


`` ကောင်းပြီ.. ငါတို့အရင်ဆုံး လျင်မြန်မှုကနေ စတင်ပြိုင်ကြမယ် ဒီမှာ မုန်လာဥ (၂၀၀) ရှိတယ် ဘယ်သူက မုန်လာဥ ( ၁၀၀ ) ကို အချိန်အမြန်ဆုံး ဖြတ်လို့ ပြီးမလဲဆိုတာက်ိုကြည့်ကြမယ် ...´´ မာစတာကျောက်က ပြောဆိုလိုက်သည် 


`` ဟမ့်.. မုန်လာဥပဲ လာပြန်ပြီလား ...´´


ပုဖန် တွေးလိုက်မိပြီး စားပွဲပေါ်မှ မုန်လာဥများကို ကြည့်၍ ကိုးယို့ကားယားပြုံးလိုက်မ်ိသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။


`` ကောင်းပြီလေ´´


`` ဒါဆိုရင် ငါအခုစတင်တော့မယ် ပိုင်ရှင်ပု သေချာကြည့်ထားပါ ´´ 


မာစတာကျောက်က ပြောပြောဆိုဆိုနှင့် သူ၏စွမ်းအင်အချို့ကို ထုတ်ဖော်လိုက်ရာ ဝတ်ထားသည့် စားဖိုမှူး ဝတ်စုံပင် လေထဲသို့ တဖျပ်ဖျပ် လွင့်ခါသွားသည်။ ထို့နောက် ဓားနှစ်လက်ကိုအသုံးပြု၍ ဖြတ်တောက်ရန်အတွက် နောက်ထပ် မီးဖိုချောင်သုံး ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ သူကမုန်လာဥတစ်လုံးကို ယူ၍ စဉ်းနှီတုံးပေါ် တင်ထားလိုက်သည်။ သူရဲ့ ဓားနှစ်လက်ကို အသုံးပြု၍ ခပ်မြန်မြန် လှီးဖြတ်လိုက်ရာ စည်းချက်ညီသည့် သသံများ ထွက်ပေါ်လာသည်။


`` ဒုန်း ဒုန်း ဒုန်း ´´ 


အသက်တစ်ရှိုက်စာအတွင်းမှာပင် မုန်လာဥက အပိုင်းသေးသေးလေးများ ဖြစ်သွားကြလေသည်။ ထို့နောက် သူ နောက်တစ်လုံးကို လှီးဖြတ်ရန် ပြင်လိုက်သည်။

နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သောကြောင့် မာစတာကျောက်၏ ဖြတ်တောက်ခြင်းနည်းစနစ်က မယုံနိုင်စရာ အဆင့်တစ်ခုသို့ ရောက်ရှိနေလေသည်။ စားဖိုမှူးများက ထိုမျှအဆင့်သို့ ရောက်ရှိနိုင်ရန်ပင် မလွယ်ကူချေ


ထို့အပြင် သူအသုံးပြုလိုက်သော ဓားနှစ်လက်ဖြင့် မုန်လာဥကို ဖြတ်တောက်ခြင်းက လူများစွာအတွက် အခက်ခဲဆုံး နည်းလမ်းပင် ဖြစ်သည်။ သူ၏အမြန်နှုန်းကလဲ ပြောစရာမလိုအောင် မြန်လွန်းလှသောကြောင့် ၁၀ မိနစ် အတွင်းပင် မုန်လာဥ (၁၀၀) ကို ဖြတ်တောက်ပြီးစီးသွားသည်။


နောက်ဆုံးမုန်လာဥကို ဖြတ်တောက်ပြီးသည့် အချိန်တွင် မာစတာကျောက်က ဓားနှစ်လက်လုံးကို စဉ်းနှီတုံးပေါ် တင်လိုက်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက် နဖူးပေါ်သို့ စီးကျနေသည့် ချွေးများကို သုတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ကြည့်နေကြသည့် လူထုပရိတ်သတ်လည်း လက်ခုပ်လက်ဝါးတီး အားပေးလိုက်ကြသည်။


သူ၏ ဖြတ်တောက်ခြင်း နည်းစနစ်ကို ပုဖန်က ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု မာစတာကျောက်က ယုံကြည်နေပေသည်။ ထို့ကြောင့် သူက ကြီးမြတ်သည့် လူတစ်ယောက်ကဲ့သို့ စိတ်ကြီးဝင်နေပေသည်။


`` ပိုရှင်ပု အခုမင်းအလှည့်ပဲ ´´ မာစတာကျောက်က ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။


ပုဖန်က ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။


`` မင်းကသေချင်နေမှတော့လည်း ငါကမင်းရဲ့ ဆန္ဒကို ဖြည့့်ပေးရတာပေါ့ ... စနစ် ဖြတ်တောက်ခြင်း နည်းစနစ်နဲ့ မင်းကို အနိုင်ယူရမယ်ဆိုပြီး မစ်ရှင်ပေးထားတော့လည်း ငါက ငါ့ရဲ့ နည်းစနစ်တွေကို ထုတ်ပြရတော့မှာပေါ့... အဲလိုမဟုတ်ရင်တောင် ငါကမင်းကို နည်းနည်းပညာပြဖို့ တွေးနေတာ... ´´ ပုဖန်က တီးတိုးရေရွတ်လိုက်သည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားကို အသုံးမပြုပဲ ဓားစင်မှ သာမန်မီးဖိုချောင်သုံး ဓားကိုသာ ထုတ်ယူလိုက်သည်။ သူက ဓား၏ထက်မြတ်မှုကို သိရှိစေရန် လက်ချောင်းလေးများဖြင့် ဓားသွားကို စမ်းကြည့်လိုက်ပြီး ခပ်သာသာလေး ခေါင်းငြိမ့်လိုက်သည်။


`` ကဲ... အခု အခ်ျိန်စမှတ်ပြီ ´´ ချမ့်ပေါင်က ခပ်သဲ့သဲ့ရယ်လိုက်ပြီး ပြောဆိုလိုက်သည်။


မာစတာကျောက် ပြသသွားသော စွမ်းရည်များက ယခင်ရက်များထက် ကောင်းမွန်လှသောကြောင့် ချမ့်ပေါင်က ယုံကြည်မှုများနှင့် ပြည်ှ့နှက်နေပေသည်။


`` ကောင်းပြီလေ..စကြတာပေါ့ ... ´´


ပုဖန်က သာမန်အတိုင်းသာ ပြန်တုံ့ပြန်လိုက်ပြီး သူ၏လက်တွင် အစစ်အမှန်စွမ်းအင်များကို စုစည်း၍ စားပွဲခုံကို ရိုက်လိုက်လေသည်။ ပုဖန်က စွမ်းအင်များကို အတိအကျ ထိန်းချုပ်ထားသောကြောင့် စားပွဲခုံက ပျက်စီးသွားခြင်းမရှိပေမဲ့ မုန်လာဥများသာ လေထဲသို့ မြောက်တက်လာလေသည်။


ထိုအချိန်တွင် ပုဖန်၏ မျက်လုံးများက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး သူရဲ့ ခန္ဓာကိုယ်မှ အရှိန်အဝါများက ပြောင်းလဲသွားလေသည်။ မုန်လာဥ (၁၀၀)က လေထဲတွင် လွင့်မျောနေဆဲဖြစ်ပြီး ပုဖန်က သူရဲ့ ဓားကိုင်လက်ကို မြှောက်လိုက်လေသည်။ ထို့နောက် ဓားကိုစတင်၍ လှည့်လိုက်လေသည်။ 


ဓား၏လှည့်ပတ်နေသည့် အရှိန်က အလွန်မြန်ဆန်လှသောကြောင့် ဘေးမှာကြည့်နေသူများ၏ နှလုံးခုန်နှုန်းများပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မီးဖိုချောင်သုံး ဓားဆီမှ အလင်းရောင်များ ဖြာထွက်လာသကဲ့သို့ မြင်နေရပြီး မုန်လာဥများကို စတင်ပိုင်းဖြတ်နေပေသည်။


လူအုပ်ကြီးက စွံ့အ မှင်သက်နေလေသည်။ မှောင်မိုက်နေသည့် ညလယ်ခေါင်တွင် အလင်းတန်းလေးများ ထွက်ပေါ်လာသကဲ့သို့ လွင့်မျောနေသည့် မုန်လာဥများ၏ မြင်ကွင်းကို မမြင်ဖူးကြသောကြောင့် သူတို့ရဲ့ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပေသည်။


ထွက်ပေါ်လာသည့် အလင်းရောင်များက ည၏မှောင်မိုက်မှုကို ဖြတ်ကျော်သွားပြီး မုန်လာဥ ကောင်းကင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရပေသည်။ ကြည့်ရှူနေသူများ၏ မြင်ကွင်းထဲတွင် မျောလွင့်နေသော မုန်လာဥ (၁၀၀) က စွဲထင်ကျန်ရစ်နေပေသည်။


ဖြတ်တောက်လိုက်သည့် မုန်လာဥတစ်ခုချင်းစီက မာစတာကျောက်၏ လက်ရာထက် ပို၍သေးငယ်ပေသည်။ တခဏအတွင်းတွင် ကောင်းကင်မှ မုန်လာဥမိုး ရွာချလာလေသည်။ ပုဖန်က ခြင်းတစ်ခြင်းကို လက်တစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်ပြီး ကျလာသည့် မုန်လာဥများကို မြေပြင်ပေါ်မရောက်အောင် လှည့်လည် ဖမ်းယူလိုက်သည်။


ခြင်းထဲသို့ မုန်လာဥများ ရောက်ချိန်အထိ စုစုပေါင်းကြာချိန်မှာ အသက်လေးရှိုက်စာသာ ကြာမြင့်လေသည်။ လမ်းကြားလေးထဲမှာလည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။


မာစတာကျောက်၏ မျက်နှာပေါ်မှ ယုံကြည်မှုများက ပျောက်ဆုံးသွားပြီး ရှုံ့မဲ့ တုန်လှုပ်နေသည် ။ သူ၏အပြုအမူများက လူပြတ်တစ်ယောက်ကဲ့သို့ ရယ်ချင်ဖွယ် ကောင်းလှပေသည်။ သူက ပုဖန်၏ တည်ငြိမ်သည့် အမူအရာကို ကြည့်လိုက်မိချိန်တွင် သူကိုယ်သူ ဝက်ကင်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။


`` သေလိုက်ပါတော့ ... ဒီသောက်ကောင်က ဒါကို ဖြတ်တောက်ခြင်နည်းပညာ ပြိုင်တယ်လို့ ပြောချင်သေးတာလား .....ဒါက အနိုင်ကျင့့်တာသက်သက်ပဲလေ... ´´