အပိုင်း ၁၀၅
Viewers 53k

အခန်း ၁၀၅" အလွှာတစ်ထောင်ပန်းတို့ဟူး"


မုန့်လာဥများနှင့် ပြည့်နှက်နေသည့်ခြင်းတောင်းကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ပုဖန်က မာစတာကျောက်ကို တစ်ချက်ကြည့်လိုက်သည်။ မာစတာကျောက်က ပါးစပ်ဟောင်းလောင်းပွင့်နေပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်မှုများက အထင်းသားပေါ်နေသည်။ မုန်လာဥများကို ဖြတ်တောက် ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်သည်က သူတို့၏အမှားပင်ဖြစ်သည်။ 


ဖြတ်တောက်ခြင်းပညာကို ပုဖန်က မုန်လာဥများနှင့် စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်ရာတွင် အထူးစပါယ်ရှယ်အထူးပြုလုပ်ပေးထားသည့် အလွန်လေးလံလှသော မီးဖိုချောင်သုံးဓားကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ယခုအခြေအနေက သူ၏ ဖြတ်တောက် ခြင်းနည်းပညာအစွမ်းအစကို တစ်ပိုင်းတစ်စမျှ ထုတ်ဖော်လိုက်သည်နှင့် လုံလောက်နေပြီဖြစည်။


နေ့စဉ် နေ့တိုင်း မုန့်လာဥတစ်ထောင်ကို လေ့ကျင့်လှီးဖြတ်နေရသောကြောင့် မုန်လာဥတစ်ရာက ပုဖန်အတွက် ပန်းခြံထဲလမ်းလျှောက်ထွက်နေသကဲ့သို့ လွယ်ကူလွန်းလှသည်။ 


ကဲ...နောက်ထပ်ခေါင်းစဉ်တစ်ခုစလိုက်ကြရအောင် 


ပုဖန်ရဲ့တည်ကြည်လေးနက်သည့် အသံက ကြောင်အမှင်သက်နေသည့် လူတစ်စုကိုလှုပ် နိုးလိုက်သလိုဖြစ်သွားသည်။


" မင်း.....မင်း.. ဘယ်လိုလုပ်လိုက်တာလဲ ဒါမဖြစ်နိုင်ဘူး... ငါကနှစ်ပေါင်းများစွာတောင်ဖြတ်တောက်ခြင်းနည်းစနစ်ကိုလေ့ကျင့်ခဲ့တယ်... မင်းလိုလူရှုပ်တစ်ယောက်ကို ဘာကြောင့် ရှုံးနိမ့်ရတာလဲ ..မာစတာကျောက်က ရေရွတ်လိုက်ပြီး မယုံကြည်နိုင်စွာ ခေါင်းကို ခါရမ်းနေမိသည်။


ပုဖန်က သူ့လက်ထဲမှာကိုင်ထားသည့် မီးဖိုချောင်သုံးဓားကို စဉ်းနှီးတုံးပေါ်တင်လိုက်ပြီး မာစတာကျောက်ကို လက်ဟန်ခြေဟန်ဖြင့်ပြ၍ သူ့ဓားကိုပေးကိုင်လိုက်သည်။


မာစတာကျောက်က ပုဖန်အသုံးပြုခဲ့သည့်ဓားကိုလှန်းကြည့်လိုက်ပြီး မျက်ဝန်းတွေပြူးကျယ်သွားသည်။ ဓား၏အသွားများက လိပ်နေပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းရာတွေထင်နေလေသည်။ 


ခက်ခဲတဲ့လေ့ကျင့်မှု့တွေမရှိဘဲနဲ့ ဒီလိုအခြေနေ ဒီလိုနည်းပညာမျိုးကို ဘယ်လိုလုပ်လွယ်လွယ်တတ်မြှောက်လာမှာလဲ


မင်းကနှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ် ငါက လုံလ ဝရိယရှိရှိ နဲ့ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့တယ် ငါတို့ရဲ့ခြားနားချက် လေ့ကျင့်တဲ့နည်းလမ်းအသုံးတွေက မတူညီခဲ့ရုံပဲ... မာစတာကျောက်လည်းပုဖန်၏ စကားကိုကြားလိုက်ရတဲ့အခါမှာတော့ သတိပြန်ဝင်လာပြီး ခေါင်းငိုက်စိုက်ကြသွားလေသည်။


မင်းရဲ့ညွှန်ပြမှု့အတွက် ကျေးဇူးတင်ပါတယ်... ပိုင်ရှင်ပု ဆက်ပြီးယှဉ်ပြိုင်ကြစို့ ငါအကောင်းဆုံးကြိုးစားသွားမှာပါ... မာစတာကျောက်က ပြောလိုက်သည်။ ဤပြိုင်ပွဲက စားဖိုမှူးတစ်ယောက်၏ သိက္ခာ ကို လောင်းကြေးထပ်ထားတာဖြစ်တာကြောင့် လွယ်လွယ်နဲ့တော့အရှုံးမပေးနိုင်ပေ။


ဒုတိယ ခေါင်းစဉ် ကတော့မင်းတို့တွေရဲ့ ဖြတ်တောက် ခြင်းနည်းစနစ် အကြောင်းတွေကို ယှဉ်ပြိုင်ကြရမှာဖြစ်တယ် ငါတို့က တို့ဟူး၂တုံးကိုပြင်ဆင်ပေးထားတယ် ... ဒီတို့ဟူးတွေကို မပဲ့၊မရွှဲ့ မကြေစေဘဲနဲ့ ဘယ်သူကအပါးဆုံးဖြတ်နိုင်မလဲဆိုတာကို တိုင်းတာပြီးတော့ အနိုင်အရှုံး ဆုံးဖြတ်မှာဖြစ်တယ်...


ချမ့်ပေါင်၏ယုံကြည်မှု့များ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ပုဖန်က ဖြတ်တောက်ခြင်းနည်းစနစ်၏ရည်အသွေးကိုအပြည့်အစုံပုံဖော်ပြသွားလေသည်။ ပုဖန်ကခေါင်းညိမ့်လိုက်သည်။ တို့ဟူးကိုဖြတ်တောက်တာကလည်းစာဖိုမှူးတစ်ယောက်၏ ဖြတ်တောက်ခြင်းအရည်အသွေးအတွက် လိုအပ်သည့် အချက်တစ်ချက်ပင်ဖြစ်သည်။


တို့ဟူးက အလွန်နူးညံ့လှသောကြောင့် စားဖိုမှူးက ခွန်အားတွေကိုအတိအကျထိန်းချုပ်ပြီးဖြတ်တောက်ရန် ကြိုးစားရပေလိမ့်မည်။ အမှားသေးသေးလေးတစ်ခုကပင် တို့ဟူးတစ်ခုလုံး ကြေမွပျက်စီးသွားရန်လုံလောက်ပေသည်။ 


မာစတာကျောက်ကဘာမှထပ်မပြောနေတော့ဘဲအသေးဆုံးဓားတစ်ချောင်းကိုဆွဲထုတ်လိုက်ပြီး တည်ကြည်လေးနက်သည့် အမူအရာတို့ဖြင့် တို့ဟူးတုံးတင်ထားသည့် စဉ့်နှီးတုံး နားသွားလိုက်သည်။


တို့ဟူးတုံးကတောက်ပြောင်ချောမွတ်နေပြီး လက်ဖြင့်ထိလိုက်ရုံနှင့်ပင် ကြေမွပျက်စီးသွားတော့သယောင် ထင်ရပေသည်။ ရာသီဥတုက အေးစက်နေသော်လည်း တို့ဟူးထံမှ နွေးထွေးသည့် စီးကြောင်းလေးများ ဖြာထွက်နေသည်ကို တွေ့ရလေသည်။


တို့ဟူးကိုလှီးဖြတ်ခြင်း ပြိုင်ပွဲက စတင်ပြီဖြစ်သောကြောင့် မာစတာကျောက်က သူ၏စိတ်တွေအကုန်လုံးကိုနှစ်မြုတ်ထားလိုက်ပြီး တို့ဟူးကိုပဲအာရုံစိုက်ကြည့်နေလိုက်သည်။ မာစတာကျောက်စတင်လှီးဖြတ်လိုက်တဲ့အချိန်မှာပဲ ပုဖန်က သူအသုံးပြုလှီးဖြတ်မယ့် ဓားတစ်ချောင်းကို ရွှေးထုတ်လိုက်သည်။ 


သူထုတ်လိုက်တဲ့ဓားက ပထမရွေးကဲ့သို့ မီးဖိုချောင်သုံးဓားတွေထဲမှ အကြီးဆုံးဓားတစ်ခုပင်ဖြစ်သည်။ ပုဖန်က တို့ဟူးကိုအာရုံစိုက်၍ ဂရုတစ်စိုက်လှီးဖြတ်နေသောမာစတာကျောက်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။ပွဲကြည်ပရိတ်သတ်တော်တော်များများကလည်း ပထမပွဲစဉ်အတွေ့အကြုံအရ မာစတာကျောက်အပေါ်ပဲမျက်စိမှိတ်ပြီးယုံကြည်ခြင်းမရှိတော့ပဲ သူတို့တွေက ပုဖန်ရဲ့လှုပ်ရှားမှု့တွေကိုပဲ အာရုံစိုက်ပြီးကြည့်နေကြသည်။ 


ခဏအတွင်းမှပဲသူတို့အမူအရာများသည်အံ့ဩထိန့်လန်မှု့အဖြစ်သို့ပြောင်းလဲလေသည်။ ပုဖန်က တို့ဟူးလှီးဖြတ်နေခြင်းဖြစ်သော်လည်း မာစတာကျောက်ကဲ့သို့ ဂရုတစိုက်လှီးဖြတ်နေခြင်းမရှိဘဲ ပထမဆုံးမုန့်လာဥဖြတ်သကဲ့သို့ပင် ဓားကိုလှည့်လိုက်ပြီး တို့ဟူးကိုပိုင်းချလိုက်လေသည်။


မုန့်လာဥတွေကိုဖြတ်တောက်တုန်းကလိုမြင်ကွင်းမျိုး နောက်တစ်ကြိမ် နောက်တစ်ဖန်ထွက်ပေါ်လာသည်။ အနွေးစီးကြောင်းဖုံးလွမ်းမှုလေးများ ထွက်ပေါ်လာပြီး မှောင်မှိတ်နေသည့် ညလယ်ခေါင်တွင် မရေမတွက်နိုင်သော ဥက္ကာပျံများ ပေါ်ထွက်လာသကဲ့သို့ လင်းလက်နေသည်။ လင်းလက်နေပြီး တို့ဟူး ကအနည်းငယ်လှုပ်ခါသွားလေသည်။


အသက်လေးရှိုက်စာ အတွင်းပင် ပုဖန်က ဓားကိုအဝေး မှာပြန်ထားလိုက်ပြီးသူ့ရှေ့မှာ မလှီမဖြတ်ထားသကဲ့သို့ ပုံမပျက်ရှိနေတဲ့ဟို့ဟူးကို စိုက်ကြည့်လိုက်သည်။


ဒါ...ဒါ...ဘာတွေဖြစ်နေတာလဲ


တို့ဟူးကဘာမှဖြစ်မသွားဘူးလား...


လူအုပ်ကြီးက ဇဝေဇဝါဖြင့် တီတိုးပြောသံတွေ ထွက်ပေါ်လာသည်။နကိုအတိုင်းပုံမပျက်ရှိနေတဲ့ တို့ဟူးကို မြင်ရသောအခါ သူ့တို့မျက်လုံးကိုသူတို့ မယုံမကြည်ဖြစ်လာပေတော့သည်။


"စိတ်ရှည်ရှည်ထားကြပါ" 


ပုဖန်ရဲ့တည်ငြိမ်တဲ့အသံက ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးနေကြသည့် လူအုပ်ကြီးကို ရပ်တန့်သွားစေသည်။ ထို့နောက် ပုဖန်က တို့ဟူးတုံးကိုလက်ဖြင့် သေချာစွာမယူလိုက်ပြီး ရေထည့်ထားသည့် အကြည်ရောင် ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။


ထိုပန်းကန်လုံးကို တို့ဟူးဖြတ်တောက်ခြင်းမစတင်ခင်မှာ တို့ဟူးတွေလှီးဖြတ်တဲ့အပိုင်းကိုသေချာစွာ မြင်နေရစေရန်အတွက်ချမ့်ပေါင်ကပြင်ဆင်ထာြး ခင်းဖြစ်သည်။ ပုဖန်က တို့ဟူးကိုရေထဲထည့်ပြီး နောက် ရေကိုတစ်စက်မှမလှုပ်ခါစေဘဲ သူ့ရဲ့လက်ကိုထုတ်လိုက်သည်။


ထိုအချိန်မှာပဲ အကြည်ရောင်ပန်းကန်လုံးအတွင်းမှာ အလွန်အံ့ဩစရာကောင်းတဲ့ ပြောင်းလဲမှု့တွေ စတင်ဖြစ်ပေါ်လာပြီး သူတို့က ရေနဲ့ထိသွားပြီး ရေထဲနှစ်မြုတ်သွားသည်နှင့်တစ်ပြိုင်နက် ဆံချည်မျင် ကဲ့သို့သေးငယ်သောတို့ဟူးဆက်လေးတွေ စတင်ပွင့်ဟလာသည်။ လှပနူးညံတဲ့ ပန်းပွင့်တစ်ပွင့်၏ ပွင့်ချပ်လေးတွေကဲ့သို့ တစ်ဖြည်းဖြည်း ပွင့်ဟလာလေသည်။ 


ပထမဆုံးအလွှာ ၊ ဒုတိယ အလွှာ မတူညီတဲ့ တို့ဟူး၏ ထောင့်များဆီမှ တို့ဟူးပွင့်ချပ်လေးတွေ ပွင့်ဟလာပုံက ရေထဲတွင် အလွန်လှပနေပေသည်။ ရေ၏ ဖိအားအောက်တွင် တို့ဟူးပွင့်ချပ်လေးများက တစ်ချပ်ပြီးတစ်ချပ် တစ်ရစ်ဝဲဝဲ အဆက်မပြတ် ဖူးပွင့်လာတာက အလွှာတစ်ထောင် ပန်းနှင့်ပင် တူနေလေသည်။


ဒါကအလွှာတစ်ထောင်ပန်းတို့ဟူးပါ....


နေရောင်ခြည်ကဲ့သို့ အလင်းတန်းတစ်ခုက အကြည်ရောင်ပန်းကန်လုံးကိုဖြတ်ဝင်သွားပြီး တို့ဟူးက လေထဲတွင် မြောလွှင့်နေသည့် ပန်းပွင့်လေးတစ်ပွင့်နှင့် တူလာလေသည်။ ချမ့်ပေါင်ကထိုမြင်ကွင်းမျိုးကို မမြင်ဘူးသောကြောင့် သူ၏ ခြေထောက်များပင် အားမရှိသကဲ့သို့ ပျော့ခွေလာသည်။ တို့ဟူးဖက်၊ ပန်းတို့ဟူး ဘယ်လိုလုပ်နိုင်တော့မှာလဲ။ သူတို့က အစထဲက ပိုင်ရှင်ပုကို စိန်မခေါ်သင့်ပေ။


ဒါဆို ပိုင်ရှင်ပုက ဖြတ်တောက်ခြင်းနည်းစနစ်ကို မကျွမ်းကျင်တာမဟုတ်ဘူးပေါ့ တစ်ကယ်ပဲ ငါတို့နဲ့ယှဉ်ပြိုင်ဖို့ အဖက်မတန်ဘူးလို့ သူခံစားခဲ့ရတာပေါ့.... အဖက်မတန်ဘူးလို့ထင်တာပေါ့...


ချမ့်ပေါင်က ခါးသီးစွာတွေးလိုက်သည်။


ငါကတော်တော်စောက်သုံးမကျတာပဲ... ကိုယ့်သိက္ခာကိုယ်ချဖို့အတွက် အရှက်မရှိတောင်းဆိုခဲ့မိတယ်...


အကြည်ရောင်ပန်းကန်လုံးထဲမှ တို့ဟူးပန်းလေးက အလွန်တစ်ရာကို လှပလွန်းသောကြောင့် ကြည်နေသည့် လူအုပ်ကြီးက စိတ်လှုပ်ရှားကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။ တစ်ခြားတစ်ဖက်တွင်မူမာစတာကျောက်ကတို့ဟူးဖက်ကိုလှီးဖြတ်နေတုန်းဖြစ်သည်။ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များက သူ့အပေါ် နည်းနည်းလေးမှမသက်ရောက်သလိုမျိုး သူ့ရဲ့အလုပ်ကိုသာဆက်၍ အာရုံစိုက်ထားလေသည်။


ပုဖန်လည်း သူ့ရဲ့ရှေ့မှာရှိနေတဲ့ မာစတာကျောက်ကိလှမ်းကြည့်ပြီး ချီးကြူးနှစ်လိုမှု့ကိုခံစားလိုက်ရသည်။ ဟင်းပွဲများကို အမှန်တစ်ကယ် ချစ်မြတ်နိုးမှသာ စစ်မှန်သည့် စားဖိုမှူးကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ 


မာစတာကျောက်က လှီးဖြတ်ပြီးသွားတဲ့အခါမှာတော့ သူ့ရဲ့ တို့ဟူးကို အကြည်ရောင်ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ သေးငယ်သောတိ့ဟူးလွှာတစ်ချပ်တိုင်းက ရေထဲမှာ အလွန်တစ်ရာလှပလှပေသည်။ 


ထိုတို့ဟူးလွှာများက ပုဖန်၏အလွှာတစ်ထောင်တို့ဟူးပန်းနှငိ့ မယှဉ်နိင်သော်လည်း သူ့၏ ဖြတ်တောက်ခြင်းနည်းစနစ်က တစ်ကယ် ပြည့်စုံကောင်းမွန်လှပေသည်။


ပိုင်ရှင်ပု အခုတော့ငါ ဗဟုသုတ တွေတိုးပွားသွားပါပြီ... ငါ့ရဲ့အရည်အချင်းက မင်းထက်နိမ့်ပါးပါတယ်... ငါအရှုံးပေးလိုက်ပြီ... ငါတို့နောက်တစ်ပွဲကို ထပ်ယှဉ်ပြိုင်စရာမလိုတော့ဘူး... ဖြတ်တောက်ခြင်းနည်းပညာမှာ မင်းနဲ့ယှဉ်လိုက်မယ်ဆိုရင် ငါ့ရဲ့အရည်အချင်းက လျော့နည်းနေတုန်းပဲ နောက်တစ်ချိန်မှာ လုံ့လ ဝရိယ ရှိရှိနဲ့ ပိုပြီး ကြိုးစားလေ့ကျင့်ရမယ်...


မာစတာကျောက်က ခါးသီးစွာ ခံစားနေရသော်လည်း ပုဖန်ကို အပြုံးတစ်ချက်နှင့် ပြောဆိုလိုက်သည်။ ပုဖန်ကခေါင်းငြိမ့်ပြလိုက်သည်။ ထိုအချိန်တွင် စနစ်၏ မစ်ရှင်ပြီးမြှောက်ကြောင်း ကြော်ငြာသံက ထွက်ပေါ်လာလေသည်။


ထပ်မံ ကျရှုံးမှု့က ပုဖန်ကို သူ့မျက်နှာကို ထပ်ရိုက်ရန် အခွင့်အရေးပေးခဲ့သလို ဖြစ်သွားသောကြောင့် ချမ့်ပေါင်က အလွန်စိတ်ဓာတ်ကျနေသည်။ ပုဖန်က အချက်အပြုတ်ပညာနှင့် ဖြတ်တေက်ခြင်းနည်းစနစ်မှာပါ မယုံကြည်နိင်စရာ ထူးချွန်လှပေသည်။ သို့သော် နဂါးမြို့ဟောင်း နယ်မြေတွင် နတ်ဆိုးတစ်ကောင်လိုပါရမီပါတဲ့လူမျိုးထွက်ပေါ်ခြင်းက ထူးဆန်းသည့် ကိစ္စတစ်ခုတော့မဟုတ်ပေ။


ပိုင်ရှင်ပုရဲ့ ပြီးပြည့်စုံတဲ့ အချက်အပြုတ်အရည်အချင်းနဲ့ မယုံကြည်နိုင်စရာ ဖြတ်တောက်ခြင်းနည်းစနစ်တွေနဲ့ဆိုရင် ဒီလိုဆိုင်သေးသေးလေးထဲမှာနေတာက အရည်အချင်း တွေကိုဖြုန်းတီးပစ်ရာကျတယ်... ပိုင်ရှင်ပု ငါတို့နဲ့လက်တွဲဖို့ ထာဝရရှင်သန်ခြင်းဖီးနစ်ဆိုင်ကိုလာခဲ့ဖို့ စိတ်ဝင်စား မလားမသိဘူး...


ငါတို့နှစ်ယောက်သာ တူတူလက်တွဲခဲ့မယ်ဆိုရင် ပိုင်ရှင်ပု ရဲ့အချက်အပြုတ် စွမ်းရည်သည်သာမက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ရဲ့ဂုဏ်သတင်းတွေကလည်း ဒီတိုက်ကြီးတစ်ခုလုံးထဲမှာ မသိသူမရှိအောင်ကျော်ကြားလာလိမ့်မယ်လို့ ငါပြောရဲတယ်...


ချမ့်ပေါင်က ပုဖန်ကို သူရဲ့ဆိုင်သို့ ဖိတ်ခေါ်ရန်အလွန် စိတ်အားတက်ကြွနေလေသည်။


"စိတ်မဝင်စားဘူး"


ပုဖန်က ခပ်ပြတ်ပြတ် ငြင်းလိုက်သည်။ ပုဖန်က မင်းသာများနှင့် အင်ပါယာမင်းမြတ်၏ ကမ်းလှမ်းမှု့ကိုတော့ အကြင်နာတရားမဲ့စွာ ငြင်းပယ်ခဲ့သောကြောင့် ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ပိုင်ရှင်ကို မငြင်းပယ်နိင်စရာအကြောင်း မရှိပေ။


ကွမ်းရှောင်ယီက အလွှာတစ်ထောင်တို့ဟူးပန်း ထည့်

ထားသော အကြည်ရောင်ပန်းကန်လုံးရှိသည့် စားပွဲပေါ်တွင် ခေါင်းလေးတင်ပြီး ကြည့်နေမိလေသည်။ သူမ၏ မျက်ဝန်းထဲတွင် အံဩထိန့်လန့်မှု့တွေဖြင့်ပြည့်နှက်နေလေသည်။ ယန်ချန်ကလည်း သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုတွေ့ရသလိုမျိုးအံ့အားသင့်နေပေသည်။


"ဒါ...ဒါက မီးဖိုချောင်သုံးဓားနဲ့ပြုလုပ်လိုက်တာလား... ဒီကမ္ဘာကြီး ကအချက်အပြုတ်ကမ္ဘာကြီးများလားဘယ်လိုတောင် အံ့အားသင့်စရာကောင်းတာလဲ"


ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး၏ ပုခုံးပေါ်သို့ လက်တစ်ဖက်စီ ရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်ရှိအစစ်အမှန်စွမ်းအင်များကို ထိန်းချုပ်ထားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူတို့နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် ကြည့်လိုက်ပြီးစိတ်ထဲမှာတုန်လှုပ်စွာအော်ဟစ်လိုက်ကြသည်။ 


အိုး....မဟုတ်ဘူး ...