အပိုင်း ၁၀၆
Viewers 53k

အခန်း ၁၀၆ 

ဒီမီးဖိုချောင်သုံးဓားက အသုံးဝင်တယ်


ကွမ်းရှောင်ယီ နှင့် ယန်ချန်းတို့ အပေါ်သို့ တောင်တစ်တောင်ကဲ့သို့ ကြီးမားလေးလံ လှသည့် ဖိအားတစ်ခါ သက်ရောက်လာပြီး သူတို့ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များ အေးခဲသွားသကဲ့သို့ လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူတို့နှစ်ယောက်က နောက်တွင်ရပ်နေသည့် စုန့်ထောင်ကို ခက်ခက်ခဲခဲ ကြိုးစား၍ လှည့်ကြည့်လိုက်ရသည်။


စုန့်ထောင်၏ မျက်လုံးထဲတွင် အလင်းရောင်များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင် အရှိန်အဝါ အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ စုန့်ထောင်က အင်ပါယာ အဆင့်တစ်ယောက်ဖြစ်ပြီး သူတို့ နှစ်ယောက်၏ စွမ်းအင်အဆင့်နှင့် ရင်ဆိုင်နိုင်ခြင်းမရှိပေ။


`` နောက်ဆုံးတော့ မင်းတို့ နှစ်ယောက်ကို ငါမိပြီ ´´


စုန့်ထောင်က သူတို့နှစ်ယောက်၏ ပုခုံးပေါ် ဖိထားလိုက်ပြီး ရုပ်သေးရုပ် ကဲ့သို့ ထိန်းချုပ်၍ လူုအုပ်ကြီးနှင့် ဝေးရာဆီကို လျှောက်သွားစေလိုက်သည်။ သူ့သခင် ပေးအပ်ထားသည့် တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့သောကြောင့် စုန့်ထောင်၏ စိတ်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားနေပေသည် ။


`` ဒီတာဝန်က အရမ်းခက်ခဲတာပဲ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ပိုင်ရှင်သာ ပုဖန်ကို စိန်မခေါ်ခဲ့ဘူးဆိုရင် ဒီလိုအခွင့်အရေးမျိုး ရလာမှာ မဟုတ်ဘူး ´´


ဤကလေး နှစ်ယောက်က သူတို့အတွက် အလွန်ကို အရေးပါသည်။ ကွမ်းးမိသားစု၏ မင်းသမီးနှင့်ယန်ချန်၏ အရေးပါမှုကိုတော့ ပြောစရာပင်မလိုတော့ပေ ။ ကွမ်းရှောင်ယီက ကွမ်းမိသားစုအတွက် အတားအဆီးတစ်ခုပင် ဖြစ်သည်။ အခြားတစ်ဖတ်တွင်လည်း ယန်ချန်းက အတွင်းဝန်ယန်၏ သားဖြစ်ပြီး ယန်အိမ်တော်၏ အမွေဆက်ခံသူဖြစ်ကာ တန်ဖိုးရှိ ရတနာလေးပင် ဖြစ်သည်။


ကလေး နှစ်ယောက်ကို ချုပ်ကိုင်ထားနိုင်သည်နှင့် ကွမ်းနှင့် ယန် မိသားစုနှစ်ခုလုံးနှင့် ညှိနှိုင်းဆွေးနွေးနိုင်ပေလိမ့်မည်။ လူအုပ်ကြီးက ပန်းတို့ဟူး၏ အလှအပတွင် နှစ်မြောနေချိန်တ်င် စုန့်ထောင်က ထိုနှစ်ယောက်ကို အဝေးသို့ ခေါ်ဆောင်သွားရန် ကြိုးပမ်းလိုက်သည် ။ ကွမ်းရှောင်ယီနှင့် ယန်ချန်းတို့၏ စွမ်းအင်များကို ချုပ်နှောင်ထားသောကြောင့် စကားတစ်လုံးပင် မဟနိုင်ပဲ သူတို့ မျက်လုံးမှာ စိုးရိမ်ပူပန်မှုတွေနှင့် ပြည့်နှက်နေသည် ။ 


`` အိုး အိုး ... သူတို့ကို ဘယ်ခေါ်သွားမလို့လဲ ´´ ပုဖန်က လူအုပ်ကြီးကို ဖြတ်ကျော်၍ စုန့်ထောင်ကို လှမ်းမေးလိုက်သည်။


စုန့်ထောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ မည်သူမျှ သတိမထားနိုင်ခင် သူထွက်ပြေး လွတ်မြောက်နိုင်သည်ဟု တွေးထင်ထားခဲ့ သော်လည်း ပုဖန်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။ ပုဖန်၏ နောက်ကွယ်မှာရှိတဲ့ ရှေးဦးသားရဲကောင် အကြောင်းကို တွေးလိုကမ်ိသည့်အခါ စုန့်ထောင်က အလျှင်အမြန် ထွက်ပြေးရန်သား ဆုံးဖြတ်လိုက်လေသည်။ 


စုန့်ထောင်က ကွမ်းရှောင်ယီနှင့် ယန်ချန်းတို့ နှစ်ယောက်ကို ကောက်ချီလိုက်ပြီး ခြေထောက်မှ စွမ်းအင်များကို ထုတ်လွှတ်လိုက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည် ။ပုဖန်လည်း အခြေအနေကို သဘောပေါက်သွားလေသည်။


`` ထိုလူက နေ့ခင်းကြောင်တောင်မှာတောင် ကလေးတွေကို ပြန်ပေးဆွဲရဲတယ် ဒီအပြုမူက လုံးဝခွင့်လွှတ်စရာမကောင်းဘူး... ´´


ပုဖန်က သူရဲ့လက်ကိုမြှောက်၍ အစစ်အမှန်စွမ်းအင်တွေကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်းသုံးဓားက လက်ထဲတွင် ပေါ်လာသည်။ ပုဖန်က လေထဲတွင် ပျံသန်းနေသည့် စုန့်ထောင်ကို မီးဖိုချောင်သုံးဓားနှင့် ချိန်ရွယ် ပစ်ခတ်လိုက်သည်။ အစစ်မှန်စွမ်းအင်မျာနှင့် အသက်သွင်းထားတဲ့ ရွှေနဂါးအရိုးဓားက ပစ်မှတ်ဆီိသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။


စုန့်ထောင်က မီးဖိုချောင်သုံး ဓားဖြင့် တိုက်ခိုက်လိုက်ခြင်းကို တွေ့လိုက်ရသောအခါ ရယ်ချင်စိတ်ကြောင့် နှုတ်ခမ်းထောင့်စွန်းလေးများပင် တွန့်ကွေးသွားလေသည်။သူ၏ မျက်လုံးများအတွင်းတွင် လှောင်ပြောင် သရော်ရိပ်တွေ စွန်းထင်းလာသည်။ အင်ပါယာအဆင့်တစ်ယောက်ကို မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် တားဆီး၍ ရနိုင့်မည်ဟု သူက မထင်မှတ်ထားချေ။ ပုဖန်၏ အချက်ပြုတ် စွမ်းရည်က အလွန်ကောင်းမွန်သည်ကို လက်ခံသော်လည်း ဝိညာဉ်တည်အဆင့်တစ်ယောက်က သူကိုတိုက်ခိုက်ရန်အတွက် အဆင့်မမီသေးပေ ။


စုန့်ထောင်၏ လက်နှစ်ဖက်လုံး မအားသောကြောင့် ခြေထောက်နှင့် ကန်ထုတ်ရန်သာ ဆုံးဖြတ်လိုက်သည် ။ သူက မီးဖိုချောင်သုံး ဓားကို ငုံကြည့်ပြီး တွေးလိုက်မိသည်။


``ဒါက မီးဖိုချောင်သုံး ဓားတစ်လက်ပဲလေ နတ်ဘုရား လက်နက် တစ်ခုမှမဟုတ်တာ ဟုတ်တယ်မှတ်လား ´´ 


သို့သော် ဓားနှင့် သူ၏ခြေထောက် ထိမိသည့်အချိန်မှာတော့ စုန့်ထောင် တစ်ကိုယ်လုံး အေးခဲသွားလေသည်။ဓားက ခြေထောက်အောက်တွင် စုစည်းထားသည့် စွမ်းအင်အကာအကွယ်ကို ဖောက်ဝင်လာပြီး သူခြေထောက်ကို ဖောက်ထွက်သွားလေသည်။


`` ဘယ်လိုငရဲမျိုးလဲ ´´ 


စုန့်ထောင် အော်ဟစ်လိုက်မိသည်။ သူ၏မျက်နှာကလည်း ဖြူဖျော့သွားပြီး ကြောက်ရွံ ထိတ်လန့်မှု အပြည့်ဖြင့် ပုဖန်ကို လှမ်းကြည့်လိုက်ပြီး တွေးလိုက်မိသည် ။ 


`` သေလိုက်ပါတော့ ...ဒီမီးဖိုချောင်သုံး ဓားက အင်ပါယာအဆင့်တစ်ယောက်ရဲ့ အကာအကွယ်ကိုတောင် ထိုးဖောက်နိုင်တယ်လား ငါကို လာကျီစယ်နေတာလား... ´´


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက သူ၏ခြေထောက်ကိုပင် ဖြတ်တောက်လုနီးပါး ဖြစ်သွားသောကြောင့် စုန့်ထောင် ကြာကြာဆက်မနေရဲတောပေ။ သူ၏ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်တွေကို ဖော်ထုတ်လိုက်ပြီး ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။ ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သည့်အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေသည်။ 


ထိုအသံက မိန်းမတစ်ယောက်၏ အသံဖြစ်သော်လည်း မိုးချုန်းသံကဲ့သို့ပင် အလွန်အားပြင်းလှသည်။ စုန့်ထောင်က တခဏမျှ မှင်သက်သွားပြီး သူရဲ မျက်ဝန်းတွေက နိုးနိုးကြားကြား ဖြစ်သွားလေသည်။ ပန်းချီဆရာ တစ်ယောက်၏ လက်ရာကဲ့သို့ လှပလှသည့်ပုံရိပ် တစ်ခုက အနီရောင် လှံတံကို ကိုင်၍ သူရှိရာဆီသို့ လျှင်မြန်စွာ ချည်းကပ်လာလေသည် ။


`` ရဲတင်းလိုက်တဲ့ ငမိုက်သား အတွင်းဝန်ရဲ့ သားကို လွှတ်လိုက်စမ်း ´´


ထိုလှံတံ၏ စွမ်းအင်က ကြောက်စရာကောင်းလှသော်လည်း ဘုရင်အဆင့်တစ်ယောက်၏ စွမ်းအင်မျှသာ ရှိနေပေသည်။ သို့သော် စုန့်ထောင်က လေထဲတွင် ရောက်ရှိနေပြီး သူ၏လက်များထဲတွင် ကလေးနှစ်ယောက်ကို ကိုင်ဆွဲထားသည့့်အပြင် ပုဖန်၏ ရွှေနဂါးအရိုး ဓားကြောင့် ခြေထောက်နှစ်ဖက်ကလည်း ဒဏ်ရာရနေလေရာ သူဒီတိုက်ခိုက်မှုကို လုံးဝပြန်လည် မခုခံနိုင်ချေ။


စုန့်ထောင်၏ စိတ်ထဲတွင် တွေးလိုက်မိသည်။


ငါဘာတွေများ လုပ်ခဲ့မိလို့လဲ ဘာလို့ ဒီမစ်ရှင်ကို ပြီးဆုံးဖို့ အတွက် ဒီလောက်တောင်ခက်ခဲနေရတာလဲ...၀


လော့ဆန်းနင်က ယန်မိသားစုမှ ပဉ္ဓမအဆင့် ဘုရင်အဆင့် တစ်ယောက်ဖြစ်ပြီး ယန်ချန်း၏ တတိယ မရီးဖြစ်သည်။ သူမ၏ ကျင့်ကြံမှု အဆင့်က အင်ပါယာမြို့တော်အတွင်းမှ အမျိုးသမီးထုကြားတွင် အသန်မာဆုံးဟု သတ်မှတ်ခံခဲ့ရသည် ။ တိတိကျကျ ပြောရမယ်ဆိုလျှင် ယန်မိသားစုမှ အမျိုးသမီးများက အလွန် အစွမ်းထက်ကြသည်။


စုန့်ထောင်က ယန်မိသားစုမှ လူတစ်ယောက် ထိုမျှထိ အလျှင်အမြန် ရောက်ရှိလာမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ လော့ဆန်းနင်၏ တိုက်ကွက်ကို ကာကွယ်ရန် တစ်စုံတစ်ယောက်ကို လက်လွှက်ရပေလိမ့်မည်။ စုတ့်ထောင်က ကွမ်းရှောင်ယီကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ ယန်ချန်းနှင့် ယှဉ်လျှင် ကွမ်းမိသားစု၏ မင်းသမီးလေးက သိပ်အရေးမပါတော့ပေ။


စုန့်ထောင်က လွှတ်ချလိုက်သောအခါ ကွမ်းရှောင်ယီ၏ စိတ်ထဲတွင် ဗလာကျင်းသွားလေသည်။ သူမက ဝိညာဉ်တည်အဆင့်တစ်ယောက်ဖြစ်သော်လည်း မြေပြင်ပေါ်ကို ပြုတ်ကျမည်ကို ကြောက်ရွံ့သောကြောင့် စတင်အော်ဟစ်လေတော့သည်။ ပုဖန်က ရှေ့သို့ပြေးထွက်သွားပြီး ပြုတ်ကျလာသည့် ကွမ်းရှောင်ယီကို ဖမ်းယူလိုက်ကာ လက်တစ်ဖက်ဖြင့် ပြန်လှည့်လာသည့် ရွှေနဂါးအရိုးဓားကို ဖမ်းယူလိုက်သည်။


ပုဖန်က တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း သူ၏ ခွန်အားအဆင့်ကြောင့် ကလေးမလေးတစ်ယောက်ကို ဖမ်းယူရန်က သူအတွက် ပြဿနာ မဟုတ်ချေ။


`` ဘန်း ဘန်း ဘန်း ´´ 


လေထဲတွင် နှစ်ယောက်သားက သုံးကြိမ်တိုင်တိုင် ရွေ့လျား တိုက်ခိုက်လာပြီးနောက် လော့ဆန်းနင်က မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူမ၏ လုံး၀န်းပြည့်ဖြိုးလှသည့် ရင်ဘတ်များက နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။ သူမ၏မျက်နှာကလည်း ဒေါသကြောင့် မဲမှောင်နေလေသည်။ စုန့်ထောင်က ဒဏ်ရာရထားသော်လည်း အင်ပါယာ အဆင့်တစ်ယောက်သာ ဖြစ်နေသောကြောင့် လေ့ဆန်းနင်က သူနှင့် ထိပ်တိုက် မရင်ဆိုင် မတိုက်ခိုက်နိုင်ပေ။


`` မကောင်းဆိုးဝါးကောင် အတွင်းဝန်ရဲ့ သားကို ဖမ်းမို့ နင့်ကို ဘယ်သူက ခိုင်းလိုက်တာလဲ ´´ 


လော့ဆန်းနင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြေပြင်ကို ခြေထောက်ဖြင့် တစ်ချက်စောင့်၍ သူမရဲ့ လှံကို စုန့်ထောင်စီသို့ ချိန်ရွယ်ကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ လော့ဆန်းနင်၏ ခန္ဓာကိုယ်မှ အစစ်မှန်စွမ်းအင်မျာူ ပေါက်ကွဲထွက်လာပြီး သူမ၏ တစ်ကိုယ်လုံးကို ရဲရဲနီနေတဲ့ ငရဲမီးတောက်တွေ လွှမ်းခြုံလာကာ သူမ၏လက်နက်မှာလည်း မီးလျှံများ တောက်လောင်လာလေသည်။


`` မင်း ရူးသွပ်သွားပြီလား ငါတို့က အင်ပါယာ မြို့တော်ထဲမှာလေ ´´


လော့ဆန်းနင်၏ အမူအရာကို မြင်လိုက်တဲ့အခါမှာ စုန့်ထောင်၏ မျက်ဝန်းများ ပြူးကျယ်လာပြီး အထိတ်တလန့် ဖြစ်သွားသည် ။ အကယ်၍ ထိုတိုက်ခိုက်မှုကိုသာ သူလက်တစ်ဖက်တည်းဖြင့် ကာကွယ်လိုက်မည်ပါက မီးတောက်စွမ်းအင်များက ပတ်ဝန်းကျင် တစ်ခွင်ကို ဖျက်စီးသွားပေလိမ့်မည် ။ 


သူတို့၏ အောက်တွင် ပြည့်ကျပ်နေသည့် လူအုပ်ကြီးရှိနေသောကြောင့် သေချာပေါက်ကို မရေမတွက်နိုင်အောင် သေဆုံးပေလိမ့်မည်။ ထိုဖြစ်ရပ်ကြောင့် အင်ပါယာမြို့တော်ထဲမှာ ကြီးမားသည့် ဂယက်ရိုက်မှုတွေ ဖြစ်ပွားလာပေလိမ့်မည်။


`` ယန်မိသားစု ဝင်တွေက အရူးတွေပဲ တကယ်ကို ကျိုးကြောင်း မစဉ်းစားတဲ့ အရူးတွေပဲ ´´ 


စုန့်ထောင် သူ့စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး ရွေးချယ်စရာမရှိတော့သောကြောင့် ယန်ချန်းကို လက်လွှတ်လိုက်ရသည်။ ထို့နောက် သူရဲ့ အစစ်မှန်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး မီးတောက်လှံတံကို ဖုံးအုပ်လိုက်လေသည်။ အဝေးမှ မြို့စောင့်တပ်သားများက အပြေးအလွှားလာနေတာကိုကြည့်၍ စုန့်ထောင်လည်း စိတ်ပျက် လက်ပျက်ဖြင့် သာထွက်သွားလိုက်သည်။ 


သူတောင်းစားအဖြစ် ကြံစည်ခြင်း ၊ ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းတို့ဖြင့် အချိန်များစွာ ဖြုန်းတီးခဲ့သော်လည်း နောက်ဆုံးမှာတော့ သူ၏ မင်ရှင်က အောင်မြင်ခြင်းမရှိခဲ့ပေ။ ပုဖန်၏ ဓားကြောင့် သူရဲ့ခြေထောက်သာ ဒဏ်ရာမရသွားပါက ထွက်ပြေးလွတ်မြောက် နေပြီဖြစ်သည်။ လော့ဆန်းနင်က တည်ငြိမ်စွာရပ်၍ စုန့်ထောင်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ထိ စိုက်ကြည့်နေလိုက်ပြီး သူမသွေးတစ်လုတ် အန်ထုတ်လိုက်သည်။


ထို့နောက် သူမက မြေပြင်ပေါ်ကို လုံလုံခြုံခြုံ ရောက်ရှိလာတဲ့ ယန်ချန်းဆီသို့ သွားလိုက်သည်။ ယန်ချန်းက လော့ဆန်းနင်ကို မြင်သည့်အခါမှာတော့ မဝံံ့မရဲနှင့် ခေါ်လိုက်လေသည်။ 


`` တတိယမရီး ´´


လော့ဆန်းနင်က ယန်ချန်းစီကို ရောက်ရောက်ချင်းပဲ သူ့ရဲ့နားရွက်ကို လိမ်ဆွဲလိုက်ပြီး ပြောဆိုလိုက်သည်။


`` ဟမ်...လူရှုပ်ကလေး မင်းဘယ်လိုလုပ်ပြီး လစ်ပြေးရတာလဲ ဒီတစ်ခါ မင်းလုပ်တာတော်တော်များသွားပြီ ´´ 


`` တတိယမရီး ငါနောက်ထပ်မလုပ်တော့ပါဘူး ´´ 


ယန်ချန်းက မျက်နှာငယ်လေးဖြင့် အလျင်အမြန် တောင်းပန်လိုက်သည် ။ လော့ဆန်းနင်လည်း ဒေါသထွက်စွာ အသက်တချက် ရှူထုတ်လိုက်ပြီး သူမ၏ ဖွံ့ထွားသည့် ရင်ဘတ်များ တုန်ခါနေသည်အထိ ချောင်းဆိုးလေသည် ။


ထို့နောက် သူမက ဒေါသထွက်စွာ ပြောဆိုလိုက်သည်။

`` ပိုင်ရှင်ပု ကြောင့်သာ မဟုတ်ဘူးဆိုရင် နင်တို့နှစ်ယောက် ဒီနေ့ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး... နောက်တစ်ကြိမ် ပြန်ပေးဆွဲခံနေရပြီ... မြန်မြန် ပိုင်ရှင်ပုကို ကျေးဇူးတင်လိုက်...´´ 


ထိုအချိန်တ်င် ပုဖန်က ကြောက်ရွံ့ထိတ်လန့်နေသည့် ကွမ်းရှောင်ယီကို ခေါ်၍ သူတို့ရှိရာသို့ လျှောက်လာလေသည်။ သူက လော့ဆန်းနင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမ၏ အလျှံပယ် ဖြစ်နေသည့် ရင်ဘက်ပေါ်တွင် ရပ်တန့်သွားလေသည်။ ပုဖန်၏ မျက်နှာအမူအရာက ခဏမျှ ပြောင်းလဲသွားပြီး မေးခွန်းတစ်ခု မေးလိုက်သည်။


`` အဲ့ဒီလူက ဘာဖြစ်လို့ ကလေး နှစ်ယောက်ကို ပြန်ပေးဆွဲချင်ရတာလဲ´´ 


ချောင်းဆိုးနေသောကြောင့် ကြိုးစား၍ အသက်ရှူနေရသည့် လော့ဆန်းနင်က ပုဖန်၏ စကားကို ကြားတဲ့အခါမှာတော့ မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်သည်။


`` အိုး... မဟုတ်ဘူး အတွင်းဝန်နဲ့ စစ်သူကြီးကွမ်တို့က အိမ်ရှေ့စံ မင်းသားကို သွားရှာနေကြပြီ ´´