အပိုင်း ၁၀၇
Viewers 53k

အခန္း ၁၀၇

ဟင်းပွဲအသစ် ဖန်တီးခြင်း


ဒီနေ့မနက်ခင်းက အတွင်းဝန်အိမ်တော်နဲ့စစ်သူကြီးကွမ်းအိမိတော်တို့ကို အိမ်ရှေ့မင်းသားက လျှို့ဝှက်စာတစ်စောင်စီ ပို့လိုက်တယ်.... စာထဲမှာ အိမ်ရှေ့မင်းသားက မင်းဘယ်မှာရှိနေလဲဆိုတာကို သူသိတယ်လို့ပြောထားတယ် ဒါကြောင့် သူတို့ အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို သွားကြတယ်... လော့ဆန်းနင်က စိတ်ရှုပ်ထွေးသွားပြီး မနှစ်မြို့သည့် အမူအရာနှင့် ပြောဆိုလိုက်သည် ။


ကွမ်းရှောင်ယီနှင့် ယန်ချန်းတို့က ထိုစကားများ၏ နက်နဲသော အဓိပ္ပါယ်ကို နားလည်ခြင်းမရှိပေ။ ပုဖန်က စကားထဲမှ အချို့အချက်များကို နားလည်သော်လည်း သူက လုံးဝစိတ်င်္မဝင်စားပေ။ အင်ပါယာမြို့တော်ထဲမှာ ဆိုင်တစ်ဆိုင် ဖွင့်နိုင်ဖို့သာ ပုဖန်အတွက် အရေးကြီးပေသည် ။ သူ့ဆိုင်ကို လာမရှုပ်သရွေ့တော့ အရာအားလုံး သူ့အတွက် အဆင်ပြေပေသည် ။


`` ကောင်းပြီလေ မကောင်းတဲ့ကောင်ကိုလည်း မောင်းထုတ်ပြီးပြီဆိုတော့ .. ဒီကလေး နှစ်ယောက်ကို အိမ်ပြန်ပို့ သင့်ပြီ ...´´ ပုဖန်က လော့ဆန်းနင် ကို ပြောလိုက်သည် ။


လော့ဆန်းနင်က ခဏမျှ တွေးတောနေပြီးနောက် ပုဖန်ကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောဆိုလိုက်သည်။


`` ပိုင်ရှင်ပုရဲ့ အမည်ကို ကြားဖူးခဲ့တာကြာပြီ အခုမှပဲ လူချင်းတွေ့ရတော့တယ် ´´


ဆိုင်ငယ်လေး၏ ပိုင်ရှင်က မြို့ထဲတွင် ပြောဆိုနေသကဲ့သို့ သာမန်လူ မဟုတ်ပေ။ မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် အင်ပါယာအဆင့် တစ်ယောက်၏ ခြေထောက်ကို ဖြတ်တောက်လုနီးပါး ဖြစ်သွားအောင် တိုက်ခိုက်ခဲ့ပေသည်။ ပုဖန်၏ တိုက်ခိုက်မှုစွမ်းရည်က မယုံကြည်နိုင်စရာ ကောင်းလှသည် ။ 


အင်ပါယာ အဆင့်ကျင့့်ကြံသူများက လေအလင်းအင်ပါယာမြို့တော်ထဲတွင် ထိပ်တန်းကျွမ်းကျင်များ ဖြစ်ကြသည်။ ဝိညာဉ်တည် အဆင့့်တစ်ယောက်က အင်ပါယာ အဆင့်တစ်ယောက်ရဲ့ အကာအကွယ်ကို ဖြတ်သန်း၍ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သည်ဟု ပြောဆိုပါက သူမကိုယ်တိုင် မြင်ခဲ့ခြင်းမဟုတ်လျင် လုံးဝယုံကြည်ပေလိမ့်မည် မဟုတ်ပေ။


``ငါနဲ့ ရှောင်ယန်ယုက သူငယ်ချင်းကောင်းတွေလေ... ပိုင်ရှင်ပုရဲ့ အကြောင်းတွေကို အမြဲတမ်းကြားဖူးနေခဲ့တယ် ... သူမက ချီးကျူးလွန်းနေတော့ ငါကိုယ်တိုင် ပိုင်ရှင်ပုရဲ့ ဆိုင်ကို အလည်လာပြီး ကောင်းမွန်တဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ချင်ခဲ့တယ်... ဒါပေမယ့် ငါ့မှာ အချိန်မရှိခဲ့ဘူး နောက်ပိုင်း အချိန်ရှိလာမယ်ဆိုရင် သေချာပေါက် ပိုင်ရှင်ပုရဲ့ ဆိုင်ကို လာလည်ပါအုန်းမယ် ´´ လော့ဆန်းနင်က ပြောဆိုလိုက်သည်။ 


`` ကောင်းပါပြီ အချိန်မရွေးကြိုဆိုပါတယ် ´´


ပုဖန်က ခေါင်းငြိမ့်ပြပြီး တွေးလိုက်မိသည်။


အော် ဒါဆိုရင် ဒီတစ်ယောက်က ရှောင်ယန်ယုနဲ့ သိတာပေါ့ ဒါကြောင့်မို့ သူက မိတ်မဆက်ရသေးခင် ငါကိုသိနေတာကိုး....


လော့ဆန်းနင်က ပုဖန်ကို နှုတ်ဆက်လိုက်ပြီးနောက် လူရှုပ်ကလေး နှစ်ယောက်၏ လက်ကို ဆွဲလိုက်ပြီး အလျှင်အမြန် ထွက်ခွာသွားလိုက်သည်။ အိမ်ရှေ့စံမင်းသားက ကလေးနှစ်ယောင်ဘယ်မှာရှိသည့့်အကြောင်း လျှို့ဝှက်စာပို့၍ ခေါ်ဆောင်ခြင်းမှာ အတွင်းဝန်နှင့် စစ်သူကြီးကွမ်းတို့၏ အကူအညီကို ရယူလိုခြင်းကြောင့် ဖြစ်သည် ။ထိုမှသာပလ္လင်လုရာတွင် ကြီးမားသော အထောက်အကူ ဖြစ်ပေလိမ့်မည် ။ 


သို့သော်လည်း ကလေးနှစ်ယောက်က သူ့လက်အောက်မှ လွတ်မြောက်ပြီး ဖြစ်သည်။ ထိုကိစ္စတွင်အခြေအနေများက ပို၍ ရှုပ်ထွေးလာခဲ့လေသည်။ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ ဝန်ထမ်းများက ပြိုင်ပွဲတွင် အသုံးပြုသော စားပွဲခုံများနှင့် ပါဝင်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။


အလွန်လှပသော အလွှာတစ်ထောင် ပန်တို့ဟူးကို ချမ့်ပေါင်က ဂရုတစိုက် သိမ်းယူခဲ့သည်။ ထိုပန်းပွင့်၏ လက်ရာတွင် ကောင်းမွန်သည့် ဖြတ်တောက်ခြင်း နည်းစနစ်များ ပါဝင်နေသည့်အပြင် ပန်းပုထုခြင်းဆိုင်ရာ နည်းပညာများကိုပင် တွေ့မြင်နိုင်လေသည် ။


လမ်းကြားလေးထဲတွင် ပြန်လည် ဆူညံလာပေသည်။ ပုဖန်၏ နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြတ်တောက်ခြင်း စွမ်းရည်က လူအများကို အံ့အားသင့်စေသည်။ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ နာမည်ကျော်စားဖိုမှူးက နာမည်ပျက် စားသောက်ဆိုင်ပိုင်ရှင်ကို ရှုံးနိမ့်ခဲ့ရပေသည်။


ထိုသတင်းက အလွန်ကြီးမားသော သတင်းတစ်ရပ် မဟုတ်သော်လည်း လူအုပ်ကြီးက ပုဖန်၏ ဟင်းချက်စကေးကို ခန့်မှန်းမိသွားပြီး အရသာကို မြည်းစမ်းကြည့်ရန် သူ၏နောက်မှ လိုက်သွားကြသည်။ ပုဖန်က ဆိုင်သို့ ပြန်ရောက်သွားသောအခါ အပြင်ဘက်မှ လူအုပ်ကြီးကို လျစ်လျူရှုလိုက်ပြီး ဆိုင်တံခါးကို ပိတ်လိုက်သည်။ 


`` ပိုင်ရှင်ပု ဘာလို့ အစောကြီး ဆိုင်ပိတ်လိုက်တာလဲ ´´


သူနောက်က လူအုပ်ကြီးက ထိုကဲ့သို့ မမျှော်လင့်ထားသောကြောင့် အံ့အားသင့်သင့်ဖြင့် မေးလိုက်သည်။ 


`` ဒီနေ့အတွက် ဆိုင်ဖွင့်ချိန် ကုန်သွားပြီ တကယ်လို့ မင်းတို့က ဟင်းပွဲတွေရဲ့ အရသာကို မြည်းကြည့်ချင်တယ်ဆိုရင် မနက်ဖြန် စောစောလာပြီး တန်းစီကြ ´´


ပုဖန်က ပြောဆိုလိုက်ပြီး အပြင်ဘက်မှ မကျေမနပ် ဖြစ်နေသည့် လူအုပ်ကြီးကို လျစ်လျူရှုလိုက်ပြီး ဆိုင်ထဲသို့ဝင်သွားသည်။ 


`` မင်းလုပ်တာ ကျိုးကြောင်း မဆီလျော်ဘူး ... ငါတို့က အစားအစာတွေကို ပိုက်ဆံမပေးပဲ စားမှာလည်းမဟုတ်ဘူး ... ဘာလို့ ငါတို့ကို အထဲဝင်ခွင့်မပြုတာလဲ ...´´


`` မင်းစီးပွားရေးလုပ်နေတာက ပိုက်ဆံရှာဖို့ပဲ မဟုတ်ဘူးလား ...အခုငါတို့က ပိုက်ဆံလာပေးတာလေ ... ဘာကြောင့်ငါတို့ကို အစားအစာ မရောင်းရတာလဲ ရူးများနေတာလား ´´ 


လူအုပ်ကြီးက မကျေမနပ်ဖြင့် တစ်ယောက် တစ်ပေါက် ဆူညံပြောဆိုနေကြသည်။ 


ပုဖန်က အတွင်းဘက်မှ တံခါးကိုမှီ၍ ရပ်နေပြီး တစ်ယောက်တစ်ပေါက်ပြောဆိုသံတွေကို ငြိမ်သက်တိတ်ဆိတ်စွာ မပျင်းမရိ နားထောင်နေလေသည်။ အချိန်တော်တော်ကြာထိ ပြောဆိုကြပြီးနောက် လူအုပ်ကြီး၏အသံက တိုးတိမ်လာလေသည်။ ထိုအချိန်မှပုဖန်က ပြန်လည်ပြောဆိုလိုက်သည်။ 


``မင်တို့ ပြောလို့ပြီးပြီလား .... ငါက ဆိုင်ဖွင့့်ချိန်တွေကို ပြောထားပြီးပြီ ...အဲ့ဒီတော့ အခုလောက်ဆို မင်းတိုသိလောက်ပြီပေါ့ ... ဒါကြောင့် ငါ့ဆိုင်က အစားအစာတွေကို စားချင်တယ်ဆိုရင် မနက်ဖြန် စောစောမှ ပြန်လာပြီး တန်းစီကြ ... ဆိုင်ပိတ်သွားပြီဆိုရင် ငါက ဘယ်လိုဝန်ဆောင်မှုမျိုးကိုမှ ပေးမှာမဟုတ်ဘူး ´´ 


ပြောဆိုလိုက်ပြီးသည်နှင့် ပုဖန်က နောက်ဆုံး တံခါးချပ်ကို ဗန်းခနဲ နေအောင်ပိတ်ချလိုက်လေသည် ။ လူတိုင်းက ကြောင်အ သွားကြသည်။


`` ဒီလိုခေါင်းမာပြီး ပြောရခတ်တဲ့ ဆိုင်ပိုင်ရှင် တစ်ယောက် ကမ္ဘာကြီးပေါ်မှာ ဘယ်လိုလုပ်ပေါ်ထွက်လာတာလဲ... ပိုက်ဆံရမှာကို ငြင်းဆန်နေတယ် ... ဦးနှောက်ပျက်နေတာပဲ ဖြစ်ရမယ် ´´


`` ဘယ်လိုအမှိုက်သရိုက် ဆိုင်မျိုးလဲ... မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလည်း ... တော်ပြီ.. ဒီဆိုင်မှာ လုံးဝမစားတော့ဘူး ´´


စားသုံးသူတစ်ယောက်က စိတ်ဆိုးမာန်ဆိုးဖြင့် မြေပြင်ကို ခြေထောက်ဖြင့်စောင့်လိုက်ပြီး ထွီခနဲ တံတွေး ထွေး၍ ထွက်သွားရန် လှည့့်လိုက်သည်။ သို့သော် သူခြေတစ်လှမ်းမျှ မလှမ်းရသေးခင်တွင် ကြီးမားလှသည့် ဖိအား တစ်ရပ် ကျရောက်လာပြီး သူတံတွေး ထွေးခဲ့တဲ့ နေရာသို့ လဲကျသွာသည်။ အလင်းရောင်တစ်ခုက သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာပြီး ဘရက်ရှ် တစ်ခုလိုခန္ဓာကိုယ်ကို ရွေ့လျားစေလိုက်သည်။ ကြမ်းပြင်ပေါ်တွင် သန့်ရှင်းသွားသောအခါမှ သူခန္ဓာကိုယ်ပေါ်က ဖိအားလည်း ပျောက်သွားလေ၏။


ထိုသူ၏ မျက်နှာပေါ်တွင် ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်မှ ကုန်းရုန်းထကာ လမ်းကြားလေးထဲမှ တဟုန်ထိုး ထွက်ပြေးသွားလေသည်။ အခြားသူများက ထိုဖိအားဒဏ်ကို မခံခဲ့ရသောကြောင့် သူ၏အပြုအမူကို အထူးဆန်းသဖွယ် ကြည့်၍ စိတ်ရှုပ်ထွေးနေကြသည်။ ဆိုင်ငယ်လေးကလည်း ပိတ်လိုက်ပြီ ဖြစ်သောကြောင့် ထိုလူတွေလည်း ဘာမှမမတက်နိုင်ပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။ မကြာခင်မှာပဲ လမ်းကြားလေးထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။


ဆိုင်အပေါက်ဝတွင် လှဲလျောင်းနေသည့် ဘလက်ကီက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ဆိုင်ရှေ့မှာ တံတွေးထွေးပြီး ညစ်ပတ်အောင် လုပ်ခြင်းကို အလွန် ရွံမုန်းလှသောကြောင့် ထိုသူကို ဖိအားပေးပြီး ပြန်သန့်ရှင်းရေး လုပ်စေခဲ့ခြင်းဖြစ်သည်။ ဘလက်ကီက ခေါင်းထောင်လိုက်ပြီး သူ၏အနေအထားကို အနည်းငယ်ပြောင်း၍ ပြန်လည် အိပ်စက်လိုက်လေ၏ ။


ပုဖန်က ဆိုင်ထဲရောက်သည်နှင့် အနွေးထည်ကို ချွတ်ပြစ်လိုက်ပြီး ခန္ဓာကိုယ်အကြောဆန့်ကာ မီးဖိုချောင်ဘက်ဆီသို့ ဝင်သွားလိုက်သည်။ မီးဖိုချောင်ထဲ ရောက်သည်နှင့် သူ၏လက်မှ အစ်ိမ်းရောင်အငွေ့များ ထွက်လာပြီး အလွန်တစ်ရာ ထက်မြိလှသည့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက ပေါ်လာသည်။ ထိုဓားဖြင့် အင်ပါယာ အဆင့်တစ်ယောက်၏ ခြေထောက်ကို ဖြတ်လုနီးပါး ဖြစ်သွားခဲ့သော်လည်း အံံအားသင့်စရာကောင်းလှစွာပင် ဓားမှာ ပေကျံနေခြင်းမရှိပေ။


သို့သော်လည်း စားဖိုမှူး တစ်ယောက်ဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုကိုလည်း အလွန်ကိုနှစ်သက်တဲ့ ပုဖန်က သူလုပ်နေကြအတိုင်း စနစ်ကထောက်ပံ့ပေးထားတဲ့ နွေဦး စမ်းရည်ကို အသုံးပြု၍ ဓားကို ဆေးကြောသန့်စင် လိုက်သည်။ ဓားကို သန့်စင်ပြီးနောက် လက်ကို လှုပ်ရမ်းလိုက်ရာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြန်လည် ပြောင်းသွားပြီး သူ၏ လက်ကောက်ဝတ်မှ အမှတ်လေးဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။


ထို့နောက် ပုဖန်က သူရဲ့ရှေ့မှာ ရှိနေတဲ့ စဉ်းနှီတုန်းကို ကြည့်ပြီး တွေဝေ ငေးမောနေမိသည်။ ပုဖန်ကဆိုင်က မီနူးပေါ်မှ ဟင်းပွဲများကို မချက်ချင်တော့သလို ခံစားမိလိုက်သည်။ နေ့စဉ်နေ့တိုင်း တူညီသည့် ဟင်းပွဲများကို ချက်ပြုတ်နေရသည်မှာ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှသည် ။ တူညီသည့် အလုပ်များကိုသာ လုပ်နေရပါက မည်သူမဆို ပျင်းရိလာမှာ အမှန်ပင်ဖြစ်သည်။


ပုဖန်က သွားရောက်အိပ်စက်ရန် စဉ်းစားလိုက်သော်လည်း အလွန်စောနေသေးသည်ဟု တွေးလိုက်မိသည်။ ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး စနစ်၏ သိုလှောင်ရာနေရာမှ ခရီးသွားနွားနဂါးအသားကို ထုတ်ယူလိုက်သည်။ ခရီးသွားနားနဂါး၏ ခြေထောက်အသားက စွမ်းအင်များဖြင့် ပြည့်နှက်နေပေသည်။ ပုဖန်က သူ၏မေးစေ့ကို ပွတ်၍ မီနူးပေါ်မှ ဟင်းပွဲများကို မချက်ပဲ သူကိုယ်ပိုင် ဟင်းလျာကို ချက်ပြုတ်ရန် စဉ်းစားလိုက်သည်။


အသစ်အသစ်သော ဟင်းလျာတွေ ဖန်တီးချက်ပြုတ်ရခြင်းမှာ စားဖိုမှူးတိုင်း နှစ်သက်သော အကြောင်းအရာဖြစ်ပေသည်။ ပုဖန် အတွက်လည်း ချွင်းချွက်မဟုတ်ပေ။အဆင့် (၇) သားရဲကောင် ဖြစ်သည့် ခရီးသွားနွားနဂါး၏ အသားက အလွန်မာကြောလှသောကြောင့် သာမန်ဓားများဖြင့် ဖြတ်တောက်၍ မရနိုင်ပေ။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားကို ထုတ်ယူလိုက်ပြီး အသားများကို နုတ်နုတ်စင်းလိုက်သည်။ နုတ်နုတ်စင်းထားသော အသားများကိုကြည့်၍ အလွန်အရသာရှိသော ဟင်းပွဲ တစ်ပွဲကို ပုဖန်အမှတ်ရသွားလေသည်။ထိုဟင်းပွဲကို ချက်ပြုတ်ရန်အတွက် အခြားအရာများ ပြုလုပ်ရန် လိုအပ်နေသေးသော်လည်း ဟင်းပွဲ၏ အရသာကို တွေးမိပြီး စိတ်အားတက်ကြွလာသည်။ 


ထို့ကြောင့် စနစ်၏သိုလှောင်ရာနေရာမှ ခရီးသွားနွားနဂါး၏ အူများကို ထုတ်ယူလိုက်သည် ။အူထဲမှ စွမ်းအင်များကို မပျက်စီးသွားစေရန် စနစ်မှထောက်ပံံ့ပေးထားသည့် နွေဦးစမ်းရည်ကို အသုံးပြု၍ ဆေးကြောသန့်စင်လိုက်သည် ။


အူများကို ဆေးကြောသန့်စင်ပြီးနောက် ပုဖန် အူအပြင်ဘက် အရေပြားအလွှာကို သေချာစွာကြည့်လိုက်လေသည်။ ထိုအလွှာက ဟင်းပွဲ ချက်ပြုတ်ရန် နောက်တစ်ဆင့့်အတွက် အလွန်အရေးကြီးပေသည် ။