အပိုင်း ၁၀၈
Viewers 53k

အခန်း ၁၀၈ သာမန်မဟုတ်သောအသားအူချောင်း


အင်ပါယာမြို့တော်၏ လမ်းမကြီးပေါ်တွင် နှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းနေသောကြောင့် အစိမ်းရောင် လမ်းခင်းကြွေပြားများနှင့် လမ်းဘေးစျေးသည်တို့၏ ယာယီဆိုင်ခန်းများပေါ်တွင် နှင်းများဖုံးအုပ်နေသည်။ တိုက်ခတ်နေသော လေများကလည်း အရိုးကွဲလောက်အောင် အေးစိမ့်နေသောကြောင့် ထူထဲသည့်အဝတ်အစားမျာူ ဝတ်ထားလျင်ပင် တုန်ရီနေကြပေသည်။


လော့ဆန်းနင်က ကွမ်းရှောင်ယီနှင့်ယန်ချန် တို့၏ လက်ကိုဆွဲ၍ အင်ပါယာမြို့တော်၏ လမ်းမပေါ်တွင် ဖြည်းဖြည်းခြင်း လျှောက်လှမ်းလာလေသည်။ သူမ၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ အေးစက်နေသည့် နှင်းလေထုကို ကာကွယ်ထားလေသည်။


သူတို့သုံးယောက် လမ်းလျှောက်နေစဉ်တွင် လော့ဆန်းနင်က မျက်နှာငယ်လေးဖြင့်ရှိနေသည့် ယန်ချန်ကို ဆူပူနေလေသည်။ ကွမ်းရှောင်ယီက ယန်ချန်းကို စိတ်ပျက်ငြီးငွေ့စွာ ကြည့်၍ လမ်းလျှောက်မေလေသည်။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှကျဆင်းနေသည့် နှင်းများက ရုတ်တရက် ရပ်သွားပြီး ထိုပတ်ဝန်းကျင်တစ်ခွင်လည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ 


သူမ၏ အသက်ရှူသံတစ်ခုတည်းကိုသာ ပြန်ကြားနေရလောက်အောင် တိတ်ဆိတ်သွားသောကြောင့် လေ့ဆန်းနင်က မျက်လုံးပြူးသွားပြီး သူမ၏ခေါင်းကို ခက်ခက်ခဲခဲလှည့်၍ ဘေးနှစ်မှကလေးများကိုကြည့်လိုက်သည်။ ကလေးများ၏ နှုတ်ခမ်းမျာက ဖွင့်လိုက် ပိတ်လိုက်ဖြင့် တစ်စုံတစ်ခုကို ပြောနေသည့်ဟန်ဖြစ်နေသော်လည်း သူမ ဘာဆိုဘာမှမကြားရချေ။ 


လမ်း၏အစွန်းတစ်ဖက်စီမှ ကြိုးကြာပုံပါသော အပေါ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က လက်နှစ်ဖက်နောက်ပစ်၍ သူတို့ဆီ တစ်ဖြည်းဖြည်းခြင်း လျှောက်လာလေသည်။ ထိုသူ၏ ခြေတစ်လှမ်းခြင်းဆီက လော့ဆန်းနင်အပေါ်သို့ ဖိအားများလာစေသည်။ လော့ဆန်းနင် ခံစားနေရသော ကြီးမားလှသည့် အရှိန်အဝါက သူမကို ပတ်ဝန်းကျင်နှင့်ပင် အဆက်အသွယ် ပြတ်သွားစေသည်။ သူမမျက်ဝန်းထဲတွင် ထိုလူတစ်ယောက်သာ ကျန်ရှိနေပေသည်။


"ကျောက်....ကျောက်မူရှန်"


လော့ဆန်းနင်က နီးမြန်းလှသည့် နှုတ်ခမ်းလေးကို ဖွင့်ဟ၍ ထိုအမည်ကို အော်ဟစ်လိုက်သော်လည်း သူမအသံလုံးဝမထွက်သည်ကို သိလိုက်ရ၏။ သူမ၏ နူးညံသိမ်မွှေ့သည့် ကိုယ်လုံးလေးကလည်း တစ်ဆတ်ဆတ်လှုပ်ခါနေပြီး ပြင်းထန်လှသည့် ဖိအားကြောင့်အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ချေ။ ကျောက်မူရှန်က လော့ဆန်းနင်တို့ သုံးယောက်အနီးသို့ မရောက်ခင်ထိ လက်နှစ်ဖက်ကိုနောက်ပစ်၍ ခပ်အေးအေးခြင်းသာ လျှောက်လာလေသည်။


သူ၏ မျက်ဝန်းများက သမုဒ္ဒရာ တစ်စင်းကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ သူရဲ့ခန္ဓာကိုယ်ထဲမှာလည်း ဗုဒ္ဓ ရဲ့အငွေ့အသက် အရှိန်အဝါတွေ လှည့်ပတ် စီးဆင်းနေသည် လော့ဆန်းနင်က ထိုသူကိုစိုက်ကြည့်၍ ဗလာအကြည့်သက်သက်ဖြင့် တွေဝေငေးမောနေသည်။ ကျောက်မူရှန်က နှုတ်ခမ်းများကွေးညွှန့်၍ မဲ့ပြုံးပြုံးလိုက်ပြီး နောက် သူမလက်ဆွဲထားတဲ့ ကွမ်းရှောင်ယီနှင့်ယန်ချန်းတို့နှစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး အင်ပါယာမြို့တော်၏ လမ်းမပေါ်မှ တစ်မဟုတ်ခြင်း ပျောက်ကွယ် သွားလေသည်။


လော့ဆန်းနင်၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်နေပြီး သူမ၏စွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။ ယခုမှသာ အသက်ကို အမောတကောရူလိုက်ရသောကြောင့် သူမ၏ ရင်ဘက်တစ်ခုလုံး နိမ့်တုန်မြင့်တုန်ဖြင့်် ရမ်းခါနေလေသည်။


အင်ပါယာမြို့တော်အတွင်းမှ အချို့သောအသံများနှင့် ဆောင်းရာသီ၏ လေညှင်းများတိုက်ခတ်သံကို တစ်ဖန်ပြန်လည်ကြားလာရသည်။ စွမ်းအင်အကာအကွယ်မရှိတော့သောကြောင့် သူမ၏ နက်မှောင်သော ဆံနွယ်များထက်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေသည်။


........


အင်ပါယာမြို့တော့၏ ထင်ရှားသည့် မိသားစုကြီး နှစ်စုဖြစ်သော ကွမ်းနှင့်ယန်မိသားစု တို့ကအိမ်ရှေ့စံမင်းသားကို ထောက်ပံ့ကူညီရန် ကြော်ငြာလိုက်သောကြောင့် အင်ပါယာမြို့တော်တစ်ခွင်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထိုသတင်းက မုန်တိုင်းတစ်ခု ကဲ့သို့ ပတ်မွှေသွားပြီး ငလျင်ထသလိုမျိုး လှုပ်ခတ်သွားစေသည်။


မူလက မရွေးရချယ်ရသေးသည့် ချမ်းသာကြွယ်ဝသော ထင်ရှားသော မိသားစုများကလည်း အိမ်ရှေ့စံမင်းသားဂျိချန်းရွဲ့ကိုသာရွေးချယ်ထောက်ပံ့လာကြသည်။

ဘုရင်ခံယုကို ထောက်ခံပေးကြသော ချမ်းသာကြွယ်ဝ ဩဇာရှိသညိ့ မိသားစုအရေအတွက်တွေကလည်း လျှော့နည်းလာကြပြီး ပလ္လင်ရရန်အခွင့်အရေးက အိမ်ရှေ့စံမင်းသားဘက်သို့ ရောက်ရှိလာလေသည်။ 


အိမ်ရှေ့စံမင်းသားက အင်ပါယာမြို့တော်၏ ဧကရာဇ်ဘုရင်တစ်ပါး ဖြစ်လာခဲ့ပါက ဘုရင်ခံယုအတွက် အခွင့်အရေးမရှိတော့ပေ။ အင်ပါယာမြို့တော်အတွင်းမှ နောက်ထပ်အရေးကြီး အရေးပါသောမိသားစုတစ်စုဖြစ်သည့် ရှောင်မိသားစုမှ စစ်သေနာပတိချုပ် ရှောင်မန်က ဧကရာဇ်ကိုသာ ထောက်ခံ ပေးမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီးဖြစ်သည်။


ဧကရာဇ် မရွေးချယ်ရသေးချိန်တွင် အိမ်ရှေ့စံမင်းသား ဖြစ်စေ ဘုရင်ခံယု ဖြစ်စေ ဘယ်သူ့ကိုမှ ထောက်ခံ ပေးမည်မဟုတ်ပေ။


ဘုရင်ခံယု၏စံအိမ် ဘုရင်ခံယု( ဂျိချန်းယု )က သူ၏ရှေ့မှ စားပွဲကို အားအပြည့်နှင့် ရိုက်ချလိုက်သည်။ စားပွဲက အစိတ်စိတ်အမွမွ ကွဲကြေသွားလေသည်။ သူ့၏ အရှိန်အဝါများက ပြင်းထန်သည်ထက် ပြင်းထန်လာပြီး မျက်နှာက ပြိုတော့မည့် မိုးကဲ့သို့ မည်မှောင်နေပေသည်။


"ဆိုးဝါးလိုက်တဲ့ ကျောက်မူရှန် ကောက်ကျစ်တဲ့မြေခွေးအိုကြီး ... အစောပိုင်းတုန်းက ဘာမှမလှုပ်ရှားလို့ ပွဲကြည့် ပရိတ်သတ် ပဲလုပ်မယ်လုိ့ ငါထင်ထားခဲ့မိတာ... အခုချိန်ကျမှ ရုတ်တရက် လှုပ်ရှားလာခဲ့တယ်...သေစမ်း...သေလိုက်ပါတော့"


အခန်းထဲတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဟွန်းချွမ်ယွမ်က ဒေါသတစ်ကြီးဖြစ်နေသည့် ဘုရင်ခံယု ကို ခပ်ပြုံးပြုံးပင် စိုက်ကြည့်နေပြီးပြောလိုက်သည်။


"ဘုရင်ခံယု... ဒီကိစ္စအတွက် စိတ်ဆိုး ဒေါသထွက်နေစရာ မလိုပါဘူး ... လူသားတွေက အမှားလုပ်မိကြမှာပဲလေ ... ကျောက်မူရှန်က လက်ဝဲအမတ်ကြီးဖြစ်တာကြောင့် အိမ်ရှေ့စံမင်းသား ဘက်ကိုပါမှာပဲ ... ပြီးတော့အိမ်ရှေ့စံမင်းသားက ကွမ်းနဲ့ယန် မိသားစုရဲ့အထောက်အပံ့ကို မရဘူးဆိုရင်တောင် ကျွန်တော်တို့က သူတို့ရဲ့ အထောက်အပံ့ကို ရမှာမှ မဟုတ်ဘူးလေ" 


ဘုရင်ခံယု က အသက်ပြင်းပြင်းတစ်ချပ်ရှိုက်လိုက်ပြီး သူ၏ ဒေါသများကို ထိန်းချုပ်လိုက်ကာ ဟွန်းချွမ်ယွမ်ကို ဆက်ပြောရန်အချက်ပြလိုက်သည်။ 


ငါတို့က ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ရုံးတော်က အရာရှိတော်တော်များများကိုလည်း စည်းရုံးထားပြီးပြီ... သူတို့ရဲ့အကူအညီနဲ့ဆိုရင် အင်ပါယာမြိုတော်ရဲ့စီးပွားရေးကို ထိန်းချုပ်နိုင်လိုက်မယ်... 


ဒါ့အပြင်...ဆန့်ကျင်ဘက်နယ်မြေက ဂိုဏ်းကြီးလေးဂိုဏ်းထဲက ပျော်ရွှင်ခြင်းအသင်းဂိုဏ်း နဲ့ အရိုးဖြူနန်းတော် တို့ကလည်း သူတို့ရဲ့ထိပ်သီးကျွမ်းကျင်သူတွေကို ဘုရင်ခံယု ကို ကူညီဖို့ စေလွှတ်လိုက်ပါပြီ... သူတို့ရဲ့တိုက်ခိုက်ရေး စွမ်းရည်က အရမ်းမြင့်မားတာကြောင့် ရှောင်မန်သာ ဝင်မရှုပ်ဘူးဆိုရင် ငါတို့ရဲ့စွမ်းအားက အိမ်ရှေ့စံမင်းသား ရဲ့အထက်မှာပဲရှိနေသေးတယ်"

ဟွန်းချွမ်ယွမ်ကခပ်ထေ့ထေ့ရယ်မောရင်း ပြောဆိုလိုက်သည်။


"အရိုးဖြူနန်းတော်နဲ့ ရွှင်လန်းခြင်းအသင်းဂိုဏ်း..."


ဘုရင်ခံယု က ခပ်တိုးတိုးရေရွတ်လိုက်ပြီး ဟွန်းချွမ်ယွမ်ကို စူးရှစွာကြည့်လိုက်သည်။ သို့သော် ဟွန်းချွမ်ယွမ် က အေးဆေးသက်သာစွာပင် သူ့ကိုပြန်ကြည့်နေလေသည်။


"အဲ့ဂိုဏ်းတွေရဲ့အကူအညီကိုလိုချင်တယ်လို့ငါဘယ်တုန်းကပြောဖူးလို့လဲ ... ငါတို့က မိုးမြေဆန့်ကျင်ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ အရမ်းကိုနီးကပ်နေပြီ.. ဘုရင်ခံယုက ဟွန်းချွမ်ယွမ်ကို အော်ဟစ်ပြောဆိုလိုက်သည်။


ဟွန်းချွမ်ယွမ် ကခေါင်းကိုခါ၍ ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး ပြန်လည်ပြောဆိုလိုက်သည်။


ကျွန်တော် တို့က မိုးမြေဆန့်ကျင်ဂိုဏ်းကြီးလေးဂိုဏ်းမဟုတ်တော့ပါဘူး... မရဏနန်းတော်ဂိုဏ်းကို ဧကရာဇ်ချန်းဖန်က နှိမ်နင်းခဲ့ကြောင့် သူတို့ကိုကြီကျယ်မြင့်မြတ်တဲ့ မိုးမြေဆန့်ကျင်ဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ခုအဖြစ်မသတ်မှတ်တော့ဘူး ဒါပေမယ့်လည်း မိုးမြေဆန့်ကျင်ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့အကူအညီနဲ့ဆိုရင် ဘုရင်ခံယု ပလ္လင်ကိုရဖို့အတွက် ယုံကြည်မှု့ရှိတယ်မဟုတ်လား."


"မင်းက ဝင့်ကြွားပြီး ယုံကြည်မှု့လွန်ကဲလွန်းတယ်"

ဘုရင်ခံယု ကမျက်ဝန်းများကို မှေးစင်း၍ ပြောလိုက်သည်။ 


"ငါထင်တာတော့...ငါတို့က အတူတူပါပဲ"

ဟွန်းချွမ်ယွမ်၏ မျက်ဝန်းထဲမှ ဝိညာဉ်မီးတောက်လေးတွေက လွတ်လပ်စွာကခုန်နေလေသည်။


.........


ပုဖန်က ခရီးသွားနွားနဂါးအူ၏ အပြင်ဘက်အလွှာကို ဂရုတစိုက် ခွဲခွာလိုက်သည်။ အစာသွတ်အူချောင်းလုပ်ရန်အတွက် အလွန်ကြည်လင်နေသော အူအသေးအလွှာရရှိလာပေသည်။ ပုဖန်က ကမ္ဘာမြေပေါ်မှ သူအကြိုက်ဆုံး အနှစ်သက်ဆုံးအစားအစာတစ်ခုဖြစ်သည့် ဝက်အူချောင်း ပြုလုပ်ရန် ကြံစည်နေခြင်းဖြစ်သည်။ 


ကောင်းမွန်တဲ့ စွာပြုလုပ်ထားသည့် အစာသွပ်ဝက်အူချောင်း၏ရနံက လူတိုင်းကို သားရေယိုစေနိုင်သည်။ယခုအခါတွင်ပုဖန်ပြုလုပ်မည့် အစာသွတ်အူချောင်းက သာမန်မဟုတ်ပေ။ ပါဝင်သည့် ပစ္စည်းများက ကမ္ဘာမြေနှင့် အလွန်ကွာခြားလှပေသည်။


ပုဖန်သာ ခရီးသွားနွားနဂါး၏ အသားကို အစာသွတ်အူချောင်းပြုလုပ်ရန် ဖြုန်းတီးနိုင်ပေသည်။ ပုဖန်က အသားများကို ပြင်ဆင်လိုက်ပြီး ဘေးဘက်တွင် ပုံထားလိုက်သည်။ ထို့နောက် အသက်လက်စွပ်အတွင်းမှ ဖီးနစ်စုတေတောင်ကြားထဲတွင် ရိတ်သိမ်းလာခဲ့သော ဆေးဖက်ဝင်အပင်တစ်ချို့ကို ထုတ်ယူလိုက်သည်။ ထိုဝိညာဉ်ဆေးပင်များက ဖီးနစ်သွေးဆေးပင်ကို မယှဉ်နိုင်သော်လည်း တန်ဖိုးကြီးဆေးပင်များ ဖြစ်ကြသောကြောင့် စွမ်းအင်အမြောက်အများ ပါ၀င်နေပေသည်။


နဂါးအရိုးမီးဖိုချောင်သုံးဓားက ပုဖန်လက်ထဲတွင် ပေါ်ထွက်လာပြီး ဝိညာဉ် ဆေးပင်များကို အမှုန့်ဖြစ်သွားစေသည်။ သို့သော်လည်း ရွှေနဂါးရိုးမီးဖိုချောင်သုံးဓား၏ ထူးခြားသော အစွမ်းသတ္တိကြောင့် ဆေးပင်များ၏ ဝိညဉ်စွမ်းအင်များ ပျက်ပြယ်သွားခြင်းမရှိပေ။ ပုဖန်ကဆေးဘက်၀င်အပင်များ၏ အမှုန့်များကိုကို နှုတ်နှုတ်စင်းထားတဲ့ အသားများနှင့် ရောနယ်လိုက်ပြီ ခဏနှပ်ထားလိုက်သည်။


ထို့နောက် စနစ်မှ ထောက်ပံ့ပေးထားသော အထူးပြုလုပ်ထားသည့် သကြားခဲတစ်ချို့ကို ထုတ်ယူလိုက်သည်။ သကြားခဲတစ်ခုခြင်းစီက ကျောက်မျက်ရတနာများကဲ့သို့ လှပလှပေသည်။ သို့သော် ထိုလှပမှုများက ပုဖန်၏ ဓားချက်အောက်တွင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပုဖန်က သကြားမှုန့်များကို အသားပေါ်တွင်ဖြူးလိုက်ပြီး အသားများကို အူထဲသို့ စတင်၍ အစာသွတ်လိုက်လေသည်။


သူ၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ အူကို ဖောင်းကားလာစေပြီး အသားများကို ကို လွယ်လွယ်ကူကူ သွတ်လိုက်လေသည်။ အစစ်မှန်စွမ်းအင်ကို အသုံးပြုလိုက်သောကြောင့် အသားသွတ်ခြင်းလုပ်ငန်းက လျှင်မြန်စွာပင် ပြီးဆုံးသွားသည်။ ဖောင်းကားနေတာ အူတစ်ချောင်းလိုက်ကို အကွဲလေးတွေဖြစ်အောင်ချေလိုက်သည်။ 


အစာသွတ် အူချောင်း၏ ရနံ့က မချက်ပြုတ်ရခင်သေးကပင်မွေးပျံနေလေသည်။ ထိုအမွှေးနံက အသား၏ မွှေးရနံတစ်ခုသာ မဟုတ်ဘဲ အသားထဲတွင် ပါဝင်နေတဲ့ ဝိညာဉ် ဆေးပင်များ၏ ရနံများပါ ပါဝင်နေပေသည်။


ပုဖန်က သူလုပ်ထားတဲ့ အစာသွတ်အူချောင်းနှစ်ဆယ်ကို ကြည့်၍ စိတ်ကျေနပ်သွားသည်။ အစာသွတ် အူချောင်းက များနေသော်လည်း ခရီးသွားနွားနဂါး၏ အူကတစ်ခုသာရှိသော်ကြောင့် ရောင်းလိုက်ပြီးသည်နှင့် နောက်ထပ် ထပ်လုပ်နိုင်တော့မည်မဟုတ်ပေ။


ပုဖန်က ထိုဝက်အူချောင်းများကို ဆီပူပူတွင် ကြော်နေလိုက်ပြီး ထွက်ပေါ်လာမည့် မွှေးရနံ့များကို တွေးမိလိုက်ကာ တံတွေး မျိုချလိုက်မိသည်။ သူက ယခုပင်ထ၍ ကြော်လိုက်ချင်သော်လည်း ဝက်အူချောင်းများကို အခြောက်ခံရန် လိုအပ်ပေသည်။ ပုဖန်က စနစ်မှ ထောက်ပံ့ပေးထားသည့် ဘီဒိုတွင် ၀က်အူချောင်းများကို ချိတ်ဆွဲထားလိုက်သည်။ 


ထိုဗီဒိုထဲတွင် ချိတ်ဆွဲထားခြင်းဖြင့် ရက်အနည်းငယ် အချိန်ကုန်သက်သာစေလေသည်။ ဝိုင်ချက်လုပ်ရာတွင် ကစော်ဖောက်ခြင်းအတွက် အချိန်မြင့်တင်ခြင်း နည်းလမ်းနှင့် အတူတူပင်ဖြစ်သည်။ ဗီဒို ကိုပိတ်လိုက်ပြီးနောက် ပုဖန်ကအသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်လေသည်။ စနစ်၏ မီနူးထဲမှ မဟုတ်သော ဟင်းပွဲကို ပထမဦးဆုံး ချက်ပြုတ်ခြင်းဖြစ်သောကြောင့် အဖြေကိုသိရရန်အတွက် စိတ်လှုပ်ရှားနေမိသည်။


"စနစ်..စနစ် ဒီအသားအူချောင်းတွေကိုချက်ပြုတ်ပြီးသွားတဲ့အခါကြရင် သူ့ရဲ့စျေးနှုန်းတွေက ဘယ်လောက်ဖြစ်မလဲ" ပုဖန် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။