အပိုင်း ၁၀၉
Viewers 53k

အခန်း ၁၀၉ အဆင့်အတန်းမြင့် တော်ဝင်ဆန်လှသည့် ခုနှစ်စင်ကြယ်အသားလွှာ ထွင်းထုခြင်းနည်းစနစ်


``သင် စိတ်ကြိုက် ချက်ပြုတ်ထားတဲ့ ဟင်းပွဲရဲ့ စျေးနှုန်းကို စတင် တွက်ချက်နေပါပြီ...´´


စနစ်၏ အသံက ပုဖန်စ်ိတ်ထဲတွင် ထွက်ပေါ်လာပြီး ပြန်လည် တိတ်ဆိတ်သွားလေသည်။ ပုဖန်က အချိန်အနည်းငယ် ကြာသည်အထိ စောင့်နေသော်လည်း စနစ်မှ တုံ့ပြန်သံ ထွက်ပေါ်လာခြင်း မရှိသောကြောင့် အံ့အားသင့်သွားလေသည်။ ခဏအကြာတွင်တော့ စနစ်၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။


ဒီအစာသွပ် အသားအူချောင်းကို ခရီးသွားနွားနဂါးရဲ့ အသားနဲ့ ပြုလုပ်ထားလို့ ဝိညာဉ် စွမ်းအင်တွေ ကြွယ်ဝနေတဲ့အပြင် ဝိညာဉ်ဆေးပင် အမျိုးမျိုးကို ထပ်ပေါင်းထည့်ထားတာကို တွေ့ရပါတယ်...


ဒါ့ကြောင့် အရသာတိုးတက်စေရုံမကပဲ ဟင်းပွဲရဲ့စွမ်းအင်အဆင့်ကိုလည်း အလွန်မြင့့်မားသွားစေတယ် ... ခရီးသွားနွားနဂါးရဲ့ အူအပြင်လွှာကိုလည်း အသားအူချောင်း အကာအရံ ပြုလုပ်ရန် အသုံးပြုထားတယ်... ဒါက စွမ်းအင်တွေ လျော့ကျခြင်းကနေ အကာအကွယ်ပေးထားနိုင်တယ်...


ဒကြောင့် စနစ်က ဒီဟင်းပွဲရဲ့ စျေးနှုန်းကို တွက်ချက်ရမယ်ဆိုရင် အစာသွပ် အသားအူချောင်း တစ်ပွဲကို သလင်းကျောက် (၂၅၀) ကျသင့်ပါမယ်.. ဘုရင်အဆင့် အောက်က ကျင့်ကြံသူတွေ မစားသင့်ပါဘူး...


``အစာသွပ်အသားအူချောင်း တစ်ပွဲကို သလင်းကျောက် (၂၅၀) ..´´


စျေးနှုန်းကို ကြားလိုက်ရသောအခါ ပုဖန်က တုန်လှုပ်ချောက်ခြား၍ စွံအသွားလေသည်။ အစာသွပ်အသားအူချောင်းတစ်ပွဲလျင် သလင်းကျောက် (၂၅၀) ကျသင့်ပါက ထိုဟင်းပွဲက ဆိုင်ရှိဟင်းပွဲများထဲတွင် စျေးအကြီးဆုံး ဖြစ်သွားပေလိမ့်မည်။ ဤဟင်းပွဲကို သူကိုယ်တိုင် ဖန်တီးထားသောကြောင့် ပုဖန်က အနည်းငယ် မာန်တက်သွားလေသည်။


သို့သော် တခဏမျှ စဉ်းစားပြီးသည့်နောက် စျေးနှုန်းက သင့်တော်မှု ရှိသည်ဟု ခံစားလိုက်ရသည်။ အစာသွပ်အသားအူချောင်းက အဆင့်မြင့် ဆန်ခေါက်ဆွဲလိပ်နှင့် နှိုင်းယှဉ်၍ မရပေ။ ဆန်ခေါက်ဆွဲလိပ်ထဲတွင် ပုဖန်က ခရီးသွားနွားနဂါး၏ အသားအနည်းငယ်သာ ထည့့်ထားသော်လည်း အသားချောင်းထဲတွင်မူ ခြေထောက်သားတစ်ချောင်းလုံးကို ထည့်ထားခြင်းဖြစ်ပြီး ဝိညာဉ်ဆေးပင်များကိုလည်း ထည့်ပေါင်းထားသောကြောင့် ဟင်းပွဲ နှစ်ခု၏ အရည်အသွေးက နှိုင်းယှဉ်၍ မရပေ။


ထပ်ပေါင်းထည့်ထားသော ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးက ကြီးမြင့်လှသောကြောင့် သလင်းကျောက် (၂၅၀) ဖြင့် ရောင်းခြင်းမှာ စျေးကြီးသည်ဟု ပြော၍မရပဲ သင့်တော်သည့် စျေးနှုန်းပင် ဖြစ်သည် ။ အခြေခံအားဖြင့် အဆင့် (၇) ဝိညာဉ် သားရဲကောင်၏ အသားကို စားနိုင်ရန် သာမန် လူတစ်ယောက်အနေဖြင့် အခွင့်ရေး ရရှိလိမ့်မည် မဟုတ်ပေ ။


စုစုပေါင်း အသားအူချောင်း (၂၁)ခုရှိသောကြောင့် အားလုံးကို ရောင်းလိုက်လျှင် သလင်းကျောက်တုန်း (၅၂၅၀) ရရှိပေလိမ့်မည်။ ပဉ္ဓမအဆင့် (ဘုရင်အဆင့်) တစ်ယောက် ဖြစ်လာရန် သလင်းကျောက် (၁၀၀၀၀) လိုအပ်ပေသည် ။ လက်ရှိ ပြောင်းလဲမှု အချိုးအရ ပြောရမည်ဆိုလျှင် တကယ်တမ်း သလင်းကျောက်တုံး (၂၀၀၀၀ ) ရရှိရန် လိုအပ်ပေလိမ့်မည် ။


အသားချောင်းများ ရောင်းလိုက်ပါက နောက်တစ်ဆင့် တက်ရန် သုံးချိုး တစ်ချိုး ပမာဏမျှ ရောက်သွားပေလိမ့်မည် ။ ထိုအခြေအနေတွင် သူမမျှော်လင့်ထားသည့် အံ့အားသင့်ဖွယ် ကိစ္စများ ရှိလာနိုင်ပေသည်။ အစာသွပ်အသားချောင်း (၂၀) ပြုလုပ်ရန်အတွက် အသုံးပြုခဲ့သော အသားမှာ ခရီးသွားနွားနဂါး၏ ခြေထောက်တစ်ချောင်းလုံးပင် မဟုတ်သေးပေ။ 


ခရီးသွားနွားနဂါး၏ ခန္ဒာကိုယ်က အသားများ အလွန်များပြားသောကြောင့် အားလုံးသာ ရောင်းချပြီးလျင် အဆင့်(၆) အင်ပါယာ အဆင့်တစ်ယောက် ဖြစ်လာရန် လုံလောက်နိုင်ပေသည်။ ပုဖန်က အစာသွပ်အသားချောင်းကို ချက်ချင်း ချက်ပြုတ်ချင်သော်လည်း အသားချောင်းက ခြောက်သွေ့ရန် အချိန် လိုအပ်နေပေသေးသည် ။


ထို့ကြောင့် ပုဖန်က အကြောလျှော့လိုက်ပြီး သူ၏အိပ်ခန်းစီသို့ သွားလိုက်လေသည်။ ဆေးကြောသုတ်သင်ပြီးသည်နှင့် အိပ်ယာ ထဲသို့ ဒိုင်ဗင် ထိုးဝင်လိုက်ပြီး အိပ်စက်လိုက်တော့သည်။ ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါးဖြစ်လာရန် ရည်ရွယ်ထားတဲ သူ့အတွက် အိပ်စက်ခြင်းကလည်း အရေးပါလှပေသည်။


ယန်စံအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် လော့ဆန်းနင်၏ ခြေထောက်များက တဆတ်ဆတ် တုန်ရီနေလေသည်။ စံအိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အလွန်ကျက်သရေရှိသည့် ပုံရိပ်လေးတစ်ခုက အမြန် ရောက်လာပြီး သူမကို တွဲကူလိုက်၏။ 


`` အမလော့ နင်အဆင်ပြေရဲ့လား ´´ 


ထိုပုံရိပ်လေးစီမှ ကြိုးကြာငှက်သံကဲ့သို့ သာယာသော အသံလေးတစ်ခု ထွက်ပေါ်လာလေသည်။ 


``ကျွမ့်အာ အတွင်းဝန်ကို တွေ့ဖို့အတွက် ငါ့ကိုမြန်မြန်ခေါ်သွားပေးပါ´´


လော့ဆန်းနင်က မိန်းမပျိုလေး၏ ဝတ်စုံစကို သာသာ ဆွဲကိုင်လိုက်ပြီး အလောသုံးဆယ် ပြောလိုက်သည် ။ လော့ဆန်းနင်၏ အမူအရာကို ကြည့်၍ ကျွမ့်အာက ကြောက်ရွံ့သွားပြီး ထပ်မေးလိုက်သည်။ 


`` အမ ရှောင်ချန်ကို ရှာတွေ့ခဲ့တယ် မဟုတ်ဘူးလား ´´ 


``ငါသူကို ရှာတွေ့ခဲ့ပြီး ကယ်တင်နိုင်ခဲ့တယ် ပြီးတော့ ငါသူကို အိမ်ပြန်ခေါ်လာတဲ့ အချိန်မှာပဲ တစ်ခြားတစ်ယောက်က ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့တယ် ´´ 


ထိုစကားကို ပြောလိုက်တဲ့အချိန်တွင် လော့ဆန်းနင်၏ မျက်ဝန်းများက မှုန်မှိုင်းနေပေသည် ။ ကျွမ့်အာ၏ နှုတ်ခမ်ပါးလေးတွေက အံ့သြောမှုကြောင့် ပွင့်ဟသွားပြီး မဆူဆူယုံကြည်နိုင်စွာ မေးလိုက်သည် ။


``အမရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတဲ့ လူကို အင်ပါယာမြို့တော်ထဲက ဘယ်သူကများ ပြန်ပေးဆွဲရဲသေးတာလဲ ´´


လော့ဆန်းနင်က မချိတင်ကဲ ပြုံးလိုက်သည် ။ သူမကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ရှင်းပြနိ်ုင်စွမ်း မရှိသေးပေ။ ဗုဒ္ဓ အရှိန်အဝါတွေ လွှမ်းခြုံထားသည့်လူက ကျောက်မူရှန်ဟု သူမကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။ ကျောက်မူရှန်က သူ၏ ဖြူစင်သန့်ရှင်းမှုကြောင့် လူသိများလာပြီး အားနည်းသော ပညာရှင်ဟု နာမည်ကြီးသည်။ လူတိုင်းကို ကျောက်မူလျှံက ကောင်းကောင်း လှည့်စားနိုင်ခဲ့သည် ။ 


ထိုမြေခွေးအိုကြီးက အန္တရာယ်များသည် လူတစ်ယောက်ဖြစ်ရုံသာမက သူ၏သန်မာမှုက လော့ဆန်းနင်ပင် ခုခံနိုင်စွမ်း မရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူမကို ကြောက်ရွံ့အောင် လုပ်နိုင်သူဟူ၍ လေအလင်းအင်ပါယာမြို့တော်၏ နံပါတ်တစ် ပညာရှင် သတ္တမအဆင့် (သူတော်စင်အဆင့် ) ရှောင်မန်သာ ရှိသေသည် ။ 


ဒီလိုသာဆို ကျောက်မူလျှံကကော သူတော်စင်အဆင့်လား......


သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို မယုံကြည်နိုင်စွာဖြင့် ဇဝေဇဝါ ဖြစ်နေမိသည်။ ဧကရာဇ် ချန်းဖန် ၏ လက်ထက်တွင် ကျောက်မူလျှံက အင်ပါရီယာ အဆင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲပြီး လူငယ်ပညာရှင် အဆင့်မှနေ၍ ထိပ်တန်း စာအောင်သူတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်လျှောက်လုံး ခက်ခက်ခဲခဲပင် ကြိုးစားခဲ့ရပြီး ဆယ်စုနှစ် တစ်စုကျော်မှသာ လက်ဝဲအမှတ်ကြီး ဖြစ်လာခဲ့ခြင်းဖြစ်သောကြောင့် လူအများက သူကို စာပေပညာရှင် တစ်ယောက်ဟုသာ သတ်မှတ်ထားကြပြီး သိပ်အရေးမစိုက်ကြပေ ။


အင်ပါယာမြို့တော်ထဲတွင် အဆင့့်ခွဲရာ၌ တူညီသည့် အရာရှိတွေပင် ဖြစ်လင့်ကစား သိုင်းအဆင့် စွမ်းဆောင်ရည်ကိုသာ အဓိကထား ကြည့့်ကြသောကြောင့် စာပေပညာရှင် တစ်ယောက်အနေဖြင့် ဘာမှမတက်နိုင်ဘူးဟုသာ လူအမျာက သတ်မှတ်ထားကြသည်။ 


ညဉ့်နက်လာပြီ ဖြစ်ပေမယ့် အင်ပါယာမြိုတော် အတွင်းမှာတော့ ရှုပ်ယှက်ခက်နေဆဲပင် ဖြစ်သည်။ ယခုအချိန်တွင် အင်ပါယာမြို့တော်၏ နေရာတိုင်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပေသည်။


ယန်စံအိမ်တော်တွင် လော့ဆန်းနင်က သူမ မြင်တွေ့ ကြားသိခဲ့ရသမျှကို တစ်ခေါင်းလုံးဖြူဖွေနေသော အသက်ကြီးကြီး လူတစ်ယောက်ကို ပြန်လည်ပြောပြနေသည်။ ထိုလူကြီးက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည် ။


`` ငါနားလည်ပြီ ´´


ထို့နောက် သူဘာမှထပ်မပြောတော့ပဲ ခန်းမကျယ်ကြီးထဲက ထိုင်ခုံပေါ်တွင် ထိုင်နေလိုက်သည် ။ ကျောက်မူရှန်က ယန်ချန်နှင့် ကွမ်းရှောင်ယီ တို့ကို ပြန်ပေးဆွဲခဲ့ခြင်းက အိမ်ရှေ့စံမင်းသားအား မိသားစု နှစ်စုက ထောက်ခံ ပေးရန်ဖြစ်ပြီး ဒါက ဘုရင်ခံကြီးတို့ကို တိတိလင်းလင်း စစ်ကြေငြာလိုက်ခြင်းနှင့်လည်း ဆင်တူသည် ။


`` ကျောက်မူလျှံက တကယ်ပဲ သူတော်စင် အဆင့်တစ်ယောက်ဆိုရင် သူရဲ့ သိုင်းအဆင့်ကို နှစ်ပေါင်းများစွာတောင် ဘာလို့ဖုံးကွယ်ထားရတာလဲ ကျောက်မူလျှံ မင်းကဘယ်သူလဲ မင်းရဲ့ အစီအစဉ်တွေကကော ဘာတွေလဲ ´´ယန်မိုက တီးတိုးရေရွတ်လိုက်သည် ။


သူက ယန်ချန်၏ လုံခြုံမှုအတွက် စိုးရိန်ပူပန်မှု မရှိပေ။ ရက်အနည်းငယ်ကြာလျှင် ကျောက်မူလျှံက သူ၏ လက်အောက်ငယ်သားတွေကို ခိုင်းစေပြီး ယန်ချန်ကို အ်ိမ်တော်သို့ ပြန်လည် ပို့ဆောင်ပေးလိမ့်မည်။ သို့သော်အားလုံးသိထားသည့် အမှန်တရားကေ ပြောင်းလဲ သွားမည် မဟုတ်တော့ပေ ။


ယန်နှင့်ကွမ်း မိသားစုတို့က အိမ်ရှေ့စံ၏ ဘေးမှာ ရပ်တည်ကြောင်း ကြေငြာပြီးပြီ ဖြစ်သည့်အတွက် များပြားလှစွာသော အရာရှိတွေကလည်း သူတို့နောက်သို့ လိုက်ခဲ့ကြသည် ။ ထို့ကြောင့် သူတို့၏ စကားကို ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့ပဲ အိမ်ရှေ့စံမင်းသားကို ဆက်လက်ထောက်ပံံ့ပေးဖို့သာ ရှိတော့သည် ။


ဟင်း .... အိမ်ရှေ့စံ မင်းသားက ဧကရာဇ် နေရာနဲ့ တကယ်ပဲ သင့်တော်ရဲ့လား.... ယန်မိုတိတ်တဆိတ် တွေးတောနေမိသည်။


အိမ်ရှေ့စံမင်းသားက ရက်စက်ခြင်း ကြမ်းကြုတ်ခြင်းမရှ်ိပဲ အလယ်အလတ် ကျင့်သုံးတက်သူ ဖြစ်ပေမယ့် သူ၏စွမ်းဆောင်ရည်များက ဘုရင်ခံယုနှင့် အလွန်ကွာခြားနေပေသည်။ ကျောက်မူရှန်၏ အိမ်ရှေ့စံမင်းသားကို ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်ကို သူတကယ်ပဲ သိချင်လှ၏။


ယန်မိုက သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည် ။ကွမ်းစံအိမ်တော်တွင်လည်း အလားတူ သက်ပြင်းချသံမျိုးကို ကြားနိုင်ပေသည်။ အင်ပါယာမြို့တော်အတွင်းတွင် အခြေအနေများ ရှုပ်ထွေနေသောကြောင့် လူတစ်ချို့က ကောင်းမွန်စွာ မအိပ်စက်နိုင်သော်လည်း ပုဖန်ကတော့ နှစ်န်ှခြိုက်ခြိုက် အိပ်မောကျနေပေသည် ။ 


အင်ပါယာတော်ဝင် မိသားစု၏ အရှုပ်အထွေး ပြဿနာများက သူအပေါ် အတည်းငယ်မျှပင် သက်ရောက်ခြင်းမရှိပေ။ သူ၏ ရည်ရွယ်ချက်က သူ့စီးပွားရေးကို ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြစ်သည် ။ ညက တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး မနက်ခင်း နေရောင်ခြည် ပတ်ဖြန်းလာသည့် အချိန်မှာတော့ ပုဖန် အိပ်ယာမှ ထလိုက်သည်။


ယနေ့တွင် ပုဖန်က ဖြတ်တောက်ခြင်း နည်းစနစ်ကို မလေ့ကျင့်ပေ ။ သူက ဖြတ်တောက်ခြင်းနည်းစနစ်၏ အဆင့်(၁) ထိပ်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး အဆင့်(၂) ကလည်း အခုထိ သော့မပွင့်သောကြောင့် အလျင်လိုစရာမလိုပေ။ ပထမဦိးစွာ သူက ခုနှစ်စင်ကြယ် အသားလွှာနည်းစနစ်ကို စမ်းသပ် ကြည့့်ချင်နေသည်။


``ခုနှစ်စင်ကြယ် အသားလွှာခြင်းနည်းစနစ် -အစစ်မှန် စွမ်းအင်တွေကို အသုံးပြုပြီး အသားလွှာပုံဖော်ခြင်းနည်းပညာ ´´


အသားလွှာပုံဖော်ခြင်း နည်းပညာကို အသုံးပြုတဲ့အခါမှာ တော့ အစစ်အမှန် စွမ်းအင်တွေကို အကြာကြီး သုံးစွဲဖို့ လိုအပ်ပါတယ် ...


မီးဖိုချောင်သုံးဓားကနေ အစစ်အမှန် စွမ်းအင်တွေကို ပို့လွှတ် ထိန်းချုပ်ရာမှာလညခူ တိကျမှု ရှိဖို့ အလွန်အရေးကြီးတယ်...


ပုဖန်က စနစ်မိတ်ဆက်ပေးထားသည့် ခုနှစ်စင်ကြယ် အသားလွှာ ထွင်းထုခြင်း နည်းစနစ်ကို လေ့လာပြီးနောက် ထိုနည်းလမ်းက သာမန် အသားလွှာ ထွင်းထုခြင်း နည်းလမ်းများနှင့် ကွဲပြားခြားနားနေသည်ကို သတိပြုမိလိုက်သည်။ စနစ်၏ နည်းစနစ်က အလွန်အရည်သွေးမြင့် နည်းစနစ်ကျပြီး တော်ဝင်ဆန်လှပေသည်။