အပိုင်း ၁၁၁
Viewers 53k

အခန်း ၁၁၁ ပုဖန်ထက် ပြသနာရှာနေတဲ့အမျိုးသမီးက ဘယ်သူလဲ


လေအလင်း အင်ပါယာ မြို့တော်က ငါထင်ထားတဲ့ အတိုင်း ပျော်စရာကောင်းတာပဲ… ဒီနေရာက ငါတို့ရဲ့ ဝေးလံ ခေါင်သီ ပြီး စုတ်ပြတ်တဲ့ ဂိုဏ်းထက် နေလို့ ပိုကောင်းတယ်…. နီယန်က တတွတ်တွတ် ရေရွတ်လိုက်ပြီး မိန်းမတို့၏ သဘာဝအတိုင်း ပတ်ဝန်းကျင်ကို စူးစမ်းစပ်စု၍ အင်ပါယာမြို့တော်၏ လမ်းမကြီးပေါ်တွင် တဖြေးဖြေးချင်းလျှောက်လှမ်းနေသည်။


ဆောင်းရာသီမနက်ခင်းဖြစ်သောကြောင့် လမ်းမတစ်ဖက်တစ်ချက်တွင် အသေးစား ကုန်သည်များက ကုန်ပစ္စည်းအမျိုးမျိးကို ရောင်းချနေကြသည်။ ထူထပ်စွာ ကျဆင်းနေသည့် ဆီးနှင်းများကပင် သူတို့၏ တက်ကြွမှုကို မဟန့်တားနိုင်ကြချေ။ ထန်းယင်နှင့် လုရှောင်းရှောင်းတို့က လူအုပ်ကြီးထဲတွင် သူတို့ဆရာနှင့် လူစုကွဲသွားမည်စိုးသောကြောင့် ဂရုတစိုက် လိုက်လာကြသည်။


သူတို့၏ ကပ်စေးကုတ် ဆရာက အလွန်သန်မာပြီး သတ္တမအဆင့်(သူတော်စင်အဆင့်)တစ်ယောက်ဖြစ်သည်။ သူမ၏ ဟင်းချက်စွမ်းရည်ကလည်း အရမ်းကောင်းမွန်လှပြီး သူမချက်သမျှ ဟင်းပွဲတိုင်းက အလွန်ကို မွှေးကြိုင်လှပေသည်။ သူက အားလုံးကောင်းမွန်သော်လည်း ဦးတည်ချက် ပျောက်တတ်သော ရယ်စရာကောင်းသည့် အားနည်းချက်တစ်ခု ရှိနေပေသည်။


ရှောင်ယင် ဒီနေရာမှာ ဂိုဏ်းအတွက် ဆိုင်တစ်ဆိုင် ဖွင့်သင့်တယ်…. ဒါဆိုရင် မင်းလည်း ငွေပိုရှာလာနိုင်ပြီးတော့ ငါတို့ ဂိုဏ်းကို ထောက်ပံ့နိုင်လိမ့်မယ်… အဓိကကတော့ ငါ့အခန်းထဲကထွက်သွားတဲ့အချိန်တိုင်း ဘယ်သူကိုမှ တွေ့စရာမလိုတော့ဘူး… နီယန်က လှည့်ပြောလိုက်သည်။


ထန်းယင်က ကသိကအောက် ရယ်မောလိုက်မိသည်။ သူက အင်ပါယာ အဆင့်တစ်ယောက်ဖြစ်သောကြောင့် ဂိုဏ်းအတွက် ဆိုင်တစ်ဆိုင် ဖွင့်ရမည်ဆိုလျှင် သိပ်တုံးအရာ ကျပေလိမ့်မည် ။


ဒါနဲ့ စကားမစပ် မင်းတို့စီနီယာရဲ့ ဆိုင်နာမည်က ဘာတုန်း….


နီယန်က ခေါင်းကို ငဲ့စောင်းလိုက်ရာ မျက်နာကာအောက်မှ လှပသည့် မျက်နှာတစ်စိတ်တစ်ပိုင်းက လှစ်ဟလာသည်။ တန်းယင် ဘာမှပြန်မပြောနိုင်သေးခင်မှာပင် နီယန်က ကြားဖြတ်ပြီး ထပ်ပြောလိုက်သည် ။


အိုး... အဲ့ဒီလူက မောက်မာတဲ့ ပုံစံရှိပြီးတော့ သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မြင့့်မားတယ်ဆိုမှတော့ သူရဲ့ စားသောက်ဆိုင်က အင်ပါယာမြို့တော်ထဲက အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်မှာပဲ… နီယန်က ပြောဆိုလိုက်ပြီး အသီးအရွက်ရောင်းနေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို နာမည်ကြီး စားသောက်ဆိုင် အကြောင်း မေးမြန်းလိုက်သည် ။


အင်ပါယာမြို့တော်ထဲက အကျော်ကြားဆုံး စားသောက်ဆိုင်လား… ဒါက ကျိန်းသေပေါက် ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ပဲပေါ့… သက်လတ်ပိုင်း အမျိုးသမီးက ပြန်ပြောလိုက်သည်။


ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်လား … နီယန်က ခေါင်ငြိမ့်ပြပြီး သက်လတ်ပိုင်း အမျိုးသမီးကို ကျေးဇူးတင်လိုက်ကာ အရှေ့ကို ဆက်လျှောက်သွားလိုက်သည် ။


တန်းယင်နှင့် လုရှောင်းရှောင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြပြီးနောက်... တန်းယင်က ပြောလိုက်သည် ။


စီနီယာပြောသွားတဲ့ ဆိုင်နာမည်က ဖန်ဖန် ဆိုင်ငယ်လေးလလားလို့…


ဘာကို ဖန်ဖန်ဆိုင်ငယ်လေးလည်း ရွမ်ရွမ် ဆိုင်ငယ်လေးလို့ ခေါ်သင့်တာ.. ဟွန်း...စီးပွားကျမယ့် နာမည်ပဲ.. ထားပါ...ကိစ္စမရှိဘူး ငါတို့ ဖန်ဖန် ဆိုင်ငယ်လေးကို နောက်ပြီးတော့ သွားကြတာပေါ့… အခုလောလောဆယ်တော့ အင်ပါယာမြို့တော်ထဲက နာမည်ကြီး စားသောက်ဆိုင်ကို အရင်သွားကြမယ် ငါသူတို့ရဲ့ ဟင်းပွဲတွေကို မြည်းစမ်းကြည့်ချင်တယ် … နီယန်က တည်ငြိမ်စွာ ပြောလိုက်သည် ။


နီယန်က အာကာသအာနန်ဂိုဏ်းမှ တတိယအကြီးအကဲ ဖြစ်သော်လည်း အခြားအကြီးအကဲများကဲ့သို့ နက္ခတ်ပညာလေ့လာခြင်း ဂမ္ဘီရပညာလေ့လာခြင်းတို့အပေါ်တွင် အာရုံစိုက်ထားခြင်းမရှိပေ။ သူမ၏ စိတ်အာရုံအားလုံးကို အစားအသောက်နှင့် ချက်ပြုတ်ခြင်းများပေါ်တွင်သာ နှစ်မြုပ်ထားခဲ့ပြီး နတ်ဝိညာဉ် သားရဲများကို ရှာဖွေဖမ်းဆီး၍ ဟင်းလျာအသစ် ချက်ပြုတ်ရခြင်းကို အလွန်နှစ်သက်ပေသည်။ အရေးကြီးဆုံးအချက်မှာ သူမက အစားကောင်းကြိုက်ပြီး အစားကြူးသူတစ်ယောက်လည်း ဖြစ်သည်။


သူမက အစားအသောက်နှင့် ပတ်သတ်လျှင် အရူးအမူးပင် ဖြစ်သည်။ တန်းယင်က ရှေ့ကသွားနေသည့် သူတို့၏ ဆရာကိုကြည့်၍ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိသည်။ သူတို့၏ဆရာက အစားအသောက်နှင့်ပတ်သတ်လာလျှင် သူကိုသူ ထိန်းချုပ်နိုင်မှုလည်း လျော့နည်းသွားလေ့ရှိသောကြောင့် ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်က အခက်အခဲဖြစ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဆရာက အစားစားရတာကို ကြိုက်နှစ်သက်သော်လည်း အလွန်ကို ဇီဇာကြောင်လေသည်။


အနည်းငယ်မှ လျောက်လာပြီးနောက် သူတို့သုံးဦးက ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်ရှေ့သို့ ရောက်လာကြသည်။ လှပသည့် ပရိဘောဂ ပစ္စည်းများခင်းကျင်းထားသော စားသောက်ဆိုင်အတွင်းတွင် လူများ ပြည့်ကျပ်နေပေသည်။ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှ စားဖိုမှူးက နာမည်ပျက် စားသောက်ဆိုင် ပိုင်ရှင်ကို ဖြတ်တောက်ခြင်းနည်းပညာ ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သော်လည် ဤနေရာတွင် စားသုံးသူအများ စားသုံးနေကြဆဲပင် ဖြစ်သည်။


အိုး… ဒါက ငါတို့ဆိုင်ကို ပထမဆုံးအလည်လာတဲ့ စားသုံးသူတွေလား.. ကျေးဇူးပြု၍ အထဲကိုကြွပါ…


နီယန်က သူမ၏ တပည့်များနှင့်အတူအတူ ဆိုင်ထဲသို့ ဝင်သွားလိုက်သည် ။ သက်လက်ပိုင်း အရွယ်ရောက်နေပြီ ဖြစ်သော်လည်း ဆွဲဆောင်မှုရှိနေသေးသည့် အမချွန်းက ခရီးဦးကြို ပြုလိုက်လေသည်။ နီယန်က အမချွန်းကို တစ်ချက်ကြည့်လိုက်ပြီး အခြားတစ်ဖက်သို့ မျက်နာလွှဲသွားသောကြောင့် အမချွမ်းက အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားလေသည်။ တန်းယင်က ဆိုင်ထဲရောက်ပြီးနောက် အမချွန်းနှင့် စကားအနည်းငယ် ပြောဆိုလိုက်သည်။ အမချွန်းက သူတို့ကို ပထမထပ်ရှိ စားပွဲလွတ်တစ်ခုစီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။


နီယန်က ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် သူမ၏လက်ချောင်းလေးဖြင့် စားပွဲပေါ်သုတ်လိုက်ပြီး ပြောလိုက်သည်။

ဟမ် သန့်ရှင်းသပ်ရပ်မှုက ညံ့ဖျင်းတယ်… ငါရဲ့ အစာစားချင်စိတ်ကိုတောင် ပျောက်သွားစေတယ်…


ရင်းနှီးကျွမ်းဝင်နေသည့် စကားလုံးများကို ကြားလိုက်ရသောကြောင့် အမချွန်းက မျက်ခုံး ပင့်လိုက်မိသည်။


ကဲပါ ဒီဆိုင်မှာ ပထမတန်းစားလို့ ထင်တဲ့ ဟင်းပွဲတွေကို ချပေး… နီယန်က သန့်ရှင်းမှုအကြောင်းကိုဝဖန်ပြီးနောက် ဟင်းပွဲများကို မှာလိုက်လေသည်။ အမချွန်းက ထိုစကားလုံးတွေကိုလည်း ရင်းနှီးနေသောကြောင့် သူမ၏ခေါင်းထဲတွင် အချက်ပေးသံများ မြည်သွားပြီး ချောမောခန့်ညားပြီး မျက်နာသေဖြင့် လူငယ်လေးတစ်ယာက် ရောက်လာတဲ့့အချိန်ကို ပြန်အမှတ်ရသွားသည် ။


အိုး … ဘုရားရေ ဒီမိန်းမကကော ငါတို့ဆိုင်ကိုလာပြီးတော့ အမှားရှာတာလား....... သူမတွေးလိုက်မိသည်။


အမချွန်းက ပုဖန်နဲ တွေ့တုန်းက အချိန်မျိုး ပြန်ရောက်လာမှာ အလွန်ကြောက်သော်လည်း စားသုံးသူ၏ တောင်းဆိုချက်ကို သူမငြင်းပယ် နိုင်ခြင်းမရှိသောကြောင့် တစ်ခြားတစ်ယောက်ကို ဟင်းပွဲများ ပြင်ရန် အမိန့်ပေးလိုက်သည်။ ဟင်းလျာများ ပြင်ဆင်နေစဉ် အတောအတွင်း အမချွမ်းက နီယန်ကို ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်၏ စည်းမျဉ်းတွေ အကြောင်းရှင်းလင်း ပြောပြလိုက်သည် ။


မင်းပြောသလိုဆို ထာဝရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်မှာ အထပ်သုံးထပ် ရှိပြီး ပထမထပ်က အညံံ့ဆုံပေါ့ ဟုတ်လား… နီယန်၏ အမေးကို အမချွန်းက အသာအယာသာ ခေါင်းငြိမ့်ပြလိုက်သည် ။


အချိန်ခဏမျှ စောင့်ဆိုင်းပြီးသည့်နောက်မှာတော့ ပုခုံးပေါ်မှာ သဘက်အဖြူ တင်ထားတဲ့ စားပွဲထိုးတစ်ယောက်က အနီရောင် ခြင်္သေ့ ဦးခေါင်းသားနှပ် ဟင်းပွဲကို သယ်ဆောင်လာပြီး နီယန်၏ အရှေ့သို့ ချပေးလိုက်သည်။ နီယန်က မျက်နာကာကို ဖယ်လိုက်ရာ ထူးကဲစွာလှပသော အလှတရား တရပ်ကို မြင်လိုက်ရ၍ အမချွန်းနှင့် စားပွဲထိုးတို့ အသက်ရှူရန် မေ့သွားကြသည် ။ သူမ၏ အလှအပက အင်ပါယာမြို့တော်၏ နံပါတ်တစ် အလှနတ်ဘုရားမ ရှောင်ယန်ယုနှင့် ယှဉ်နိုင်ပေသည် ။


နီယန်က ခြင်္သေ့ ဦးခေါင်းသားနှပ်ကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိ၏ ။ 

ထို့နောက် ဟင်းပွဲရဲ့ ပြစ်ချက်တွေကို တရစပ် မနားတမ်းပြောလေတော့သည်။ အမချွန်းလည်း ငေးကြောင်နေရာမှ ပြန်လည် သတိဝင်လာသည်။နီယန်၏ အပြုအမူက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကို အခက်အခဲ တွေ့အောင်လုပ်ခဲ့သည့် လူငယ်လေးကို သတိရသွားစေသည် ။


ပုဖန်၏ သုံးသပ်ချက်များကြောင့် အနီရောင် ခြင်္သေ့ ဦးခေါင်းသားနှပ် ဟင်းပွဲကို အနည်းငယ် ပြုပြင်ခဲ့သော်လည်း ဒါက ပထမထပ်က ဟင်းပွဲသာဖြစ်သောကြောင့် သူတို့အားစိုက်ထုတ်ထားခဲ့ခြင်း မရှိပေ ရလဒ် အနေဖြင့့်တော့ ထိုဟင်းပွဲက နီယန်၏ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခြင်းကို ခံလိုက်ရလေသည်။ တစ်ခြားဟင်းလျာများကလည်း အလားတူ ကံကြမ္မာဆိုးကို လက်ခံလိုက်ရလေသည်။ နီယန်၏ ပုံရိပ်လေးက အလွန်အမင်း လှပလှသော်လည်း ဟင်းလျာများကို ဝေဖန်ရာတွင်တော့ သူမပါးစပ်က ပုဖန်ထက်ပင် ရက်စက်နေသေးသည်။


နီယန်က ပထမထပ်က ဟင်းလျာများကို စားသောက်ပြီးနောက် ဒုတိယထပ်သို့ သွားရန် ပြင်ဆင်လိုက်သည်။ အမချွန်းလည်း သူမ၏ ဝေဖန်ချက်တွေကိုကြားပြီး မကျေမနပ် ဖြစ်နေပေမယ့် တန်းယင်မှာ ပိ်ုက်ဆံအလုံအလောက်ရှိသောကြောင့် သူမတားဆီဖို့ရန် မတက်နိုင်ချေ။ ထိုအမျိုးသမီးက ပုဖန်ထက်ပင် ပြဿနာရှာသည်ဟု ခံစားရသောကြောင့် ချမ့်ပေါင်ကို အလျင်အမြန် အကြောင်းကြားလိုက်သည် ။ 

ချမ့်ပေါင် မြန်မြန်ရောက်လာသည့်အချိန်တွင် ဒုတိယထပ်က ဟင်းပွဲက တစ်ဝက်ကျိုးနေပေပြီ။


ဟမ့် ဒီပန်းဂဏန်းကတော့ သိပ်မဆိုးဘူး … ဂဏန်းသားရဲ့ အရည်အသွေက အရမ်းကြီးမကောင်းပေမယ့် စားဖိုမှူးက ဆီအပူချိန်ကို ထိန်းချုပ်မှုကတော့ တော်တော်လေး ကောင်းတယ်… ဂဏန်းအဆီကို ချက်ထားတာလည်း အရသာရှိတယ်… ဟင်းပွဲတွေအားလုံးထဲမှာ ဒီဟင်းပွဲကတော့ အခြေနေမဆိုးပဲ လက်ခံလို့ရတယ် …


ဒုတိယထပ်မှ ဟင်းပွဲများကို မြည်းစမ်းပြီးသည့်အချိန်မှာ ပန်းဂဏန်းကြော် တစ်မျိုးတည်းသာ အနည်းငယ် စိတ်ကျေနပ်မှု ရှိပေသည်။ ဘေးတဖက်မှာ ရပ်နေတဲ့ ချမ့်ပေါင်လည်း မျက်ရည် လည်လည် ဖြစ်နေပေပြီ ။ ဒီမိန်းမက ပုဖန်ထက် ပို၍ပင် ကြောက်ဖို့ကောင်းနေသေးသည် ။ ပုဖန်၏ သုံးသပ်ချက်အရ သူတို့ သေချာပြင်ဆင်ထားတဲ့ ဟင်းပွဲသာလျှင် ချီးမွမ်းခြင်း ခံရလေသည်။


ပြောရမယ်ဆိုရင်တော့ ဒုတိယထပ်က ဟင်းပွဲတွေက ပထမထပ်ရဲ့ ဟင်းပွဲတွေထက်တော့ ပိုကောင်းတယ်… ဒါပေမယ့်လည်း အားနည်းချက်တွေကတော့ ရှိနေတုန်းပဲ ကဲ စားလို့ ပြီးပြီဆိုတော့ တတိယထပ်ကို သွားကြစို့.. နီယန်က ပြောပြောဆိုဆိုဖြင့် မတ်တပ်ထရပ်လိုက်သည် ။


သူမစကားကိုကြးလိုက်ပြီးနောက် ချမ့်ပေါင်၏ မျက်နာအမူအရာက ကသိကအောက် ဖြစ်သွားလေသည်။ တတိယထပ်ကို ဧကရာဇ် ကဲ့သို့သော အထူး အထင်ကရ ပုဂ္ဂိုလ်တွေကိုသာ တက်ခွင့်ပြုထားခြင်း ဖြစ်သည်။ သူရှေ့မှ မိန်းမက မည်သူမည်ဝါမှန်း သူလုံးဝ မသိသောကြောင့် တတိယထပ်သို့ ဝင်ခွင့် မပြုနိုင်ပေ။


စိတ်မရှိပါနဲ ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ရဲ့ တတိယထပ်ကို သာမန် စားသုံးသူတွေအတွက် ဖွင့်မထားပါဘူး… ချမ့်ပေါင်က ပြောလိုက်သည်။


တန်းယင်နှင့် လုရှောင်းရှောင်းတို့လည်း တုန်လှုပ်သွားသလို နီယန်ကိုယ်တိုင်လည်း ခဏမျှ ကြောင်အသွားလေသည် ။ ထို့နောက် သူမ၏ လှပသော်လည်း ကြောက်စရာကောင်းသည့် မျက်လုံးတွေဖြင့် ချမ့်ပေါင်ကို စူးစိုက်ကြည့်လိုက်သည်။ ချမ့်ပေါင်လည်း သူပေါ်ကို ဖိအားတစ်ရပ် ကျရောက်လာတာကို ခံစားရပြီး စ်ိတ်ထဲမှာ တုန်လှုပ် ကြေက်ရွံ့လာပေသည်။


သူမကို ငြင်းပယ်လိုက်သောကြောင့် နီယန်က မပျော်မရွှင်ဖြစ်သွားပြီး ချမ့်ပေါင်ကို အေးစက်စက် စိုက်ကြည့် ၍ သွားကြားထဲက ထွက်လာတဲ့ လေသံဖြင့် တစ်လုံးချင်းပြောလိုက်သည် ။


ငါအပေါ်ထပ်ကို သွားမယ် အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းရဲ့ဆိုင်ကို ဖြိုချပစ်မယ်…


ချမ့်ပေါင်ရဲ့ အမူအရာက အေးစက်သွားပြီး တွေးလိုက်မိသည်။


ဒီမိန်းမက ထာဝရရှင်သန်သောဖီးနစ် စားသောက်ဆိုင်ကိုလာပြီး ပြဿနာရှာနေတာလား…


ထိုက်နောက် ချမ်းပေါငါက လက်ခုပ်တီးလိုက်ရာ ပဉ္စမအဆင့် (ဘုရင်အဆင့်) ကျွမ်းကျင်သူ သုံးယောက် ချက်ချင်းရောက်လာပေသည်။


စားသုံးသူ ငါရဲ့စားသောက်ဆိုင်မှာ ပြဿနာမရှာခင် မင်းရဲ့ စွမ်းဆောင်ရည်တွေကို အရင်စဉ်းစားဖို့ လိုအပ်လိုက်မယ် ဒီလိုမှမဟုတ်ရင်..


ဘမ်း.....


နီယန်က လက်ကို မြှောက်ပင့်၍ အနည်းငယ်ဖိချလိုက်ရာ ဘုရင်အဆင့် သုံးယောက်လည်း ကြမ်ပြင်ပေါ်တွင် ပြားပြားဝပ်သွားသောကြောင့်ချမ့်ပေါင် ပြောမယ့့်စကားတွေက လည်ချောင်းထဲမှာ တစ်ဆို့သွားလေသည်။


ဒီလိုမှမဟုတ်ဘူးဆိုရင် ဘာဖြစ်မလဲ ပြောလေ… နီယန်က လှပစွာပြုံးလိုက်ပြီး ချိုသာသည့် အသံဖြင့် မေးလိုက်လေသည်။