လင်းရှောင်မျက်မှောင်ကြုတ်၍ အခြေအနေကို တွေးဆနေပြီးနောက် ပြောလိုက်သည်။
" ဒီအစေခံက အရှင်မင်းကြီး ကျွန်တော်မျိုးအတွက် လုပ်ခဲ့သမျှကို သိပါတယ် ... အရှင့် မျှော်လင့်တဲ့အတိုင်းနေပေးပါ့မယ် စိတ်မပျက်စေရပါဘူး ..."
ဧကရာဇ်က လင်းရှောင်ကို စူးစူးရဲရဲကြည့်နေသည်။ သူ၏ရှေ့မှ ကုန်းကုန်းငယ်လေး၏ မျက်လုံးမှာ ကြည်လင်နေသော်လည်း မျက်နှာပေါ်တွင် အသနားခံနေသည့် အရိပ်အမြွက်ကို မြင်နေရသဖြင့် သူ၏နှလုံးသားလည်း အရည်ပျော်သွားသည်။
လင်းရှောင် အလျင်အမြန်ပြောလိုက်သည်။
" အရှင်မင်းကြီးက ကျွန်တော်မျိုးကို အလုပ်အကျွေးပြုစေချင်တဲ့အတွက် ဒီအစေခံက အလွန်ဝမ်းမြောက်ရပါတယ် ... ဒါပေမဲ့ အရှင်တွေ့တဲ့အတိုင်း ကျွန်တော်မျိုးရဲ့ဒဏ်ရာတွေက ပြန်ကောင်းမလာသေးပါဘူး ... ကျွန်တော်မျိုး ဆန္ဒမရှိလို့မဟုတ်ပါဘူး ... ဒဏ်ရာနဲ့ဆိုတော့ အရှင်မင်းကြီးကို ကောင်းကောင်းမပြုစုပေးနိုင်မှာစိုးလို့ပါ ..."
ပြောပြီးသည့်အခါ လင်းရှောင်က ဧကရာဇ်ကို ခိုးကြည့်လိုက်သည်။ သို့သော် သူ၏အမူအယာကြောင့် တွေးနေသည်ကို ခန့်မှန်းမရသဖြင့် လင်းရှောင် ရင်တုန်လာပြန်သည်။
သူ့စကားတွေက မင်းကြီးကို မသက်ရောက်တာများလား ...
အကြံဉာဏ်များ ကုန်ခမ်းသွားသော လင်းရှောင်မှာ စိတ်ထဲတွင် ကယောက်ကယက်ဖြစ်လာသည်။
သူ၏ရှေ့မှ ကုန်းကုန်းငယ်လေး၏မျက်နှာက မသက်မသာဖြစ်နေသဖြင့် ကြောက်လန့်နေသောယုန်ငယ်လေးနှင့်တူနေသည်။ သူ၏စိတ်ထဲပျော့ပျောင်းသွားပြီး လင်းရှောင်ကိုလွှတ်ပေးလိုက်သည်။
လက်ကိုလွှတ်ပေးလိုက်သဖြင့် လင်းရှောင် အံ့ဩစွာဖြင့် ဧကရာဇ်ကိုမော့ကြည့်လိုက်သည်။ သို့သော် သူမြင်လိုက်ရသည်မှာ မင်းကြီး၏ လျှို့ဝှက်သောသွင်ပြင်တစ်ခုတည်းကိုပင်။
လင်းရှောင် အံကြိတ်ထားလိုက်သည်။
ဧကရာဇ်ရဲ့ခေါင်းထဲမှာ ဘာတွေရှိနေပါလိမ့် ... ဒါပေမဲ့ ဧကရာဇ်က သူ့ကိုလွှတ်ပေးလိုက်တယ်ဆိုတော့ သူ့ကို နူးနူးညံ့ညံ့ဆက်ဆံတယ်ဆိုတာ ပြနေတာပဲ ...
လင်းရှောင် မျက်လုံးအရောင်လက်သွားပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
တစ်ဖက်လှည့်၍ အချိုပွဲပန်းကန်ကို ယူလိုက်သည်။
" အရှင်မင်းကြီး ဒါ ကျွန်တော်မျိုးကိုယ်တိုင်လုပ်ထားတဲ့ ကြာပန်းမုန့်ပါ ...မြည်းကြည့်ပေးပါဦး ..."
ဧကရာဇ်က ကြာပန်းမုန့်ကို တစ်ချက်ကြည့်လိုက်သော်လည်း ပါးစပ်မဟပေ။
ဧကရာဇ်က မစားသည်ကို မြင်သည့်အခါ လင်းရှောင် မုန့်ကိုကိုင်ပြီး သူ့ပါးစပ်ထဲထည့်ရန် ပြင်လိုက်သည်။
ဧကရာဇ်က မျက်ခုံးပင့်ပြီး မျက်လုံးကိုမှေးကျဉ်းလိုက်သည်။
ကုန်းကုန်းငယ်လေးက လက်ဦးမှုယူပြီး သူ့ကိုချဉ်းကပ်နေတာပဲ ...
မျှော်လင့်ချက်ဖြင့် ပြည့်နေသောမျက်လုံးဝိုင်းများက သခင်၏အလိုလိုက်ခံထားရသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပင်။ သူ၏ နှုတ်ခမ်းနားမှ ရွှေဝါရောင်မုန့်များကလည်း ဆွဲဆောင်မှုရှိနေသည်။
ဧကရာဇ်၏မျက်လုံးများ မည်းနက်သွားပြီး ကုန်းကုန်းငယ်လေး၏ ခါးကိုလက်တစ်ဖက်က ဖက်လိုက်ပြီး အခြားတစ်ဖက်က ခေါင်းနောက်တွင်ထားလိုက်သည်။ ကြာပန်းမုန့်ကို တစ်ချက်ကိုက်ပြီး ကုန်းကုန်းလေး၏နှုတ်ခမ်းကိုပါ သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။ လင်းရှောင် တုံ့ပြန်ချိန်မရလိုက်မီမှာပင် မင်းကြီး၏လျှာက သူ့ပါးစပ်ထဲ ရောက်လယ
ဧကရာဇ်က ထိုကဲ့သို့ပြုလုပ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားသော်လည်း တကယ့်အချိန်တွင် လင်းရှောင် ကြောက်လန့်မှုကြောင့် ရင်တုန်သွားပြီး မလှုပ်နိုင်ဖြစ်နေသည်။
မင်းကြီး၏ ဤတစ်ကြိမ် အနမ်းက ယခင်တစ်ခေါက်နှင့် ကွာခြားနေသည်။
ဧကရာဇ်၏ ကျီစယ်မှုကြောင့် လင်းရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားကာ ညည်းညူနေရသည်။
ဧကရာဇ်၏ ရင်ခွင်ထဲတွင် ရေခန်းခြောက်နေသည့်ကန်ထဲမှ ငါးတစ်ကောင်ကဲ့သို့ အသက်ရှုနေရသည်။
" ဟင်း ..."
အသည်းအသန်အောင့်အည်းသည်းခံထားရသည့်ပုံဖြင့် ဧကရာဇ်က ညည်းညူလိုက်ပြီး နှုတ်ခမ်းနှစ်ခုကို ခွာလိုက်သည်။
လင်းရှောင် မှုန်ဝါးနေသော မျက်လုံးများကိုဖွင့်ကာ သူ၏အပေါ်မှ ဧကရာဇ်ကိုကြည့်လိုက်သည်။ သူ၏အရည်လဲ့နေသော မျက်လုံးများက ဧကရာဇ်ကို ညှို့ယူဖမ်းစားနေသည်။
ဧကရာဇ်၏ မျကိလုံးများ မည်းနက်သွားပြီး ခေါင်းစောင်း၍ ခံ့ညားစွာပြုံးလိုက်သည်။
" မင်းရဲ့ ပုံစံအရဆို ကိုယ်တော်တို့ ဆက်လုပ်လို့ရတယ်လို့ ပြောနေသလိုပဲ ..."
မင်းကြီးက အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် သူ၏ထောင်မတ်နေသော အောက်ပိုင်းက လင်းရှောင်နှင့် ထိမိသွားသည်။
လင်းရှောင် လန့်သွားသဖြင့် အသိစိတ်ပြန်ကပ်လာသည်။ ဧကရာဇ်နှင့် သူက တောင့်တနေသောအမူအရာများဖြင့် အပြန်အလှန်အကြည့်ချင်းဖလှယ်လိုက်မိသည့်အတွက် လင်းရှောင်၏မျက်နှာတစ်ခုလုံး နီရဲလာသည်။ သူ ဘယ်နေရာကိုကြည့်ရမည်ပင် မသိတော့ပေ။
ထိုအချိန်တွင် ဧကရာဇ်၏အကြည့်က ပို၍လေးနက်လာပြီး လင်းရှောင်၏မေးစေ့ကိုကိုင်ပြီး သူနှင့် အကြည့်ချင်းဆုံစေလိုက်သည်။
" လင်းရှောင် အရင်တစ်ကြိမ် ကိုယ်တော်ရောက်လာတုန်းက မင်း မပြင်ဆင်ရသေးဘူးဆိုပြီး ပြောတယ်လေ မှတ်မိသေးလား ..."
" ဒီအစေခံ မှတ်မိပါတယ် ..."
လင်းရှောင် ခက်ခက်ခဲခဲဖြေလိုက်ရသည်။ ဧကရာဇ်က နောက်ထပ်မစောင့်နိုင်တော့ကြောင့် သူ့စိတ်ထဲတွင် သိနေသည်။
လင်းရှောင်၏အဖြေကို ကြားသည့်အခါ ဧကရာဇ်က စိတ်ကျေနပ်စွာဖြင့် မျက်လုံးများမှေးစင်းလိုက်ပြီး နောက်တစ်ဆင့် တက်လိုက်သည်။
" ဒါဆိုရင် ဒီည ဘုရင့်ကြင်ယာတော် ဖြစ်လာလိုက်လေ ..."
ဧကရာဇ်၏စကားများက မေးမြန်းသည်ထက် အသိပေးသည်နှင့် ပိုတူနေသည်။ လင်းရှောင်မျက်လုံးများ ဂနာမငြိမ်ဖြစ်လာသည်။ ထွက်သွားရန် ပြင်ဆင်ထားပြီးသည့်အတွက် သူဝမ်းမြောက်သွားမိသည်။ သို့သော်လည်း အကြောင်းတစ်ချို့ကြောင့် သူ့ရင်ထဲတွင် စိတ်မသက်မသာဖြစ်နေသည်။
မဟုတ်သေးဘူး ... ထပ်စောင့်လို့မရတော့ဘူး ... ဒီနေရာက ထွက်သွားဖို့လိုနေပြီ ...
ထိုအတွေးဖြင့် လင်းရှောင်က ဧကရာဇ်၏ ရင်ခွင်ထဲတွင်မှီကာ တီးတိုးပြောလိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးပြောတာကို နာခံချင်ပါတယ် ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ဒဏ်ရာကြောင့် အရှင့်ကိုကောင်းကောင်းမပြုစု ... အ့ ..."
သူ့စကားအဆုံးမီမှာပင် ဧကရာဇ်က သူ့နှုတ်ခမ်းများဖြင့် ပိတ်ဆို့တားမြစ်လိုက်သည်။
နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ဖိကိုက်ထားပြီး လင်းရှောင်၏ နှုတ်ခမ်းမှချိုမြိန်မှုကို အပြင်းအထန် တောင်းဆိုကာ လင်းရှောင်ကိုအသက်ရှုခွင့်ပင် မပေးချေ။ နာကျင်သွားသည့်အတွက် လင်းရှောင်က ရုန်းလိုက်မိပြီး ဧကရာဇ်၏ ပခုံးကို ရိုက်လိုက်မိသည်။
လင်းရှောင် ရုန်းကန်တေသည်ကို ခံစားမိ၍ ဧကရာဇ်က စိတ်ဆိုးသွားပြီး လင်းရှောင်ကို အချိန်ကြာမြင့်စွာ ဆာလောင်မွတ်သိပ်နေခဲ့သည့် မြေခွေးတစ်ကောင်ခဲ့သို့ ကြည့်လိုက်သည်။
လင်းရှောင်က လည်ပင်းအနည်းငယ်စောင်းလိုက်ပြီး တံတွေးမျိုချ၍ မျက်နှာလိုမျက်နှာရဖြင့်ပြုံးပြကာ ပြောလိုက်သည်။
" အရှင်မင်းကြီး အဲ့မတိုင်ခင် ကျွန်တော်မျိုးနဲ့ ဝိုင်ခွက်လဲလှယ်နိုင်မလား ... "
“……” ဧကရာဇ်က လင်းရှောင်ကို ခပ်တွေတွေ စိုက်ကြည့်နေသည်။ သဘောတူသည် မတူသည်ဟု မပြောသော်လည်း လင်းရှောင်၏ နှောင့်ယှက်လိုက်မှုကို မကျေနပ်ပုံဖြင့် သူနှင့်အနီးတစ်ဝိုက်က လေထုမှာ အေးစက်နေသည်။
လင်းရှောင် ဝိုင်ပုလင်းကို အမြန်ဆွဲယူလိုက်ပြီး ခွက်တစ်ခွက်ထဲတွင် ဝိုင်ငှဲ့ပြီး အခြားတစ်ခွက်တွင် လက်ဖက်ရည်ငှဲ့လိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက ဒဏ်ရာရထားလို့ ဝိုင်မသောက်တော့ပါဘူး ... ဝိုင်နဲ့ လက်ဖက်ရည် လဲသောက်လို့ ရတယ်မလား ..."
ထိုသို့ပြောပြီး လင်းရှောင်က ဝိုင်ခွက်ကို ဧကရာဇ်ထံသို့ ပေးလိုက်သည်။ ဧကရာဇ်၏မျက်လုံးများက ဝိုင်ခွက်အောက်ခြေကိုသာ ကြည့်နေသည်။
ဧကရာဇ်က တစ်စုံတစ်ရာထူးဆန်းနေသည်ဟု ထင်သွားသဖြင့် လျင်မြန်စွာပြောလိုက်သည်။
" အရှင်မင်းကြီး ... ဒီညက ကျွန်တော်မျိုးရဲ့ ပထမဆုံးအကြိမ်ပါ ... အဲ့ဒါကြောင့် ကျွန်တော်မျိုးနဲ့ ဝိုင်ခွက်ခြင်းလဲသောက်ပေးပါလား ဒီအစေခံရဲ့ တောင်းဆိုချက်လေးကို ဖြည်းဆည်းပေးပါလား ... ကျွန်တော်မျိုး တောင်းဆိုတာပါ ..."
လင်းရှောင်က အမှန်ကိုပြောနေခြင်းသာဖြစ်သည်။ သူ့ မျက်ဝန်းထဲတွင် မျက်ရည်စများ တွဲခိုနေပြီး စိတ်အားထက်သန်နေသဖြင့် ဧကရာဇ်၏ နူးညံ့မှုကို နှိုးဆွနေသကဲ့သို့ပင်။ သူ သက်ပြင်းချပြီး လင်းရှောင်ဆီမှ ဝိုင်ခွက်ကို ယူလိုက်သည်။
လင်းရှောင် ပြန်လည်ရွှင်ပြလာပြီး သူ၏အပြုံးကလည်း တောက်ပလာကာ ဧကရာဇ်၏ လက်မောင်းဘေးမှဖြတ်၍ လက်ဖက်ရည်ကို တစ်ငုံတည်းသောက်လိုက်သည်။
ဧကရာဇ်က ဝိုင်ခွက်ကိုကြည့်ကာ အနံ့ခံကြည့်နေသည်။ ထို့နောက် အနံ့တစ်မျိုးရ၍ ရပ်တန့်လိုက်ပြီး လင်းရှောင်ကို ကြည့်နေသည်။
ဧကရာဇ်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်ဟုထင်၍ လင်းရှောင်နှလုံးခုန်ရပ်မတတ် ဖြစ်သွားသည်။ ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ဤကိစ္စကို မည်သို့အကြောင်းပြရမည်ကို တွေးနေသည်။
ဒါပေမဲ့လည်း ဧကရာဇ်က ခွက်ကိုမြှောက်ပြီး တစ်ငုံတည်းသောက်လိုက်မယ်လို့ ဘယ်သူထင်မိမှာလဲ ...
ထို့ကြောင့် လင်းရှောင် ယခင်ကဲ့သို့ စိတ်အေးလက်အေး ပြန်ဖြစ်သွားသည်။