အပိုင်း ၄၄
Viewers 12k

လင်းရှောင်၏ အစောပိုင်းပြင်ဆင်မှုများကြောင့် ဧကရာဇ်က အိပ်ပျော်စေသည့် အမွှေးတိုင်ရနံ့များစွာကို ရှုရှိုက်ထားမိပြီး အကြောထုံထိုင်းဆေးများကိုပါ မျိုချမိထား၍ ဧကရာဇ်က မသက်မသာဖြစ်နေသည်ကို လင်းရှောင်တွေ့မြင်နေရသည်။ ခဏအကြာတွင် လင်းရှောင်၏ ပခုံးပေါ်သို့ ခွေကျသွားသည်။
" အရှင်မင်းကြီး အရှင်မင်းကြီး ..."
လင်းရှောင် သူ၏ပခုံးပေါ်မှ လေးလံလာမှုကြောင့် ဧကရာဇ်၏ ပခုံးကိုကိုင်၍ အနည်းငယ်လှုပ်ခါကြည့်ပြီး စစ်ဆေးသည့်အနေဖြင့် အကြိမ်အနည်းငယ်ခေါ်ကြည့်နေမိသည်။
ဧကရာဇ်က မတုံ့ပြန်သည့်အခါ လင်းရှောင် ဝမ်းသာသွားပြီး ဧကရာဇ်ကို ကူတွဲပေး၍ ကုတင်ပေါ်သို့ တဖြည်းဖြည်းသွားလိုက်သည်။
" မူချုံးရွှမ် ... ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့ ... ကျွန်တော်က အသက်ရှင်ချင်ရုံပါ ... ခင်ဗျားပြောတဲ့အတိုင်းလုပ်ပြီး ရိုးရိုးသားသားနေပြီး လိမ်ညာထားတာတွေပြောပြလိုက်ရင် ခင်ဗျားက ဒီတိုင်းထိုင်နေမယ်တဲ့လား ... ကျွန်တော်လည်း ကြံရာမရဖြစ်လို့ ဒီလိုလုပ်လိုက်ရတာပါ ..."
ထိုစကားများကိုရေရွတ်လျက် တစ်စုံတစ်ရာ တွေ့လိုတွေ့ငြား ဧကရာဇ်၏ကိုယ်ကို စမ်းကြည့်လိုက်သည်။ မကြာမီ ဧကရာဇ်၏ ခါး‌နားတွင် ရွှေရောင်အမိန့်ပြားကို တွေ့လိုက်သည်။
လင်းရှောင်ဝမ်းသာသွားပြီး ထိုတံဆိပ်ပြားကို ရင်ဘတ်ထဲထည့်ထားလိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် အိပ်ဖန်စောင့်များနှင့် ကုန်းကုန်းများ၏အရိပ် အလင်းပြန်သည်ကို မြင်လိုက်ရသောအခါ လင်းရှောင်၏မျက်လုံးများ တလက်လက်တောက်သွားပြီး အမိန့်ပြားကိုထိကာ လမ်းလျှောက်သွားပြီး တံခါးကိုဟလိုက်သည်။
အပြင်ဘက်တွင်စောင့်နေသည့် ရှောင်လိဇီက လင်းရှောင်ဆီသို့ ရောက်လာသည်။ သူအံ့အားသင့်သွားသော်လည်း လင်းရှောင်ကိုနှုတ်ဆက်ပြီး အရိုအသေပြုလိုက်သည်။
" အထိန်းတော်လင်း ..."
လင်းရှောင် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
" အရှင်က ဒီနေ့ညငါ့ရဲ့နန်းဆောင်မှာပဲ အနားယူတော့မယ် မင်းတို့အားလုံး အနားယူကြတော့ ... မင်းတို့အားလုံး တစ်ညလုံးစောင့်နေဖို့ မလိုတော့ဘူး ..."
“……” ရှောင်လိဇီ အံ့ဩပြီးနောက် ချက်ချင်းပင် ပျော်ရွှင်သွားသည်။
" ဒါဆိုရင် အထိန်းတောင်လင်းနဲ့ မင်းကြီးက နောက်ဆုံးတော့ ..."
ရှောင်လိဇီ၏ မျက်နှာတွင် အပြုံးပန်းများဝေနေပြီးနောက် လင်းရှောင်ကို ပြုံးစိစိဖြင့်ကြည့်လာသဖြင့် လင်းရှောင် ကြက်သီးထလာပြီး သူ့ကိုဖြည်းဖြည်းကန်လိုက်သည်။
" မင်းတစ်ယောက်ပဲ ပျော်နေလိုက် ... သိတယ်ဆိုလည်း တစ်ခြားလူတွေ ခေါ်ပြီးထွက်သွားတော့ ..."
ထိုစကားကိုကြားသည့်အခါ ရှောင်လိဇီ ခေါင်းခါပြလိုက်သည်။
" ကျွန်တော်မျိုးတို့ အဲ့လိုလုပ်လို့မရပါဘူး ... အရှင်မင်းကြီးက သူ့ရဲ့ကိုယ်ပိုင် ချင်းနန်းဆောင်မှာပဲ အနားယူရင်တောင် ကျွန်တော်မျိုးတို့ အစေခံတွေက တစ်ညလုံးစောင့်ကြပ်ရပါတယ် ... အဲ့လိုမလုပ်ရင် အစေခံအားလုံး အနားယူသွားလို့ အရှင်မင်းကြီးတစ်ခုခု လိုချင်ရင် ဘယ်လိုလုပ်မလဲ ..."
မျက်နှာတွင် သံသယများဖြင့် ပြည့်နေသည့် ရှောင်လိဇီကို လင်းရှောင်စိုက်ကြည့်လိုက်သည်။ သူက လင်းရှောင်၏နောက်မှနေ၍ အခန်းထဲသို့ကြည့်ချင်သော်လည်း လင်းရှောင်၏ ခန္ဓာကိုယ်က ပိတ်ရပ်ထားသဖြင့် မမြင်ရပေ။
သံသယက ပို၍ကြီးထွားလာသဖြင့် ရှောင်လိဇီ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအခါ လင်းရှောင်က သူ၏ခါးကြားထဲမှ အမိန့်ပြားကိုထုတ်ပြီး အေးစက်စက်ပြောလိုက်သည်။
" ဘာလဲ ... မင်းတို့က အထိန်းတော်တစ်ယောက်ရဲ့ စကားကို မယုံရင်တောင် မင်းကြီးပေးလိုက်တဲ့ အမိန့်ပြားကိုတော့ ယုံသင့်တယ်လေ ဟုတ်တယ်မလား ..."
ရှောင်လိဇီ ခေါင်းမော့ကြည့်လိုက်သည့်အခါ ရွှေရောင်အမိန့်ပြားကို မြင်လိုက်သည်။ မီးရောင်အောက်တွင် ၎င်းက တလက်လက်တောက်ပနေသဖြင့် သူ့ကိုလန့်သွားစေသည်။ ရှောင်လိဇီက လင်းရှောင်ရှေ့တွင် ဒူးထောက်လိုက်သည်။
" ကဲ မြန်မြန်ထွက်သွားတော့ ..."
" ကျွန်တော်မျိုး သိပါပြီ ..."
ရှောင်လိဇီက အချိန်ဆွဲမနေတော့ပဲ အခြားလူများကိုခေါ်ကာ ထွက်သွားသည်။
လင်းရှောင် အပြင်ထွက်ပြီး အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို ကြည့်လိုက်သည်။ လူတစ်ယောက်မှ မရှိတော့သည့်အခါ သူ့ကိုယ်သူဂုဏ်ယူပြီး အထဲသို့ပြန်ဝင်၍ ကုန်းကုန်း အဝတ်အစားများလဲရန် ပြင်လိုက်သည်။
ကုတင်ပေါ်တွင် အဝတ်အစားဖရိုဖရဲဖြင့် အေးအေးလူလူလှဲလျောင်း‌နေသော ဧကရာဇ်ကို မြင်သောအခါ အအေးမိသွားမည်ကို စိုးရိမ်၍ စောင်ခြုံပေးလိုက်သည်။ သတိမေ့နေသည့် ဧကရာဇ်ကို မြင်ရသည့်အခါ လင်းရှောင် ဝမ်းနည်းစွာဖြင့် တိတ်တဆိတ် နှုတ်ဆက်လိုက်သည်။
" နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော့်ရဲ့မင်းကြီး ..."
ပြောပြီးသည့်အခါ တစ်ဖက်သို့လှည့်၍ အနည်းငယ်မျှတွန့်ဆုတ်မနေပဲ ထွက်သွားရန်ပြင်လိုက်သည်။
ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲခံလိုက်ရသဖြင့် လင်းရှောင်၏ကမ္ဘာကြီးတစ်ဖက်ကို လည်သွားသည်။ ခုတင်ပေါ်သို့ ဆွဲချခံလိုက်ရသည့်အခါ ရင်ဘတ်မှအနာက ပွင့်သွားသဖြင့် နာကျင်မှုကြောင့် ညည်းညူလိုက်မိသည်။ မော့ကြည့်လိုက်သည့်အခါ သူ့ကိုဖိထားသူက သတိလစ်နေရမည့် ဧကရာဇ်ဖြစ်နေသည်။
ဧကရာဇ်၏မျက်နှာက ဒေါသကြောင့် မည်းနက်နေကာ ရေခဲကဲ့သို့ အေးစက်လှသည့်အကြည့်များဖြင့် ကြည့်နေပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေကာ လင်းရှောင်ကို ခြိမ်းခြောက်နေသဖြင့် မလှုပ်နိုင်ဖြစ်နေသည်။
" အ ... အရှင်မင်းကြီး ..."
ပုံမှန်အချိန်တွင် လင်းရှောင်က မည်သည့်ကိစ္စကိုမဆို ပြောရဲသော်လည်း ယခုအခါ စကားတစ်ခွန်းပင် သေချာ‌မပြောနိုင်တော့ပေ။
သူတော့ အဆုံးသတ်ပြီ ...
ထိုအကြောင်းကိုသာ လင်းရှောင်၏ခေါင်းထဲ ရှိတော့သည်။
ဧကရာဇ်၏ အေးစိမ့်စိမ့်အကြည့်များက လင်းရှောင်တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်နေကာ သူ၏ခါးမှ အမိန့်ပြားဆီသို့ ရောက်သွားသည်။ ရွှေရောင်အမိန့်ပြားကို ယူလိုက်ပြီး လင်းရှောင်ကို စူးစူးရဲရဲကြည့်နေသည်။
" ဒါဆိုရင် မင်းကိုယ်တော့်ကိုဖိတ်တာက နန်းတော်က ထွက်ပြေးဖို့ပေါ့ ..."
ကျောက်စိမ်းကဲ့သို့ အေးစက်နေသည့် ဧကရာဇ်၏အသံကို ကြားလိုက်ရသည့်အခါ လင်းရှောင် ကျောရိုးထဲမှ စိမ့်နေအောင် ကြက်သီးထသွားသည်။
" ဒါက ... ဒီအေစခံ ..."
လင်းရှောင် စကားလွှဲချင်သော်လည်း ယခုအချိန်တွင်သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မည်သည့်အကြောင်းကိုမျှ စဉ်းစား၍ မရတော့ပေ။
စိုးရိမ်ပူပန်မှုကြောင့် လင်းရှောင်မူးဝေလာပြီး သူ့ရှေ့မှ အရာအားလုံး မှုန်ဝါးလာကာ အေးစိမ့်နေသည့်ခန္ဓာကိုယ်က ပူလာသည်။
လင်းရှောင် ခေါင်းခါလိုက်ပြီး ရှေ့မှမြင်ကွင်းကို ကြည်လင်လာစေရန် ကြိုးပမ်းလိုက်သည်။ သို့သော် သူမြင်လိုက်ရသည်မှာ ဧကရာဇ်၏ ထူထဲသောမျက်ခုံး၊ အရောင်တောက်နေသော မျက်လုံး ၊ ဖြောင့်စင်းနေသောနှာတံနှင့် နီစွေးသောနှုတ်ခမ်းတို့ဖြစ်သည်။ သူ၏အစိတ်အပိုင်းတစ်ခုစီတိုင်းက အလွန်ညှို့ယူဖမ်းစားနေသည်။
နှုတ်ခမ်းများကို ဖွင့်ဟလိုက်ချိန်တွင် ၎င်းတို့ထံမှ ညှို့အားများက ပြင်းလွန်းလှသဖြင့် လင်းရှောင်ဖိကိုက်ချင်စိတ်ပေါ်လာသည်။ တံတွေးမျိုချလိုက်သည့်အခါ သူ၏အသက်ရှုသံများက လေးလံလာသည်။
ကုန်းကုန်းငယ်လေး၏ ပါးပြင်များ တဖြည်းဖြည်းနီမြန်းလာသည့်အခါ သူ၏မျက်ခုံးများတွန့်ချို့သွားသည်။ သူ၏နှုတ်ခမ်းပါးများမှ ထွက်ပေါ်နေသည့် အသက်ရှုသံပြင်းပြင်းများကြောင့် သူ၏မျက်လုံးများက အာရုံမစိုက်နိုင်ဖြစ်နေသည်။
လိုချင်တောင့်တစိတ်ဖြင့် ပြည့်နေသည့် သွေးဆောင်သော အကြည့်များ၏ တိတ်တဆိတ်ဖိတ်ခေါ်နေမှုကြောင့် ရင်ထဲတွင် ယားကျိကျိဖြစ်လာသည်။
ဧကရာဇ်၏အကြည့်က မည်းမှောင်သွားကာ ကြောက်စရာကောင်းလောက်အောင် ဝါးမျိုပစ်ချင်နေသည့်စိတ်က မျက်လုံးတွင် ရောင်ပြန်ဟပ်နေသည်။ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသကဲ့သို့ တစ်လက်မမှ မရွေ့တော့သော လင်းရှောင်ကို သူကြည့်နေမိသည်။
လင်းရှောင်၏ခန္ဓာကိုယ်က ပို၍ ပူပြင်းလာသည်နှင့် သက်တောင့်သက်သာရှိလိုစိတ်များက ပို၍ပြင်းထန်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှအရာကလည်း ပို၍ဖောင်းလာပြီး သည့်မခံနိုင်သည့်အတွက် လူးလိမ့်နေရသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို အိပ်ရာခင်းစဖြင့် ပွတ်ကာ အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
" ဒါကဘယ်လို ... အား ..."
အောက်ဘက်မှ ပေါက်ကွဲမတတ်ဖြစ်နေသည့်အရာက ဧကရာဇ်၏ အသားနဲ့ထိမိသည့်အခါ ပဲ့တင်နေသည့် ညည်းညူသံတစ်ခု ဖြစ်လာသည်။
ဒါ ... ဒါ အရမ်းခံစားလို့ကောင်းတာပဲ ...
လင်းရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေလာပြီး လုတင်ပေါ်တွင် အားနည်းဖျော့တော့စွာလှဲနေရပြီး အသက်ရှုမဝပင်ဖြစ်လာသည်။ အသားချင်းထိရုံဖြင့် ဤမျှကောင်းမွန်စွာ ခံစားနိုင်ကြောင်း မသိခဲ့ပေ။
လင်းရှောင်တစ်ဖက်သို့လှည့်ပြီး ဧကရာဇ်၏ ဗလာကျင်းနေသော ရင်ဘတ်ကိုကြည့်လိုက်မိသည့်အခါ ပြင်းထန်သောတောင့်တစိတ်များကြောင့် မျက်လုံးများ တလက်လက်တောက်လာသည်။ သူစအမူအယာမှာ အသားကိုမြင်လိုက်ရသည့် ဝံပုလွေကဲ့သို့ ဆူညံစွာညည်းညူလျက် လင်းရှောင်ကိုဝါးမျိုချင်နေသည့်ပုံပင်။
သူ ရုန်းကန်၍ ထလာပြီးနောက် လက်နှစ်ဖက်လုံးဖြင့် ဧကရာဇ်၏ အသားအရည်ကို ပွတ်သပ်နေလိုက်သည်။ ရင်ဘတ်ကြွက်သားများကို ပွတ်သပ်နေရသည်ကို အလွန်သဘောကျနေသဖြင့် သူ၏ရင်ဘတ်ကိုပင် နမ်းမိမတတ်ဖြစ်နေသည်။
" ဟင်းး ..."
ဧကရာဇ်က ညည်းသံသဲ့သဲ့ထွက်လာပြီး လင်းရှောင်ကို ကြမ်းတမ်းစွာ ဖိထားလိုက်သဖြင့် ရင်ဘတ်မှဒဏ်ရာက အောင့်ခနဲဖြစ်သွားသည်။ ဆတ်ခနဲနာကျင်မှုကြောင့် လင်းရှောင် စိတ်နှင့်လူနှင့်ကပ်သွားပြီး ဧကရာဇ်ကို ကြည့်နေမိသည်။
" ကျွန်တော်မျိုး ....ဘာဖြစ်သွားတာပါလိမ့် ...ဟာ့ ..."
ဧကရာဇ်က သူ၏နီစွေးစွေးနှုတ်ခမ်းများကို ငုံလိုက်သဖြင့် လင်းရှောင်၏စကားများပင် ပျောက်ရှသွားသည်။ထို့နောက် ဧကရာဇ်က အသက်ရှုမဝဖြစ်သည်အထိ ဖိကပ်၍နမ်းကာ အဆုံးမရှိ ညည်းညူနေစေသည်။
အစပိုင်းတွင် လင်းရှောင် ရုန်းကန်နေခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပါလာသည်။
သူ၏ လက်များက ဧကရာဇ်၏လည်ပင်းကို တွဲခိုထားပြီး အနားပိုရောက်လာရန် ဆွဲယူလိုက်သည်။ ဧကရာဇ်နှင့် မလုံးထွေးမီက ပြောမည့်စကားများကိုပါ ‌မေ့သွားသည်။