အပိုင်း ၁၃၈
Viewers 53k

အခန်း ၁၃၈ “ဥထမင်းကြော်ကို ဘယ်လောက်စားရစားရ မရိုးဘူး…”


“ပိုင်ရှင်ပုရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်…” ဂျိချန်းရွဲ့က အစွမ်းကုန် ပြုံးလိုက်ပြီး ပုဖန်ကို အရိုအသေပြု၍ ပြောဆိုလိုက်သည်။


အမှတ်မထင် ထွက်ပေါ်လာသော ပုဖန်ကြောင့် အခြေအနေများ လုံး၀ ပြောင်းလဲသွားရခြင်း ဖြစ်သည်။ ပုဖန်၏ စွမ်းရည်က အလွန် အံ့အားသင့်ဖွယ်ကောင်းလှချေသည်။ သူက ဝိဥာဉ်တည်အဆင့်သာ ရှိသေးသော်လည်း သူတော်စင်အဆင့်မှ လူတစ်ယောက်ကို ဒဏ်ရာရ၍ သွေးအန်စေရုံမကပဲ ထွက်ပြေးသွားစေလေသည်။ မှော်အစီအရင်ကို အသုံးပြုခဲ့သော်လည်း သူတော်စင်အဆင့်နှင့် ဝိ်ဥာဉ်တည်အဆင့်အကြားရှိ ကွာခြားမှုက သူ၏အောင်မြင်မှုကို အံ့အားသင့်ဖွယ် ကောင်းစေလေသည်။


“ပိုင်ရှင်ပုက တစ်ကယ့်ကို အစွမ်းထက်လွန်းတယ်…. သူ့ရဲ့ နောက်ကြောင်းက လုံး၀ ရိုးရှင်းမှာ မဟုတ်ဘူး…” ဂျိချန်းရွဲ့က တွေးလိုက်မိသည်။


ပုဖန်က ဂျိချန်းရွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲမှ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို ပြ၍ မေးမြန်းလိုက်သည်။


“ဒီသစ်သီး.. ငါ့ကိုပေးလိုက်လို့ရမလား…” 


ဂျိချန်းရွဲ့က သူ့ကို ငြင်းလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားသောကြောင့် ပုဖန်က တည်တည်ငြိမ်ငြိမ်သာ ရှိနေလေသည်။ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးက တန်ဖိုးကြီးလှသော်လည်း ပုဖန်က ဖီးနစ်သွေးဆေးပင်ကို အသုံးပြု၍ ဂျိချန်းရွဲ့ကို ကယ်တင်ဖူးလေသည်။ ဖီးနစ်သွေးဆေးပင်က သစ်သီးထက် တန်ဖိုးနိမ့်ကျခြင်းမရှိချေ။ ထို့အပြင် ပုဖန်က ဂျိချန်းရွဲ့၏ ဘ၀ကို ကူညီကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် ဂျိချန်းရွဲ့က သူ့ကို ငြင်းလိမ့်မည်မဟုတ်ဟု ယုံကြည်ထားလေသည်။


“ဒီသစ်သီးကို ပိုင်ရှင်ပုကို ပေးလိုက်… ဘယ်လိုအကြောင်းပြချက်မျိုးကိုမှ ငါမလိုချင်ဘူး…” ဂျိချန်းရွဲ့က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ 


ပုဖန်က အားရ၀မ်းသာ နှင့်ခေါင်းငြိမ့်ပြလိုက်ပြီး ဂျိချန်းရွဲ့၏ ပုခုံးကို ပုတ်လိုက်ရန် တွေးလိုက်မိသည်။


“မင်းကို ကယ်ရတာ အလကားမဖြစ်ဘူးဆိုတာ ငါသိနေတယ်..”


ခေါင်းတလား၏ အဖုံးကို နေရာပြန်ချလိ်ုက်ပြီး ဘုရင်အဆင့်ရှစ်ယောက်က အခေါင်းကို ပြန်လည်မယူလိုက်ကာ နက်နဲသော ကောင်းကင်ဘုံ၀င်ပေါက်မှ တစ်ဖြည်းဖြည်းချင်းလျောက်ထွက်လာကြသည်။ မြိုကတော်၏ အဓိကလမ်းမကြီး တစ်ဖက်တစ်ချက်တွင် တိုင်းသူပြည်သားများက တိတ်ဆိတ်စွာဖြင့် ခေါင်းတလာကို စိုက်ကြည့်နေကြလေသည်။ ဧကရာဇ်ချန်းဖန်က ထူးချွန်မြင့်မြတ်သူ ဖြစ်သောကြောင့် တိုင်းသူပြည်သားများက အလွန်ချစ်ခင်ကြလေသည်။


ကောင်းကင်ထက်မှ ဝေ့၀ဲကျဆင်းနေသော နှင့်ပွင့်လေးများက နှင့်ခဲများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်သို့ ထိခတ်နေသံများက သံစဉ်တစ်ခုကဲ့သို့ စည်းချက်ကျကျ ထွက်ပေါ်နေလေသည်။ ရာသီဥတုက အလွန်ဆိုးဝါးနေသော်လည်း ဧကရာဇ်ချန်းဖန်၏ အသုဘကိုလိုက်ပို့ကြသော တိုင်းသူပြည်သားများက အေးခဲမှုကို အမှုမထားပဲ မျက်တောင်မခတ် ငေးမောနေကြလေသည်။ 


ဂျိချန်းရွဲ့က လူအများ၏ ၀မ်းနည်းကြေကွဲနေပုံကို ကြည့်၍ တုန်လှုပ်နေလေသည်။ သူ၏ ခမည်တော်က တိုင်သူပြည်သားများ၏ ချစ်ခင်မြတ်နိုးမှုကို အကြွင်းမဲ့ ရရှိထားလေသည်။ သူ၏ ခမည်းတော်က ကြီးမြတ်သော ဂုဏ်သိက္ခာနှင့် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်သောကြောင့် သူသည်လည်း ထိ်ုသို့သော မင်းတစ်ပါးဖြစ်လာရန် ရည်ရွယ်ထားလေသည်။ 


ပုဖန်က ဆိုင်သို့ ပြန်ရောက်သောအခါ ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ချလိုက်မိလေသည်။ သူက အလွန်ပင်ပန်းနွမ်းနယ်နေသောကြောင့် လှုပ်ရှားလိုခြင်း မရှိချေ။ နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ိကို အသက်သွင်းလိုက်ရသောကြောင့် သူ၏ဒန်တျန်အတွင်းမှ စွမ်းအားများ ကုန်ဆုံးသွားပြီး သုံးရက်လောက် အစာမစားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေလေသည်။ သို့သော် ရတနာများ ပုံပေးမည်ဆိုလျင် ၀ယ်၍ မရနိုင်သော သုံးလမ်းကြောင်း သိမြင်မှု သစ်သီးကို ပိုင်ဆိုင်ခဲ့ရသောကြောင့် အလွန်ကျေနပ်နေလေသည်။


ထိုသစ်သီးကို အသုံးပြု၍ နောက်ထပ်ဝိုင်တစ်မျိုး ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ ပုဖန်က သစ်သီးကို ထုတ်ယူလိုက်ရာ မွှေးကြိုင်သင်းပျံ့သော ရနံ့များက ဆိုင်အတွင်း ပျံ့နှံ့သွားလေသည်။ သစ်သီး၏ မျက်နှာပြင်ပေါ်တွင် တိမ်ပုံသဏ္ဍာန် သုံးခုက ရွေ့လျားနေပြီး ပုံသဏ္ဍာန်တစ်ခုစီမှ မွှေးရနံ့တစ်မျိုးစီ ထွက်ပေါ်နေလေသည်။ ထိုမွှေးရနံ့များကို ရှူရှိုက်လိုက်ရုံနှင့်ပင် သူ၏ ခန္ဒာကိုယ်အတွင်မှ စွမ်းအင်လှည့်ပတ်မှုများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ 


ကောလဟာလများအရ ထိုသစ်သီးကို အသုံးပြုလိုက်ပါက အင်ပါယာအဆင့်တစ်ယောက်ကို သူတော်စင်အဆင့်သို့ အခက်အခဲမရှိ တက်ရောက်နိုင်မည်ဟု ကျော်ကြားလေသည်။ ထို့ကြောင့်သစ်သီး၏ တန်ဖိုးက မြင့်မားနေရခြင်း ဖြစ်သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဒာကိုယ်ကို အနိုင်နိုင်သယ်၍ ပုဖန်က မီးဖိုခန်းအတွင်း ၀င်လာလိုက်သည်။ ထို့နောက် ဗီဒိုကို ဖွင့်လိုက်ပြီး တစ်၀က်သာ ကျန်တော့သော ဖီးနစ်သွေးဆေးပင်အနီးတွင် သစ်သီးကို သိမ်းလိုက်လေသည်။ 


ပုဖန်က အကြောအချင် ဆန့်လိုက်ပြီး လက်ကို စင်ကြယ်စွာဆေး၍ အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ချက်ပြုတ်လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။ အစစ်အမှန်စွမ်းအင်များ ကုန်ခမ်းသွားပြီးနောက် သူ၏ အစာအိမ်ကို မဖြည့်ရပါက သေသွားတော့မည်ဟုပင် ခံစားမိနေလေသည်။ သူက ပင်ပန်းနွမ်းနယ်နေသော်လည်း ချက်ပြုတ်သည့်နေရာတွင် သေချာစေ့စပ်စွာ လုပ်ကိုင်နေလေသည်။ သူ၏ လှုပ်ရှားမှုများက အသံတိပ်လှုပ်ရှားနေသော တိမ်များကဲ့သို့ ချော့မွေ့နေလေသည်။ တေးဂီတကဲ့သို့ စည်းချက်ညီညီ အသံများ ထွက်ပေါ်လာပြီး တခဏမျှ ကြာသောအခါ မီးဖိုခန်းမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာလေတော့သည်။


ရွှေအိုရောင်၀တ်ဆင်ထားသော သတို့သမီးတစ်ယောက်ကဲ့သို့ လှပနေသော ဥထမင်းကြော်ပန်းကန်ကို ကိုင်၍ ထွက်လာပြီး ခုံတွင် ၀င်ထိုင်လိုက်လေသည်။ အနုပညာလက်ရာမြောက်လှသော ဥထမင်းကြော်ပန်းကန်ကို ပုဖန်က ကျေနပ်စွာ စိုက်ကြည့်နေလေသည်။ အစားအသောက်ကောင်းများက စိတ်ကို ကျေနပ်ပျော်ရွှင်စေပြီး တစ်ခြားသူများ ကြိုက်နှစ်သက်သော ဟင်းပွဲများကို ချက်ပြုတ်ရသည်က ပို၍ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် ကောင်းလှပေသည်။ 


ပုဖန်က သူ၏ လက်ရာကို သူကိုယ်တိုင်ပင် အလွန်ကြိုက်နှစ်သက်သောကြောင့် ကြွေဇွန်းကို ကောက်ယူလိုက်ပြီး စိတ်အားထက်သန်မှုအပြည့်နှင့် ခပ်စားလိုက်လေသည်။ မွှေးပျံ့သော ရနံ့များက သူ၏ ပါးစပ်ပေါက်အတွင်းသာမက နှာခေါင်းပေါက်အတွင်းပါ ပျံ့လွင့်နေလေသည်။ 


“အင်း… ဒီဥထမင်းကြော်ကို ဘယ်နှစ်ကြိမ်ပဲစားစား ငြီးငွေ့သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးပဲ….” ပုဖန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်နေလေသည်။


ဆာလောင်နေသောကြောင့် ထမင်းကြော်တစ်ပွဲက တခဏအတွင်းပင် ကုန်သွားလေသည်။ နွေးထွေးသော စွမ်းအင်စီးကြောင်းများက သူ၏ ခန္ဒာကိုယ်အတွင်း လှည့်ပတ်နေပြီး အစာအိမ်မှ အစာချေချက်လိုက်ပြီးနောက် သန့်စင်လှသော အစစ်အမှန်စွမ်းအင်များကို သူ၏ ဒန်တျန်အတွင်းသို့ ပို့လွှတ်လိုက်လေသည်။ ဥထမင်းကြော်တစ်ပွဲက သူ၏အစစ်အမှန်စွမ်းအင်များကို အတော်အတန် ပြန်လည်ဖြည့်တင်းပေးနိ်ုင်လေသည်။


“အင်း… အခုမှပဲ နေရထိုင်ရတာ အဆင်ပြေသွားတော့တယ်…”


ပုဖန်က သူ၏ ဗိုက်ကို ပွတ်သတ်လိုက်ပြီး ကျေနပ်ပြုံးပြုံးလိုက်ကာ အိပ်စက်အနားယူရန် အပေါ်ထပ်သို့ တက်သွားလိုက်လေသည်။ ထိုအချိန်တွင် ညည့်နက်နေပြီဖြစ်သောကြောင့် လနှစ်စင်းက ကောင်းကင်ထက်တွင် စည်းချက်ညီညီနှင့် ကခုန်နေပြီဖြစ်သည်။ 


ဧကရာဇ်ချန်းဖန်၏ အသုဘအခမ်းအနား ပြီးသွားပြီးနောက် ပလ္လင်တော်ကို ဆက်ခံမည့် ဂျိချန်းရွဲ့က ဂူဗိမ္မာန်ကို သုံးရက်မျှ စောင့်ဆိုင်းနေပြီး တရားရုံးတော်သို့ ပြန်လာလေသည်။ ထို့နောက် ဂျိချန်းယုကို ဘုရင်ခံအဖြစ်မှ ဖယ်ရှား၍ ဂူဗိမ္မာန်ကို သုံးနှစ်စောင့်ရှောက်ရန် ပြစ်ဒဏ်ကို အတည်ပြု ချမှတ်လိုက်လေသည်။ ဂျိချန်းရွဲ့နန်းတက်ပြီးနောက် အိမ်ရှေ့စံမင်းသားကို လွတ်လပ်ခြင်းဘုရင်အဖြစ် ချီးမြှောက်လိုက်ပြီး နိုင်ငံရေးတွင် ပါ၀င်ရန် တားမြစ်ပိတ်ပင်လိုက်သည်။ ထိုသည်မှာ အိမ်ရှေ့စံမင်းသားအတွက် အသက်ငြှာဆုံးပြစ်ဒဏ်ပင် ဖြစ်သည်။ 


ဧကရာဇ်အသစ် နန်းတက်ပြီးနောက် လေအလင်းအင်ပါယာမြို့တော်က ပုံမှန်အတိုင်း ပြန်လည်အသက်၀င်လာပြီး တရားရုံးတော်မှ ဆူပူမှုများလည်း ရပ်တန့်သွားလေသည်။ မိန်းမစိုးအကြီးအကဲ လျန်ဖုက အင်ပါယာနန်းတော်သို့ ပြန်လိုက်မလာပဲ ဧကရာဇ်၏ ဂူဗိမ္မာန်ကို အသက်ထက်ဆုံး စောင့်ရှောက်သွားရန် ဆန္ဒရှိကြောင်း လျောက်တင်ပြောဆိုခဲ့သည်။ ဧကရာဇ် ဂျိချန်းဖန်က လျန်ဖုကို လေးစားသောကြောင့် သူ၏ ဆန္ဒအလျောက် ရွေးချယ်သည်ကို ခွင့်ပြုပေးခဲ့သည်။ 


ဧကရာဇ်ဖြစ်လာပြီးနောက် ဂျိချန်းရွဲ့၏ အကြီးမားဆုံး ဒုက္ခမှာ ပုဖန်ဆိုင်သို့ မသွားနိုင်တော့ခြင်း ဖြစ်သည်။ သူအကြိုက်ဆုံးဖြစ်သော အနီရောင်အသားနှပ်နှင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို သွားရောက်စားသောက်နိုင်ခြင်း မရှိတော့ပေ။ သူက အင်ပါယာနန်းတော်အတွင်းမှ လျို့ဝှက်ထွက်ခွာနိုင်ရန် ကြိုးစားလိုက်သေးသော်လည်း ကိုင်တွယ်ဖြေရှင်းရမည့် စာရွက်များက စားပွဲပေါ်တွင် ပုံနေပေသည်။ 


ထို့အပြင် ပုဖန်ဆိုင်က ကမာနှလုံးသားပန်ကိတ် တစ်မျိုးကိုသာ အပြင်သို့ သယ်နိုင်သောကြောင့် နေ့တိုင်းစားနေရလျှင် ငြီးငွေ့လွန်းသောကြောင့် သေသွားနိုင်လေသည်။ ထို့ကြောင့် ဂျိချန်းရွဲ့က ပုဖန်က အစားအသာက်များကို တမ်းတနေရုံသာ တတ်နိုင်လေသည်။ အချိန်တစ်ချို့ ကုန်လွန်သွားပြီးနောက် လေအလင်းအင်ပါယာ၏ အခြေအနေက ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီ ဖြစ်သည်။ တရားရုံးတော်ကိုလည်း ပြန်လည်ထိန်းချုပ်လာနိုင်ပြီး အရေးကြီးကိစ္စ အနည်းငယ်သာ ကျန်ရစ်နေလေသည်။


လေအလင်းအင်ပါယာ၏ အခြေအနေက အကောင်းဘက်သို့သာ ဦးတည်နေလေသည်။ ဆောင်းရာသီကို ကျော်လွန်သွားပြီး နွေဦးပွဲတော်က တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။