အခန်း ၁၄၃ “ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်”
ရှောင်ယန်ယုက နံနတ်သီးနှလုံးသားကိတ်ကို စားနေသော ပုဖန်ကို ကြည့်၍ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အရသာက ဘယ်လိုနေလဲ….”
“ဒီမုန့်နှစ်ခုက တစ်ယောက်တည်းလုပ်ထားတာ ဟုတ်ရဲ့လား…. ဘယ်လိုဖြစ်လို့ အရသာက အရမ်းကွာနေတာလဲ…” ပုဖန်က နံနတ်သီးနှလုံးသား ကိတ်ကို တစ်ကိုက်စားလိုက်ပြီးနောက် သူ၏ အမူအယာက ထူးဆန်းသွားပြီး တွေးလိုက်မိသည်။
“အင်း… အရသာက သိပ်မကောင်းဘူး.. အရမ်းချိုနေတယ်… ပြီးတော့ ပေါင်းခံတာကြာသွားလို့ မုန့်က မာနေတယ်… အဲဒီအပြင်….”
ပုဖန်က အစားသောက်များကို အလွန်အလေးထားသောကြောင့် အားနည်းချက်ကို မြင်သည်နှင့် မရပ်မနား တရစပ် ပြောလေတော့သည်။ ရှောင်ရှောင်လုံနှင့် ကွမ်းရှောင်ယီတို့က စိတ်အားထက်သန်စွာ ပြောနေသော ပုဖန်ကို ကြည့်၍ မဲ့လိုက်ကြသည်။
“အရသာက အဲလောက်တောင် ဆိုးနေတယ်ဆိုရင်လဲ မစားနဲ့တော့…” ရှောင်ယန်ယုက ပြောပြောဆိုဆိုနှင့် ပုဖန်လက်ထဲမှ နံနတ်သီးနှလုံးသားကိတ်ကို ပြန်ဆွဲယူလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ဒေါသများ ရောထွေးနေသည်ကို မြင်နေရပေသည်။
“ဘာဖြစ်တာလဲဟ ငါ့ရဲ့သုံးသပ်ချက်က မှားသွားလို့လား… ဒီနံနတ်သီး ကိတ်က အရသာရှိသင့်ပေမယ့် မုန့်ကို လုပ်တဲ့သူက အခုမှ လုပ်ဖူးသလို ဖြစ်နေတာ… အင်း…” ပုဖန်က စိတ်ရှုပ်ထွေးသွားပြီး တွေးလိုက်မိသည်။
ဤမုန်ကို လုပ်ထားသည့် သူက ပထမမုန့်လုပ်သူနှင့် တူညီသော အဆင့်တွင် ရှိမနေချေ။
“အိုး… မတူညီတဲ့လူတွေ….”
ပုဖန်က ထိုအချိန်တွင် ရှောင်ယန်ယု၏ မျက်၀န်းများထဲမှ မကျေနပ်ချက်များကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အခြေအနေကို သဘောပေါက်သွားလေသည်။ ဤမုန့်ကို လုပ်ထားသူက သူမသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် အရသာက ကွာခြားနေရခြင်း ဖြစ်နိုင်ပေသည်။
ရှောင်ရှောင်လုံနှင့် ကွမ်းရှောင်ယီတို့က ရှောင်ယန်ယု၏ ဒေါသအကြည့်များအောက်တွင် ကို့ယို့ကားယား ဖြစ်နေသော ပုဖန်ကို ကြည့်၍ ရယ်မောလိုက်ကြသည်။
“ပိုင်ရှင်ပု…. ငါ့အမက ချက်ပြုတ်လေ့မရှိဘူး… သူရဲ့ ပထမဆုံး လုပ်လာတဲ့ မုန့်ကို မင်းက ရစရာမရှိအောင် ဝေဖန်လိုက်တယ်ဆိုတော့ သူမက စိတ်ထိခိုက်သွားတာပေါ့…” ရှောင်ရှောင်လုံက ပုဖန်ကို ကြည့်၍ ရယ်မောပြောဆိုလိုက်သည်။
ပုဖန်က နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ ထို့မုန့်ကို ပြုလုပ်ထားသူက ရှောင်ယန်ယု ဖြစ်သော်လည်း အရသာက အလွန်အမင်း ဆိုးဝါးလှပေသည်။ သူက ပြန်ပြင်ပြောရန် စိတ်ကူးးခြင်းမရှိချေ။ သို့သော် သူတို့သုံးယောက်က သူ့ကို လာရောက်အဖော်ပြုပေးသောကြောင့် တစ်ခုခု ပြန်လုပ်ပေးရန် စဉ်းစားမိလေသည်။
“သူတို့အတွက် ဟင်းပွဲချက်ပြုတ်ပေးရင်ရော …”
ပုဖန်က တွေးတောလိုက်ပြီး ချက်ချင်းပင် ခေါင်းခါလိ်ုက်သည်။ ထိုသုံးယောက်က သူ့ဆိုင်မှ အကြီးဆုံး ဖောက်သည်များ ဖြစ်သောကြောင့် ဆိုင်မှ ဟင်းပွဲအရသာများကို ရင်းနှီနေပြီဖြစ်သည်။ ထို့ကြောင့် ဟင်းပွဲ ချက်ပြူတ်ပေးခြင်းက စိတ်ရင်းမှန်ကို ပြသခြင်း မဖြစ်နိုင်တော့ချေ။
“နေဦး… ဒီနေ့ညက နွေဦးရာသီပွဲတော် မတိုင်ခင် ညဆိုတော့ ကမ္ဘာမြေနဲ့ ယှဉ်ပြောမယ်ဆိုရင် နှစ်သစ်ကူးအကြိုညပဲပေါ့…”
ပုဖန်က စဉ်းစားမိလိုက်ပြီး ထိုင်ခုံမှ ထ၍ ပြောဆိုလိုက်သည်။
“ငါ့ကိ်ု အချိန်ခဏလောက်ပေးပါ… ဒီညအတွက် ငါတစ်ခုခု သွားပြင်ဆင်လိုက်ဦးမယ်….”
“ပိုင်ရှင်ပုက ငါတို့အတွက် စားစရာ ချက်ပေးမလိုပလား….”
ရှောင်ရှောင်လုံတို့ သုံးယောက်လုံး၏ မျက်၀န်းများက တောက်ပလာလေသည်။ ပုဖန်၏ လက်ရာက အလွန်ထူးဆန်းလှပြီး ဘယ်လောက်စားစား ရိုးသွားခြင်းမရှိချေ။ ယခုအခါ ပထမအကြိမ်အဖြစ် ပုဖန်က သူတို့အတွက် ချက်ပြုတ်ပေးမည်ကို တွေးနေကြပြီး မျှော်လင့်ချက်အပြည့်နှင့် စောင်းဆိုင်းနေကြသည်။
တခဏမျှ ကြာသွားပြီးနောက် ပုဖန်က ကြီးမားသော ဇလုံတစ်ခုကို သယ်ဆောင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာလေသည်။
“အန်… ပိုင်ရှင်ပုက ဘာတွေလုပ်နေတာလဲ….”
သူတို့က ပုဖန်ကို လှမ်းကြည့့်လိုက်ပြီး မေလိုက်ကြလေသည်။ သို့သော် ပုဖန်က ရှင်းမပြပဲ ဇလုံကို သူတိ်ု့ရှေ့တွင် ချလိုက်လေသည်။ ဇလုံထဲတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ကောက်ညှင်းဆန်မှုန့်များကို ကိုဖြည့်ထားလေသည်။ ပုဖန်က နွေဦးစမ်းရည်အချို့ကို ကောက်ညှင်းဆန်မှုန့်များထဲသို့ လောင်းထည့်လိုက်ပြီး လက်ဖြင့်မွှေလိုက်လေသည်။
“ပိုင်ရှင်ပု… မင်းဘာလုပ်မို့ ပြင်ဆင်နေတာလဲ…” ရှောင်ရှောင်လုံက သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်မိသည်။
“ဘာမှ မေးမနေနဲ့… ကြည့်သာ ကြည့်နေ…”
ပုဖန်က ပြန်ပြောလိုက်ပြီး အစစ်အမှန်စွမ်းအင်များကို ထုတ်လွတ်လိုက်ပြီး လက်အိတ်တစ်ခုကဲ့သို့ လက်ကို ဖုံးအုပ်လိုက်သည်။
ဘန်း…
ပုဖန်က ဇလုံထဲသို့ လက်သီးနှင့် ထိုးလိုက်ရာ ကျယ်လောင်သော အသံက ထွက်ပေါ်လာလေသည်။ သူ၏ စွမ်းအင်ကို အတိအကျ မထိန်းချုပ်နိုင်လိုက်သောကြောင့် ဇလုံက အနည်းငယ် တုန်ခါသွားလေသည်။ ထို့နောက် လက်သီးကို ပြန်မလိုက်ပြီး ထပ်မံ၍ ထိုးနှက်လိုက်လေသည်။ ကျယ်လောင်သောအခံများက ဆူညံစွာ ထွက်ပေါ်နေလေသည်။
ရှောင်ရှောင်လုံတို့ သုံးယောက်က ပုဖန်၏ အကြမ်းပတမ်း လှုပ်ရှားမှုများကို ကြည့်၍ ကြက်သေသေနေကြလေသည်။
“သူ… သူက အစားအသာက်လုပ်နေတာရော ဟုတ်ရဲ့လား… သူ့ရဲ့ဒေါသတွေကို ဖေါက်ခွဲနေတာနဲ့ ပိုတူနေသလိုပဲ..”
“ဒီ… ဒီလက်သီးသာ လူတစ်ယောက်ပေါ်ကို ကျသွားမယ်ဆိုရင်တော့…..”
အကြိမ်များစွာ ထိုးနှက်လိုက်ပြီးနောက် ပုဖန်၏ အမူအယာက အနည်းငယ် နူးညံ့သွားသော်လည်း လက်သီးချက်များမှ ကျယ်လောင်သော အသံက ထွက်ပေါ်နေဆဲပင် ဖြစ်သည်။
ဒါ… ဒါ…
ရှောင်ရှောင်လုံက ပုဖန်၏ လက်တွင် ဖုံးလွမ်းနေသော အစစ်အမှန် စွမ်းအင်များကို ကြည့်၍ အော်ငိုမိမတက်ပင် ဖြစ်သွားလေသည်။ ထိုအချိန်တွင် ပုဖန်က လက်ကို မြှောက်လိုက်ရာ ပိုချည်မျှင်ကဲ့သို့သော အမျှင်များက လက်မှ တွဲကျနေပြီး အစစ်အမှန် ပိုးချည်မျှင်ထက်ပင် ပါးလွားနေလေသည်။
ဘန်း…
ပုဖန်က နောက်ဆုံးတစ်ချက် ထိုးလိုက်ပြီးနောက် အစစ်အမှန် စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်ရာ ကပ်ညိနေသော ပိုးချည်မျှင်များက ပျောက်ကွယ်သွားလေသည်။ ရှောင်ရှောင်လုံတို့က သိချင်စိတ်ကို မထိန်းနိုင်ပဲ ဇလုံထဲသို့ ကြည့်လိုက်ကြသည်။
ကြည်လင်နေသော သလင်းကျောက်တုံးသဏ္ဍာန် ကောက်ညှင်းတုံးကို ဇလုံထဲတွင် တွေ့လိုက်ကြလေသည်။ ထိုကောက်ညှင်းတုံးမှ အမွှေးနံ့များ ထွက်ပေါ်နေသောကြောင့် တံတွေးများကို မြိုချလိုက်ရသည်။
“စိတ်ပုပ်သူဌေး… ဒါက နင့်ရဲ့ လက်သီးကို သုံးပြီးတော့ ချက်ရတဲ့ ဟင်းလား… စားလို့ရော ရရဲ့လား…” ကွမ်းရှောင်ယီက မေးလိုက်လေသည်။
“စားလို့ရတယ်… ဒါပေမယ့် အရသာရှိအောင် နည်းနည်းပြင်ဆင်ရဦးမယ်… တစ်ကယ်လို့ မင်းရဲ့ အစစ်အမှန် စွမ်းအင်တွေကို ကောင်းကောင်း ထိန်းချုပ်နိ်ုင်မယ်ဆိုရင် မင်းအိမ်မှာ ပြန်လုပ်စားလို့ ရတယ်…” ပုဖန်က ပြန်ဖြေလိုက်သည်။
“ဒီ… ဒီစားစရာရဲ့ နံမည်ကိုရော ဘယ်လိုခေါ်လဲ…” ရှောင်ယန်ယုက ချိုသာသော အသံနှင့် မေးလိုက်လေသည်။
“ဒါကို ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်လို့ ခေါ်တယ်…”
ပုဖန်က ပြန်ဖြေလိုက်ပြီးနောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓါးကို ထုတ်၍ မုန့်ကို လေးပိုင်းပိုင်းလိုက်လေသည်။ ပုဖန်က ဇလုံကို မီးဖိုခန်းအတွင်း ပြန်ယူသွားလိုက်ပြီး မုန့်များကို ပန်းကန်အတွင်း ပြောင်းထည့်လိုက်သည်။ ထို့နောက် ပန်းကန်ပြားများကို ဝါးပေါင်းအိုးအတွင်း ထည့်ပေါင်းလိုက်လေသည်။
“အထဲကို ၀င်လာခဲ့ကြ…” ပုဖန်က အပေါက်၀တွင် ထိုင်နေဆဲဖြစ်သော သုံးယောက်ကို လှမ်းခေါ်လိုက်သည်။ ထိုသုံးယောက်ကလဲ ဆိုင်အတွင်းသို့လျင်မြန်စွာ ၀င်လာလေသည်။
စားပွဲပေါ်မှ နှစ်ဦးကိတ်၏ အရောင်နှင့် အသွင်အပြင်က ပြောင်းလဲသွားခြင်းမရှိသော်လည်း သူ၏ အနံပက အလွန်မွှေးပျံ့ ကြိုင်လှိုင်နေပြီး ပိုးချည်မျှင်များကဲ့သို့ သူတို့၏ နှာခေါင်းပေါက်အတွင်း ၀င်ရောက်လာလေသည်။ ချိုမြန်သော မွှေးရနံ့က သူတို့၏ စားချင်စိတ်ကို လှုံ့ဆော်လိုက်ရာ သုံးယောက်သား သားရေများ ကျလာလေသည်။
“မြည်းကြည့်ကြပါဦး … ဒီနှစ်ဦးကိတ်ကို နွေဦးပွဲတော် မတိုင်ခင်ရက်မှာ စားပေးရတယ်… အဲလိုဆိုရင် နှစ်သစ်မှာ အခွင့်အလမ်းကောင်းတွေပဲ ကြုံရလိမ့်မယ်….” ပုဖန်က ပြောလိုက်သည်။
ပိုးမျှင်တစ်ထောင်ကိတ်ကို ပြုလုပ်ရန်အတွက် လိုအပ်သော ပါ၀င်ပစ္စည်းများကို ပုဖန်ကသူ၏ သလင်းကျောက်များကို အသုံးပြု၍ ၀ယ်ယူထားခြင်း ဖြစ်သည်။ သို့သော် သူတို့သုံးယောက် လာရောက်လည်ပတ်ခြင်း၏ နောက်ကွယ်မှ သဘောထားက အနည်းငယ်မျှသော သလင်းကျောက်များနှင့် မနှိုင်းယှဉ်နိုင်ပေ။ ထို့ကြောင့် ပုဖန်က သူ၏ သလင်းကျောက်များကို ဂရုမစိုက်ပဲ ချက်ပြုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ရှောင်ယန်ယုက ပျော်ရွှင်စွာဖြင့် သူမ၏ တူကို အသုံးပြု၍ နှစ်ဦးကိတ်ကို ကောက်ယူလိုက်သည်။ သူမ၏ နီမြန်းစိုစွတ်သော နှုတ်ခမ်းလေးများကို ဖွင့်၍ မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် သူမ၏ လှပသော မျက်၀န်းလေးများက ပြူးကျယ်လာပြီး မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။
“ဒါ… ဒါကို ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်လို့ ခေါ်တာလား…”