အပိုင်း ၁၄၄
Viewers 53k

အခန်း ၁၄၄ “နွေဦးပွဲတော် ရောက်ပြီ…”


ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်ကို ပါးစပ်ထဲထည့်လိုက်သည်နှင့် နူးညံ့အိစက်သော ဖော့တုံးတစ်ခုကို ကိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ယန်ယု၏ သွားဖြူဖြူလေးများက မုန်သားများအတွင်း နစ်၀င်သွားသည်နှင့် ချိုမြသော မုန့်အရသာက ပါးစပ်အတွင့် ပျံ့နှံ့သွားပြီး ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။


သူမ၏ ကမ္ဘာကြီးတစ်ခုလုံးကို ချိုမြန်မှုများနှင့် ပြည့်နှက်လာသည်ဟု ရှောင်ယန်ယုက ခံစားလိုက်ရသည်။ သူမက ရုတ်တရက် တုန်လှုပ်သွားပြီး သူမ၏ မျက်နှာက မှန်ဖျော့သွားလေသည်။ ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်က ပါးစပ်အတွင်း ပျော်ဆင်းသွားသည်နှင့် နှစ်ဦးကိတ်ကဲ့သို့ သူမ၏ အ၀တ်အစားများကလဲ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။


“ဘယ်လောက်ရှက်စရာ ကောင်းလိုက်လဲ….”


တစ်ချိန်ထဲမှာပင် ရှောင်ရှောင်လုံကလဲ ရှောင်ယန်ယုနှင့် တစ်ထပ်တည်း တူညီစွာ ခံစားနေရလေသည်။ ပုဖန်က ရှောင်ရှောင်လုံံကို ကြည့်လိုက်ပြီးနောက် နီရဲနေသော သူ၏ မျက်နှာကြောင့် ဆွံ့အသွားလေသည်။


“ဘာတွေ ဖြစ်နေတာလဲဟ…”


“ဘယ်လောက်တောင်အရသာ ရှိလိုက်လဲ….” ကွမ်းရှောင်ယီက တက်ကြွသော အမူအယာနှင့် ကျယ်လောင်စွာ ချီးမွန်းလိုက်သည်။


“စိတ်ပုပ်သူဌေးလုပ်တဲ့ မုန့်အသစ်ကို စားရတာ တော်တော့်ကို ပျော်ဖို့ ကောင်းတာပဲ … ပြီးတော့ ဒီမုန့်ကလဲ အရမ်းကို အရသာရှိတယ်….”


“အရမ်းမြန်မြန် မစားနဲ့လေ… ဒိမုန့်ကို ဖြည်းဖြည်းချင်း အရသာခံပြီး တစ်စိမ့်စမ့် စားသင့်တာ… မဟုတ်ရင် သူ့ရဲ့ အရသာအမှန်ကို မသိလိုက်ပဲ နေလိမ့်မယ်…”


ပုဖန်က ပြောဆိုလိုက်ပြီး သူ၏ ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်ကို ယူ၍ စားလိုက်ကြသည်။ ရှောင်ရှောင်လုံတို့ သုံးယောက်က အံ့အားသင့်သွားကြလေသည်။


“ဘာလဲ ဒီကိတ်ထဲမှာ အခြားတစ်ခုခု ရှိနေသေးတာလား….”


သူတို့သုံးယောက်က မုန့်ကို ထပ်ကိုက်လိုက်ကြသည်။ ပုဖန်က မုန့်ကို ပါးစပ်အပြည့်ဝါးနေပြီး သူ၏ မျက်နှာအမူအယာက ခံစားချက်မဲ့နေကာ မျက်၀န်းများက အဝေးတစ်နေရာကို ငေးစိုက်ကြည့်နေလေသည်။ ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်၏ နောက်ကွယ်တွင် အဓိပ္ပါယ်များစွာ ရှိနေလေသည်။


ပိုးမျှင်တစ်ထောင်နှင့် နူးညံ့စွာ ရစ်ပတ်နေသကဲ့သို့ စိတ်ခံစားချက်သာမက စိုးရိမ်ပူပန်မှုများကို လည်း ဖြစ်ပေါ်လာစေနိုင်သည်။ ပုဖန်က ဤ မုန့်ကို ပြုလုပ်ရာတွင် ကိုယ်တိုင်ပြုလုပ်ခဲ့ရုံမကပဲ သူ၏ စိတ်ခံစားချက်များကိုပင် ထည့်သွင်းထားလေသည်။ ထို့ကြောင့် ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်ကို စိတ်ခံစားချက် မုန့်ဟုပင် ခေါ်ဆိုနိုင်လေသည်။


ကွမ်ရှောင်ယီ၏ မျက်၀န်းများကလဲ စိုစွတ်လာလေသည်။ အကြောင်းပြချက်မရှိပဲ သူမ၏ ရင်ထဲတွင် နင့်နင့်နဲနဲ ၀မ်းနဲလာပြီး မျက်ရည်များ အလိုလို ကျလာလေသည်။


“ဒီခံစားချက်က ထူးဆန်းလိုက်တာ… ဘယ်လိုဖြစ်လို့ အထီးကျန် ၀မ်းနဲနေရတာလဲ….”


ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့က စကားမပြောသော်လည်း သူတို့၏ ၀မ်းနည်းနေသော မျက်နှာအမူအယာကို ကြည့်လိုက်ရုံနှင့် မုန့်၏ အကျိုးသက်ရောက်မှုကို ခံနေရမှန်း သိသာနေလေသည်။ မကြာခင်မှာပင် သူတို့အားလုံး စားသောက်ပြီးစီးသွားလေသည်။


“အမ.. ငါ ဒီနှစ်ဦးကိတ်ကို စားပြီးတော့ အမေ အိပ်ယာထဲ လဲနေတဲ့ သုံးနှစ်တာကို သတိရသွားပြီး အရမ်း၀မ်းနဲလာတယ်…” ရှောင်ရှောင်လုံက လေသံတိုးတိုးနှင့် ပြောလိုက်လေသည်။


ရှောင်ယန်ယုက မျက်လုံးများကို မှိတ်၍ အသက်ပြင်းပြင်းရှူလိုက်ကာ နူးညံ့စွာ ပြုံး၍ ပြောလိုက်လေသည်။


“ငတုံးလေး…. အမေက အခု နိုးလာပြီလေ…..”


ရှောင်ယန်ယုက ပိုးမျှင်တစ်ထောင် နှစ်ဦးကိတ်ကို စားပြီးနောက် မုန့်၏ အနှစ်သာရကို သိသွားသော်လည်း ပုဖန်ပြောလိုသော အကြောင်းရင်းမဟုတ်သည်ကို သိနေလေသည်။


“မင်းတို့အိမ်ပြန်ရောက်ရင် မင်းတို့အမေကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး မုန့်က အရမ်းကို အရသာရှိတယ် …” ပုဖန်က အိမ်ပြန်ရန် ပြင်ဆင်နေသော သုံးယောက်ကို နှုတ်ဆက်လိုက်လေသည်။


ရှောင်ယန်ယုက အံ့အားသင့်သွားသော်လည်း ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။


“အိုး… သူက ကျေးဇူးတင်တယ်ဆိုတာကို ပြောတတ်တာပေါ့… ဒါက တော်တော်ထူးဆန်းသွားပြီ…”


“ကောင်းပြီ … ငါက အမေ့ကိုပြောလိုက်ပါ့မယ်… အချက်အပြုတ်ကောင်းတယ်လို့ ပိုင်ရှင်ပုရဲ့ ချီးမွန်းခြင်းကို ခံရတဲ့လူကလဲ ရှားတယ်ဆိုတာကိုပါ ထည့်ပြောလိုက်ပါ့မယ်…”


ရှောင်ယန်ယု၏ စကားကို ပုဖန်က ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်လေသည်။ သူတို့သုံးယောက် ပျောက်ကွယ်သွားသည်အထိ ပုဖန်က ကြည့်နေလိုက်ပြီးမှ တီးတိုးရေရွတ်လိုက်လေသည်။


“ဒါက အမှန်တရားပဲလေ…. သူမရဲ့ မုန့်နယ်တဲ့ စွမ်းရည်က မဆိုးဘူး….ပီးတော့ မုန့်ကို ပေါင်းခံတဲ့နေရာမှာ အပူချိန်ကို ထိန်းချုပ်တာလဲ အရမ်းကို ကောင်းမွန်တယ်…”


ပုဖန်၏ ရေရွတ်သံက မကျယ်သော်လည်း လမ်းကြားထဲတွင် အလွန်တိတ်ဆိတ်နေသောကြောင့် အမှောင်ထဲမှ ရှောင်ယန်ယုက ကောင်းစွာ ကြားလိုက်ရသည်။ သူမက တခဏမျှ တုံ့ဆိုင်းသွားပြီး တွေးလိုက်မိသည်။


“အော်… ပိုင်ရှင်ပုက ဘယ်လိုယဉ်ကျေးရမယ်ဆိုတာကို သိသေးတာပဲ….”


လမ်းကြားလေးထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်ကြီးစိုးသွားလေသည်။ ပုဖန်က အစွမ်းကုန် ထွန်းလင်းတောက်ပနေသော လနှစ်စင်းကို မော့ကြည့်လိုက်ပြီး ကျေနပ်စွာပြုံးလိုက်လေသည်။ ထို့နောက် ဆိုင်တွင်းသို့ ပြန်၀င်သွားလိုက်ပြီး တံခါးပိတ်လိုက်လေတော့သည်။


“လူငယ်လေး… စနစ်က ဆုတွေကို ဖော်ပြထားပြီးပါပြီ … ဆုတွေကို စစ်ဆေးကြည့်ပါဦး..” စနစ်၏ တည်ငြိမ်သော အသံက သူ၏ စိတ်ထဲတွင်ပေါ်ထွက်လာသောကြောင့် ပုဖန်က အံ့အားသင့်သွားလေသည်။


သူ့ဆိုင်ကို အလည်လာသော ကွမ်းမိသားစုကြောင့် စနစ်နှင့် စကားစပြတ်သွားပြီး ဆုများကို မေ့နေလေသည်။ ပုဖန်က ချက်ချင်းပင် စနစ်၏ ဖော်ပြချက်အတွင်း ၀င်၍ ဆုများကို စစ်ဆေးလိုက်လေသည်။


ပိုင်ရှင်… ပုဖန်


လိင် အမျိုးသား


အစစ်အမှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့် ပဉ္စမအဆင့်.. (အစစ်အမှန်စွမ်းအင်ကို အသုံးပြုပြီး ပစ္စည်းများကို ပြုလုပ်နိုင်ပါပြီ။ ဆန်းကျယ်သော ကမ္ဘာထဲတွင် အချက်အပြုတ် နတ်ဘုရားတစ်ပါးဖြစ်လာနိုင်ရန် အစစ်အမှန်စွမ်းအင်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ဖန်တီးပြီး အရသာရှိတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ… အလုပ်ကို ကြိုးစားပါ.. လူငယ်လေး)


ချက်ပြုတ်ခြင်းစွမ်းရည် ကြယ်တစ်ပွင့်


ကျွမ်းကျင်မှုများ အဆင့်နှစ် ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာ.. (10/100) အဆင့်တစ် ခုနစ်စင်ကြယ်အသားလွှာ ထွင်းထုခြင်းနည်းလမ်း (30/100)


ကရိယာများ…. ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ( နတ်ဘုရားအဆင့် )


ချက်ပြုတ်ခြင်းနတ်ဘုရား အဆင့်သတ်မှတ်ချက် ဂျူနီယာ စားဖိုမှုး( သင့်ရဲ့ စွမ်းရည်တွေ သော့ပွင့်သွားပါပြီ… အစစ်အမှန် စွမ်းအင်တွေကို အသုံးပြုပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့် ဟင်းပွဲတွေကို ရှာဖွေပါ… ဖြတ်တောက်ခြင်းနှင့် အသားလွှာထွင်းထုခြင်း နည်းစနစ်တွေမှာ အဆင့်တက်အောင်ကြိုးစားပြီး ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာမယ့် နည်းပညာလမ်းကြောင်းအတိုင်းလေ့လာသင်ယူပါ )


စနစ်၏အဆင့် ကြယ်ငါးပွင့် ( ပြောင်းလဲမှုအချိုး ခုနစ်ဆယ်ရာခိုင်နှုန်း… ရှာဖွေ ဖမ်းဆီးလာသော ပါ၀င်ပစ္စည်းများကို အပြင်သို့ ယူခွင့်ပြုသည်။)


စနစ်မှ ဆု သက်တန့်ရောင်မုန့်လုံး ပြုလုပ်ခြင်းနည်းလမ်းနှင့် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစတစ်ခု ( 1/3)


“သက်တန့်ရောင်မုန့်လုံး…”


ပုဖန်က ဇဝေဇ၀ါနှင့် ပြန်မေးလိုက်မိသည်။ သက်တန့်ရောင်မုန့်လုံးကို သူက ရင်းနှီးနေပေသည်။ ထိုမုန့်က ဖက်ထုပ်အမျိုးအစားတစ်ခုသာ ဖြစ်ပြီး ပေါင်းခံခြင်းနှင့် ပြုတ်ခြင်းသာ ကွာခြားပေသည်။ စနစ်မှ ပေးသော သက်တန့်ရောင် မုန့်လုံးက မည်သည့်အမျိုးအစားမှန်း သေချာမသိသော်လည်း စနစ်၏ ချက်ပြုတ်ရေးနည်းလမ်းများက သူ့ကို စိတ်ပျက်စေလိမ့်မည့်မဟုတ်ပေ။


ပုဖန်က ချက်ချင်းမီးဖိုချောင်သို့၀င်၍ သက်တန့်ရောင်မုန့်လုံးကို ချက်ပြုတ်ချင်သော်လည်း တခဏမျှ စဉ်းစားလိုက်ပြီး ရပ်တန့်လိုက်လေသည်။ အစောပိုင်က ပိုမျှင်တစ်ထောင် နှစ်ဦးကိတ်ကို ပြုလုပ်ရာတွင် သူ၏ စွမ်းအားများကို သုံးစွဲထားရသောကြောင့် ယခုမုန့်အသစ်ကို ပြုလုပ်ရာတွင် စွမ်းအားများကို ထိန်းချုပ်နိုင်မည်မဟုတ်သောကြောင့် အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်သည်။


ဘုရင်အဆင့်တစ်ယောက် ဖြစ်လာသော်လည်း ပုဖန်အတွက် ကောင်းစွာ အိပ်စက်အနားယူခြင်းက အလွန်အရေးကြီးနေသေးပေသည်။ ဆိုင်ငယ်လေး၏ အပြင်ဘက်မှ လမ်းမထက်တွင် မီးရှူးမီးပန်းများ ဆက်လက်ပစ်လွှတ်နေကြပြီး ကလေးများကလဲ ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။


အင်ပါယာမြို့တော်အတွင်းရှိ လူတိုင်းက နှစ်သစ်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသောကြောင့် နွေဦးပွဲတော်က ပိုမိုအသက်၀င်ကာ စည်ကားလာလေသည်။


နက်မှောင်နေသော ကောင်းကင်ယံထက်တွင် လနှစ်စင်းက တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်လာကြသည်။ လနှစ်စင်း တစ်ထပ်တည်းကျသွားသည့် အချိန်ကို နွေဦးပွဲတော်ဟု သတ်မှတ်၍ ပွဲတော်များ ကျင်းပကြလေသည်။


ပုဖန်က အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး တောက်ပနေသော လများကို ပြတင်းပေါက်မှ ကြည့်နေပြီး ပျော်ရွှင်လာသော ခံစားချက်ကို ရနေလေသည်။


နောက်ဆုံးတွင် လနှစ်စင်းက တစ်ခုနှင့်တစ်ခု ထပ်သွားပြီး တိုင်းသူပြည်သားများ၏ ပျော်ရွှင်ကျယ်လောင်စွာ အော်ဟစ်လိုက်သံက ထွက်ပေါ်လာလေသည်။ တစ်စင်းထဲဖြစ်သွားသော လ၏ ပတ်ပတ်လည်တွင် တောက်ပလှသော အလင်းရောင်များ ဖြာထွက်လင်းလက်နေပြီး ကောင်ကင်ယံတွင်လဲ မီးရှူးမီးပန်းရောင်များနှင့် ထွန်းလင်းနေလေသည်။


လနှစ်စင်းထပ်သွားသည်ကို စောင့်ကြည့်နေသည့် ပုဖန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်စိကို မှိတ်၍ အိပ်ရန် ပြင်ဆင်လိုက်လေတော့သည်။