အပိုင်း ၁၅၄
Viewers 53k

အခန်း ၁၅၄ “ရလာဒ်ကို မကျေနပ်ဘူးဆိုရင် ဘာလို့ မင်းကိုယ်တိုင် မစားကြည့်တာလဲ”


မိသားစုတစ်ရာ စားသောက်ပွဲက နွေဦးပွဲတော်အတွင်းတွင် အင်ပါယာမှ ကျင်းပပေးသည့် တစ်ခုတည်းသော ပွဲတော်ဖြစ်သည်။ နက်နဲသော ကောင်းကင်ဘုံအတွင်းတွင် လေထုထဲမှ လွင့်မျောနေသော ဟင်းပွဲများ၏ ရနံများနှင့် ပြည်သူများ၏ ကျယ်လောင်စွာ ရယ်မောပြောဆိုနေသံများက အလွန်သဟဇာတ ရှိလှပေသည်။


ဂုဏ်သရေရှိ စားဖိုမှုးများ ချက်ပြုတ်ထားသည့် အရသာရှိသော အစားအသောက်များကို စားသောက်ရခြင်းက သူတို့၏ နှလုံးသားများကို ပျော်ရွှင်ကြည်နူးစေပြီး အေးစက်နေသော အချိန်တွင်ပင် နွေထွေးမှုများ ဖြစ်ပေါ်လာပြီး မမေ့နိုင်စရာ ပန်းချီကားတစ်ချပ်အလား ထင်မိနေစေသည်။


သို့သော် မိသားစုတစ်ရာ စားသောက်ပွဲအတွက် နံပါတ်တစ်စားဖိုမှုးကို ရွေးချယ်ရမည့် အချိန်သို့ ရောက်ရှိလာသောကြောင့် နွေးထွေးသော စိတ်ခံစားမှုထဲတွင် နစ်မြုတ်နေ၍ မရတော့ချေ။


ဧည့်သည်များအနေနှင့် ဤနှစ်မိသားစုတစ်ရာ စားသောက်ပွဲမှ ဟင်းပွဲများက အရသာရှိလွန်းပြီး ပျော်ရွှင်မှု ပေးနိုင်သော်ကြောင့် ထိုဟင်းပွဲများကြားမှ အကောင်းဆုံးတစ်ခုကို ရွေးချယ်ရမည်ဆိုလျင် အခြားသူများကို ရက်စက်ရမည် ဖြစ်သောကြောင့် နဖူးကျောများ ရှုံ့သည်အထိ တွေးတောနေကြလေသည်။


သူတို့အနေနှင့် ပျော်ရွှင်ခြင်းလေးမျိုးအသားလုံး ဝိဥာဉ်သားရဲအသားကင် အသားကြပ်တိုက်နှင့် သက်တံ့ရောင် လခြမ်းကွေး ဖက်ထုပ်တို့မှာ သူတို့၏ဘ၀တွှု တစ်ခါမှမကြားဖူးသော ကောင်မွန်လှသည့် ဟင်းပွဲများ ဖြစ်နေလေသည်။ လူများစွာက ရွေးချယ်ရန် အခက်တွေ့နေသော်လည်း ရွေးချယ်မဲပေးရမည်သာ ဖြစ်သည်။


တစ်ယောက်ချင်းစီတိုင်းက မဲပေးခွင့် ရှိနေသောလည်း မဲမပေးလိုက်ပါက မိသားစုတစ်ရာပွဲတော်ကို တက်ရောက်ရသည်က အလဟဿ ဖြစ်သွားပေလိမ့်မည်။


ပုဖန်က ဖက်ထုပ်လုပ်၍ ပြီးသွားသောကြောင့် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ဖက်ထုပ်ရာပေါင်းများစွာ ပြုလုပ်ရသောကြောင့် သူက အလွန်ပင်ပန်းနေပြီ ဖြစ်သည်။


အခြားစားဖိုမှုးများကလဲ သူတို့၏ မီးဖိုခုံကို မှီ၍ ရပ်နေကြသည်။အချို့စားဖိုမှုးများထံတွင် ပစ္စည်းအနည်းငယ် ကျန်နေသေးသော်လည်း မဲပေးရမည့် အချိန် ရောက်နေပြီဖြစ်သောကြောင့် ချက်ပြုတ်နေခြင်းကို ရပ်လိုက်ကြသည်။ ထိုအခြေအနေက မိသားစုတစ်ရာ စားသောက်ပွဲ ပြီးဆုံးခါနီးပြီဟု ဆိုလိုခြင်း ဖြစ်သည်။


စားဖိုမှုးဂျင်၏ မျက်၀န်းထဲတွင် ကူရာမဲ့မှု အနည်းငယ်ကို ခံစားနေရလေသည်။ ပြိုင်ပွဲအတွင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော စားဖိုမှုးများက သူ့ကို ခြမ်းခြောက်နိုင်စွမ်း ရှိသည်ကို ခံစားနေရသည်။ ပုဖန်နှင့် ချင်းယန်ကျန့်က ညီအကိုနှစ်ယောက်၏ ဟင်းချက်စွမ်းရည်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်မြတ်နေလေသည်။


ဂျိချန်းရွဲ့က မတ်တပ်ထရပ်လိုက်ပြီး သားမွှေးခြုံလွှာကို ပခုံးပေါ်သို့ လွှမ်းခြုံလိုက်ပြီး လမ်းကြောင်းအတိုင်း လျောက်လာလိုက်ပြီး နက်နဲသော ကောင်းကင်ဘုံတစ်ခွင်ကို လွှမ်းခြုံကြည့်လိုက်သည်။


“ဒီနှစ် မိသားစုတစ်ရာပွဲတော်မှာလူတိုင်းကို စိတ်ကျေနပ်စေတဲ့ ဟင်းပွဲတွေရှိလား….” ဂျိချန်းရွဲ့၏ သြဇာအာဏာရှိသော အသံက နက်နဲသောကောင်းကင်ဘုံ တစ်ခွင်ကို လွှမ်းခြုံသွားလေသည်။


ပုဖန်က ဂျိချန်းရွဲ့၏ ရှည်လျားလှသော စကားကို နားထောင်နေရာမှ ဖက်ထုပ်အချို့ကို ပြုလုပ်လိုက်လေသည်။ ဖက်ထုပ်ပေါင်းများစွာကို ပြုလုပ်ပြီးနောက်သူကလဲ ဖက်ထုပ်စားချင်လာပြီဖြစ်သည်။ ရေထဲတွင် ပေါလေပေါ်နေသော ဖက်ထုပ်များကို ဆယ်ယူလိုက်ပြီး ပန်းကန်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် ဖက်ထုပ်တစ်ခုကို ကောက်ယူလိုက်ပြိး တစ်ကိုက်ကိုက်လိုက်လေသည်။


မွှေးပျံ့သော ရနံ့ သူ၏ နှာခေါင်းအတွင်း ရိုက်ခတ်လာသောကြောင့် ရစ်မူးပျော်ရွှင်သွားလေသည်။ ထိုသက်တံံ့ရောင် မွှေးရနံ့က အထူးပြင်ဆင်မှုများကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုလျို့ဝှက်ချက်က ဂျုံမှုန့်အတွင်းတွင် ဖြစ်သည်။ ပုဖန်က ဂျုံနယ်သည့်အချိန်တွင် သူ၏ စွမ်းအင်များကို ထည့်သွင်းထားသောကြောင့် အထဲတွင် အစစ်အမှန်စွမ်းအင်များ ခိုအောင်းနေလေသည်။


ဖက်ထုပ်ကို ရေနွေးဆူဆူထဲသို့ ပစ်ထည့်လိုက်သောအခါ ပါ၀င်ပစ္စည်းများနှင့် အစစ်အမှန် စွမ်းအင်များ ရောနှောသွားပြီး အရောင်အမျိုးမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မွှေးရနံ့၏ ပုံရိပ်က အစစ်အမှန်မဟုတ်ပဲ တံလျပ်တစ်ခုကဲ့သို့ မြင်ယောင်နေခြင်းဖြစ်ပြီး မွှေးရနံ့ကသာ အစစ်အမှန် ဖြစ်သည်။


ပုဖန်က နှလုံးသားကို နွေးထွေးစေသော ဖက်ထုပ်ပြုတ်ရည်ကို ပါးစပ်အပြည့် သောက်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။ ထို့နောက် ဖက်ထုပ်ကို နောက်တစ်ကိုက် ကိုက်လိုက်ရာ ကောင်းမွန်သော အရသာက သူ့ကို စိတ်ကျေနပ်မှု ပေးစွမ်းနေလေသည်။


တစ်ခါတစ်ရံတွင် သာမာန်ဖက်ထုပ်တစ်ပွဲက လူတစ်ယောက်၏ စိတ်ခံစားမှုများကို အလွန်ကျေနပ်သွားစေနိုင်သည်။ ပုဖန်က ဖက်ထုပ်တစ်ပွဲ စားပြီးနောက် ဂျိချန်းရွဲ့က သူ၏ ရှည်လျားလှသော မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီဖြစ်သည်။ အဆင့်မြင့် အရာရှိများနှင့် ပြည်သူပြည်သားများကို ကိုယ်စားပြုသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် ပွဲမစမီတွင် အရေးမပါသော စကားများကို ပြောဆိုနေရလေသည်။ ပုဖန်က ထိုကိစ္စများနှင့် ရင်းနှီးကျွမ်း၀င်နေပြီဖြစ်သည်။ ( ဘာမှမပြောဘူးနော်.. အထဲမှာရေးထားတာ)


ဂျိချန်းရွဲ့က မိန့်ခွန်းပြောပြီးနောက် သူ၏ ထိုင်ခုံသို့ ပြန်သွားလိုက်သည်။ ထို့နောက် မိန်းမစိုးတစ်ယောက်က ရှေ့သို့ ထွက်လာပြီး အသံစူးစူးနှင့် စည်းမျဉ်းများကို ကြေညာလိုက်သည်။


“သင်တို့ရဲ့ လက်ထဲမှာ ကြေးပြားတစ်ပြားဆီ လာပေးလိမ့်မယ်… အဲဒီကြေးပြာက သင်တို့ရဲ့ မဲကို ကိုယ်စားပြုတယ်… ဒီနေ့ ဒီမှာရှိနေတဲ့ စားဖိုမှုးတွေ အများကြီး ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေထဲက သင်တို့ရဲ့ အနှစ်သက်ဆုံးက ဘာဖြစ်မလဲ…”


“သင်တို့ ရွေးချယ်ပီးရင် သင်တို့ရွေးချယ်ထားတဲ့ စားဖိုမှုးရဲ့ ရှေ့က ပန်းကန်ထဲကို လက်ထဲက ကြေးပြားကို သွားထည့်ပေးရမယ်… မဲအများဆုံး ရတဲ့ စားဖိုမှုးက ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ ဆုကို ရလိမ့်မယ်…”


စားပွဲဝိုင်များမှ ပြည်သူများက လက်ထဲမှ ကြေးပြားများကို ကြည့်၍ တီးတိုးပြောဆိုနေကြသည်။ မိန်းမစိုးက မဲစပေးနိုင်ကြောင်း ကြေညာလိုက်သည်နှင့် ပြည်သူများက ခုံမှ ထလိုက်ပြီး စားဖိုမှုးများ ရှိရာသို့ လျောက်သွားလိုက်သည်။


“စားဖိုမှုးဂျင်ရဲ့ ပျောရွှင်ခြင်းလေးမျိုး အသားလုံးက အရမ်းကို အရသာ ရှိတယ်… ငါမင်းကိုမဲပေးမယ်….” လူတစ်ယောက်က ရဲရဲရင့်ရင့် ပြောလိုက်ပြီး သူ၏ ကြေးပြားကို ခေါင်းပြောင်ပြောင်နှင့် စားဖိုမှုးဂျင်၏ ရှေ့မှ ပန်းကန်ထဲသို့ ထည့်လိုက်သည်။


စားဖိုမှုးဂျင်၏ မျက်နှာပေါ်တွင် ပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ အပြုံးတစ်ခု ပွင့်လန်းလာလေသည်။


“ပထမဆုံးလူက ငါ့ကို မဲပေးသွားတာလား…. ကြည့်ရတာတော့ ငါ့ရဲ့ ပျော်ရွှင်ခြင်း လေးမျိုးအသားလုံးက တော်တော့်ကို ကောင်းပုံပဲ…”


စားဖိုမှုးဂျင်က သူ၏ ခေါင်းပြောင်ပြောင်ကို ပွတ်လိုက်ပြီး ကမ္ဘာကြီးက ပိုမိုလှပလာသည်ဟု ခံစားလိုက်ရသည်။ သူက အဝေမှ ပုဖန်ကို လှောင်ပြောင်ဟန်နှင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ဘေးမှ ကြက်ပေါင်ကိုအဆက်မပြတ် စားသောက်နေသော အားလုကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။


“ပထမမဲ ရပြီဆိုတော့… ဒုတိယမဲရော…”


“ဖက်တီး မင်းရဲ့ အသားကင်က အရမ်းကို အရသာရှိတယ်… ဒီအမက မင်းကိုမဲပေးမယ်….”


“ဒယ်အိုးမဲကြီး လွယ်ထားတဲ့ စားဖိုမှုး မင်းရဲ့ ဝိဥာဉ်သားရဲကင်က အရမ်းအရသာရှိလို့ ငါက စားနေတာကိုတောင် မရပ်တန့်တိုင်ဘူး…..”


“ပိုင်ရှင်ပု.. မင်းက အရမ်းချောမောခန့်ညားတာပဲ… မင်းရဲ့ ဖြတ်တောက်ခြင်း နည်းပညာက ငါ့ရဲ့မျက်လုံးတွေကိုတောင် ကွယ်သွားစေတယ်…. မင်းရဲ့ဟင်းပွဲကလဲ အရမ်းကို အရသာရှိလွန်းတယ်…”


“ပိုင်ရှင်ပု… ငါနင့်အတွက် ကလေးမွေးပေးချင်တယ်… ငါနင့်ကို အမြဲတမ်း ကြင်နာသွားမှာပါ…”


“ပိုင်ရှင်ပု… မင်းရဲ့ ဟင်းပွဲက ငါတို့ကိုပျော်ရွှင်စေတယ်… အရသာရှိတဲ့ ဟင်းပွဲတွေကို မင်းဆက်ချက်သွားမယ်လို့ မျှော်လင့်ပါတယ်… ငါတို့ကမင်းအတွက် မဲပေးပေးမယ်…” အသက်ကြီးကြီး စုံတွဲကခပ်ပြုံးပြုံးနှင့် ပြောလိုက်ပြီး သူတို့၏ ကြေးပြားကို ပုဖန်ရှေ့မှ ပန်းကန်ထဲသို့ ထည့်လိုက်လေသည်။


ပုဖန်၏ မျက်နှာပေါ်တွင် ခံစားချက်မရှိသော်လည်း သူ့ရှေ့မှ အသက်ကြီးကြီးစုံတွဲကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ညင်သာစွာ ပြန်ပြောလိုက်သည်။


“ငါအကောင်းဆုံး ကြီုးစားမှာပါ….”


အခြေအနေက တဖြည်းဖြည်းနှင့် တစ်ဖက်သတ်ဆန်လာလေသည်။ စားဖိုမှုးဂျင်က သူ၏ ရှေ့ရှိ ပန်းကန်ပြားထဲမှ ကြေးပြားတစ်ပြားကို ကြည့်၍ ဆောက်တည်ရာမရ ဖြစ်လာလေသည်။


“ငါ.. ငါရမဲ့ နောက်ထပ် ကြေးပြားက ဘယ်မှာလဲ… ငါက အားလုံးရဲ့ ရှေ့မှာ ရှိနေရမှာလေ…”


စားဖိုမှုးဂျင်၏ တောက်ပနေသော ခေါင်းပြောင်ပြောင်ပင် အရောင်မှိန်လာလေသည်။


အားလုက သူ၏အိတ်ကပ်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကျေနပ်နေဟန်နှင့် တစ်ဂျွတ်ဂျွတ် ဝါးစားလိုက်သည်။အခြားတစ်ဖက်တွင် အားလွေက သူ၏ ရှေ့မှ ကြွေပန်းကန်ပြားကို ကြည့်၍ မျက်နှာအမူအယာက မဲမှောင်နေလေသည်။ သူ၏မဲအရေအတွက်က ပုဖန်ထက် နည်းနေလေသည်။


“သူ့ကို ရှုံးသွားတာလား… ဒါလုံး၀မဖြစ်နိုင်ဘူး…. ဒီဟင်းပွဲကိုချက်ဖို့ ငါအများကြီး ကြိုးစားအားထုတ်ထားတာလေ…ဟင်းပွဲထဲမှာဟင်းပွဲရှိနေတဲ့ နည်းစနစ်ကိုတောင် ထည့်သုံးထားတာတောင် ရှုံးသွားသေးတာလား… ရိုးရိုးသာမာန် ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားပြီး ဝိဥာဉ်စွမ်းအင်တောင်မပါတဲ့ ဟင်းပွဲကို ရှုံးနိမ့်သွားတာလား…..”


အားလွေက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး အံကြိတ်ထားလိုက်သည်။ သူက ရှုံးန်ိမ့်မှုကို လက်မခံနိုင်ပေ။


“စိတ်ပုပ်သူဌေး… နင့်ရဲ့ ဖက်ထုပ်က အရမ်းကို စားလို့ကောင်းတယ်.. ဒီဖက်ထုပ်ကို ရော ဆိုင်မှာထည့်ရောင်းမှာလား….” ကွမ်းရှောင်ယီက ပုဖန်အနီးသို့ ရောက်စေသာအခါ တက်ကြွ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။


သူမကလဲ ပုဖန်ကိုသာ မဲပေးလိုက်လေသည်။ ရှောင်ရှောင်လုံ ရှောင်ယန်ယုနှင့် အခြားသူများကလဲ သူတို့၏ ကြေးပြားများကို ပုဖန်ရှေ့မှ ပန်းကန်ထဲသို့ထည့်လိုက်ပြီး နူးညံ့စွာ ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။


အဆင့်မြင့်အရာရှိများကလည်း သူ့ကို လာရောက်မဲပေးကြသည်။ အချို့အရာရှိများက အားလွေ၏ အသားကင်ကို မဲပေးကြသော်လည်း အများစုက ပုဖန်၏ သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်ကို ရွေးချယ်ကြလေသည်။ သူတို့အနေနှင့် ဆိုပါက အားလွေ အသားကင်နည်းလမ်းက ပြီးပြည့်စုံမှုသို့ ရောက်ရှိနေသော်လည်း စိတ်ခံစားမှုများ ထည့်သွင်းချက်ပြုတ်ထားသော ပုဖန်၏ ဖက်ထုပ်ပြုတ်နှင့် မနှိုင်းယှည်နိုင်ချေ။


ဖက်ထုပ် ဟင်းပွဲက သူတို့၏စိတ်ခံစားချက်များကို ပျော်ရွှင်လာစေရုံ မကပဲ မမေ့နိုင်စရာ ဆောင်းရာသီတစ်ခုအဖြစ် စွဲထင်နေစေသည်။ ပုဖန်၏ ဟင်းပွဲတွင် မယုံနိုင်စရာ မှော်စွမ်းအင်များ ပါ၀င်နေလေသည်။


“ဒီရလာဒ်ကို ငါလုံး၀ လက်မခံနိုင်ဘူး… ငါက ဘာလို့ ရှုံးနိမ့်ရမှာလဲ…”


သူ၏ရှေ့မှ ကြေးပြားအနည်းငယ်သာ ရှိသော ပန်းကန်ကို ကြည့်၍ အားလွေ၏ မျက်နှာအမူအယာက ဆိုးဝါးနေလေသည်။ အခြားသူများ၏ ပန်းကန်နှင့် ယှဉ်လိုက်ပါက သူ၏ပန်းကန်ထဲတွင် ကြေးပြားပိုများသော်လည်း အားလွေက ပုဖန်ကို ရှုံးနိမ့်ရသည်ကို လက်မခံနိ်ုင်ချေ။


သူ၏ညီ အားလု၏ ရှေ့မှ ပန်းကန်ပြားထဲတွင်လည်း ကြေးပြားအနည်းငယ်သာ ရှိနေလေသည်။ သို့သော် အားလုက မကျေမနပ် ဖြစ်မနေပဲ ကြက်ပေါင်ကို ကိုက်ဝါးနေပြီး ပျော်ပျော်ရွှင်ရွှင်သာ ရှိနေလေသည်။


“မင်းက ရလာဒ်ကို လက်မခံနိုင်ဘူးလား… ဒီရလာဒ်က မဲပေးပြီး ရလာတဲ့ ရလာဒ်ပဲလေ… ဘာကိုမကျေမနပ်ဖြစ်နေတာလဲ…” ဂျိချန်းရွဲ့က အားလွေကို စိုက်ကြည့်၍ မေးလိုက်သည်။


အားလွေက ဂျိချန်းရွဲ့၏ ကျိုးကြောင်းသင့်လျော်သော စကားများဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ ရလာဒ်ကို ဧည့်သည်များ၏ မဲအရေအတွက်နှင့် ဆုံးဖြတ်ခြင်း ဖြစ်သောကြောင့် လက်မခံနိုင်မရာ မရှိပေ။ ပုဖန်ချက်ပြုတ်ထားသော သက်တံ့ရောင်လခြမ်းကွေး ဖက်ထုပ်တွင် သုံးသော ပါ၀င်ပစ္စည်းများက ဝိဥာဉ်စွမ်းအင် မပါ၀င်သော သာမာန်ပစ္စည်းများ ဖြစ်နေသောကြောင့် သူက လက်မခံနိုင် ဖြစ်နေဆဲပင်ဖြစ်သည်။


သူ၏နေရာတွင် စိတ်ပျက်လက်ပျက် ရပ်နေသော စားဖိုမှုးဂျင်က အားလွေနှင့် ဧကရာဇ်၏ စကားများကို ကြားသောအခါ ခါးမတ်လိုက်ပြီး ထောက်ခံလိုက်သည်။ သာမာန်ပစ္စည်းများက ဝိဥာဉ်စွမ်းအင် ပါ၀င်သော ပစ္စည်းများကို ယှဉ်ပြိုင်၍ မရနိုင်ချေ။ ထိုအချက်က ဤအချက်အပြုတ် ကမ္ဘာကြီးထဲတွင် လက်ခံထားကြသော အမှန်တရာဖြစ်ပြီး ယနေ့တွင် ပုဖန်က ထိုအချက်ကို ချိုးးဖောက်လိုက်ခြင်း ဖြစ်သည်။


“မင်းတို့က ရလာဒ်ကို မကျေနပ်ဘူးဆိုရင် ဘာလို့မစားကြည့်ကြတာလဲ…” ပုဖန်က အားလွေ အားလုနှင့် စားဖိုမှုးဂျင်တိုကို ကြည့်လိုက်ပြီး သူ၏ ပြည့်တင်းနေသော ဗိုက်ကို ပွတ်၍ ပြောလိုက်လေသည်။