တစ်စုံတစ်ယောက်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ရေခဲရေတစ်ပုံးခန့် လောင်းချလိုက်သကဲ့သို့ လင်းရှောင် အေးစက်စက် ခံစားလာရသည်။
သူအမြဲတစေ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်က ဧကရာဇ်ရှေ့တွင် ပေါ်သွားခဲ့ပြီဖြစ်သည်။
ဧကရာဇ်က လင်းရှောင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို စိုက်ကြည့်နေသည်။ သူအလွန်အမင်းစိုက်ကြည့်နေသောကြောင့် လင်းရှောင် ပို၍ရှက်လာသည်။
သို့ရာတွင် ရှက်ရွံ့ခြင်း၏ နောက်ကွယ်တွင် ထိန်းချုပ်မရနိုင်သော ပူလောင်မှုနှင့် စိတ်လှုပ်ရှားမှုများလည်း ဖြစ်ပေါ်နေသည်။ ဧကရာဇ်၏ အကြည့်အောက်မှ ထိုအရာက အရှက်မဲ့စွာဖြင့် ပို၍ပင်ထောင်မတ်လာသည်။ သာယာမှုနှင့် အားနည်းမှုများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားနေသဖြင် လင်းရှောင် အသက်ပြင်းပြင်းသာ ရှုနေရသည်။
ဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။ လင်းရှောင်၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေသော်လည်း ဆေးစွမ်းပြလာသော ခန္ဓာကိုယ်က ပို၍အထိမခံဖြစ်နေသဖြင့် လင်းရှောင်စိတ်လှုပ်ရှားနေသည်။
အလွန်အမင်း ရှက်ရွံ့သွားသဖြင့် လင်းရှောင်က ဧကရာဇ်၏အကြည့်ကို ဖယ်ခွာသွားရန် ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်လိုက်ပြီး ခြေထောက်များကိုလည်း ပူးထားလိုက်သည်ယး။
ဧကရာဇ်က မြင်သွားသည့်အခါ လင်းရှောင်၏ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ပြီး သူ၏ဒူးများဖြင့်ဖိကာ လင်းရှောင်၏ခြေထောက်များကို ကားထားစေလိုက်သည်။ သူ၏လက်များက လင်းရှောင်၏မျက်နှာဘေးတစ်ဖက်တစ်ချက်စီတွင် ထောက်ထားပြီး ခြောက်ခြားဖွယ်ရာအကြည့်များဖြင့် လင်းရှောင်ကို စိုက်ကြည့်နေသည်။
ထိုအကြည့်များဖြင့် ခြိမ်းခြောက်ခံနေရ၍ လင်းရှောင်၏ရင်ထဲတွင် အေးစိမ့်လာသည်။
ဧကရာဇ်၏ အပြုအမူအောက်မှာပင် သူ၏တစ်ကိုယ်လုံးကျုံ့ဝင်မတတ်ဖြစ်နေသည်။ လင်းရှောင်တိတ်ဆိတ်စွာ ညည်းနေပြီး အမြင်အာရုံများလည်း ဝေဝါးလာသည်။
လင်းရှောင် အသက်ပြင်းပြင်းရှုလျက် မျက်မှောင်ကြုတ်နေပြီး အရိုးထဲထိစိမ့်နေသော သာယာမှုကို တွန်းလှန်လျက် လျှာကိုဖိကိုက်ထားမိသည်။ သွေးအရသာနှင့် ဓားဒဏ်ရာမှ နာကျင်မှုက စိတ်ကို ခဏတာကြည်လင်သွားစေပြီး တည်ငြိမ်လာစေသည်။
ဧကရာဇ်က သူနှင့်ပတ်သက်သမျှ အရာအားလုံးကိုသိသည်ဟု ပြောခဲ့သော်လည်း သူ၏မျက်နှာက ပျက်ယွင်းနေသည်။
ဧကရာဇ်က သူနန်းတော်ထဲမှာ လုပ်ခဲ့တာကိုပဲသိပြီး သူ့လျှို့ဝှက်ချက်ကို မသိတာများလား ...
ထိုကိစ္စကို သူသတိပြုမိသည့်အခါ လင်းရှောင်၏မျက်နှာက ပို၍ဖြူဖျော့လာပြီး ရင်ထဲတွင် တသိမ့်သိမ့်တုန်လာသည်။ ဧကရာဇ်က သူ့ကိုလိမ်ညာသော တည်ရှိမှုအားလုံးကို ခွင့်မပြုပေ။
ယခင်က သူလုပ်ပေးခဲ့သမျှကို တွေးမိပြီး သူ့ကိုလွှတ်ပေးခဲ့ခြင်းဖြစ်နိုင်သည်။
ထိုသို့မဟုတ်ပါက နန်းတော်မှထွက်ပြေးမည့် အကြံကို သိသွားချိန်မှစ၍ အခွင့်အရေးပေးတော့မည်မဟုတ်ပဲ ရိုးသားစွာ ဝန်ခံခိုင်းမည်လည်း မဟုတ်ပေ။
သို့သော် သူ၏လျှို့ဝှက်ချက်က ဧကရာဇ် ခန့်မှန်းထားသည်ထက် ကျော်လွန်နေသဖြင့် သူ၏ ဧကရာဇ်အာဏာနှင့် ဧကရာဇ်တစ်ယောက်၏ ရာထူးကို စိန်ခေါ်နေသည်နှင့်ပင် တူနေသည်။ ၎င်းက သူ့အပေါ်တွင် စစ်မှန်ခဲ့သောအရှင်တစ်ယောက်ကို လိမ်ညာမိခြင်းပင်။
သူ့ကိုစောင့်မျှော်နေမည့် အဆုံးသတ်ကို လင်းရှောင်သိရှိနေပြီဖြစ်သည်။
ဒါက သေချာပေါက် သူလိုချင်ခဲ့တဲ့ အဆုံးသတ်တော့ မဟုတ်ဘူး ...
လင်းရှော်၏ ခန္ဓာကိုယ်က ပို၍အားနည်းလာပြီး သတိလစ်မတတ်ဖြစ်နေသည်။
ဧကရာဇ်က အချိန်ကြာမြှင့်စွာ တိတ်ဆိတ်နေပြီးနောက် လင်းရှောင်နားသို့ ကပ်လာသည်။
သူ၏မျက်ဆံများက မှင်အရောင်ကဲ့သို့ မည်းနက်နေကာ အတွင်းမှ ရက်စက်မှုများက သူနီးကပ်လာသဖြင့်အမျှ လင်းရှောင်၏ တစ်ကိုယ်လုံးကို တုန်ယင်လာစေသည်။
" အ ... အရှင်မင်းကြီး ..."
သူ နူးညံ့စွာခေါ်လိုက်ပြီး ဧကရာဇ်ထံမှ ချစ်မြတ်နိုးမှုလက်ကျန်ကို ရှာဖွေနေမိသည်။
သို့ရာတွင် ဧကရာဇ်၏အကြည့်က ပို၍အေးစက်လာသောကြောင့် သူ၏အကြံများ ကျရှုံးသွားကြောင်း သိလိုက်ရသည်။
လင်းရှောင် တုန်ယင်လာပြီး ဖြေရှင်းရန်အသင့်လျော်ဆုံးနည်းလမ်းကို ရှာဖွေနေရသဖြင့် ပိုပြီးကမောက်ကမဖြစ်လာသည်။
ပါးစပ်ဟ၍ ကိစ္စများကို အချိန်ဆွဲရန် ကြိုးစားလိုက်သည်။
" အရှင်မင်းကြီး ဒီအစေခံ ရှင်းပြပါ့မယ် ..."
ထိုစကားများကို ကြားသည့်အခါ ဧကရာဇ်ကမျက်နှာက ဝေခွဲမရဖြစ်လျက် လင်းရှောင်ကို စိုက်ကြည့်နေသည်။ လင်းရှောင် အလျင်အမြန်ပြောလိုက်သည်။
" ဒီနန်းတော်ထဲကို ဝင်လာတုန်းက ကျွန်တော်မျိုးက သန့်စင်ခြင်း(ဝှေးသင်းခြင်း) မလုပ်ခဲ့ရပါဘူး ... ဒါက သေသင့်တဲ့ ပြစ်မှုတစ်ခုဆိုတာ သိပါတယ် ... ကျွန်တော်မျိုးရဲ့ အသက်ဆုံးရှုံးမှာစိုးတာကြောင့် ရွေးချယ်စရာမရှိပဲ အရှင်မင်းကြီးကို အကြိမ်အနည်းငယ်လောက် လိမ်ညာခဲ့ရပါတယ် ..."
ထိုသို့ ပြောနေစဉ်မှာပင် လင်းရှောင်၏စိတ်ထဲတွင် လွတ်မြောက်ရန်နည်းလမ်းကို စဉ်းစားနေမိသည်။ သိူ့သော်လည်း လက်တွေ့ကျသည့် အကြံတစ်ခုမှ ခေါင်းထဲရောက်မလာပေ။ စိုးရိမ်ပူပန်မှုကြောင့်တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလာပြီး ခန္ဓာကိုယ်က ရီဝေဝေ ဖြစ်လာသည်။
ဆေးအစွမ်းကို သူ၏ခန္ဓာကိုယ်က ခံစားနေရသောကြောင့် အိပ်ရာခင်းစနှင့် ပွတ်နေမိသည်။ ဧကရာဇ်၏ အကြည့်များကြောင့် ခန္ဓာကိုယ်မှ အေးစက်သောချွေးများလည်း ကျဆင်းနေသဖြင့် လင်းရှောင်က မီးနှင့်ရေခဲကြားတွင် ပုံရိပ်ယောင်များကိုပါ မြင်ရလုနီးနီးဖြစ်လာသည်။
သူ၏မျက်နှာက အဖြူနှင့် အနီရောင် တစ်လှည့်စီပြောင်းနေသည်။ နဖူးပေါ်မှချွေးစက်များက နားထင်မှာတစ်တင့် ဘေးမှ ခေါင်းအုံးပေါ်သို့ ကျလာသဖြင့် ထိုနေရာတွင် စိုစွတ်နေသော ရေကွက်လေးပင်ဖြစ်နေသည်။
ဧကရာဇ်၏အကြည့်များက အသက်မဲ့နေပြီး မျက်နှာကလည်း တည်ငြိမ်နေသည်။
သူပို၍ တည်ငြိမ်လေ လင်းရှောင်ပို၍ကြောက်လန့်လာလေဖြစ်သည်။ ဧကရာဇ်က မည်သည့်အရာများ တွေးတောနေသည်ကို မသိသည့်အပြင် ဘာလုပ်မည်ကိုလည်း ခန့်မှန်းမရပေ။
လင်းရှောင် စိတ်ထဲမှာ သူ့ကိုယ်သူ မေးနေမိတယ် ... သူ့အသက်လား ဖြောင့်မတ်ခြင်းလား ဘယ်ဟာက ပိုအရေးကြီးလဲ ...
နောက်ဆုံးတွင် လင်းရှောင် ဆုံးဖြတ်ချက်ချလိုက်ကာ အံကြိတ်လိုက်သည်။ သေခြင်းကို မကြောက်ရွံ့သကဲ့သို့ ဧကရာဇ်၏နားကို ဦးစွာချဉ်းကပ်သွားသည်။
သတ္တိများစုစည်း၍ ဧကရာဇ်သမျက်နှာကို အုပ်ကိုင်ထားလိုက်ပြီး ရေခဲတမျှအေးစက်နေသည့် မျက်လုံးများကိုကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ဒီအစေခံက အမှားတွေအများကြီး ကျူးလွန်ထားမိလို့ ခွှင့်လွှတ်မှုကို မတောင်းခံရဲပါဘူး ... ဒါပေမဲ့ အရှင့်အပေါ် ခံစားချက်တွေကတော့ အမြဲတမ်းစစ်မှန်ခဲ့ပါတယ် ..."
ပြောပြီးသည့်နောက်တွင် လင်းရှောင်က ခေါင်းစောင်းပြီး ဧကရာဇ်၏ နှုတ်ခမ်းပါးများကို စုပ်ယူပြီးနမ်းလိုက်သည်။
လင်းရှောင်က ဆေးအရှိန်အောက်တွင် ကျရောက်နေသောကြောင့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းက အထိမခံဖြစ်နေသည်။ ထိုသို့ပြုမူလိုက်ခြင်းက အပူချိန်ကို ခဏသာလျော့ကျသွားစေပြီး ပြန်လည်တောက်လောင်လာစေသည်။ ပါးပြင်များကလည်း သွေးနီရောင်သန်းကာ မျက်လုံးများတွင်လည်း မျက်ရည်များဖြင့် ပြည့်နေသဖြင့် မြင်ကွင်းကို မှုန်ဝါးသွားစေသည်။
ကုန်းကုန်းငယ်လေး၏ နူးညံ့သောနှုတ်ခမ်းများနှင့် သူ၏ကိုးရို့ကားယား အမူအယာကို ဧကရာဇ်က မြင်လိုက်ရသည်။ သူ၏ အနက်ရောင်မျက်ဆံများက အဆုံးမဲ့ နက်မှောင်လာသည်။
ရုတ်တရက် လင်းရှောင်၏ဆံပင်ကို ဆောင့်ဆွဲလိုက်သဖြင့် လင်းရှောင် ကမောက်ကမဖြစ်သွားသည်။
လင်းရှောင်နာကျင်မှုကြောင့် အော်လိုက်မိသော်လည်း နာကျင်မှုများကြားတွင် သာယာမှုများကပ်ပါလာသည်။ ပါးစပ်ဟ၍ ခက်ခက်ခဲခဲ အသက်ရှုနေရပြီး အကြည့်များက ပို၍ ရီဝေလာသည်။
နောက်ဆုံးတွင် ဧကရာဇ်၏အကြည့်များထဲတွင် စိတ်အားထက်သန်မှုအချို့ ပေါ်လာပြီး ဒေါသများကို ချိုးနှိမ်ကာ လင်းရှောင်၏ နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းများဖြင့် ထိကပ်လိုက်ပြီး သူ၏လျှာကပါ လင်းရှောင်၏ခံတွင်းထဲ နေရာမလပ်ရောက်ရှိသွားပြီး ပျားရည်ကဲ့သို့ချိုမြန်မှုများကို ခံစားနေသည်။
" အာ့ .. အင်း .. ဟင်း ..."
လင်းရှောင်သာယာမှုကြောင့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ညည်းညူနေကာ ဧကရာဇ်၏ရင်ခွင်ထဲမှီပြီူ ကျီစယ်ခံနေရသည်။ သူ့ထံမှ ညည်းသံလေးများကလည်း စိတ်ကို နှိုးဆွနေသကဲ့သို့ပင်။
" ဟင်း ..."
လင်းရှောင်၏ လက်ရှိ အခြေအနေကြောင့် မျက်မှောင်ကြုတ်လျက်တင်းခံထားရသော ဧကရာဇ်များ အသံပြု၍ ညည်းညူမိသွားသည်။ ချက်ချင်းပင် ဧကရာဇ်က ခေါင်းခါလိုက်ပြီး လင်းရှောင်ကို စူးစူးရဲရဲကြည့်နေသည်။ အံကြိတ်ထားလျက် လင်းရှောင်၏လက်က်ိုကိုင်ကာ ဖိချလိုက်ပြီး ခန္ဓာကိုယ်အနှံ့ကို အနမ်းကြမ်းကြမ်းများ ပေးနေသည်။
" အား ..."
လင်းရှောင် ကျယ်လောင်စွာ ညည်းနေရသည်။ စိတ်လှုပ်ရှားမှုကို ခန္ဓာကိုယ်မှ ခံစားမိနေသဖြင့် အသံများ အဆက်မပြတ်ထွက်နေမိသည်။
ထိုညက လင်းရှောင်သူ၏ခန္ဓာကိုယ်ကို မည်သည့်အချိန်က သိမ်းပိုက်ခံလိုက်ရမှန်းမသိခဲ့ပေ။ သူသိခဲ့သည်မှာ သူ၏ခန္ဓာကိုယ်ကို အနောက်သို့လှန်လိုက်ပြီး နွေးထွေးသော အနမ်းများစွာပေးခဲ့သည်ကိုပင်။ ထို့နောက် ပြောမပြနိုင်သော ခန္ဓာကိုယ်အောက်ပိုင်းနေရာတစ်ခုက စူးရှစွာနာကျင်လာခဲ့ပြီး နာကျင်မှုနှင့်အားနည်းမှုများက သူ့ကို တသိမ့်သိမ့် တုန်လာစေခဲ့သည်။ ၎င်းက သူ့ကို အနှိုင်းမဲ့သာယာမှုများကိုလည်း ခံစားစေခဲ့သည်။ ထို့နောက်တွင် ဘာဖြစ်ခဲ့သည်ကို သူမမှတ်မိတော့ပေ။
သူထပ်မံ နိုးလာသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်နေပြီး ခါးအောက်ပိုင်းနေရာမှ တဆစ်ကိုက်ခဲနေခဲ့သည်။ ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်သည့်အခါ မင်းကြီးက ...
သူ တောင့်မခံနိုင်၍ ခွင့်လွှတ်ရန် တောင်းပန်ခဲ့သော်လည်း မင်းကြီးက အေးစက်စွာဖြင့် သူ၏ တောင်းပန်သံများကို လျစ်လျုရှု့ခဲ့သည်။
အပြင်ဘက်မှ ကောင်းကင်ကြီးက လင်းထိန်တောက်ပနေပြီဖြစ်သည်။
အရှင်မင်းကြီးနဲ့သူက နောက်ဆုံးတော့ တစ်ညတာအချိန်ကို တူတူကုန်ဆုံးခဲ့တာပဲ ...
လင်းရှောင်က ဖူယွီကျွင်းနှင့် သဘောတူညီထားသည်ကို တစ်ချိန်လုံး တွေးနေခဲ့သည်။ အာရုဏ်တက်ချိန်တွင် ဖူယွီကျွင်းက သူ့ကိုနန်းတော်အပြင်ဘက်တွင် စောင့်နေလိမ့်မည်ဖြစ်သည်။
ဒါပေမဲ့ သူအခုလို အခြေအနေနဲ့ နန်းတော်ကနေ ဘယ်လိုထွက်ရမလဲ ...
ထိုအတွေးများဖြင့် လင်းရှောင် နှုတ်ခမ်းများကိုသာ ခပ်တင်းတင်းကိုက်ထားမိသည်။ သူ၏ ခန္ဓာကိုယ်မှ မခံနိုင်သောနာကျင်မှုနှင့် သာယာမှုများကြောင့် ညှင်းပန်းခံရသကဲ့သို့ ဖြစ်နေသဖြင့် သူ၏မျက်လုံးများ ရီဝေလာပြန်သည်။
နန်းတော်ကနေ လွတ်မြောက်ချင်စိတ်များနေလို့ဖြစ်မယ် သူရဲ့မျက်စိရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာတယ် ...
တိုင်းတစ်ပါးက အဖြူရောင်ဝတ်ရုံကို ရွှေချောင်းလေးများကွပ်ထားသည့် အင်္ကျီကို ဝတ်ဆင်ထားသည့်လူက လက်ပိုက်ကြည့်နေသည်။ ထိုလူမှာ အမြဲတမ်းပြုံးနေတတ်သော်လည်း ယခုအချိန်တွင် မပြုံးနေသည့် ဖူယွီကျွင်းဖြစ်သည်။