အပိုင်း ၄၇
Viewers 12k

လင်းရှောင် နောက်တစ်ကြိမ် သတိလစ်သွားပြီး ပြန်နိုးလာခဲ့သည်။
သူ၏တစ်ကိုယ်လုံး နွမ်းလျလျက် ပါးစပ်ထဲတွင် ခြောက်သွေ့သည်။ သူလဲနေသည့်နေရာမှာ နူးညံ့သော်လည်း အနည်းငယ်လှုပ်ခါနေသည်ကို ခံစားမိနိုင်သည်။ ထိုသို့ လှုပ်ခါနေသည်က သူ့ကို ပို၍မသက်သာလာစေသော်လည်း ခန္ဓာကိုယ်က နူးညံ့သောမွေ့ရာတစ်ခုပေါ်တွင် အိပ်နေရသဖြင့် ဝန်ထုပ်ဝန်ပိုးအနည်းငယ်ကို လျော့သွားစေသည်။
ကြိုးစားပမ်းစားဖြင့် ထထိုင်ရန်ပြင်လိုက်သော်လည်း ခန္ဓာကိုယ်ကို တစ်စုံတစ်ခုဖြင့် ဖိထားသကဲ့သို့ ပို၍နာကျင်လာသည်။ သူ၏ခါးအောက်ပိုင်းတစ်နေရာက ပူလောင်လျက် သံသယဖြစ်ဖွယ်အရည်များ စီးကျနေသည်။
စိတ်ထဲတွင် ယမန်နေ့ညမှ အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် မျက်နှာတစ်ခုလုံးပူနွေးလာသည့်အတွက် ခေါင်းယမ်းလိုက်မိသည်။
နောက်ဆုံးတော့လည်း ... သူက အရှင်မင်းကြီးနဲ့ပဲ...
လင်းရှောင် ခေါင်းငုံ့ပြီး ယမန်နေ့ညအကြောင်း ပြန်စဉ်းစားနေလိုက်မိသည်။ သူ၏လျှို့ဝှက်ချက်က ဧကရာဇ်ထံတွင် ဖော်ထုတ်ခံလိုက်ရသော်လည်း ဧကရာဇ်က မည်သို့ကိုင်တွယ်မည်ကို မရှင်းမလင်းဖြစ်နေသည်။
အဖြစ်ပျက်များကို ပြန်စဉ်စားနေလျက် ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။ သူ၏ရှေ့မှ အရာအားလုံးကို မရင်းနှီးနေသည့်အပြင် သူရောက်နေသည့်နေရာက ကျဉ်းမြောင်းနေသည်။
ဒါက မြင်းလှည်းပေါ်မှာများလား ...
ဒါဆို ခုနက လှုပ်နေတာ မြင်းလှည်း လှုပ်တာပေါ့ ...
လင်းရှောင် ထိတ်လန့်သွားသည်။
သူ ဘယ်ရောက်နေပြန်တာလဲ ...
ဒါ ဘယ်သူ့မြင်းလှည်းလဲ ... သူတို့တွေကရော ဘယ်သွားနေတာလဲ ...
လင်းရှောင် ပို၍စိတ်ရှုပ်ထွေးလာပြီး သူ့ကိုယ်သူသာ အားပြု၍ ထထိုင်လိုက်သည်။ အပြင်ဘက်ကို ပိတ်ဆို့ထားသည့် လိုက်ကာကို ဖယ်လိုက်ပြီး ကြည့်လိုက်သည့်အခါ အနက်ရောင်ဖိနပ်တစ်ရံ ‌ပေါ်လာသည်။
ထို့နောက် လိုက်ကာစကို ပြန်ဆွဲချလိုက်သည်။
အရှင်မင်းကြီးတစ်ယောက်တည်းကသာ အနက်ရောင်ဝတ်ဆင်ရခြင်းကို သဘောကျကြောင်း အားလုံးသိသည့်အတွက် လင်းရှောင် နူးညံ့သည့် အိပ်ရာခင်းပေါ်တွင်သာ ပြန်လှဲနေလိုက်သည်။
လိုက်ကာ၏နောက်မှလူက မည်သူဖြစ်ကြောင်း သိသဖြင့် ‌လင်းရှောင်ခေါင်းငုံ့ပြီး ရိုသေစွာခေါ်လိုက်သည်။
" အရှင်မင်းကြီး ..."
" ဟမ်း ..."
လိုက်ကာစ၏နောက်မှ ရယ်သံတစ်ခုထွက်လာပြီး လူတစ်ယောက် ပြုံးလျက် အထဲသို့ဝင်လာသည်။
" ငါက မင်းရဲ့ အရှင်မင်းကြီးမဟုတ်ဖူး ..."
ရယ်မောလျက် ကလူကျီစယ်နေသည့်အသံကို ရင်းနှီး‌နေသော်လည်း ထိုလူက အရှင်မင်းကြီးမဟုတ်ပေ။ လင်းရှောင် ကြောင်အသွားသည့်အတွက် ခေါင်းမော့ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရှိသည့်လူက တစ်ကိုယ်လုံး အနက်ရောင်ဆင်မြန်းထားသော ဖူယွီကျွင်းဖြစ်သဖြင့် လန့်သွားပြီး သူ့ကိုမေးလိုက်သည်။
" ဘယ်လိုဖြစ်လို့ မင်းသားဖြစ်နေရတာလဲ ..."
" ဘာလို့လဲ ... မင်းရဲ့ အရှင်မင်းကြီးမဟုတ်လို့ စိတ်ပျက်သွားတာလား ..."
ဖူယွီကျွင်းက ပင်ပန်းနေသည့်ပုံဖြင့် လင်ရှောင်ရှေ့သို့ရောက်လာပြီး ‌အိပ်ရာခင်းပေါ်တွင် လှဲလိုက်သည်။
လင်းရှောင် ခေါင်းခါကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
" ကျွန်တော်မျိုး အံ့အားသင့်သွားလို့ပါ ..."
သူ၏စကားများ ကြားသည့်အခါ ဖူယွီကျွင်းက ခေါင်းခါပြီး ပြုံးပြလိုက်သည်။ ခါးကုန်း၍ ဖိနပ်များချွတ်ပြီးနောက် အိပ်ရာခင်းပေါ်တွင် လာလှဲသည်။ လင်းရှောင် လန့်သွားသဖြင့် ဘေးကပ်လိုက်သည်။
လင်းရှောင်က ကြောက်လန့်နေသော ကြောင်ပေါက်လေးကဲ့သို့ သုံးလှမ်းခန့် နောက်ဆုတ်သွားသည်။ သူအလျင်စလိုရွေ့လျားလိုက်သည့် ရလဒ်အနေဖြင့် ခန္ဓာကိုယ်မှ မခံမရပ်နိုင်အောင် နာကျင်သွားသဖြင့် အံကြိတ်ပြီး ခံစားနေရသည်။
ဖူယွီကျွင်းက "ဖူး"ခနဲ အသံဖြင့် ရယ်လိုက်သည်။
" မင်း ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ ... ငါတစ်ခုခု လုပ်မယ်ထင်လို့လား ... ဒါမှမဟုတ် မင်းကိုတစ်ခုခု လုပ်စေချင်တာလား ...
ဖူယွီကျွင်းက မွေ့ရာပေါ်တွင်လှဲနေပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ပုံစံဖြင့် လင်းရှောင်ကိုကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသဖြင့် စိုက်ကြည့်ခံနေရသောလင်းရှောင်မှာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလာသည်။
ဖူယွီကျွင်းက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေပြီး သူ၏နှုတ်ခမ်းများက ကွေးညွတ်လာသည်။
" ငါ ယောက်ျားတွေကို မကြိုက်ပေမယ့် မင်းလိုချင်တယ် ဆိုရင်တော့ ..."
" ကျွန်တော်မျိုး မလိုချင်ပါဘူး ..."
လင်းရှောင်က ဖူယွီကျွင်းကို ဖြတ်ပြောလိုက်သည်။
လင်းရှောင်က ဆက်ပြောလိုက်သည်။
" အရှင်မင်းသား ကျွန်တော်မျိုးကို ဒီအခြေအနေကို ရှင်းပြပေးပါလား ..."
ဖူယွီကျွင်းက မျက်လုံးမှိတ်၍ သူ၏မျက်လုံးထဲမှ အလိုမကျမှုများကို လှစ်ခနဲဖုံးကွယ်လိုက်ပြီး အကြောဆန့်ကာ လှဲချလိုက်သည်။
" ငါအခု ပင်ပန်းနေတယ် ... ငါနိုးတဲ့အချိန်ထိ စောင့်ရင်ရော ဘယ်လိုလဲ ..."
လင်းရှောင်၏ တုံ့ပြန်မှုကို မစောင့်တော့ပဲ တစ်ဖက်သို့လှည့်ကာ မျက်လုံးများပိတ်ထားသဖြင့် အိပ်ပျော်သွားသည့်ပုံဖြစ်နေသည်။
လင်းရှာင်၏ နှုတ်ခမ်းများတွန့်ချိုးသွားသည်။ ဖူယွီကျွင်း၏ ကျောဘက်တွင် အပေါက်တစ်ပေါက် ဖောက်ချင်နေသကဲ့သို့ စူးစူးရဲရဲ စိုက်ကြည့်နေသည်။
မြင်းလှည်းက လှုပ်ခါနေသဖြင့် လင်းရှောင်၏ ဒဏ်ရာများဖြင့်ဆိုလျှင် ကြာကြာထိုင်နေပါက ပင်ပန်းလာလိမ့်မည်။ သို့သော် ဤမြင်းလှည်းပေါ်တွင် အိပ်ရာခင်းတစ်ခုသာရှိပြီး ထိုနေရာတွင် ဖူယွီကျွင်းကလည်း အိပ်နေသည်။
လင်းရှောင် အံကြိတ်ထားလိုက်သည်။ သူ့ဘဝအတွက် သူ၏အရှက်သိက္ခာကို စွန့်လွှတ်ခဲ့ရသည်။ ယခုအခါ သူ၏ဘဝကို ပြန်လည်ရရှိခဲ့သော်လည်း သူ့ကိုယ်သူ နှိပ်စက်နေမိပြန်သည်။
ထိုအတွေးများဖြင့် လင်းရှောင် ဒေါသထွက်လာပြီး အိပ်ရာခင်းပေါ်တွင် ထိုင်နေလိုက်ရသည်။ အိပ်ရာခင်း၏ သေးငယ်သည့်အပြင် ဖူယွီကျွင်းက အိပ်နေသောကြောင့် လင်းရှောင်က ချောင်ကပ်နေရသည်။
ဖူယွီကျွင်းက အအိပ်ကြမ်းသည်။ လင်းရှောင် ထိုင်လိုက်သည့်အချိန်တွင် သူ၏ခြေထောက်က လင်းရှောင်ပေါ်သို့ ရောက်လာသည်။ လင်းရှောင်က စိတ်ရှည်ရှည်ဖြင့် တစ်ဖက်သို့ အနည်းငယ်ရွှေ့လိုက်သော်လည်း ခဏအကြာတွင် ခြေထောက်က သူ့ပေါ်သို့ ရောက်လာပြန်သည်။
နှစ်ကြိမ် သုံးကြိမ်ဖြစ်လာသည့်အခါ လင်းရှောင်စိတ်တိုလာပြီး ဖူယွီကျွင်း၏‌ခြေထောက်ကို သူ၏ခြေထောက်များဖြင့် ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။ ဤနည်းဖြင့် ဖူယွီကျွင်းခြေထောက်များလှုပ်လာပါက နေရာကိုပိတ်ထားပြီးသားဖြစ်သွားသည်။
ခဏခန့် လေ့လာနေပြီးနောက် ဖူယွီကျွင်းက နောက်ဆုံးတွင် ငြိမ်သက်သွားသည့်အတွက် လင်းရှောင် သက်ပြင်အကြိမ်ပေါင်းများစွာချလိုက်သည်။ မြင်းလှည်းကိုမှီပြီး အိပ်ရာခင်းပေါ်တွင် ထိုင်နေလိုက်သည်။
လင်းရှောင် စိတ်အေးလက်အေးဖြစ်သွား၍ အိပ်ပျော်နေရမည့်ဖူယွီကျွင်းက မျက်လုံးများပွင့်လာသည်ကို မတွေ့လိုက်ပေ။ လင်းရှောင်ထိုနေရာတွင် ကူကယ်ရာမဲ့သွာထိုင်နေသည်ကို မြင်သောအခါ သူပြုံးလိုက်မိသည်။
မြင်းလှည်းက ဆက်လက်သွားနေဆဲပင်ဖြစ်သည်။ ထိုမြင်းလှည်းက မည်မျှကြာကြာသွားနေကြောင်းမသိရသည့်အပြင် မည်သည့်နေရာသွားနေကြောင်းကိုလည်း လင်းရှောင်မသိပေ။ သူ၏ရင်ဘတ်ပေါ်မှ ဒဏ်ရာက သက်သာလာသော်လည်း ခါးအောက်ပိုင်းမှဒဏ်ရာက ကိုင်တွယ်မရနိုင်ပေ။ သူ၏နောက်ဘက်တွင် စေးကပ်ကပ်ဖြစ်နေသဖြင့် မသက်မသာဖြစ်နေသည်။ ဖူယွီကျွင်းကလည်း အိပ်ရာမှ မနိုးလာသေးပေ။
အချိန်တစ်ခုကြာပြီးသည့်နောက် လင်းရှောင်က အပြင်သို့ကြည့်ရန်အတွက် သူ၏မြင်ကွင်းကို ပိတ်ဆို့ထားသည့် လိုက်ကာကိုဖယ်လိုက်သည်။ အပြင်ဘက်တွင် ဖူယွီကျွင်း၏ အစောင့်များက မြင်းများစီးလျက် မြင်းလှည်း၏ ဘေးပတ်ပတ်လည်မှ လိုက်ပါလာကြသည်။
အပြင်ဘက်မှမြင်ကွင်းက မြို့တော်နှင့် တစ်စက်မျှ မတူတော့ပေ။
သူတို့ မြိုတော်ကတောင် ထွက်လာပြီလား ...
ဟုတ်သားပဲ ... သူက ဖူယွီကျွင်းနဲ့ ရှိနေပြီဆိုမှတော့ မင်းကြီးရဲ့ဘေးက ထွက်လာတဲ့သဘောပေါ့ ...
အဲ့နေ့ညကလည်း ဖူယွီကျွင်းကို မြင်လိုက်ရတဲ့ မှုန်ဝါးဝါးမှတ်ဉာဏ်တစ်ခုကို သတိရလာမိတယ် ...
ပြီးတော့ ဖူယွီကျွင်းက သူ့ကို ဘယ်လိုလုပ် အပြင်ထုတ်ခဲ့ပါလိမ့် ... သူတို့ကြားထဲက သဘောတူညီမှုအတိုင်းဆိုရင် နန်းတော်အပြင်ဘက်မှာ စောင့်နေဖို့ပဲလေ ... ဖူယွီကျွင်းက သူ့ကို လာရှာပြီး နန်းတော်ထဲက ထုတ်လာပေးတယ်ဆိုတော့ မလိုအပ်ပဲ စွန့်စားလိုက်တာပဲ ... အဲ့ဒါကို ဘာလို့သူက ...
" ရှောင်ဖုန်း အရှင်မင်းသား ဘာတွေကြံစည်နေလဲသိလား ... သူမမျှော်လင့်ပဲနဲ့ မူတိုင်းပြည်ဧကရာဇ်ဆီကနေ တစ်ယောက်ယောက်ကို ခိုးလာတယ် ... ပြီးတော့ ငါတို့အားလုံး ညဘက်ကြီး မြို့တော်ကနေထွက်လာရတယ် ..."
ထိုအသံများက မြင်းလှည်း၏ အပြင်ဘက်မှထွက်ပေါ်လာသာ့်အတွက် လင်းရှောင် ခိုးနားထောင်နေလိုက်မိသည်။
" ဟုတ်တယ်ရှောင်ဖုန်း ငါတို့ဒီတစ်ခါလာတာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လေ ... ဒါမျိုးကိစ္စကြီး လုပ်လိုက်တော့ တိုင်းပြည်နှစ်ခုကြားက ဆက်ဆံရေး တင်းမာလာမှာပေါ့ ..."
" ပြီးတော့ရော ..."
ရှောင်ဖုန်းက ရယ်လျက် ပြောလိုက်သည်။
" အရှင်မင်းသား ထွက်လာပြီး ခဏအကြာမှာ မူဧကရာဇ်က နောက်ကလိုက်ဖို့ ဘယ်တပ်ဖွဲ့တွေများ လွှတ်လိုက်လို့လဲ ..."
" မင်းပြောတာက ..."
တစ်စုံတစ်ယောက်က စဉ်းစားလိုက်ပြီးနောက် အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
" အေး ဟုတ်သားပဲဟ ..."
ရှောင်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။
" ငါတို့မင်းသားက ပြဿနာကို ဖြေရှင်းခဲ့ပြီ ..."
ထိုသို့ပြောပြီးနောက် ရှောင်ဖုန်းက သက်ပြင်းချလိုက်သည်။
" အရမ်းတွေးမနေပါနဲ့ ...အရှင်မင်းသားကိုပဲ ကောင်းကောင်းစောင့်ရှောက်ကြ ... ရက်နည်းနည်းငလောက်ဆိုရင် ရှောင်တိုင်းပြည်ကို ပြန်ရောက်တော့မှာပဲ အဲ့အခါကျ ငါတို့အားလုံး လုံခြုံပြီ ..."
ရက်နည်းနည်းကြာရင် ရှောင်တိုင်းပြည်နယ်နိမိတ်ကို ရောက်တော့မှာလား ...
ထိုစကားများကြောင့် လင်းရှောင် မှင်သက်နေစဉ် သူ၏နားကို လေဖြင့် မှုတ်ခံလိုက်ရပြီး ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
" ဘာလဲ မင်းကြားလိုက်တဲ့ဟာကို သဘောကျရဲ့လား ..."