အပိုင်း ၄၈
Viewers 12k

လင်းရှောင် လန့်သွားပြီး အိပ်ရာခင်းပေါ်သို့ ခုန်မိမတတ်ဖြစ်သွားသည်။ အလန့်တကြားဖြင့် ဖူယွီကျွင်းကို ကြည့်နေသည်မှာ လမ်းဘေးကြောင်လေးတစ်ကောင်က လက်သည်းများထုတ်၍ ရန်သူကို မာန်ဖီကာ ခြိမ်းခြောက်နေသကဲ့သို့ပင်။
သို့ရာတွင် လမ်းဘေးကြောင်လေး၏ လက်သည်းများက သူ့ကိုခြိမ်းခြောက်နေသည်နှင့် မတူပေ။ ထိုအပြုအမူက ဖူယွီကျွင်းကို မခြိမ်းခြောက်ရုံသာမက လင်းရှောင်က စိတ်ဝင်စားစရာကောင်းသည်ဟုပင် ထင်လာသည်။
သူက လင်းရှောင်ကိုကျီစယ်လိုက်သည်။
" သတ္တိမရှိဘူးပဲ ... မင်းက ကြွက်လို့တော့ လာမပြောနဲ့နော်..."
( TL Note: တရုတ်ရာသီခွင်များကို ပြောနေခြင်းဖြစ်သည်။ )
လင်းရှောင် မျက်ဆံလှန်၍ လင်းရှောင်ကို ခွန်းတုံ့ပြန်လိုက်သည်။
" ဒါဆိုရင် အရှင်မင်းသားက မြေခွေးထင်တယ် ... ဘာလို့လဲဆိုတော့ မြေခွေးလို အရမ်းပြုမူလွန်းတယ် ..."
" မြေခွေးလား ..."
ဖူယွီကျွင်း ရယ်လိုက်သည်။
" မင်းက ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး အဲ့လိုပြောရဲတဲ့ ပထမဆုံးလူပဲ ..."
မျက်နှာကို တည့်တည့်ကြည့်ပြီးလား ... ဘာလို့ မပြောရဲရမှာလဲ ...
လင်းရှောင် မေးချင်နေသည်ကို အာရုံရနေသကဲ့သို့ ဖူယွီကျွင်းက ဖြေလိုက်သည်။
" မင်းလို့မျိုး ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့လူက သိပ်မရှိဘူးလေ ..."
“……” လင်းရှောင်တွင် ပြောစရာစကားမရှိတော့ပေ။
သူဆိုသည့် လင်းရှောင်က အသက်ကို အလွန်တန်ဖိုးထားသည်။ တစ်စုံတစ်ယောက်ဆီမှ အသက်ကို တန်ဖိုးမထားဟု ပြောခံရခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ လင်းရှောင် မျက်ဆံလှန်လိုက်သည်။ ဖူယွီကျွင်း၏ စကားပြောပုံပြောနည်းက နည်းလမ်းမကျဟု ထင်လိုက်မိသည်။
သုပြောသည်ကို အသိအမှတ်မပြုသော လင်းရှောင်၏သွင်ပြင်ကို လေ့လာကြည့်လိုက်သည့်အခါ ဖူယွီကျွင်းရယ်မောပြီး စကားဆက်မပြောတော့ပေ။
အိပ်ရာခင်းပေါ်တွင် ပြန်လှဲလိုက်ပြီး မျက်လုံးများပိတ်ကာ အနားယူလိုက်သည်။ ဖုယွီကျွင်းက စကားဆက်မပြောတော့သဖြင့် လင်းရှောင်မျက်မှောင်ကြုတ်လိုက်ပြီး မေးချင်စိတ်ကို မထိန်းနိုင်တော့ပေ။
" အရှင်မင်းသားက ကျွန်တော့်မေးခွန်းကို နိုးလာရင်ဖြေမယ်လို့ ပြောထားတယ်လေ ..."
ဖူယွီကျွင်းက ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ၏မျက်နှာက အမူအယာကင်းမဲ့နေသည်။ လင်းရှောင်၏ နှုတ်ခမ်းများတွန့်ချိုးသွားသည်။
" အရှင်မင်းသားက ပြောပြီးသားစကားကို မတည်တာလား ..."
ဖူယွီကျွင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မျက်လုံးများ မှေးကျဉ်းကာ သူ၏စိတ်အခြေအနေကို ကွယ်ဝှက်ထားလိုက်သည်။ မည်သို့မျှ မတတ်နိုင်သည့်ပုံဖမ်းက လက်ကာပြလိုက်သည်။
" ကောင်းပြီလေ မေးပေါ့ ... မေးခွန်းအားလုံးရဲ့ အဖြေကို သိနေဖို့တော့ မလိုဘူးမလား ..."
လင်းရှောင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ မေးမည့်အချိန်တွင် ယမန်နေ့ညမှမြင်ကွင်းကို အမှတ်ရသွားကာ ပြန်ပြောရန် ရှက်မိသွားသည်။
မည်သူကမှ မသန့်ရှင်းပေးထားသည့်အတွက် ရှက်စရာကောင်းသည့် အရည်များက သူ၏နောက်ပိုင်းတွင် ရှိနေသေးသည်။
အဲ့ဒါဆိုရင် ဖြစ်နိုင်တာတစ်ခုက ဖူယွီကျွင်း သူ့ကိုခေါ်လာတာ သူနဲ့ မင်းကြီးနဲ့ကိစ္စ‌ပြီးတော့ ..."
ထိုအကြောင်းပြန်တွေးမိသည့်အခါ လင်းရှောင်၏ မျက်နှာတစ်ခုလုံး ပူထူလာသဖြင့် ခေါင်းငုံ့ထားမိသည်။ ဖူယွီကျွင်းကို မျက်လုံးချင်းဆုံရမည်ကိုပင် ရှက်နေမိသည်။
သူ၏ရှေ့မှ အစေခံငယ်လေး၏မျက်နှာမှာ သွေးနီရောင်သန်းနေပြီး အရည်လဲ့နေသောမျက်လုံးများက အလင်းရောင်အောက်တွင် လှိုင်းဂယက်ထနေသကဲ့သို့ပင်။ ခေါင်းငုံ့ပြီး သူ၏ပုံစံကို ဖုံးကွယ်ထားပုံက မည်သို့ကြည့်ကြည့် အသည်းယားစရာကောင်းနေသည်။
ဖူးခနဲအသံဖြင့် ဖူယွီကျွင်း ရယ်လိုက်သည်။
လင်းရှောင် ရယ်သံကိုကြားလိုက်သည့်အခါ မျက်နှာက ပို၍ပူနွေးလာသော်လည်း သူ၏ရှုံးနိမ့်မှုကို ဝန်မခံသေးပေ။ ခေါင်းမော့၍ ဖုယွီကျွင်းကို စူးရှစွာကြည့်လိုက်သည်။
ဤအကြည့်က ရှိန်စရာကောင်းရမည် ဖြစ်သော်လည်း လင်းရှောင်၏ နီရဲနေသောမျက်နှာနှင့် ထိုကဲ့သို့အကြည့်မျိုးက ကြောက်ဖို့မကောင်းရုံသာမက မြင်သမျှ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သဖြင့် ဖူယွီကျွင်း အသက်ရှုမှားမတတ်ဖြစ်သွားသည်။
သူမနေနိုင်တော့ပဲ လင်းရှောင်ကိုချဉ်းကပ်ကာ ချောင်ကြားထဲတွင် ပိတ်ထားပြီး လက်နှစ်ဖက်ကို လင်းရှောင်၏ ဘေးနှစ်ဖက်တွင် ချထားလိုက်သည်။ သူ၏ နူးညံ့ညှင်သာသော မျက်လုံးများက လင်းရှောင်ကို ကြည့်နေသည်။
" အစေခံလေး မင်းထွက်ပြေးလာပြီးမှတော့ မူဧကရာဇ်ကို မေ့လိုက်ပြီး ငါနဲ့ပဲ တူတူနေပါလား ..."
ထိုစကားကို ကြားသည့်အခါ လင်းရှောင်ရင်များ တဒိတ်ဒိတ်ခုန်လာပြီး အမူအယာက မည်းမှောင်သွားသည်။
ဖူယွီကျွင်းက လင်းရှောင်၏ဆံပင်များကို နမ်းလိုက်ပြီး ညှင်သာစွာပြောလိုက်သည်။
" မူဧကရာဇ်က မင်းကိုဆက်ဆံတာထက် မဆိုးစေရပါဘူး ... အနည်းဆုံးတော့ မင်းဒဏ်ရာရနေတုန်း အဲ့လိုကိစ္စမျိုးမလုပ်ဖူး ..."
လင်းရှောင် မျက်နှာက လုံးဝအသက်မဲ့သွားကာ ဖူယွီကျွင်းကို အံ့အားသင့်စွာကြည့်ပြီး အထစ်ထစ်အငေါ့ဖြင့် ပြောလိုက်သည်။
" မင်း... မင်း ...မင်းသား အားလုံး ... အားလုံးကို မြင်လိုက်တာလား ..."
လင်းရှောင် တစ်ဘဝလုံးထိန်းသိမ်းထားခဲ့သည့် ဂုဏ်သိက္ခာများ ရေစုံမျောသွားသည်။
မျက်နှာကို ပြရန်ပင် ရှက်ရွံ့နေသဖြင့် အစေခံငယ်လေး၏ မျက်နှာက ကြည့်ရသည်မှာစိတ်ဝင်စားစရာကောင်းနေသည်။ ဖူယွီကျွင်း တောင့်မခံနိုင်တော့ပဲ ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်ကတော့ သူ လင်းရှောင်ကို ကယ်ဖို့သွားတဲ့အချိန် မူဧကရာဇ်က သူ့ကိုအဝတ်အစားတွေ ဝတ်ပေးထားလို့ ဘာမှမမြင်ခဲ့ရပါဘူး ...
သို့သော် လင်းရှောင်ကိုသယ်ပြီး ပြန်ထွက်လာချိန်တွင် သူ၏ဒဏ်ရာမှ သွေးများထွက်လာသည်ကို တွေ့လိုက်ရသည်။ ဆေးထည့်ပေးရန်အင်္ကျီချွတ်လိုက်ချိန်တွင်မှ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ကိုက်ရာများပြည့်နေသည်ကို မြင်လိုက်ရ၍ ဖြစ်ပျက်ခဲ့သည့်ကိစ္စများက မှန်းဆနေရန်ပင် မလိုတော့ပေ။
ဖူယွီကျွင်းကို ပဟေဠိဖြစ်စေသည်က တစ်ခုသာရှိသည်။
ဒီအစေခံငယ်လေးက ဧကရာဇ်နဲ့ ခန္ဓာကိုယ်ချင်း နှီးနှောပြီးမှ ဘာလို့ ထွက်ပြေးချင်ရတာလဲဆိုတာပဲ ...
ဖူယွီကျွင်းက အံကြိတ်နေသည့် လင်းရှောင်ကို စပ်စပ်စုစုဖြင့် ကြည့်နေသည်။
" ကြည့်လို့မဝသေးဘူးလား ..."
" ဟမ်း ..."
ဖူယွီကျွင်းရယ်လိုက်ပြီး ပြန်ပြောမည့်အချိန်တွင် ရင်ဘတ်က ရုတ်တရက် နာလာသည်။ မျက်မှောင်ကြုတ်ပြီး ရင်ဘတ်ကိုကိုင်၍ ညည်းညူလိုက်ကာ လင်းရှောင်အနားမှ နောက်ဆုတ်သွားသည်။
လင်းရှောင် အံ့အားသင့်စွာကြည့်နေပြီး သူ့နောက်ကို လိုက်လာသည်။ ထို့နောက် ဖူယွီကျွင်း၏ ပါးစပ်‌ထောင့်မှ သွေးအနည်းငယ်စီးကျလာသည်ကို မြင်လိုက်ရသည်။
" မင်းသား ..."
လင်းရှောင် အံ့အားသင့်သွားသည်။ ဖူယွီကျွင်း၏ သိုင်းပညာက လန်ဝေ့ထက် အားမနည်းသည့်အတွက် နန်းတော်ထဲသို့ တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သည်။
ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်ပါလိမ့် ...
မင်းကြီးများလား ...
လင်းရှောင် မျက်လုံးများပြူးကျယ်ကာ သံသယဝင်လာသည်။ သူ မနေနိုင်တော့ပဲ ဖူယွီကျွင်းကို မေးလိုက်သည်။
" ကျွန်တော်မျိုးကို ဘယ်လို ခေါ်ထုတ်ခဲ့တာလဲ ..."
ဖူယွီကျွင်း အားတင်း၍ပြုံးပြလိုက်သည်။ သူ လင်းရှောင်ကို ဖုံးကွယ်ထားချင်သော်လည်း သူ၏ဒဏ်ရာကို မြင်သွား၍ မတတ်နိုင်တော့ပဲ ထုတ်ပြောလိုက်ရသည်။
" ငါ ဒဏ်ရာရခဲ့ပြီး အဲ့နေ့ညက လက်အောက်ငယ်သားတွေနဲ့တူတူ ထွက်ပြေးခဲ့ရတာ ... ဧကရာဇ်နဲ့ သူ့စစ်သားတွေက ငါတို့နောက်ကလိုက်လာပြီး ငါတို့ကို သတ်ဖို့ကြိုးစားခဲ့တယ်လေ ... မင်းကို လုယူဖို့ကလွဲပြီး ငါ့မှာနည်းလမ်းမရှိတော့ဘူး ..."
လင်းရှောင် ထိုစကားများကိုကြားသည့်အခါ အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
မင်းကြီးက လူတွေရှေ့မှာ လွယ်လွယ်နဲ့ ခွန်အားကို အသုံးမချပါဘူး ... ဒါပေမဲ့ သူ့အင်အားတွေကတော့ နက်နဲပြီး တိုင်းတာမရဘူး ... ပြီးတော့ သူတို့က မူတိုင်းပြည် နယ်နိမိတ်ထဲမှာလေ ... တကယ်လို့ ဖူယွီကျွင်းက သူ့ကိုလုယူပြီး တိုက်ခိုက်ခဲ့တယ်ဆိုရင် ဒီတိုင်းပြည်ထဲကနေ ဘယ်လိုထွက်မှာလဲ ...
လင်းရှောင် သသယဝင်နေသည်ကို ခံစားမိ၍ ဖူယွီကျွင်းရယ်လိုက်သည်။
" ငါသူနဲ့ ရင်မဆိုင်ခဲ့ဘူးလေ ... အဲ့လောက်သန်မာတဲ့လူတစ်ယောက်ကို သာမန်လူတစ်ယောက်က တိုက်ခိုက်ဖို့ဆို လွယ်လွယ်နဲ့ဘယ်ရမလဲ မူဧကရာဇ်နဲ့ရင်ဆိုင်ဖို့ သတိမေ့တဲ့ဓာတ်ငွေ့ သုံးခဲ့ရတာပေါ့ ... အဲ့ဒါက မင်းသုံးတဲ့ ဆေးအတုတွေနဲ့ မတူဘူး .. အရောင်မဲ့ အရသာမဲ့တဲ့ဆေးဆိုတော့ နည်းနည်းရှုလိုက်မိတာနဲ့ သုံးရက် သုံးညလောက် အိပ်ပျော်သွားမှာ ..."
ထိုသို့ပြောပြီးနောက် ဖူယွီကျွင်းသက်ပြင်းချလိုက်သည်။
" အံ့ဩစရာကောင်းတာတစ်ခုက အဆိပ်ပေါင်းရာချီသုံးတာတောင် မထိခိုက်တဲ့ မူဧကရာဇ်ကို ငါတို့ရဲ့ သတိမေ့ဓာတ်ငွေ့သုံးလိုက်တာ သာမန်လူတွေနဲ့ သက်ရောက်ပုံချင်းမတူဘူး ... နာရီဝက်လောက်ပဲ သတိမေ့သွားတယ် ... ဒါပေမဲ့ အဲ့အချိန်မှာ မင်းကို မြင်းလှည်းပေါ် တင်နိုင်ဖို့ အချိန်လုံလောက်ခဲ့လို့တော်သေးတယ် ..."
ဖူယွီကျွင်းက ထိုနေရာအထိပြောပြပြီးနောက် ကျီစယ်သည့် အသံဖြင့် ဆက်ပြောလိုက်သည်။
" ဒီတစ်ခါ မင်းကိုကယ်ထုတ်ဖို့ ငါစုဆောင်းထားတာလေးတွေတောင် ထုတ်သုံးခဲ့ရတယ် ..."
လင်းရှောင်၏ မျက်လုံးများအရောင်လက်သွားပြီး ပြန်ဖြေလိုက်သည်။
" အရှင်မင်းသားရဲ့ ကြင်နာမှုကို အသက်ရှင်နေသရွေ့ လင်းရှောင်မှတ်ထားပါ့မယ် ... ကျေးဇူးပြုပြီး ဒဏ်ရာကို ကုပြီးကောင်းကောင်းနားပါ ... တကယ်လို့ အရှင်မင်းကြီး ထပ်လိုက်လာမယ်ဆိုရင် ..."
လင်းရှောင်၏ စိတ်ပူနေသော အမူအယာကို မြင်သည့်အခါ ဖူယွီကျွင်းက နှစ်သိမ့်ပေးလိုက်သည်။
" ငါလည်း ဒဏ်ရာအများကြီး ရခဲ့ပေမယ့် မူဧကရာဇ်လည်း ထူးမခြားနားပဲ ... သူက သတိမေ့ဓာတ်ငွေ့တွေရှုမိသွားလို့ စောစောသတိပြန်ရလာပေမယ့် သူ့စွမ်းရည်တွေတော့ နည်းပါးသွားတာပေါ့လေ ... ပြီးတော့ ငါတို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့လို့ ငါတို့နောက်ကို ထပ်မလိုက်လာတော့ပါဘူး ..."
ထိုအကြောင်းကို ပြောလိုက်သည့်အခါ ဖုယွီကျွင်း၏အမူအယာက အနည်းငယ် ထူးဆန်းသွားသည်။
သူ ဧကရာဇ်ထံမှ ဒဏ်ရာအပြင်းအထန် မရ‌ခဲ့ပေ။ သူတို့အားလုံးက မူတိုင်းပြည်နယ်နိမိတ်ထဲတွင် ရှိနေ၍ အကယ်၍ ဧကရာဇ်က နောက်မှလိုက်လိုပါက သူတို့လွတ်မြောက်ရန် အခွင့်အရေးမရှိပေ။ ယခုက အချိန်ကောင်းမဟုတ်သော်လည်း မူတိုင်းပြည်က စစ်ပွဲတစ်ခုကို စိုးရိမ်ပူပန်မှုမရှိပဲ စတင်နိုင်သည်။ ထိုသို့ ကောင်းကျိုးများ ရှိနေသည့်ကြားမှ မူဧကရာဇ်က မမျှော်လင့်စွာဖြင့် သူနှင့် သဘောတူညီမှုပြုလုပ်ခဲ့ပြီး အစေခံငယ်လေးကို ပြန်မတောင်းခဲ့ပေ။
ဒါက တကယ်ကို နားမလည်နိုင်စရာပဲ ...
ထို့အပြင် မူဧကရာဇ်ပြောခဲ့သည့်အရာကို ဖူယွီကျွင်း၏စိတ်ထဲမှဖျောက်မရ ဖြစ်နေသည်။
သူတို့မထွက်ခွာမီ သူပြောခဲ့သည်က ...
" ရှောင်နိုင်ငံ မင်းသားလေးက ကျုပ်တို့နိုင်ငံက ဘုရင့်ကြင်ယာတော်ကို ခဏလောက် ဂရုစိုက်ပေးရမယ်ဆိုတော့ ဒုက္ခများသွားပါပြီ ..."
မူဧကရာဇ်က သူ့အစေခံငယ်လေးကို ဖူယွီကျွင်းအနားပို့လိုက်ရတာကို 'ဂရုစိုက်ပေးရမယ်' လို့ သုံးနှုန်းလိုက်တယ်ပေါ့ ...
သူပြောချင်တာက ရှောင်တိုင်းပြည်ကိုပါလာတဲ့ အစေခံငယ်လေးကို တစ်နေ့သူက ပြန်လာခေါ်မယ်ဆိုတဲ့သဘောလား ...
ဧကရာဇ်က လေကြီးလေကျယ်ပြောတတ်တဲ့သူလား ဒါမှမဟုတ် အဲ့လို လုပ်နိုင်စွမ်း တကယ်ရှိတာများလား ...
တစ်ခုခု နိမိတ်ပြနေသည်ကို အာရုံခံမိ၍ ဖူယွီကျွင်း၏ မျက်လုံးများ မှေးကျဉ်းသွားမိသည်။
မူဧကရာဇ်က တကယ်ကို ရင်ဆိုင်ရခက်တဲ့ ရန်သူတစ်ယောက်ပဲ ...