အခန်း ၁၆၁ “ချင်းယန်ကျန့်မှ စားဖိုမှုး”
မြေရိုင်းလွင်ပြင်ဒေသ၏ အပြင်ဘက်နယ်မြေတွင် တည်ရှိသော ချင်းယန်ကျန့် နယ်မြေသည် အင်ပါယာမြို့တော်၏ နယ်စပ်မြို့လေးပင် ဖြစ်သည်။ မြေရိုင်းလွင်ပြင်ဒေသတွင် အားနည်းသောသားရိုင်းကောင်များ အားကြီးသော သားရိုင်းကောင်းများ မရေမတွက်နိုင်လောက်အောင် အသိုက်အမြုံလုပ်နေထိုင်ကြပြီး အန္တာရယ်ကြီးမားသော ဒေသလည်း ဖြစ်သည်
ထိုဒေသမှ အဆင့်မြင့်သားရဲကောင်များ၏ အဆင့်က မခန့်မှန်းနိုင်လောက်အောင် မြင့်မားကြပြီး အားနဲသော သားရိုင်းကောင်များပင် အဆင့် ၃ အဆင့် ၄ ရှိကြသည်။ မြေရိင်းလွင်ပြင်ဒေသ၏ အတွင်းပိုင်းအလွှာ အလယ်ပိုင်းအလွှာနှင့် အပြင်ဘက်အလွှာတို့က တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး စက်ဝိုင်းပုံသဏ္ဍာန် အသိုက်တစ်ခုနှင့် တူနေပေသည်။ မြေရိုင်းလွင်ပြင်အတွင်းတွင် မရေမတွက်နိုင်အောင် များပြားလှသော နတ်ဆိုးသားရဲများလည်း ကျက်စားနေထိုင်ကြသည်။
မြေရိုင်းလွင်ပြင်ဒေသ၏ ၀င်ပေါက်တစ်ခုကဲ့သို့ ဖြစ်နေသော ချင်းယန်ကျန့်ကလဲ ထိုဘေးအန္တာရာယ်များ၏ သက်ရောက်မှုကို ခံရလေသည်။ ထိုဒေသတွင် နေထိုင်သော ဝိဥာဉ်သားရဲများက သတ်မှတ်အရည်အတွက်ကို ကျော်လွန်သွားသည်နှင့် မမျှော်မှန်းနိုင်သော အန္တာရယ်များ ရောက်ရှိလာမည်ဖြစ်သည်။ များပြားလှသော သားရဲများက မြေရိုင်းလွင်ပြင်ဒေသမှ ထွက်ပြေးလာကြပြီး သူတို့လမ်းကြောင်ပေါ်မှ အရာအားလုံးကို နင်းချေဖျက်ဆီးသွားမည်ဖြစ်သည်။
ထိုအချက်က ချင်းယန်ကျန့်တွင် နေထိုင်သူများအတွက် ကပ်ဘေးပင်ဖြစ်သည်။ အင်အားကြီးသူများသာ လွတ်မြောက်နိုင်ပေသည်။ ချင်းယန်ကျန့်က ထိုသို့ အန္တရာယ်များသော မြို့တစ်မြို့ဖြစ်သောကြောင့် ထိုဒေသတွင် နေထိုင်သူများက အလွန်သန်မာကြပြီး သူတို့၏ သိုင်းအဆင့်ကလည်း မြင့်မားကြသည်။ ထိုဒေသတွင် နေထိုင်ကြသူများက လေအလင်းအင်ပါယာနှင့် အခြားနိုင်ငံငယ်လေးများမှ လာရောက်ကြသော စွန့်စားမှုကို ခုံမင်ကြသူများသာ ဖြစ်ကြသည်။
ထိုသူတို့က မြေရိုင်းလွင်ပြင်ဒေသမှ အတွေ့အကြုံကောင်းများ ရရှိရန်နှင့် သလင်းကျောက်များကို ရှာဖွေရန် လာရောက်ကြခြင်း ဖြစ်သည်။ ဝိဥာဉ်သားရဲ မုဆိုးများအနေနှင့် သားရဲတစ်ကောင်သာ ရရှိလိုက်ပါက ရတနာတစ်ခုရသကဲ့သို့ ပစ္စည်းပေါင်းမြောက်များစွာနှင့် လဲလှယ်နိုင်ပေသည်။ ထိုသို့ အကျိုးအမြတ် များလှသောကြောင့် အန္တာရာယ်ကြီးမားသော အဆင့်မြင့် ဝိဥာဉ်သားရဲကောင်များနှင့် တွေ့နိုင်သော်လည်း လူများ အဆက်မပြတ် လာရောက်နေထိုင်ကြခြင် ဖြစ်သည်။
ချင်းယန်ကျန့်တစ်မြို့လုံးတွင် နံပါတ်တစ်စားသောက်ဆိုင် တစ်ဆိုင်သာ တည်ရှိပြီး နှစ်ထပ်အဆောက်အဦးဖြစ်ကာ အလွန်ကျယ်၀န်းလှသည်။ ဆိုင်အတွင်းပိုင်တွင် လှုပ်ရှားအသက်၀င်နေပြီး လူအများအပြားက ၀င်ထွက်သွားလာနေကြသည်။ ဝိုင်၏ မွှေးရနံ့များ ဟင်းခတ်အမွှေးအကြိုင်ရနံ့များက ဆိုင်အတွင်းတွင် ပျံ့နှံ့နေပြီး အောင်ဟစ်ပြောဆို ဆွေးနွေးနေသံများ ဆူညံနေပြီး ဆိုင်အတွင်းပိုင်း မြင်ကွင်းက စည်စည်ကားကား ဖြစ်နေလေသည်။
ကြက်ပေါင်ကို အဆက်မပြတ်စားနေသော အားလုနှင့် ဒယ်အိုးကို ကျောပိုးထားသော အားလွေတို့က ဆိုင်အတွင်းသို့ ၀င်လိုက်သည်နှင့် မပေါ်တပေါ် အ၀တ်အစားများကို ၀တ်ဆင်ထားသော ခန္ဒာကိုယ်ပြည့်တင်း၍ လှပသော အမျိုးသမီးတစ်ယောက်က သူတို့ထံသို့ လျောက်လာလေသည်။
“အိုး… အားလုနဲ့ အားလွေတို့ပါလား…. မင်းတို့ခရီးရောဘယ်လိုအချေအနေရှ်ိလဲ.. အဖိုးအိုပေးလိုက်တဲ့ တာ၀န်ကိုရော ပြီးမြောက်ခဲ့ရဲ့လား…..” သူမက တခစ်ခစ် ရယ်မော၍ ပြောလိုက်သည်။
အားလုက သူ၏ အိတ်ကပ်ထဲမှ ကြက်ပေါင်တစ်ချောင်ကို ထုတ်၍ တစ်ဂျွတ်ဂျွတ်မည်အောင် ဝါးစားလိုက်ပြီး ဗလုံးဗထွေးအသံနှင့် ပြောလိုက်သည်။
“အန်တီယွဲ့… ငါတို့ ရှုံးခဲ့တယ်… မျှော်လင့်ထားသလိုပဲ လေအလင်းအင်ပါယာ မြို့တော်မှာ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ… အကိုကြီးက သူ့ရဲ့ လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးခဲ့တာတောင် ရှုံးနိမ့်ခဲ့ရတယ်….”
အားလွေ၏ မျက်နှာက မဲမှောင်သွားလေသည်။ သူ့တွင် ဖြေရှင်းစရာ ဆင်ခြေတစ်ခုပင် ရှိမနေချေ။ ရှုံးနိမ့်ခဲ့သည်က ရှုံးနိမ့်ခဲ့သည်သာ ဖြစ်သည်။ ရှာကြံအပြစ်တင်ရပါက သူ၏ သင်ယူနိုင်စွမ်းကိုသာ အပြစ်တင်ရပေမည်။
အန်တီယွဲ့၏ လှပသော မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအယာ ပေါ်ထွက်လာပြီး တွေးလိုက်မိသည်။
“အားလုနဲ့ အားလွေတို့က မိသားစုတစ်ရာ စားသောက်ပွဲမှာ တကယ်ပဲ ရှုံးနိမ့်ခဲ့တာလား… သူတို့ရဲ့ ဟင်းချက်စွမ်းရည်နဲ့တောင်မှလေ… လေအလင်းအင်ပါယာ မြို့တော်က စားဖိုမှုးတွေရဲက အချက်အပြုတ်စွမ်းရည်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီလဲ…. ပြီးတော့ အားလုနဲ့ အားလွေကို အဖိုးအိုကိုယ်တိုင် သင်ကြားပေးထားတာလေ…”
“ကောင်းပါတယ်… မင်းတို့နှစ်ယောက်ရဲ့ ဟင်းချက်စွမ်းရည်က တစ်မိုးအောက်မှာ ပြိုင်ဘက်မရှိတော့ဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေတာထက်စာရင်တော့ ရှုံးနိမ့်ခဲ့တာ ပိုကောင်းပါတယ်… မင်းတို့ အရှုံးရဲ့ အရသာကို ကြုံဖူးသွားတာပေါ့…” အန်တီယွဲ့က ရယ်မော၍ ပြောလိုက်ရာ သူမ၏ ဖွံ့ထွားသော ရင်သားများက လှုပ်ခါသွားလေသည်။ ထို့ကြောင့် အနီးအနားမှ စားသုံးသူများ၏ မျက်လုံးများက ဘလင်းဘလင်း ဖြစ်သွားကြလေသည်။
အားလုနင့် အားလွေတို့၏ မျက်နှာအမူအယာများက ပုပ်သိုးသွားပြီး ပတ်၀န်းကျင်ကို မကျေမနပ်ကြည့်လိုက်ကာ စားသောက်ဆိုင်၏ ဒုတိယထပ်သို့ ဦးတည်လိုက်လေသည်။ ဒုတိယထပ်သို့ ခြေချလိုက်သည်နှင့် အိုဟောင်းနေသော ကြမ်းခင်းများက တလှုပ်လှုပ်နှင့် ဆူညံသံများ ထွက်ပေါ်လာလေသည်။
သူတိုနှစ်ယောက်က မီးရောင်မှိန်မှိန် ထွန်းထားသော အခန်းတစ်ခုရှေ့သို့လျောက်သွားလိုက်ပြီး အားလွေက အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်လေသည်။ အမြဲလိုလို မောက်မာဝံ့ကြွားနေတတ်သော အားလွေ၏ မျက်နှာအမူအယာက ပြောင်းလဲနေလေသည်။
“၀င်လာခဲ့…”
အခန်းထဲမှ အသံထွက်လာသည်နှင့် အားလုနှင့် အားလွေတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး အခန်းထဲသို့ ၀င်ရောက်သွားလေသည်။
“ဆရာ…”
သူတို့ညီအကိုနှစ်ယောက်က အခန်းထဲမှ မီးခိုးရောင်၀တ် အကြီးအကဲကို ညင်သာစွာ နှုတ်ဆက်လိုက်သည်။ စန္ဒကူးသားနှင့် ပြုလုပ်ထားသော လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အဖိုးအိုက သူ့လက်ထဲမှ အမည်မသိ ဝိဥာဉ်သားရဲ၏ အမွှေးနှင့် ပြုလုပ်ထားသော ယပ်တောင်ကို ဝေ့ရမ်း၍ ပြောလိူက်သည်။
“မင်းတို့ ရှုံးနိမ့်ခဲ့တယ်ပေါ့…”
ထိုလူကြီး၏ အသံထဲတွင် လှောင်ပြောင်သရော်မှုများ ပါ၀င်နေသောကြောင့် အားလွေက ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူက ပြိုင်ပွဲသို့ မသွားခင်အချိန်တွင် ယုံကြည်မှု ရှိရှိနှင့် ဆုကို ပြန်ယူလာမည်ဟု ပြောခဲ့သည်ကို အမှတ်ရလိုက်သည်။
“ငါအရင်တုန်းကလဲ ပြောခဲ့ပြီးပြီ နဂါးမြို့ဟောင်းနယ်မြေက အလွန်ကြီးမားနဲ့ နယ်မြေပဲ… မင်းရဲ့ ကမ္ဘာကြီးအပေါ်အမြင်က ရေတွင်းထဲက မြင်ရသလောက်ပဲ ရှိသေးတာ… တကယ်လို့ မင်းက ရေတွင်းထဲမှာထိုင်ပြီး ကမ္ဘာကို လေ့လာနေမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားပြီလို့ ခံစားနေရမှာပဲ… ဒါပေမယ့် တကယ်တန်းတော့ မင်းက ကမ္ဘာမြေပေါ်က မြူမှုန်တစ်ခုထက်မပိုဘူး….” အဖိုးအိုက ကုလားထိုင်ကို လှုပ်နေရာမှ ရပ်၍ ပြောလိုက်သည်။
ထို့နောက် အဖိုးအိုက ခုံမှ ထရပ်လိုက်ပြီး အားလုတို့ ညီအကိုနှစ်ယောက်ကို စိုက်ကြည့်၍ ရယ်မောလိုက်ရာ သူ၏ ပါးရေများပင် တုန်ခါနေလေသည်။
“ဒါလဲကောင်းပါတယ်…. မင်းတို့ ကိုယ့်ကိုကိုယ် အပြစ်တင်မနေပဲ ဒီအဖြစ်အပျက်ကို သင်ခန်းစာ ယူကြပေါ့… ရှုံးနိမ့်မှုတစ်ခုဆိုတာဘာမှ မဟုတ်ဘူး…. မင်းတို့ အမြဲတမ်း ကြိုးစားနေပြီး ကိုယ့်ကိုကိုယ် အမြဲ စိန်ခေါ်နေရမယ်…”
“ဟုတ်ကဲ့ဆရာ…”
“တကယ်လို့ ပြိုင်ပွဲမှာ ငါက အရသာတစ်ရာအိုးကိုသာ သုံးခဲ့မယ်ဆိုရင် ငါရှုံးချင်မှ ရှုံးမှာ…” အားလွေက သူ၏ ရှုံးနိမ့်မှုကို ၀န်မခံချင်သေးပဲ ပြောလိုက်သည်။
အဖိုးအိုက အားလွေကို သေချာစွာ စိုက်ကြည့်လိုက်ပြီး ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
“အဲဒီအိုးကို မင်းကိုပေးထားတယ်ဆိုပေမယ့် အဲဒါကို အသုံးမပြုခင် ဆယ်နှစ်လောက် အနားပေးထားရဦးမယ်… တကယ်လို့ မင်းသာ အဲဒီအိုးကို သုံးခဲ့ရင် သူ့ရဲ့ စွမ်းရည်တွေကိုတောင် ဆုံးရှုံးသွားရလိမ့်မယ်… ဘယ်မလဲ အောင်မြင်မှု မင်းရဲ့ပစ္စည်းကိုလဲ ဆုံးရှုံးမယ်… အောင်မြင်မှုကလဲ အဝေးကြီးမှာပဲ… မင်ူးက အရသာတစ်ရာအိုးကို အသုံးပြုဖို့ မရွေးချယ်ခဲ့တာတောင် ကျေးဇူးတင်သင့်တယ်….”
ထို့နောက် အဖိုးအိုက အားလုဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အားလု… ပြိုင်ပွဲ အခြေအနေကရော…”
အားလုက တခဏမျှ အံ့အားသင့်သွားပြီးနောက် ကြက်ပေါင်ကို စားရန်ပြင်လိုက်သည်။ သို့သော် တခဏမျှတွေးလိုက်ပြီး ကြက်ပေါင်ကို မထုတ်တော့ပဲ ဖြစ်ပျက်ခဲ့သည်များကို အလေးအနက် ပြောပြလိုက်သည်။
“သက်တံ့ရောင် လခြမ်းကွေးဖက်ထုပ်… သာမာန်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းပွဲက အားလွေရဲ့ ဟင်းပွဲထဲကဟင်းပွဲကို အနိုင်ရခဲ့တာလား…. ဒီလိုကြောက်စရာကောင်းတဲ့ စားဖိုမှုးတစ်ယောက် လေအလင်းအင်ပါယာမှာ ဘယ်တုန်းက ပေါ်လာတာလဲ….”
အဖိုးအို၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာလေသည်။
“သာမာန်ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဟင်းပွဲတစ်ပွဲက ဝိဥာဉ်စွမ်းအင် ပါ၀င်တဲ့ ဟင်းပွဲကို သာလွန်ဖို့ဆိုရင် ပါ၀င်ပစ္စည်းတွေရဲက အရည်အသွေးကို အပြည့်အ၀ ထုတ်ဖော်နိုင်ဖို့ လိုအပ်တယ်… ဒါက စားဖိုမှုးတိုင်းအတွက် အလွန်ခက်ခဲတဲ့ စွမ်းရည်ပဲ…”
ဂျွတ်ဂျွတ်…
“ဆရာ.. အဲဒီပြိုင်ပွဲကို ပိုင်ရှင်ပုက နိုင်သွားပြီး ဆုကိုလဲ သူပဲ ရသွားတယ်…” အားလုက ကြက်ပေါင်ကို ဝါးစားနေပြီး ပြောလိုက်သည်။
အဖိုးအိုက ခေါင်းညိမ့်လိုက်ပြီး လက်ခုပ်လက်ဝါးတီး၍ စတင်ရယ်မောလိုက်သည်။
“လေအလင်းအင်ပါယာမှာ ငါနဲ့ယှဉ်ပြိုင်နိုင်တဲ့ စားဖိုမှုးတစ်ယောက် ထွက်ပေါ်လာမယ်လို့ ငါမထင်ထားမိဘူး… ဒီထူးဆန်းတဲ့ စားဖိုမှုး…. ငါရုတ်တရက်ပဲ ပိုင်ရှင်ပုနဲ့ တွေ့ချင်လာတယ်…”
အားလွေက ကြောင်အသွားပြီး သူ၏ မျက်၀န်းများကို မှေးစင်းလိုက်ကာ တွေးလိုက်မိသည်။
“ဆရာက ကိုယ်တိုင်သွားတွေ့မလို့လား….”
“အဲဒီမျိုးစေ့လေးကအဆင့်ငါး သုံးလမ်းကြောင်းသိမြင်မှုသစ်သီးပင် ပေါက်လာမှာပဲ အဲဒီမျိုးစေ့သာ အပင်ပေါက်လာရင် ဆူပူအုံကြွမှုတွေ ဘယ်လောက်တောင် ဖြစ်လာမလဲဆိုတာ ငါသ်ိချင်လိုက်တာ….” အဖိုးအိုက တီးတိုးရေရွတ်လိုက်သည်။
နေမင်းက မိုးကုတ်စက်ဝိုင်းမှ တဖြည်းဖြည်း မြင့်တက်လာပြီး နွေးထွေးသော နေရောင်ခြည်များက တိမ်တိုက်များကို ထွင်းဖောက်ဖြတ်သန်းလာကာ ကမ္ဘာမြေကို ရွှေရောင်လင်းလက် တောက်ပလောစေသည်။ နှင်းများ ကျဆင်းတော့ခြင်း မရှိသော်လည်း ပတ်၀န်းကျင်က အေးစက်နေဆဲပင် ဖြစ်သည်။ ပုဖန်က ဘလက်ကီအတွက် ၀က်နံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်ပေးပြီးနောက် ဖြတ်တောက်ခြင်းနည်းပညာနှင့် အသားလွှာထွင်းထုခြင်း နည်းပညာများကို လေ့ကျင့်လိုက်သည်။ ထို့နောက် ဟင်းပွဲအချို့ကို ချက်ပြုတ်လေ့ကျင့်လိုက်သည်။
ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာလိုသော သူ့အနေနှင့် ရေသာခိုနေ၍ မရပဲ အဆက်မပြတ် လေ့ကျင့်နေရန် လိုအပ်လေသည်။ သို့မှသာ အခြေခံစွမ်းရည်များခိုင်မာလာပြီး ချက်ပြုတ်ခြင်းစွမ်းရည်များ ပိုမိုတိုးတက်လာနိုင်ပေလိမ့်မည်။
မြေမှုန်ရောင် ပန်းအိုးထဲမှ အစိမ်းရောင်အပင်လေးက အနည်းငယ် ကြီးထွားလာပြီဖြစ်သည်။ ပထမရက်က မြေလွှာမှ ထိုးဖောက်ကာစ အညှောင့်လေးသာ ဖြစ်သေည်လည်း ယနေ့တွင် လက်ချောင်တစ်ချောင်းစာမျှ မြင့်မားလာပြီဖြစ်သည်။ အလွန်အံ့အားသင့်ဖွယ်ကောင်းသော ပန်းအိုးပင် ဖြစ်သည်။ မြစိမ်းရောင် သစ်ရွက်လေးနှင့် ထူးခြားဆန်းကျယ်သော ပုံသဏ္ဍာန်များ ဖုံးလွမ်းနေသောကြောင့်ပုဖန်၏ အမြင်အာရုံထဲတွင် ေ၀၀ါးနေလေသည်။
“ဒီမျိုးစေ့က ဘာလဲ… ကောင်းတဲ့အပင်ပေါက်လာမှာတော့ ဟုတ်ပါတယ်နော်…” ပုဖန်က သစ်ရွက်လေးကို လက်ညိုးဖြင့် ထိကြည့်လိုက်ပြီး ရေရွတ်လိုက်ကာ ဆိုင်တံခါးကို သွားဖွင့်လိုက်လေသည်။
အစားအသောက်ကောင်းများကို အရူးအမူး စွဲလမ်းနေသော ဖက်တီးဂျင်တို့ လူစုက ပုံမှန်အတိုင်းရောက်ရှိနေလေသည်။ ပုဖန်က သူတို့နှင့် အတော်အတန်ပင် ရင်းနှီးနေပြီဖြစ်သည်။ ပုဖန်မီးဖိုခန်းအတွင်း ၀င်ရောက်သွားပြီး အချိန်အနည်းငယ်အတွင်း မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာလေသည်။ ကွမ်ရှောင်ယီနှင့် ရှောင်မောင်နမတို့က ဆိုင်သို့ ရောက်ရှိလာသည်။
ရှောင်ယန်ယုက မျက်နှာကာကာ၀တ်ဆင်ထားပြီး သူမ၏အမူအယာက သန့်ရှင်းသပ်ရပ်နေလေသည်။ သူတို့ရောက်လာပြီးနောက် လော့ဆန်းနင်နှင့် ရှက်တတ်ပုံရသော အမျိုးသမီးပါ ရောက်လာသောကြောင့် ပုဖန်က အနည်းငယ် အံ့အားသင့်သွားလေသည်။
“ပိုင်ရှင်ပု… ကျွင်းအာက နင်နဲ့တွေ့ချင်လို့တဲ့ … နင်အားလား…” လော့ဆန်းနင်က ဆိုင်ထဲသို့ ရောက်လာသည်နှင့် အော်ပြောလိုက်သည်။
ထိုအမျိုးသမီးက အနည်းငယ် ဆွဲဆောင်မှုရှိသော်လည်း မိန်းမဆန်ချင်းတစ်စက်မျှ မရှိချေ။ ထိုအချိန်တွင် စားစရာဘူးကို သယ်၍ လော့ဆန်းနင်နောက်မှ လိုက်လာသော ကျွင်းအာ၏ မျက်နှာက ရဲတက်လာလေသည်။ သူမက ဆိုင်ထဲမ၀င်ခင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆိုင်ထဲသို့ လှမ်း၀င်လိုက်လေသည်။