အပိုင်း ၁၇၃
Viewers 53k

အခန်း ၁၇၃ “ငါးကင်၏ မွှေးရနံ့ ၂”


မွှေးပျံ့သော ရနံ့များက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသောကြောင့် အားလုံးက ကူရာမဲ့စသွာနှင့် မွှေးရနံ့ထဲ နစ်မြောသွားကြသည်။ ငါး၏ မွှေးရနံ့က မယုံနိုင်စရာ ကောင်းလောက်သော အဆင့်သို့ ရောက်နေလိမ့်မည်ဟု သူတို့က မတွေးမိခဲ့ကြချေ။


ပုဖန်က စိတ်ဝိဥာဉ် သစ်ရွက်ကို ဖွင့်လိုက်သည်နှင့် ထွက်ပေါ်လာသော မွှေးရနံ့က သူတို့၏ စိတ်အာရုံကို လှုပ်ခါလိုက်သောကြောင့် ပျော်ရွှင်ကြည်နူးသွားကြသည်။ ဝူယွမ်ပိုင်က တံတွေးတစ်လုပ် မျိုချလိုက်ပြီး အငွေ့တလူလူထွက်နေသော သစ်ရွက်ထုပ်ကို လှမ်းကြည့်လိုက်သည်။


သူမက သစ်ရွက်အတွင်းမှ ငါးအသားများကို မမြင်ရသော်လည်း အနံ့ရလိုက်သည်နှင့် အရသာက မယုံနိုင်စရာကောင်းလောက်မည်ကို တွေးမိလိုက်ပြီး ချက်ချင်းပင် မြည်းချင်လာလေသည်။


အမမူကလဲ မယုံကြည်နိုင်မှုကြောင့် တုန်လှုပ်နေလေသည်။ ငါးဟင်း၏ မွှေးရနံ့က သူမနားလည်ထားသည်များကို ကျော်လွန်နေပြီဖြစ်သည်။ သူမက ငါးဟင်းကို နေ့စဉ် ချက်ပြုတ်လေ့ရှိပြီး သင့်ပျံ့သော မွှေးရနံ့များ ထွက်ပေါ်လာသော်လည်း ယခုမွှေးရနံ့၏ အဆင့်သိုပ တစ်ကြိမ်မျှပင် မရောက်ခဲ့ဘူးပေ။ ပုဖန်၏ ငါးကို ပြင်ဆင်သည့် နည်းလမ်းက အလွန်ပြီးပြည့်စုံနေပြီး ကောင်းမွန်သော မွှေးရနံ့ကို ထွက်ပေါ်စေလေသည်။


“ဒီလူငယ်လေးက မယုံနိုင်စရာ ကောင်းလောက်အောင် ထူးချွန်တဲ့ စားဖိုမှုးတစ်ယောက်ပဲ ဖြစ်ရမယ်…”


မြွေအမျိုးမီးငယ်လေးက လေထုထဲမှ မွှေးရနံ့များကို ရှူရှိုက်ပြီးသည်နှင့် ဟင်းပွဲ၏ ဆွဲဆောင်မှုအောက်တွင် နစ်မြောသွားလေသည်။ သူမ၏ ခန္ဒာကိုယ်လေးက မီးဖိုရှိရာသို့ လျောတိုက်လာပြီး စိတ်ဝိဥာဉ်သစ်ရွက်အတွင်းမှ ငါးဟင်းကို မြင်ရလိုမြင်ရငြှား မျှော်ကြည့်လိုက်သည်။ သို့သော် သူမ၏ အရပ်က ပုနေသောကြောင့် သစ်ရွက်အတွင်းမှ တလူလူထွက်နေသော အငွေ့များကိုသာ မြင်တွေ့လိုက်ရပြီး ငါးအသားကိုမူ မမြင်တွေ့နိ်ုင်ချေ။


“ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ…”


သူမက အချိန်အတော်ကြာ ကြည့်နေသော်လည်း မမြင်ရသောကြောင့် ပုဖန်ဘက်သို့ လှည့်လိုက်ပြီး ကလေးသံလေးနှင့် မေးလိုက်လေသည်။


“လူသားအကိုကြီး.. ဒီငါ… ငါတို့စစားလို့ ရပြီလား…”


အနီးအနားမှ လူများအားလုံးက ထိုမေးခွန်းကြောင့် ဝိုင်း၍ ကြည့်လိုက်ကြသည်။ သူတို့အားလုံးက စစား၍ ရမရကို သိလိုနေကြသည်။ လွန်ကဲသော မွှေးရနံ့များကြောင့် အရသာကို မြည်းကြည့်လိုနေကြလေသည်။


ပုဖန်က မြွေအမျိုးသမီးငယ်လေးကို ကြည့်၍ ပြုံးလိုက်လေသည်။ ဟင်းပွဲ၏ ဆွဲဆောင်မှုက သူမ၏ စိတ်အာရုံကို ပြောင်းလဲလိုက်နိုင်ဟန် ရလေသည်။ ပုဖန်က သူမကို ကြင်နာဟန်နှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။


“မရသေးဘူး….”


အားလုံး၏ မျက်နှာထားများက တင်းမာသွားကြသည်။ သူတို့က ပုဖန်ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။


“ဘာကြောင့် ငါတို့က မြည်းကြည့်လို့ မရတာလဲ…ဒီလောက်မွှေးပျံ့တဲ့ ငါးဟင်းကို မြည်းကြည့်လို့မရတဲ့ အကြောင်းပြချက်က ဘာလဲ….”


မြွေအမျိုးသမီးငယ်၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ၏ ပါးပြင်က ဒေါသကြောင့် နီရဲလာလေသည်။ အမမူကလဲ ပုဖန်ကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်မိသည်။ ငါးဟင်းက ချက်ပြုတ်ပြီးစီးသွားသော်လည်း မြည်းစမ်း၍ မရသေးသည့် အကြောင်းပြချက်ကို သူမက နားမလည်နိုင်ပေ။


“သူက ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ တောင်ဆိုချက်လေးကိုတောင် မလိုက်လျောနိုင်ဘူးလား….”


ပုဖန်က သူတို့ကို ဂရုစိုက်မနေပဲ ခပ်တည်တည်နှင့် အခြားမီးဖိုတစ်ခုကို မီးမွှေးလိုက်ပြီး ဒယ်အိုးတင်လိုက်လေသည်။ အိုးပူလာသည်နှင့် ဆီအနည်းငယ် ထည့်လိုက်ပြီး ခပ်သေးသေး လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို ထည့်ကြော်လိုက်သည်။ ထို့နောက် အမွှေးအကြိုင်များကို ကျွမ်းကျင်စွာ ထည့်လိုက်ပြီး အရံဟင်းပွဲတစ်ခုကို ပြင်ဆင်လိုက်လေသည်။


အားလုံး၏ မျက်နှာက ကို့ယို့ကားယား အမူအယာ ဖြစ်သွားလေသည်။ ပုဖန်က သူ၏ဟင်းပွဲ၏ ပြည့်စုံသော အခြေအနေသို့ မရောက်ရှိသေးသောကြောင့် မြွေအမျိုးသမီးငယ်၏ တောင်းဆိုချက်ကို ငြင်းဆန်လိုက်ခြင်း ဖြစ်ပေသည်။ စားဖိုမှုးများက သူတို့ဟင်းပွဲ၏ ပြည့်စံသော အခြေအနေသို့ မရောက်ရှိခင်အချိန်တွင် မည်သူ့ကိုမှ မြည်းစမ်းခိုင်းလိမ့်မည်မဟုတ်ချေ။ ထိုအချက်က စားဖိုမှုးတိုင်း၏ အခြေခံ စည်းမျဉ်းပင် ဖြစ်သည်။


ပုဖန်က အသီးအရွက်ကြော်ကို ငါးကင်ပေါ်သို့ လောင်းထည့်လိုက်သည်။ အရံဟင်းပွဲ၏ ရနံ့နှင့် ငါးမှ ထွက်လာသော မွှေးရနံ့များက အတူတကွ ပေါင်းစည်းသွားပြီး မယုံနိုင်စရာကောင်းလောက်အောင် ထူးကဲသောရနံ့များ ထွက်ပေါ်လာလေသည်။


ထို့နောက် ပုဖန်က သစ်သီးအချို့ကို ခပ်ပါးပါးလှီးလိုက်ပြီး စိတ်ဝိဥာဉ်သစ်ရွက်ပေါ်သို့ တင်လိုက်လေသည်။ အရောင်အသွေးစုံလှသော စိတ်ဝိဥာဉ်နွံမြေမှ ငါးကင်က ပြီးပြည့်စုံသွားလေသည်။ ပုဖန်က ဟင်းသီးဟင်းရွက်များကို အပူချိန်များများနှင့် လျင်လျင်မြန်မြန် ကြော်ခဲ့သောကြောင့် ဟင်းသီးဟင်းရွက်များက နွမ်းသွားခြင်းမရှိပဲ အစိမ်းရောင် တောက်ပနေလေသည်။


ဟင်းအနှစ်ထဲတွင် ရှိနေသော ငါးအသားလေးများက နူးညံ့တုန်အိနေလေသည်။ ငါးတစ်ကောင်လုံးကို ခွဲ၍ သေချာကျနစွာ ကင်ထားသောကြောင့် နူးညံ့သော အဖြူရောင် အသားပေါ်တွင် ဆီများ စိုအိနေလေသည်။ ပုဖန်က လက်ထဲမှ မီးဖိုချောင်သုံးဓါးကို ဝေ့ရမ်းလိုက်ပြီး စဉ့်နှီတုံးပေါ်တွင် စိုက်လိုက်လေသည်။ ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။


“ဟင်းပွဲပြင်လို့ ပြီးသွားပြီး မြည်းကြည့်ကြပါဦး….”


“ပြီးသွားပြီလား…. နောက်ဆုံးတော့ စားရပြီပေါ့…..”


ငါးကင်စားရန် စောင့်နေရသည်မှာ သူတို့အတွက် ကမ္ဘာချီ၍ ကြာအောင် နှိပ်စက်ခံနေရသည်နှင့်ပင် တူနေလေသည်။ အငွေ့တလူလူ ထွက်နေသော ငါးကင်ကိ ကြည့်၍ အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု့များ ပြည့်နှက်လာလေသည်။


အမမူက ငါးကင်ရှိရာသို့ လျောတိုက်တိုးလာပြီး သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လာလေသည်။ အသီးအရွက်များက ဆီများ စိုအိနေပြီး ရောင်ခြည်တန်းများ ထုတ်လွှင့်နေသကဲ့သို့ တောက်ပနေပြီး အရောင်အသွေး စုံလင်လှပေသည်။ ငါး၏ ရနံ့ကလဲ အထူးကောင်းမွန်လှသည်။ ဤဟင်းပွဲက အလွန်အရသာကောင်းမည်ကို သံသယရှိရန်ပင် မလိုပေ။


“0အကိုကြီး … အခု ငါတို့စားလို့ရပြီလား….” မြွေအမျိုးသမီးငယ်က စိတ်အားထက်သန်စွာနှင့် ထပ်မေးလိုက်သည်။


ပုဖန်က ခေါင်းညိမ့်ပြလိုက်ရာ သူမက ချက်ချင်းပင် ပျော်ရွှင်သွားပြီး သူမအမေ၏ လက်ကို လှမ်းဆွဲ၍ ပြောလိုက်လေသည်။


“အမေ… မြန်မြန်လေးသမီးကို ငါးဟင်းခွံ့ကြွေးပါ…”


အမမူက တူတစ်စုံကို ဆွဲယူလိုက်ပြီး အသီးအရွက်များကို အနည်းငယ်ဖယ်လိုက်ပြီး ငါးအသားပိုင်း ခပ်ကြီးကြီးတစ်ခုကို ယူ၍ သူ့သမီးကို ခွံ့ကြွေးလိုက်သည်။


သူမ၏ ပါးစပ်ထဲသို့ ငါးအသားပိုင်း ၀င်သွားသည်နှင့် အားလုံး၏ အကြည့်က မြွေအမျိုးသမီးငယ်ပေါ်သို့ ကျရောက်လာလေသည်။ သူတို့အားလုံးက သူမ၏ အမူအယာကို စောင့်ကြည့်နေကြသည်။


ငါးအသားပိုင်းက သူမ၏ပါးစပ်ထသို့ ရောက်လာသည်နှင့် မြွေအမျိုးသမီးငယ်၏ မျက်လုံးများက ဝိုင်းစက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ ပြည့်နှက်လာလေသည်။


“ဒီငါးက အမေချက်ထားတဲ့ ငါးဟင်းထက် ပိုပြီး အရသာရှိတယ်….”


အမမူ၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး ငါးကင်ကို တစ်ချက်ကြည့်လိုက်လေသည်။ ပုဖန်က ငါးကင်ကို ပန်းကန်ထဲသို့ မထည့်ပေးပဲ မီးဖိုပေါ်တွင် ကင်ထားဆဲဖြစ်သည်။ အောက်တွင် လဲ မီးမပျက် ထိုးထားသောကြောင့် ဟင်းအနှစ်များက ဆူပွက်နေပြီး ငါးအသားလေးများက တုန်နေလေသည်။


ဤအခြေအနေက ဖြည်းဖြည်းခြင်း ချက်ပြုတ်ခြင်းနှင့် အလားသဏ္ဍာန် တူနေလေသည်။ ပထမတွင် ငါး၏ အသားလေးများက နူးညံ့လတ်ဆတ်ပြီး အရသာရှိနေမည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့် ငါးအသားလေးများက တင်းမာလာပြီး အရသာပိုရှိလာပေလိမ့်မည်။


ဂလု…


အမမူက တံတွေးတစ်လုပ်မျိုချလိုက်ပြီး သူမ၏ တူကိုယူ၍ ငါးပါးဟပ်အနီးမှ အသားကိုဖဲ့ယူလိုက်သည်။ ထိုနေရာက ငါးတစ်ကောင်လုံးတွင် အရသာအရှိဆုံးပင် ဖြစ်သည်။


ငါးအသားက ပါးစပ်ထဲသို့ ရောက်လာသည်နှင့် အမမူ၏ မျက်လုံးများက မှေးစင်းသွားလေသည်။ ငါး၏ အရသာက သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့စီး၀င်သွားပြီး ပျော်ရွှင်မှုများကို ဆောင်ကျဉ်းပေးလာသကဲ့သို့ ခံစားလိုက်ရသည်။


ထိုအချိန်တွင် ကျန်လူများအားလုံးက ဆက်ထိုင်မနေနိုင်တော့ပဲ အရှေ့သို့ တိုးလာလေသည်။ ဝူယွမ်ပိုင်က ငါးအသားဖက်ကြီးကြီးတစ်ခုကို ကောက်၍ ပါးစပ်ထဲသို့ထည့်လိုက်သည်။ ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် သူမက ငါး၏ အရသာထဲတွင် နစ်မြုတ်ကျရှုံးသွားလေသည်။


ဤငါးဟင်းက သူမစားခဲ့ဖူးသော ငါးဟင်းများထဲတွင် အကောင်းဆုံးဖြစ်ပြီး သူနှင့် ယှဉ်နိုင်သော အရသာ ရှိတော့မည်မဟုတ်ဟု ခံစားလိုက်ရလေသည်။


“ဟမ်… ဒီအသားထဲမှာ ဝိဥာဉ်စွမ်းအင်တွေ ရှိနေတာလား….ဒါဘယ်လိုလုပ် ဖြစ်နိ်ုင်မှာလဲ…. ဒီငါးက အဆင့်တစ် သားရဲဆိုတော့ ချက်ပြုတ်လိုက်တာနဲ့ သူ့ရဲ့ ဝိဥာဉ်စွမ်းအင်တွေက ပျောက်ကွယ်သွားရမှာလေ….” ဝူယွမ်ပိုင်က စိတ်ရှုပ်ထွေးစွာ တွေးလိုက်မိသည်။


ပုဖန်က သူမ၏ အခြေအနေကို သတိပြုမိသွားပြီး ယောင်ယောင်လေးပြုံး၍ ရှင်းပြလိုက်သည်။


“တကယ်တော့ ဒီသစ်ရွက်တွေက အဆင့်သုံး စိတ်ဝိဥာဉ်ဆေးရွက်တွေပဲ.. သူတို့က စွမ်းအင် ကြွယ်ဝြပီး စိတ်ကို အေးချမ်းတည်ငြိမ်စေတဲ့ ဂုဏ်သတ္တိရှိတယ်… ငါက ချက်ပြုတ်ပြင်ဆင်လိုက်တာနဲ့ သူ့ရဲ့ စွမ်းအင်တွေက ငါးအသားထဲကို ရောက်သွားတယ်… အတိုချုပ်ပြောရမယ်ဆိုရင် ဒီငါးကင်ကို အခြေခံအကျဆုံး သက်စောင့်ဟင်းပွဲအဖြစ် သတ်မှတ်နိင်တယ်…”


“ဒီစွမ်းအင်တွေရဲ့ အရင်းအမြစ်က စိတ်ဝိဥာဉ်ဆေးပင်…. သူက ဆေးပင်တွေရဲက အာနိသင်ကိုတောင် လွဲပြောင်းနိုင်တယ်…. ဒါက သက်စောင့်ဟင်းပွဲ….”


၀ူယွမ်ပိုင်က တခဏမျှ ကြောင်အနေပြီး သူမ၏ ဗဟုသုတ နားလည်မှုများက လုံလောက်မှု မရှိသေးသည်ကိုနားလည်သွားလေသည်။ သူမက ချက်ပြုတ်ခြင်း နည်းစနစ်ထဲတွင် များပြားလှသော အသိပညာဗဟုသုတများ ပါ၀င်လိမ့်မည်ဟု သတိပြုမိခဲ့ခြင်း မရှိပေ။


“သက်စောင့်ဟင်းပွဲ…”


ထိုကဲ့သို့သော အသုံးအနှုန်းမျိုးကို သူမက ကြားပင် မကြားဖူးခဲ့ပေ။ သို့သော ထိုကဲ့သို့သော ဟင်းပွဲမျိုးကို စားဖိုမှုးတိုင်းချက်ပြုတ်နိုင်မည် မဟုတ်သည်ကို သူမက သိရှိပေသည်။ တိမ်ဖြူစံအိမ်တွင် ကျွမ်းကျင်သော စားဖိုမှုးများစွာ ရှိနေသော်လည်း သက်စောင့်ဟင်းပွဲ ချက်ပြုတ်နိုင်သော စားဖိုမှုးက တစ်ယောက်သာ ရှိနေလေသည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်ကြောက်စရာကောင်းပြီး ချက်ပြုတ်ခြင်းက သူ၏ ဝါသနာမျှသာ ဖြစ်သည်။


သူမ၏ ရှေ့မှ စားဖိုမှုးလူငယ်က ဘုရင်အဆင့်သာ ရှိသေးသော်လည်း သက်စောင့်ဟင်းပွဲကို ချက်ပြုတ်နိုင်နေပြီဖြစ်သည်။ ထိုအချက်က ကြောက်မက်ဖွယ်ကောင်းလှပေသည်။


မြွေမျိုးနွယ်စု၏ အကြီးအကဲက သက်စောင့်ဟင်းပွဲအကြောင်း ကြားလိုက်သည်နှင့် ပုဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူက နားလည်ရန် ခက်ခဲသော အကြည့်ဖြင့် ပုဖန်၏ ဆံစမှ ခြေဖျားသို့ တိုင်အောင် နှံ့နှံ့စပ်စပ် ကြည့်လိုက်လေသည်။