အခန်း ၁၇၇ “နဂါးတစ်ကောင်နဲ့ ယှဉ်လိုက်ရင် မြွေတစ်ကောင်က ဘာမှမဟုတ်ဘူး…”
“သူ…. သူရူးများ ရူးသွားတာလား….”
လူတိုင်းက သွေးသရဖူရွံ့နက် စပါးအုံးမြွေထံသို့ ဓါးကိုင်၍ ပြေးသွားသော ပုံရိပ်ကို ကြောင်တောင်တောင်နှင့် ငေးကြည့်နေကြသည်။
“သူက သူတစ်ယောက်ထဲရဲ့ စွမ်းအားနဲပ ရွံ့နက်မြွေကို တိုက်ခိုက်ချင်တာလာ…”
“သူက အဆင့်ရှစ်ရောက်ခါနီး နတ်ဆိုးသားရဲရဲ့ ပါးစပ်ထဲက ကြာစေ့ကို လုယူချင်တာလား….”
“ဒါက မိုက်ရူးရဲဆန်တာပဲ…”
လူတိုင်းက တွေးတောနေကြသည်။ ပုဖန်သာ သူတော်စင်အဆင့်တစ်ယောက် ဖြစ်ပါက သူ၏ အပြုအမူကို ချီးကြူးထိုက်သည်ဟု ယူဆကြမည်ဖြစ်သော်လည်း ပုဖန်က ဘုရင်အဆင့်သာ ဖြစ်သောကြောင့် သူတို့၏ ရှုထောင့်မှ ကြည့်လျှင် ပုဖန်က ကိုယ့်ကိုကိုယ် ယုံကြည့်မှုလွန်ကဲကာ အရူးထနေခြင်းပင် ဖြစ်သည်။
သူတော်စင်အဆင့် နှစ်ယောက်ကိုပင် အနိုင်ယူနိုင်သော ရွံ့နက်မြွေ၏ ရှေ့တွင် ဘုရင်အဆင့် တစ်ယောက်က ပုရွက်ဆိတ်သာသာပင် ဖြစ်နေပေသည်။ သူ၏ အမြှီးရိုက်ချက် တစ်ချက်ကပင် ထိုလူငယ်ကို အမှုန့်ချေနိုင်စွမ်း ရှိနေလေသည်။
၀ူယွမ်ပိုင်က သက်ပြင်းတစ်ချက် အသာချလိုက်ပြီးခေါင်းယမ်းလိုက်မိသည်။ ပုဖန်က သက်စောင့်ဟင်းပွဲကိုပင် ချက်ပြုတ်နိ်ုင်သော စားဖိုမှုးဖြစ်သောကြောင့် သူမက အလွန်လေးစားခဲ့သည်။ ထိ်ုသို့ ချက်ပြုတ်နိုင်သော စားဖိုမှုးက တိမ်ဖြူစံအိမ်တွင်ပင် ရှားပါးပေသည်။ သို့သော် ထိုလူငယ်၏ အချက်အပြုတ်စွမ်းရည်က ကောင်းမွန်သော်လည်း စဉ်းစားနိုင်စွမ်းက အလွန်ဆိုးဝါးနေလေသည်။
ရွံ့နက်မြွေကို တိုက်ခိုက်ခြင်းက သူ့ကိုသူ သေကြောင်းကြံနေခြင်းသာ ဖြစ်နိုင်ပေသည်။ ကြာစေ့ကို အလွန်လိုအပ်နေလျှင်ပင် သူ၏ စွမ်းဆောင်ရည်ကို ဆန်းစစ်ကြည့်သင့်ပေသည်။ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေသော အလုပ်ကို ကြိုးစားခြင်းက မိမိကိုယိကိုယ် သေကြောင်းကြံနေခြင်းပင် ဖြစ်သည်။
အမမူကလည်း စိတ်ရှုပ်ထွေးနေလေသည်။သူမ တစ်စုံတစ်ခု မလုပ်နိုင်ခင်အချိန်တွင် ပုဖန်က ရွံ့နက်မြွေထံသို့ သွားနေပြီဖြစ်သည်။ သူမသတိ၀င်လာချိန်တွင် ပုဖန်ကို တားရန် အလွန် နောက်ကျသွားပြီဖြစ်သည်။
အားနီက တခဏမျှ ကြောင်အနေသော်လည်း စိတ်အားထက်သန်မှုကြောင့် သူ၏ သွေးများ ပွက်ပွက်ဆူလာလေသည်။
“သေလိုက်စမ်း…. ဘုရင်အဆင့်ပဲ ရှိသေးတဲ့ ဒီသူငယ်ချင်းကတောင် အရှေ့ထွက်ပြီး တိုက်ခိုက်ရဲတယ်… ငါ့လို အင်ပါယာအဆင့်တစ်ယောက်က အစီအရင်ထဲမှာ ပုန်းအောင်းနေရတာတော့ လုံး၀ မဖြစ်သင့်ဘူး…”
အားနီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏အမြှီးကို လွဲရမ်းလိုက်ကာ ပုဖန်နောက်သို့ လိုက်ရန် ပြင်လိုက်လေသည်။ သို့သော် သူခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် အကြီးအကဲက သူ၏ မျက်နှာကို အမြှီးနှင့် ဖြတ်ရိုက်လိုက်သည်။
“အဲဒီမှာပဲ ရပ်နေလိုက်… မင်းနေရာကို မင်းပြန်သွား …. မင်းကိုယ်မင်း ဘာထင်နေတာလဲ… ဒီအချိန်က အရူးလို လုပ်နေရမယ့် အချိန်မဟုတ်ဘူး…”
အကြီးအကဲ၏ အော်ဟစ်လိုက်မှုကြောင့် အားနီက ကြောက်လန့်သွားပြီး အသားအရေများပင် ဖြူဖျော့လာလေသည်။ ထို့နောက် သူ၏နေရာသို့ ခပ်ကုတ်ကုတ်နှင့် ပြန်သွားလိုက်သည်။ သို့သော် သူ၏ မျက်၀န်းထဲတွင် ဒေါသများနှင့် ပြည့်နှက်နေဆဲပင် ဖြစ်သည်။ သူက ပုဖန်ကို ကြည့်ညိုလေးစား အားကျစွာဖြင့် လှမ်းကြည့်နေလေသည်။
“သူက ငါတို့ လူငယ်မျိုးဆက်ရဲက စံပြပုဂ္ဂိုလ်ပဲ… သူ့ရဲ့ သေခြင်းက ဂုဏ်ရှိလိုက်တာ….”
သွေးသရဖူရွံ့နက် စပါးအုံးမြွေ၏ အရွယ်အစားက ပို၍ သေးငယ်လာပြီး သူ၏ အရှိန်အဝါက ပို၍ ရက်စက်ကြမ်းကြုတ်လာလေသည်။ သူ၏ အမြန်နှုန်းကလဲ ပို၍ လျှင်မြန်လာသောကြောင့် လူအားလုံးက လေအေးများကို ရှူရှိုက်လိုက်ရသည်။ သူက အရာအားလုံးကို ထိုးဖောက်ဖျက်စီးနိုင်သော မြှားတစ်စင်းကဲ့သို့ လေထုထဲတွင် ပျံသန်းသွားလေသည်။
ရွံ့နက်မြွေက သူ၏ ဦးတည်ရာတည့်တည့်တွင် ပုရွက်ဆိတ်ကဲ့သို့သော လူသားတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် သူ၏ မျက်၀န်းများ ကျဉ်းမြောင်းသွားလေသည်။ ထိုလူသားမှ ထွက်ပေါ်လာသော အရှိန်အဝါက အလွန်အားနည်းသောကြောင့် သူက တိုက်ခိုက်ရန်ပင် စိတ်၀င်စားခြင်းမရှိပေ။
“ဒီလူက ရူးနေတာလား… သူ့ထက် အင်အားကြီးတဲ့ နှစ်ယောက်တောင် သေလုဆဲဆဲ ဖြစ်သွားတာ မတွေ့တာလား…” ရွံ့နက်မြွေက တိတ်တဆိတ် တွေးလိုက်မိသည်။
“ကောင်းပြီလေ… ဒီလိုဆိုမှတော့ ငါသူနဲ့ ခဏလောက် ကစားပေးလိုက်တာပေါ့….”
ပုဖန်က မစဉ်းစားမဆင်ခြင်ပဲ အရူးထ၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ သူက ရွံ့နက်မြွေထံသို့ သွားနေသည့်အချိန်တွင် သူ၏ ခန္ဒာကိုယ်မှ အစစ်အမှန် စွမ်းအင်များကို တဖြည်းဖြည်း လှည့်ပတ်လိုက်ပြီး ခြေလက်များသို့ စွမ်းအင်များကို ပို့လွှတ်ထားလေသည်။ သူ၏ အရှိန်အဝါများက အထွဋ်အထိပ် ရောက်လာလေသည်။ လက်ထဲမှ မီးဖိုချောင်သုံးဓါးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း အားကောင်းလာလေသည်။
၀ရော…
ပုဖန်က ရှေ့သို့ လှမ်းလိုက်သည်နှင့် မြေပြင်က သိမ့်သိမ့်တုန်သွားလေသည်။ သူ့လက်ထဲမှ ရှေးကျပုံရသော မီးဖိုချောင်သုံးဓါးက ပုံစံပြောင်းလဲသွားပြီး ကြီးမားလှသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ဖြစ်လာလေသည်။ ထိုဓါးမှ ဖြာထွက်လာသော အားကောင်းလှသည့် အလင်းတန်းများက အားလုံး၏ မျက်၀န်းများကို ကျိန်းစပ်သွားစေလေသည်။
“ဘုရားရေ… ဒီ… ဒီပစ္စည်းက ဘာလဲ….”
မြွေလူသားအားလုံးက သူတို့ပေါ်သို့ ကျရောက်လာသော ပြင်းထန်လှသည့် ဖိအားကို ခံစားလိုက်ရသည်။ သူတို့၏ မျိုးဆက်သွေးအတွင်းထိပင် ကြောက်ရွှုံထိတ်လန့်မှုများ ဖြစ်ပေါ်နေလေသည်။ သူတို့၏ ခြေလက်များပင် တဆတ်ဆတ် တုန်ယင်နေပြီး မျက်နှာများက ဖြူဖျော့နေကြလေသည်။
မြွေလူသားမျိုးနွယ်စု ခေါင်းဆောင်သည်ပင် မုန်တိုင်းကြားမှ သစ်ရွက်တစ်ရွက်ကဲ့သို့ လှုပ်ခါနေလေသည်။ သူက ထိုကဲ့သို့သော ကြောက်ရွံကမှုမျိုးကို မခံစားဖူးခဲ့ပေ။ မြွေလူသားမျိုးနွယ်စုအားလုံး၏ ခေါင်းဆောင် အာဏာပိုင်များ၏ ရှေ့မှောက်တွင်ပင် ဤကဲ့သို့ ကြောက်ရွံ့ခဲ့ခြင်းမရှိပေ။ ထိုကြောက်လန့်မှုက နက်ရှိုင်းသော မျိုးဆက်သွေးများအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကျယ်လောင်သော အသံတစ်ခုနှင်အတူ ရေများ လွင့်စင်သွားပြီး မြွေလူသားများအားလုံး မြေပြင်ပေါ်သို့ မှောက်ရက်လဲသွားကျလေသည်။ ကြောက်ရွံ့မှုက သူတို့ကို မှောက်ရက်လဲသည်အထိ ဖိအားပေးလာသောကြောင့် ဖြစ်သည်။
၀ူယွမ်ပိုင်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။
“ဘာ… ဘာတွေဖြစ်နေတာလဲ… မြွေလူသားတွေက ဘာလို့ မြေပြင်ပေါ်မှောက်ရက် လဲသွားကြတာလဲ…”
ဒင်… ဒင်…ဒင်..
ခပ်လှမ်းလှမ်းရှိ မြေပြင်ပေါ်သို့ ကျနေသော နတ်ဘုရားတစ်ပိုင်းအဆင့် တိမ်ဖြူဓါးက ရုတ်တရက် လှုပ်ခါလာလေသည်။ ဓါးနှင့် စိတ်ဝိဥာဉ်ချင်းဆက်သွယ်နေသော ဝူယွမ်ပိုင်က မွန်းကြပ်မှုကို တခဏမျှ ခံစားလိုက်ရသည်။ သူမက တိမ်ဖြူဓါး၏ ထိတ်လန့်ကြောက်ရွံ့နေမှုကို ခံစားမ်နေလေသည်။
တိမ်ဖြူဓါးက နတ်ဘုရာတစ်ပိုင်အဆင့် လက်နတ်ဖြစ်သောကြောင့် သဘာ၀အားဖြင့် အာရုံခံစားနိုင်စွမ်းကို ပိုင်ဆိုင်ပေသည်။ ထိုဓါးရှည်က သာမာန်ပစ္စည်းတစ်ခုကြောင့် ကြောက်ရွံ့ထိတ်လန့်နေမည်မဟုတ်ပေ။ ဝူယွမ်ပိုင်က မျက်ခုံးပင့်လိုက်မိပြီး ပုဖန်ကိုင်ထားသော မီးဖိုချောင်သုံး ဓါးကို တစ်ချက်ပြန်ကြည့်လိုက်သည်။
“ဒီဓါးက… ဒီမီးဖိုချောင်သုံးဓါးက တကယ်ပဲ နတ်ဘုရာတစ်ပိုင်းအဆင့် လက်နတ်လား… ဘယ်လို သေနာကျမျိုးက မီးဖိုချောင်သုံးဓါးကို နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်အဖြစ် ထွင်းထုခဲ့တာလဲ…. ဒါက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်မနေဘူးလား….”
၀ူယွမ်ပိုင်က ဒေါသတကြီးတွေးလိုက်မိသည်။ သူမဒေါသအထွက်ရဆုံးမှာ သူမ၏ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်က မီးဖိုချောင်သုံးဓါးထက် အားနည်းနေသောကြောင့်ဖြစ်သည်။
“တိမ်ဖြူစံအိမ်ရဲက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်က ဒီမီးဖိုချောင်သုံးဓါးထက် အားနည်းတာလား… ဘယ်လိုတောင် အရှက်ကွဲတာလဲ…”
ပုဖန်၏ အမြန်နှုန်းက မြန်ဆန်လာပြီး သူ့လက်ထဲမှ ဓါးကလဲ ပို၍ ကြီးမားလာသောကြောင့် သူက ဓါးကို ပခုံးနှင့် ထမ်းထားလိုက်ရသည်။ ပုဖန်ကို ဂရုမစိုက်သော ရွံ့နက်မြွေက သူ့လက်ထဲမှ သေးငယ်သော မီးဖိုချောင်သုံးဓါး၏ ပြောင်းလဲမှုကို မြငလိုက်ရသောအခါ ဆွံအသွားလေသည်။
ဝေါင်း…
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးမှ နဂါးအော်သံတစ်ခုနှင့်အတူ နတ်နဂါးပုံရိပ်က လေထုထဲသို့ ထိုးတက်သွားပြီး ကောင်းကင်ပေါ်တွင် လှည့်လည်နေလေသည်။
ဗုန်း….
မြွေလူသားများက မြေပြင်ပေါ်မှ လူးလဲထ၍ အရိုအသေ ပေးလိုက်ကြသည်။ သူတို့ခန္ဒာကိုယ်ထဲမှ သွေးများပင် ပွက်ပွက်ဆူနေသည်ဟု အားလုံးက ခံစားနေရလေသည်။
“ဒါ… ဘုရားရေ… ဒါ နဂါးဟိန်းသံပဲ… ဒါဆို… ဒီမီးဖိုချောင်သုံးဓါးကို နဂါးအရိုးနဲ့ လုပ်ထားတာပေါ့… ဒီကမ္ဘာမှာ လူလို စဉ်းစားတတ်တဲ့ လူုတွေရော ရှိသေးရဲ့လား… နဂါးအရိုးနဲ့လုပ်ထားတဲ့ မီးဖိုချောင်သုံးဓါး…. အဖိုးတန်ပစ္စည်းကို ဘယ်လိုတောင် ဖြုန်းတီးလိုက်တာလဲ…”
လူအားလုံး၏ အတွေးများက တူညီနေလေသည်။ နဂါးအရိုးကို မီးဖိုချောင်သုံးဓါး ပြုလုပ်လိုက်ခြင်းက ဖြုန်းတီးခြင်းပင် ဖြစ်သည်။ သို့သော် ပုဖန်က သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။ ထိုမီးဖိုချောင်သုံးဓါးက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း များထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဓါးကို နဂါးအရိုးနှင့် ပြုလုပ်ထားလျှင်ပင် သူက ဂရုမစိုက်နိုင်ပေ။
ပုဖန်က ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့နောက်မှ စူးရှကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ သွေးသရဖူ ရွံ့နက် စပါးအုံးမြွေက ဆက်လက်ပျံသန်းလာနေသေည်လည်း သူ့ထံမှ ခြိမ်းခြောက်နိုင်သော အရှိန်အဝါများက ပျောက်ကွယ်သွားပြီဖြစ်သည်။
နဂါးတစ်ကောင်၏ အရှိန်အဝါနှင့် ယှဉ်လိုက်ပါက မြွေတစ်ကောင်၏ အရှိန်အဝါက ပုရွက်ဆိတ်သာသာပင် ရှိနေလေသည်။ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရှေ့တွင် ရပ်နေသော ပုဖန်က နီးကပ်လာသော ရွံ့နက်မြွေကို စိုက်ကြည့်လိုက်သည်။
ပုဖန်က သူ၏ ဓါးကိုင်လက်ိကု အနည်းငယ်လှုပ်ခါလိ်ုက်ပြီး ဓါးကို လွဲရမ်းလိုက်သည်။ မီးဖိုချောင်သုံးဓါးထံမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် လှပသော လျှပ်စီးတန်းများ ဖြစ်ပေါ်လာလေသည်။