အပိုင်း ၁၇၉
Viewers 53k

အခန်း ၁၇၉ “သွေးသရဖူ နွားနဂါး အသားဆန်ပြုတ်”


“မျိုးနွယ်စု ခေါင်း… ခေါင်းဆောင်… တကယ်ပဲ ယုဖန်အတွက် မျှော်လင့်ချက်ရှိပြီလား…”


လှပသော မြွေအမျိုးသမီးက တခဏမျှ သတိလက်လွတ်ဖြစ်သွားပြီး သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။ သူမက ပါးစပ်ကို လက်နှင့် အုပ်၍ ငိုရှိုက်နေရာမှ မေးလိုက်မိသည်။ သူမခင်ပွန်းအတွက် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။ မြွေလူသားမျိုးနွယ်စု၏ အသန်မာဆုံး စစ်သည်တော်က ပြန်ရောက်လာတော့မည်ဖြစ်သည်။


ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းရဲက အစိက ယုဖူကို သေချာပေါက် ကုသပေးနိုင်လိမ့်မယ်… မျိုးနွယ်စုခေါင်းဆောင်က သူမကို ကြည့်၍ ပြောလိုက်သည်။


ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က ကြာခွက်ကို မြှောက်လိုက်ပြီး သူ၏ လက်ဖဝါးမှ အစစ်အမှန်စွမ်းအင်များကို ပို့လွှတ်လိုက်ရာ ကျောက်စိမ်းကဲ့သို့သော ကြာစိများ ထွက်ပေါ်လာလေသည်။ ထိုကြာစိလေးများက အရည်ကောင်းသော ကျောက်စိမ်းအရိုင်းတုံးကို ထွင်းထုထားသကဲ့သို့လှပနေလေသည်။


အခန်းထဲမှ လူအားလုံးက ရုတ်တရက် ပြည့်နှက်လာသော စိတ်ဝိဥာဉ်စွမ်းအင်များနှင့် မွှေးကြိုင်သော ရနံ့တို့ကြောင့် အလွန်စိတ်လှုပ်ရှားသွားကြလေသည်။


ဘေးတစ်ဖက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်ကြည့်နေသော ပုဖန်၏ မျက်လုံးများကလဲ တောက်ပလာလေသည်။ သူရှူရှိုက်လိုက်မိသော မွှေးရနံ့များအရ ရေခဲဥာဉ်ဧကရာဇ်ကြာပန်းက ဖီးနစ်သွေးဆေးပင်နှင့် သုံးလမ်းကြောင်း သိမြင်မှု သစ်သီးတို့နှုင် ရောစပ်ရန် အဆင့်မှီပေသည်။


ကြာစိကို ဆုတ်ကိုင်ထားသော မျိုးနွယ်စုခေါင်းဆောင်က လက်ကို တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။ ထို့နောက် အစစ်အမှန် စွမ်းအင်များကို ကြာစိထံသို့ ပို့လွှတ်လိုက်ပြီး အမှုန့်ချေလိုက်သည်။ လက်ဖဝါးကို ပြန်ဖြည်လိုက်သည်နှင့် ကြာစိအမှုန်းများက လက်ဖဝါးပေါ် ဝဲလွင့်နေလေသည်။ ထို့နောက် သူ၏လက်ကို ညင်သာစွာ ဝေ့ရမ်းလိုက်ပြီး မေ့မြောနေသော မြွေလူသား၏ ပါးစပ်ထဲသို့ မြောလွင့်သွားစေလိုက်သည်။


ယုဖူက တောက်ပသော မျက်လုံးလေးများနှင့် လဲလျောင်းမေ့မြောနေသော မြွေလူသားကို စိုက်ကြည့်နေလိုက်သည်။ ထိုကြာစိအမှုန်များက သူ၏ ပါးစပ်ထဲသို့ ၀င်သွားသည်နှင့် မေ့မြောနေသော မြွေလူသား၏ မျက်နှာပေါ်တွင် အပြာဖျော့ဖျော့ အရောင်တချက် လင်းလက်လာပြီး ဘာမှ ဆက်ဖြစ်မလာတော့ပေ။


“ဟမ်… ဒါပဲလား….”


ပုဖန်က တခဏမျှ ကြောင်အသွားပြီး မျိုးနွယ်စုခေါင်းဆောင်လက်သို့ လှည့်ကြည့်လိုက်သည်။ ကြာစေ့တစ်စေ့ကို အသုံးပြုပြီးနောက် သူတို့၏ ကုသခြင်း အစီအစဉ်က အလုပ်ဖြစ်ဟန်မရပေ။


“ဘာတွေ ဖြစ်နေတာလဲ…”


လက်ရှိအခြေအနေကို ပုဖန်သာ အံ့သြနေခြင်းမဟုတ်ပဲ မျိုးနွယ်စုခေါင်းဆောင်ပင် ကြောင်အနေလေသည်။ ကြာစိအမှုန် တစ်စိစာကို မျိုချလိုက်ပြီးသည်နှင့် ယုဖန်က ပြန်လည်နိုးထလာသင့်သည်ဟု သူက ယူဆထားလေသည်။


မျိုးနွယ်စုခေါင်းဆောင်က လက်မလျော့သေးပဲ ကြာစိနောက်တစ်စိကို ထုတ်ယုချေမွလိုက်ပြီး ယုဖန်၏ ပါးစပ်ထဲသို့ ထပ်ထည့်လိုက်သည်။ သို့သော် ပထမကြာစိကဲ့သို့ပင် မြွေလူသား၏ မျက်နှာပေါ်တွင် အပြာဖျော့ဖျော့ အလင်းတစ်ခုသာ လင်းလက်လာပေသည်။ ကြာစိတစ်စိချင်းစီက အလွန်တန်ဖိုးကြီးလှသောကြောင့် ကြာစိနှစ်စိ အသုံးပြုပြီးသည်နှင့် မေ့မြောနေသော ယုဖန်က ပြန်လည်နိုးထလာသင့်ပေသည်။


မျိုးနွယ်စုခေါင်းဆောင်က အံတင်းတင်း ကြိတ်လိုက်ပြီး နောက်ထပ် ကြာစိတစ်စေ့ကို အမှုန့်ထပ်ချေလိုက်သည်။ ကြာခွက်ထဲတွင် ကြာစိ ရှစ်စိသာ ပါလေရာ အချိန်တိုအတွင်းတွင် ကြာစိသုံးစိ ဖြုန်းတီးလိုက်ခြင်းက အလွန်အကျွံ ဖြုန်းတီးခြင်းပင် ဖြစ်သည်။ သို့သော်လည်း မြွေလူသားက သတိလစ်နေဆဲပင် ဖြစ်သည်။


ထိုအချိန်၌ အကြီးအကဲခေါင်းဆောင်၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေပြီး နောက်တစ်စိကို အမှုန့်ချေရန် ပြင်လိုက်ချိန်တွင် ရပ်ကြည့်မနေနိုင်တော့သော ဝူယွမ်ပိုင်က ၀င်ပြောလိုက်လေသည်။


“ကြာစီတွေကို ထပ်ပြီးမဖြုန်းတီးနဲ့တော့ တကယ်လို့ ကုသမှုသာ ထိရောက်မယ်ဆိုရင် ပထမကြာစိမှာထဲက သူကသတိရနေပြီး ကြာစိသုံူးစိကို သုံးလိုက်တာက လုံလောက်တာထက်ကို ပိုနေပြီ… ထပ်သုံးတာက ဖြုန်းတီးတာ သက်သက်ပဲ…”


၀ူယွမ်ပိုင်၏ အသံက ရေခဲတမျှ အေးစက်နေလေသည်။ မျိုးနွယ်စုခေါင်းဆောင်က ကြာစိကို တင်းတင်းဆုတ်ကိုင်ထားသော လက်ကို ဖြေလျှော့လိုက်သည်။ သူ၏ မျက်နှာက မျှော်လင့်ချက်မဲ့မှုကြောင့် ဖြူဖက်ဖြူရော်ပင် ဖြစ်နေလေသည်။


ထိုအချိန်တွင် လှပသော မြွေအမျိုးသမီးနှင့် ယုဖူတို့က ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။ သူမတို့၏ မျှော်လင့်ချက် အနည်းငယ်က ရက်စက်စွာ ရိုက်ချိ်ုးဖျက်စီး ခံလိုက်ရပြီဖြစ်သည်။


၀ူယွမ်ပိုင်က အိပ်ယာပေါ်မှ မြွေအမျိုးသားထံသို့ လျောက်သွားလိုက်သည်။ ထို့နောက် သူမ၏ အစစ်အမှန် စွမ်းအင်များကို မျိုးနွယ်စုပိုင်ပညာရပ်တစ်ုဖြင့် တိမ်စွမ်းအင် အဖြစ် ပြောင်းလဲလိုက်ပြီး လက်ဝါးတွင် စုစည်းလိုက်ကာ မြွေလူသား၏ ရင်ဘက်ပေါ်တွင် တင်ထားလိုက်သည်။ သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး မြွေလူသား၏ ခန္ဒာကိုယ်ထဲမှ ပြောင်းလဲမှုများကို အာရုံခံလိုက်သည်။


“သူက သူ့ရဲက အသက်စွမ်းအင်တွေ အလွန်အကျွံ ဆုံးရှုံးသွားလို့ သတိလစ်နေတာ… ကြာစိတွေကို ဘယ်လောက်သုံး အချည်းနှီးပဲ ကြာစိတွေကိ်ု သက်သက် ဖြုန်းတီးနေတာပဲ ဖြစ်မှာ…”


“ကြာစိထဲမှာ ဝိဥာဉ်စွမ်းအင်တွေ အမြောက်အများပါနေပေမယ့် သူတို့က ဒဏ်ရာတွေကိုပဲ ကုသပေးနိုင်တာ… အသက်စွမ်းအင်တွေကို ပြန်မဖြည့်ပေးနိုင်ဘူး…. မင်းက ကြာစိတွေကို ဒီအတိုင်း ဖြုန်းတီးလိုက်တာပဲ….”


၀ူယွမ်ပိုင်က မျိုးနွယ်စုခေါင်းဆောင်ဘက် လှည့်၍ မကျေမနပ်နှင့် ပြောလိုက်သည်။ ဝူယွမ်ပိုင်က ပြောပြီးသည်နှင့် သူမ၏ လက်ကို ပြန်ရုတ်၍ အားလုံးကို ဝေ့ကြည့်လိုက်သည်။


မျိုးနွယ်စုခေါင်းဆောင်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် မှုတ်ထုတ်လိုလက်ပြီး ယုဖူနှင့် သူမ၏ အမေတို့ကို ရဲရဲနီနေသော မျက်လုံးများနှင့် လှမ်းကြည့်လိုက်လေသည်။ သူမတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားပြီ ဖြစ်သောကြောင့် ယုဖူတို့ သားအမက ငိုကြွေးနေကြလေသည်။


“အသက်စွမ်းအင်တွေ ဆုံးရှုံးသွားတာ….”


ပုဖန်၏ မျက်၀န်းများက မှေးစင်းသွားပြီး သူ့ခေါင်းထဲတွင် အတွေးများ ယောက်ယပ်ခတ်သွားလေသည်။ ထို့နောက် မြွေလူသားရှိရာသို့ တဖြည်းဖြည်း လျှောက်သွားလိုက်ပြီး အိပ်ယာဘေးတွင် ရပ်၍ မြွေလူသားကို တခဏမျှ စိုက်ကြည့်နေလိုက်သည်။ သူက အချိန်အတော်ကြာမျှ စိုက်ကြည့်ပြီးနောက် ဝူယွမ်ပိုင်ဘက်သို့ လှည့်၍ ပြန်မေးလိုက်သည်။


“သူသတိလစ်နေတာ… အသက်စွမ်းအင်တွေ ဆုံးရှုံးသွားလို့ ဆိုတာ မင်းသေချာလား….”


၀ူယွမ်ပိုင်က ပြောစရာစကားမဲ့သွားလေသည်။ ပုဖန်က မေ့မြောနေသော မြွေလူသားကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသောကြောင့် အခြားအကြောင်းအရာတစ်ခု တွေးထားသည်ဟု သူမက ထင်နေခြင်းဖြစ်သည်။ သို့သော် မမျှောင်လင့်ထားစွာပင် သူမ၏ စကားကို ပြန်မေးနေလေသည်။


“မင်းအကြာကြီး သူ့ကို စိုက်ကြည့်နေတာ မဟုတ်ဘူးလား…”


“တိမ်ဖြူစံအိမ်က ကျွမ်းကျင်သူတိုင်းက ဆေးပညာကို သင်ထားရတယ်… ဒါကြောင့် ငါ့ရဲက အတည်ပြုချက်ကို သံသယ ရှိနေဖို့ မလိုဘူး….” ဝူယွမ်ပိုင်က ဝံ့ကြွားစွာ ပြောလိုက်သည်။


ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး ရင်ကော့၍ ဝံ့ကြွားနေသော ဝူယွမ်ပိုင်ကို လျှစ်လျူရှုလိုက်ကာ မျိုးနွယ်စုခေါင်းဆောင်ဘက်သို့ လှည့်၍ လက်ဖြန့်လိုက်ကာ ပြောလိုက်သည်။


“ကြာစိတွေက အသုံးမ၀င်ဘူးဆိုတော့ ကျန်တာတွေ ငါ့ကို ပြန်ပေးတော့…”


မျိုးနွယ်စုခေါင်းဆောင်က စကားတစ်ခွန်းပင် ပြန်မပြောတော့ပဲ ကျန်နေသော ကြာစိများ ထည့်ထားသည့်ကြာခွက်ကို ထုတ်ပေးလိုက်သည်။ ပုဖန်က လျင်မြန်စွာနှင့် ကြာခွက်ကို စနစ်၏ သိုလှောင်နေရာသို့ ထည့်သိမ်းလိုက်သည်။


ထို့နောက် တိတ်တဆိတ် ငိုကြွေးနေသော မြွေအမျိုးသမီးဘက်သို့ လှည့်၍ မေးလိုက်သည်။


“ဒီမှာ ချက်ပြုတ်ဖို့ မီးဖိုရှိလား….”


လှပသော မြွေအမျိုးသမီးက ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး အခန်းနောက်တစ်နေရာသို့ ညွှန်ပြလိုက်သည်။


ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် ဟောင်းနွမ်းနေသော မီးဖိုရှိရာသို့ လျောက်သွားလိုက်သည်။ ထိုမီးဖို၏ ဘေးတွင် ဆန်စည်ပိုင်းတစ်ခု ရှိနေသောကြောင့် ပုဖန်က အဖုံးဖွင့်ကြည့်လိုက်ရာ အထဲတွင် ဆန်တစ်စိပင် ရှိမနေသည်ကို တွေ့လိုက်ရသည်။ မြွေလူသားများ၏ ရှင်သန်နေထိုင်ရခြင်းက အလွန်ကြမ်းတမ်းလှပေသည်။


ပုဖန်က အိုးကို ဆေးလိုက်ပြီးနောက် မီးမွှေးလိုက်ကာ မီးဖိုနားတွင် အလုပ်ရှုပ်နေလေသည်။


၀ူယွမ်ပိုင်က ပုဖန်၏ လှုပ်ရှားမှုများကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း တစုံတခုကို တွေးမိသွားသောကြောင့် သူမ၏ မျက်၀န်းများ တောက်ပလာလေသည်။


“ကြည့်ရတာ… သူက သက်စောင့်ဟင်းပွဲ ချက်ပြီး မြွေလူသားကို ကုပေးမလို့ထင်တယ်… ဒါပေမယ့်လဲ သက်စောင့်ဟင်းပွဲက တကယ်ပဲ ကုန်ခမ်းသွားတဲ့ အသက်စွမ်းအင်တွေကို ဖြည့်တင်းပေးနိုင်လို့လား….” ဝူယွမ်ပိုင်က မယုံကြည်နိုင်စွာနှင့် တတွတ်တွတ် ရေရွတ်လိုက်သည်။


အသက်စွမ်းအင် ဆုံးရှုံးခြင်းက အလွန်ခက်ခဲသော ပြသနာတစ်ရပ်ပင် ဖြစ်သည်။ လူတို့၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာည်နှင့် အသက်စွမ်းအင်များကလဲ တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။ အသက်စွမ်းအင် လျော့နည်းခြင်းက ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိလာလျင် ကုသရန် ခက်ခဲလာမည်ဖြစ်သည်။


ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ ဥထမင်းကြော်အတွက် အသုံးပြုသည့် ဆန်အချို့ကို ထုတ်ယူလိုက်သည်။ ဆန်စိတိုင်းက ပုလဲရောင် တောက်ပနေပြီး ထိုဆန်များက ပုဖန်က သူ့အတွက် ရည်ရွယ်၍ ထည့်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စိတ်ဝိဥာဉ်နွံမြေအတွင်း ရောက်နေသောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပဲ ထုတ်သုံးလိုက်ရခြင်း ဖြစ်သည်။


ပုဖန်က ဆန်ကို အိုးထဲထည့်၍ မီးဖိုပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် အနည်းငယ် ပြန်ပြည့်လာသော အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက လက်တစ်ဖက်တွင် ပေါ်လာလေသည်။ ထို့နောက် နောက်လက်တစ်ဖက်တွင် သွေးအမောက် ထွက်ပေါ်လာလေသည်။


“ဒါ… ဒါက ရွံ့နက်စပါးအုံးမြွေရဲ့ သွေးအမောက်လား…”


၀ူယွမ်ပိုင်က အလွန်အံ့အားသင့်သွားပြီး သူမပါးစပ်ကိုပင် လက်နှင့် ကာလိုက်မိသည်။


“ဒီ… ဒီငတိက ဘယ်အချိန်က အဲဒါကို ဖြတ်ယူလိုက်တာလဲ….”


ရွံ့နက် စပါးအုံးမြွေက ဘာတစ်ခုမျှ မရသွားသည့်အပြင် သူ၏ ကိုယ်ပိုင်သွေးအမောက်ကိုပင် ဆုံးရှုံးခဲ့ရသောကြောင့် ယခုအချိန်တွင် သေချာပေါက် စိတ်ဓာတ်ကျနေနိုင်ပေသည်။


သွေးအမောက်ကိုသာ သုံးလိုက်ပါက အကျိုးရှိနိုင်ပေသည်။ သွေးသရဖူ ရွံ့နက်မြွေ၏ သွေးအဆီအနှစ်များက သွေးအမောက်ထဲတွင် ရှိနေသောကြောင့် အသက်စွမ်းအင်များ ပြည့်နှက်နေလေသည်။ ထို့ကြောင့် သွေးအမောက်နှင့် သက်စောင့်ဟင်းပွဲ ချက်ပြုတ်လိုက်ပါက ထိရောက်မှု ရှိနိုင်ပေသည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးနှင့် သွေးအမောက်ကို အပိုင်းသေးသေး ပိုင်း၍ နုပ်နုပ်စင်းလိုက်သည်။ ကျန်နေသော သွေးအမောက်ကို ဘေးဖယ်ထားလိုက်သည်။ ထို့နောက် သိုလှောင်နယ်မြေအတွင်းမှ ခရီးသွားနွားနဂါး၏ အသားကို ထုတ်ယူလိုက်သည်။ ပုဖန်က ထိုအသားကိုလဲ အပိုင်းသေးသေးဖြတ်၍ နုပ်နုပ်စင်းလိုက်သည်။


နုပ်နုပ်စင်းထားသော အသားနှစ်ခုကို ရောနှောလိုက်သည်။ ရောနှောလိုက်ပြီးနောက် အိုးထဲသို့ ထည့်လိုက်လေသည်။ အိုးအဖုံးဖွင့်လိုက်သောအခါ အငွေ့များနှင့်အတူ ဆန်၏ လန်းဆန်းစေနိုင်သောမွှေးရနံ့များ ကပ်ပါလာသောကြောင့် အခန်းထဲမှ လူများအားလုံး အံ့အားသင့်သွားကြသည်။


ယုဖူနှင့် သူမ၏ အမေကလဲ့ ပုဖန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ပုဖန်က ဆန်ပြုတ်ပြုတ်ရန် အလုပ်ရုပ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမတို့က စိတ်ရှုပ်ထွေးသွားကြလေသည်။ ယုဖူက ပုဖန်၏ သက်စောင့်ဟင်းပွဲ ချက်ပြုတ်နိုင်သည့် စွမ်းရည်ကို သတိရသွားပြီး သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ တောက်ပလာလေသည်။ သူမ၏ အဖေကို ကယ်တင်နိုင်ရန် မျှော်လင့်ချက် ရှိနို်င်ပေသည်။


အိုးထဲတွင် ရေများ ဆူပွက်လာသည်နှင့် ဆန်၏ နူးညံ့မွှေးပျံ့သည့် ရနံ့များက တရစ်ဝဲ၀ဲ ထွက်ပေါ်နေလေသည်။ ရွံ့နက်မြွေ၏ အမောက်နှင့် ခရီးသွားနွားနဂါး၏ အသားစင်းထားသည်များကို အိုးထဲသို့ ထည့်ပြီးသည်နှင့် ပုဖန်၏ အမူအယာက လေးနက်တည်ငြိမ်လာလေသည်။ သူ၏ အစစ်အမှန်စွမ်းအင်များက အပြည့်အ၀ ပြန်ပြည့်လာခြင်း မရှိသေးသေးကြောင့် သက်စောင့်ဟင်းပွဲကို ပြီးဆုံးအောင် ချက်ပြုတ်နိ်ုင်မည်ဟု ယုံကြည်ချက် မရှိပေ။


သို့သော် ကံကောင်းထောက်မစွာပင် ဆန်ပြုတ်ချက်ခြင်းက အခြားဟင်းပွဲများလောက် ရှုပ်ထွေးခြင်းမရှိပဲ အဆင့်များက ရိုးရှင်းသောကြောင့် သူ၏ ကျန်ရှိနေသော အစစ်အမှန် စွမ်းအင်များက လုံလောက်ကောင်း လုံလောက်နိုင်ပေသည်။


“နောက်ကျရင်တော့ စွမ်းအင်ပြန်ဖြည့်ဖို့ အဆင်သင့် စားနိုင်မယ့် အစားအစာတချို့ ပြင်ဆင်ထားရမယ်… အဲလိုမှ မဟုတ်ရင် စွမ်းအင် ကုန်သွားတိုင်း စိတ်အနှောက်အယှက် ဖြစ်နေရမယ်….”


ပုဖန်က တတွတ်တွတ် ရေရွတ်လိုက်ပြီး သူ၏ နဖူးမှ ချွေးများ ကို သုတ်လိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် ဆန်ပြုတ်က စားရန် အဆင်ပြေပေသည်။


အဖြူရောင်ဆန်စေ့လေးများပေါ်တွင် နီကျင်ကျင် အရောင်သမ်းနေသော အသားဖက်လေးများက ပေါ်လောပေါ်နေလေသည်။ ကြွယ်ဝသော အသက်စွမ်းအင်များက ဆန်ပြုတ်အိုး၏ ပတ်ပတ်လည်တွင် လွင့်မြောနေကြလေသည်။


အဆင့်ခုနစ် သားရဲနှစ်ကောင်၏ အသားနှင့် ပြုလုပ်ထားသည့် ဆန်ပြုတ်က အလွန်ထူခြားမည်ကို သိနိုင်ပေသည်။ ပုဖန်က ယောက်ချိုဇွန်းနှင့် ဆန်ပြုတ်ကို ခပ်ယူလိုက်ပြီး ဟောင်းနွမ်းနေသော ပန်ကန်လုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပြင်းထန်သည့် အသက်စွမ်းအင်များ ပါနေသော ဆန်ပြုတ်ပန်းကန်ကို လက်နှစ်ဖက်ဖြင့် သယ်လာလိုက်ပြီး အံ့သြနေသော လူများရှိရာသို့ ပြန်လျောက်လာလိုက်သည်