အပိုင်း ၁၈၂
Viewers 53k

အခန်း ၁၈၂ “ဟင်းပွဲအသစ်…”


ပုဖန်က ချက်ပြုတ်ရန်အတွက် စနစ်မှ ထောက်ပံ့ပေးထားသော ပစ္စည်းများကို အသုံးပြုမည်ဆိုလျင် သူ၏သလင်းကျောက်များကို စနစ်က ဖြတ်တောက်မည်ကို သိလိုက်လေသည်။ ထို့ကြောင့် စနစ်၏ ပစ္စည်းများကို အသုံးမပြုပဲ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအတွင်းမှ သူကိုယ်တိုင် ရှာဖွေထားသည့် ပစ္စည်းများကိုသာ သုံးရန် တွေးလိုက်မိသည်။


ထိုခရီးစဉ်အတွင်းတွင် အဆင့်မြင့် ပါ၀င်ပစ္စည်း အများအပြား မရရှိခဲ့သော်လည်း စိတ်ဝိဥာဉ်ဆေးပင်များကို များစွားစုဆောင်းနိုင်ခဲ့သည်။ ထို့အပြင် သူမျှော်လင့်ထားခြင်းမရှိသော မြွေလူသားမျိုးနွယ်စု၏ ငါးများပင် ရရှိခဲ့လေသည်။ ထိုငါးများက အဆင့်မမြင့်လှသော်လည်း အသားပြည့်လှသောကြောင့် ပုဖန်က အနည်းငယ် ယူလာခဲ့လေသည်။


မြွေလူသားမျိုးနွယ်စုတွင် သူချက်ခဲ့သည့် ငါးကင်၏မွှေးရနံ့နှင့် အရသာက သူမျှော်လင့်လားသော အခြေအနေထိ မရောက်ခဲ့သောကြောင့် အနည်းငယ် စိတ်ပျက်ခဲ့ရလေသည်။ ပုဖန်က စားဖိုမှုးတစ်ယောက် ဖြစ်သည့်အပြင် အစားချစ်သူတစ်ယောက်လဲ ဖြစ်လေသည်။ မြွေလူသားများက ထိုငါးကို အဖိုးမတန်ဟု ပြောကြသောကြောင့် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်ပြီး ငါးအနည်းငယ် ယူလာခဲ့ခြင်း ဖြစ်သည်။


မြွေမျိုးနွယ်စုတွင် ခက်ခဲကြမ်းတမ်းသော အခြေအနေများကြောင့် ပုဖန်က အရသာကို သူမျှော်လင့်ထားသလောက် မချက်ပြုတ်နိုင်သော်လည်း သူ၏ ဆိုင်ထဲတွင် ပိုကောင်းသော ပါ၀င်ပစ္စည်းများကို အသုံးပြုနိုင်သည့်အပြင် စနစ်မှ ထောက်ပံ့ပေးထားသည့် ပစ္စည်းကောင်းများကိ အသုံးပြုလိုက်ပါက ငါ၏ အရသာက ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်နေလေသည်။


ပုဖန်၏ ဟင်းပွဲအသစ်များက သူတို့ကို အမြဲလိုလို အံ့အားသင့်စေသောကြောင့် အပြင်ဘက်မှ လူစုက စိတ်လှုပ်ရှား တက်ကြွစွာဖြင့် မျှော်လင့်စောင့်စားနေကြသည်။


သန့်ရှင်းသပ်ရပ်ပြီး ပစ္စည်းကရိယာ အစုံအလင် တပ်ဆင်ထားသော မီးဖိုချောင်ထဲတွင် ပုဖန်က ဗီဒိုတစ်ခုရှေ့၌ ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ၏ ဆိုင်ထဲတွင် ပစ္စည်းကရိယာများ စုံလင်လှသည့်အပြင် ပတ်၀န်းကျင် အနေအထားကလဲ ပိုမိုကောင်းမွန်သောကြောင့် ငါးကင်ချက်ပြုတ်ရန် ပုဖန်က ယုံကြည်မှု ပိုရှိနေလေသည်။


ပုဖန်က စနစ်၏ သိုလှောင်နေရာမှ ဆူဖြိုးနေသော ငါးနှစ်ကောင်ကို ထုတ်ယူလိုက်သည်။ သေချာစွာ စစ်ဆေးလိုက်ပြီးနောက် စွမ်းအင်အဆင့် နိမ့်ကျသော်လည်း ဆူဖြိုး၍ အသားများသော ငါးများကို ပို၍ နှစ်သက်သဘောကျလာလေသည်။ ထို့နောက် လက်ကိုဝေ့ရမ်းလိုက်ရာ အစိမ်းရောင် အခိုးအငွေ့များထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာလေသည်။


မီးဖိုချောင်သုံးဓါးကို နွေဦးစမ်းရည်နှင့် ဆေးကြောသန့်စင်လိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးတွင် ကိုယ်ပိုင် သန့်စင်နိုင်စွမ်းရှိသော်လည်း ပုဖန်က အသန့်အလွန်ကြိုက်ပြီး ပိုးမွှားများ ငြိတွယ်နေမည်ကို စိုးရိမ်သောကြောင့် ဆေးကြောသန့်စင်လိုက်ခြင်း ဖြစ်သည်။


ဓါးကို ဆေးကြောပြီးနောက် ငါးများကို စတင်ကိုင်တွယ်လိုက်သည်။ ငါးကို ၀မ်းဗိုင်မှ အမြှီးအထိ ခွဲချလိုက်ပြီး အသားပေါ်တွင် အနည်းငယ် မွှန်းလိုက်သည်။ ပုဖန်၏ ကျွမ်းကျင်မှုကြောင့် ငါးနှစ်ကောင်ကိုင်ရန် အချိန်သိပ်မယူလိုက်ရပေ။ ထို့နောက် ကြွေအိုးတစ်လုံးကို ထုတ်ယူ၍ ဟင်းချက်ဝိုင်အနည်းငယ် လောင်းထည့်လိုက်ပြီး ဆေးကျောထားသော ငါးနှစ်ကောင်ကို ထည့်လိုက်သည်။


အပေါ်မှနေ၍ ဟင်းခတ်အမွှေးအကြိုင်များထပ်ထည့်လိုက်ပြီး မီးဖိုပေါ်မှ အကန့်ငယ်လေး တစ်ခုထဲတွင် နှပ်ထားလိုက်သည်။ စနစ်၏ ကညီပေးမှုကြောင့် အသားနှပ်ရာတွင် အလွန်လွယ်ကူချောမွေ့နေလေသည်။ အချိန်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် အသားနှပ်က အဆင့်သင့် ဖြစ်သွားပြီဖြစ်သည်။ ထို့နောက် အခြားပါ၀င်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။


ပုဖန်က သစ်သီးအချို့နှင့် ဟင်းသီးဟင်းရွက်များကို ထုတ်ယူလိုက်ပြီး ဓါးနှင့် တစ်ချက်ဝေ့ရမ်းကာ ဖြတ်တောက်လိုက်သည်။ နောက်ဆုံးအနေနှင့် သူက ရဲရဲနီနေသော သွေးအမောက်ကို ထုတ်ယူလိုက်လေသည်။


အဆင့်ခုနစ် သွေးသရဖူ ရွံ့နက်မြွေ၏ သွေးအမောက်ထဲတွင် ကြွယ်၀လှသော စွမ်းအင်များ ပါ၀င်နေလေသည်။ ပုဖန်က သုံးပုံတစ်ပုံခန့် ဖြတ်တောက်လိုက်ရာ နဂါးအငွေ့အသက်များနှင့် ဆင်တူသည့် သွေးအဆီအနှစ်များ ထွက်ပေါ်လာလေသည်။ ထိုသွေးအဆီအနှစ်များက ရွံ့နက်စပါးအုံးမြွေ၏ သွေးအဆီအနှစ်များ ဖြစ်သောကြောင့် တမူထူးခြားလှပြီး တန်ဖိုးရှိလှပေသည်။


ပုဖန်က သုံးပုံတစ်ပုံခန့် ဖြတ်ထားသည့် သွေးအမောက်ကို နုပ်နုပ်စင်းလိုက်ပြီး အသီးအရွက်များနှင့် ရောနှောလိုက်သည်။ ထို့နောက်နှပ်ထားသည့် ငါးများကို ထုတ်ယူလိုက်ကာ ငါးကင်ရန်အတွက် ကောင်းမွန်သည့် အိုးတစ်လုံးထောက်ပံ့ပေး၇န် စနစ်ကို တောင်းဆိုလိုက်သည်။


စနစ်က အလွန်တရာ ကပ်စီးနည်းလှသော်လည်း ငါးကင်ရန် အိုးအသစ် ထောက်ပံံရခြင်းအတွက် ပုဖန်၏ သလင်းကျောက်များကိ ဖြတ်တောက်လိမ့်မည် မဟုတ်ပေ။ ပုဖန်က ဒယ်အိုးထဲသို့ ငါးနှစ်ကောင်ကို ထည့်လိုက်ပြီး အကင်စက်ထဲသို့ ထည့်လိုက်သည်။ အကင်စက်ထဲမှ အပူချိန်က တဖြည်းဖြည်း မြင့်မားလာပြီး ငါး၏ အရောင်ကလဲ ပြောင်းလဲလာလေသည်။


ပုဖန်က သတ်မှတ်ထားသည့် အချိန်ပြည့်သွားသောအခါ ငါးကို ထုတ်ယူလိုက်လေသည်။ ငါးက အကင်စက်အပြင်သို့ ရောက်လာသည်နှင့် မွှေးပျံ့သော ရနံ့များ တမဟုတ်ခြင်း ပျံ့လွင့်လာလေတော့သည်။ ပုဖန်က သူကြော်ချက်ထားပြီးသော ဟင်းသီးဟင်းရွက်များကို ငါးကင်ပေါ်မှ လောင်းထည့်လိုက်သည်။


အပူချိန်ကြောင့် ပျော်၀င်သွားသော သွေးအမောက်ထဲမှ စွမ်းအင်များက ငါးအသားနှင့် ဟင်းသီးဟင်းရွက်များထဲသို့ စိမ့်၀င်သွာေးလသည်။ စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေသော မွှေးရနံ့များက ပုဖန်၏ စားချင်စိတ်ကို နှိုးဆော်နေလေသည်။ သို့သော် ငါးနှစ်ကောင်က အပြင်မှလူများ မြည့်ကြည့်ရန်သာ လုံလောက်ပေသည်။


“ပြောကြည့်ကြပါဦး… အာလုံးသိထားတဲ့…နံမည်ပျက်စားသောက်ဆိုင်ပိုင်ရှင် … ပိုင်ရှင်ပုက ငါတို့ကို ဘယ်လို ဟင်းပွဲအသစ်တွေနဲ့ ကျွေးမွေးဧည့်ခံမယ်ဆိုတာကို…”


လည်ပင်းရှည်နေပြီဖြစ်သော ဖက်တီးဂျင်က အနားမှ တစ်ယောက်ကို လှမ်းမေးလိုက်သည်။


လော့ဆန်းနင်က မျက်လုံးလှန်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“နင်တို့က ပိုင်ရှင်ပု အကြောင်းကို မသိကြဘူးလား… သူက ပြောင်းဖူးကို ရိုးရိုး ပြုတ်ပြီး ဒါဟင်းပွဲအသစ်ပဲလို့ ပြောပြီး လာချကျွေးလိမ့်မယ်…”


“မဟုတ်ဘူး… အဲလိုမဟုတ်ဘူး… ပိုင်ရှင်ပုက ဟင်းပွဲအသစ်လို့ ပြောမှတော့ အဲဒါက မျှော်လင့်ရကြိုးနပ်လောက်အောင် ကောင်းမွန်လိမ့်မယ်…” စားစရာဗူးကို စားပွဲပေါ်တွင်တင်ထားသော ကျွင်းအာက လော့ဆန်းနင်၏ စကားကို ပြန်လည်ငြင်းခုန်လိုက်သည်။


အားလုံးက သူတို့အတွက် ပုဖန်ချက်ပြုတ်နေသည့် ဟင်းပွဲကို သိချင်နေကြလေသည်။ သူတို့အားလုံးက ဤဆိုင်တွင် စားနေကျ ဖောက်သည်များ ဖြစ်သောကြောင့် ပုဖန်ဒ ဟင်းပွဲအရသာနှင့် စျေးနှုန်းများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကျပေသည်။ ထို့ကြောင့် သူတို့က ခန့်မှန်းရ ခက်နေကြခြင်း ဖြစ်သည်။


ပုဖန်က သူတို့ကို ကျွေးမွေးပြုစုမည်ဟု ပြောခဲ့သော်လည်း သူ၏ ဟင်းပွဲအသစ်က သလင်းကျောက် တစ်တုံးမျှသာ တန်နေလျှင် ပုဖန်ကို ကပ်စီးနှဲ ကော်တရာဟု သတ်မှတ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ပုဖန်က ရွံ့နက်စပါးအုံးမြွေ၏ သွေးအမောက်ကို ထုတ်ယူသုံးစွဲခဲ့ခြင်း ဖြစ်သည်။


မြွေလူသားမျိုးနွယ်စုမှ ငါးများ၏ အရသာက ပုဖန်၏ စံချိန်စံညွှန်းနှင့် ကိုက်ညီလှသော်လည်း စိတ်ဝိဥာဉ်စွမ်းအင်များ နည်းပါးလှပေသသည်။ ထို့ကြောင့် ထိုငါးကင်သက်သက်သာ ချကျွေးပါက သူ၏ ဖောက်သည်များ မကျေမနပ် ဖြစ်ကြပေလိမ့်မည်။ အပြင်မှ လူများက တီးတိုးပြောနေကြချိန်တွင် ငါးကင်အိုးကို ကိုင်ထားသော ပုဖန်က မီးဖိုချောင်ထဲမှ တဖြည်းဖြည်းခြင်း လျောက်ထွက်လာလေသည်။


ငါးကင်အိုးက အနည်းငယ်ကြီးပြီး ပူလောင်နေသောကြောင့် ပုဖန်က ကိုယ်တိုင်သယ်လာလိုက်ပြီး စားပွဲတစ်ခုပေါ်သို့ တင်လိုက်သည်။ ငါးကင်မှ ထွက်ပေါ်နေသော မွှေးရနံ့က အားလုံး၏ မျက်လုံးများကို တောက်ပသွားစေသည်။


“ဒါတကယ့်ကို ဟင်းပွဲအသစ်ပဲ… ဒီဟင်းပွဲကို အရင်က တစ်ခါမှမမြင်ဖူးဘူး….” ဖက်တီးဂျင်က ပုဖန်ကို တည့်တည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ ပုဖန်က ဟင်းပွဲအသစ်ကို ချက်ပြုတ်လာမည်ဟု သူက လုံး၀မမျှော်လင့်ထားခဲ့ချေ။


လော့ဆန်းနင်ကလည်း နှုတ်ခမ်းများကို တွန့်ကွေးလိုက်မိသည်။ ဟင်းပွဲအသစ် တည်ခင်းလာသည်မှာ မယုံနိုင်စရာကောင်းလှပေသည်။ သူမက ပြောင်းဖူးပြုတ်နှင့် ပေါင်မုန့်မီးကင်သာ ပုဖန်က ချကျွေးမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။


သို့သော် သူတို့အားလုံးက ကံကောင်းထောက်မစွာဖြင့် ဟင်းပွဲအသစ်၏ အရသာကို မြည်းစမ်းနိုင်တော့မည် ဖြစ်သည်။ အားလုံးက လေထဲသို့ ပျံ့လွင့်နေသော မွှေးရနံ့များအတွင်း နစ်မြောနေကြပြီး တံတွေးများကိုသာ မြိုချနေမိကြသည်။ ထို့နောက် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ ပန်းကန်လုံးနှင့် တူများကို ကိုင်လိုက်ကြသည်။


သူတို့ စတင်လှုပ်ရှားရန် ပြင်လိုက်သည်နှင့် ပုဖန်က ပြောလိုက်သည်။


“ဒါကတော့ ဟင်းပွဲအသစ် ငါးကင်ပါ… အားလုံးပဲ မလောကြပါနဲ့ မင်းတို့ မြန်မြန်စားလိုက်မယ်ဆိုရင် ငါးကင်ရဲ့ အရသာကို ကောင်းကောင်းသိလိုက်မှာ မဟုတ်ဘူး…”


အားလုံး၏ မှင်သက်နေသော အကြည့်အောက်တွင်ပင် ပုဖန်က ငါးကင်အိုး၏ အဖုံးကို အနည်းငယ် ဖွင့်လိုက်သည်။ ပုဖန်က သူ၏ လက်ချောင်းလေးကို မြှောက်လိုက်ရာ ဆင်စွယ်ရောင် အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာပြီး အဖုံးအောက်မှ လွှတ်နေသော အကန့်နေရာတွင် ပြည့်နှက်သွားလေသည်။


စွမ်းအင်များက အိုးထဲရောက်သည်နှင့် ရိုးရှင်းသော မှော်အစီအရင်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ ထိုအစီအရင်က အပူပေးသည့် မှော်အစီအရင်ပင် ဖြစ်သည်။ မှော်အစီအရင်မှ ထွက်ပေါ်နေသော အလင်းတန်းများက အိုးကို အသက်၀င်လာစေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေလေသည်။


“ဒါက ငါနှစ်ရက်အတွင်းတီထွင်ထားတဲ့ ဟင်းပွဲအသစ်ပဲ.. စိတ်ဝိဥာဉ်အစီအရင် ငါးကင်လို့ ခေါ်တယ်….” ပုဖန်က ခိုင်မာသည့် အကြောင်းပြချက်တစ်ခုကို ရှာကြံပေးလိုက်သည်။


မှော်အစီအရင်၏အောက်တွင် ငါးကင်က ပိုမိုမွှေးပျံ့လာလေသည်။ မှော်အစီအရင်မှ ထွက်ပေါ်နေသော အလင်းတန်းများကြောင့် ငါးကင်၏ အရောင်က အနီဖျော့ဖျော့မှ အနီရင့်ရင့် ထို့နောက် အနီဖျော့ဖျော့သို့ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲနေလေသည်။


အရောင်စုံလင်လှသော ဟင်းသီးဟင်းရွက်များကို ငါးပေါ်တွင် တင်ထားသောကြောင့် ငါးကင်၏ အရောင်မှာ တောက်ပနေလေသည်။ မှော်အစီအရင်၏ အောက်တွင် ငါးကင်၏ ရနံ့က မွှေးပျံ့နေလေသည်။


“ဒီငါးကင်က ပထမဆုံးဟင်းပွဲပါ… ဖြည်းဖြည်း စားနှင့်ကြ… မီးဖိုချောင်ထဲမှာ နောက်ထပ် ဟင်းပွဲတစ်ပွဲရှိသေးတယ်… ငါသွားယူလိုက်ဦးမယ်….” ပုဖန်က သူတို့ကို ပြောလိုက်သည်။


“သွားသွား….”


အားလုံးက ပြိုင်တူတုန့်ပြန်လိုက်ကြပြီး ပုဖန်၏ စကားကို မေ့လျော့သွားကြလေသည်။ ပုဖန်က သားရေတမြှားမြှားကျနေသော လူစုကို ကြည့်၍ တစ်ချက်ပြုံးလိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်၀င်သွားလိုက်သည်။


“ပိုင်ရှင်ပု…. ဒီငါးကင်ကို ငါတို့က ဘယ်အချိန် စစားသင့်တာလဲ…” ဖက်တီးဂျင်က ပုဖန်၏ နောက်ကျောကို လှမ်းကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။


“ခန့်မှန်းကြည့်…” ပုဖန်က လက်ကို ဝေ့ရမ်း၍ ပြောလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်ရောက်သွားလေသည်။


“ငါ့ဘာသာငါ ခန့်မှန်းနိုင်မှတော့ … မင်းကို မေးတော့မလား…” ဖက်တီးဂျင်က စိတ်ဆိုမာန်ဆိုးဖြင့် ရေရွတ်လိုက်ပြီး ပုဖန်၏ ခေါင်းကို ထုရိုက်ခြင်စိတ် ပေါက်လာလေသည်။ ထိုနောက် ငါးကင်ဘက်သို့ ပြန်လှည့်လိုက်ရာ သူ၏ မျက်၀န်းများ စူးရှသွားကြလေသည်။


“ သေလိုက်စမ်း… လူရမ်းကားတွေ… ငါ့အတွက်လဲ ချန်ကြပါဦး…:


ဖက်တီးဂျင်က သူ့ရှေ့မှ ငါးကင်ကို ကြည့်၍ ကြေကွဲ၀မ်းနည်းစွာ ခံစားလိုက်ရသည်။ ဆူဖြိုးလှသည့် ငါးအသားများကို တစ်ဖက်ပြီးတစ်ဖက် ယူဆောင်သွားကြသည်ကို ကြည့်၍ သူ့ခန္ဒာကိုယ်မှ အဆီများကို ယူဆောင်နေသကဲ့သို့ ခံစားလိုက်ရသည်။


“လူရမ်းကားတွေ… ငါးချက်ပြီးတဲ့အထိ စောင့်မယ်ဆိုတဲ့ စကားက ဘယ်ရောက်သွားတာလဲ… ..”