အခန်း ၁၈၃ “ခွေးက ၀က်နံရိုးချိုချဉ်ကြော်ကို စားတယ်…”
မှောင်မိုက်သော ညကောင်းကင်ယံထက်တွင် မြောလွင့်နေသော လခြမ်းကွေးလေးနှစ်ခုမှ ထုတ်လွှင့်နေသော အေးမြသည့် အလင်းရောင်များက ကမ္ဘာမြေတစ်ခုလုံးကို ကုလားကာတစ်ခုသဖွယ် လွှမ်းခြုံထားလေသည်။
ဖန်ဖန်ဆိုင်ငယ်လေးထဲတွင် အမူငွေ့လှိုင်းများနှင့် အလင်းမှုန်များ တောက်ပနေဆဲပင် ဖြစ်သည်။ ပူနွေးသော လေထဲတွင် ဝိဥာဉ်စွမ်းအင်ပါ၀င်သော အလင်းတန်းများလဲ မြောလွှင့်နေလေသည်။ အပူငွေ့များနှင့် မွှေးရနံ့များက အလွန်လိုက်ဖက်လှပြီး အချိန်ကြာလာသည်နှင့် အပူငွေ့များ တဖြည်းဖြည်း လျော့နည်းသွားလေသည်။
ပုဖန်က ဆိုင်၀တွင် မတ်တပ်ရပ်၍ ပျော်ရွှင်ကြည်နူးနေသော လူအုပ်ကြီးကို ကြည့်နေလေသည်။ ယနေ့တွင် သူတို့က ငါးကင်ကို အလကားစားခဲ့ရပြီး ဟင်းပွဲအတွင်းတွင်လဲ ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေသောကြောင့် သူတို့၏ မျက်နှာများက နီရဲနေကြပြီး စိတ်ကျေနပ်မှများကို မြင်နေရလေသည်။ နူးညံ့သောအသားနှင့် ပူပြင်းလှသော ဟင်းချိုရနံ့များကို သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်စေလေသည်။
ဗိုက်ပြည့်သွားသောကြောင့် စိတ်ကျေနပ် ပျော်ရွှင်နေသော လူအုပ်ကြီးက ပုဖန်ကို တစ်ယောက်တစ်ပေါက် နှုတ်ဆက်၍ လမ်းကြားလေးထဲသို့ ပြန်ထွက်သွားကြသည်။
ကွမ်းရှောင်ယီကလဲ ဆိုင်တွင် ဆက်မနေတော့ပဲ ပုဖန်ကို နှုတ်ဆက်၍ ရှောင်ယန်ယုတို့နှင့်အတူ ထွက်သွားလေသည်။ သိမ်မွေ့သော ပုံရိပ်လေးနှင့် လန်းဆန်းတက်ကြွသော ပုံရိပ်တို့က အမှောင်ထုထဲသို့ တဖြည်းဖြည်း ၀င်ရောက်ပျောက်ကွယ်သွားကြလေတော့သည်။
“ဟမ်… ဒီဗူးထဲက ဥအနှစ်မုန့်က ငါမြည်စမ်းဖို့အတွက် မင်းလုပ်ထားတာလား… မင်းမှာ အခွင့်အရေးနှစ်ကြိမ်ပဲ ရှိတယ်ဆိုတာကို မင်သိပါတယ်နော်…” ပုဖန်က နောက်ဆုံးကျန်နေသော လူနှစ်ယောက်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
တစ်ယောက်က ပုပ်သိုးနီရဲနေသော မျက်နှာနှင့် လော့ဆန်းနင်ဖြစ်ပြီး နောက်တစ်ယောက်က ချစ်စရာကောင်းလောက်အောင် ရှက်သွေးဖြာနေသော ကျွင်းအာပင် ဖြစ်သည်။
ပုဖန်၏ စကားကို ကြားသောအခါ ကျွင်းအာက အလျင်အမြန် ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒါကို မမြည်းနဲ့တော့ မနက်ဖြန်ကျမှ ဥအနှစ်မုန့် အသစ်လုပ်ပြီး ပိုင်ရှင်ပု မြည်းဖို့ ယူခဲ့ပေးမယ်… ဒါက အေးသွားပြီဆိုတော့ အရသာ မကောင်းတော့မှာ စိုးလို့…”
ပုဖန်က မုန့်ဗူးကို ပြန်ချလိုက်ပြီး ခေါင်းကို အသာအယာ ညိမ့်ပြလိုက်သည်။
“ပိုင်ရှင်ပု… နင့်ငါးကင်ရဲ့ အရသာက အံ့အားသင့်စရာ ကောင်းလောက်အောင်ကို ကောင်းလွန်းတယ်… နင့်မှာ တခြားချို့ယွင်းချက်တွေ ရှိနေပေမယ့် ဟင်းချက်စွမ်းရည်ကတော့ ချိးကြူးစရာပဲ… နင့်ရဲ့ ဟင်းချက်စွမ်းရည်နဲ့တင်… ငါ… လော့ဆန်းနင်ကို သိမ်းပိုက်နိုင်သွားပြီ….”
လော့ဆန်းနင်က သူမ၏ စကားကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသော ပုဖန်ကို စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။
ပုဖန်က ထိုအမျိုးသမီး၏ ရူသွပ်ဖွယ်ကောင်းသော နည်းလမ်းများကို ကောင်းစွာ သ်ိရှိနေသောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရည် ကြိုတင်ပြင်ဆင်ထားလေသည်။ ထို့ကြောင့် ပိုင်ရှင်ပုက အေးဆေးတည်ငြိမ်စွာပင် နေလိုက်လေသည်။
သူတို့နှစ်ယောက်က ပုဖန်ကို နှုတ်ဆက်လိုက်ပြီး လမ်းကြားလေးထဲသို့ လျှင်မြန်စွာ တိုး၀င်ပျောက်ကွယ်သွာေးလသည်။
ဆူညံနေသော ဆိုင်ငယ်လေးက ပြန်လည်ငြိမ်သက် တိတ်ဆိတ်သွားလေသည်။ ပုဖန်က သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ဆိုင်ပေါက်၀တွင် အိပ်ပျော်နေသော ဘလက်ကီကို ကြည့့်လိုက်လေသည်။ ထို့နောက် နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ဆိုင်ိထဲသို့ ပြန်၀င်လိုက်ကာ ဆိုင်တံခါးများကို ပိတ်လိုက်လေသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် ပုဖန်က ချက်ချင်းပင် အနားယူချင်နေပြီ ဖြစ်သည်။
“ဘလက်ကီ စားချိန်ရောက်ပြီ….”
နောက်တစ်နေ့ မနက်ခင်းတွင် ပုဖန်က လေ့ကျင့်ခန်းများကို လုပ်ဆောင်ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်၍ ဆိုင်ပြင်သို့ ယူဆောင်လာကာ ဘလက်ကီကို ခေါ်လိုက်လေသည်။
ဘလက်ကီက သူ၏ နှာခေါင်းများကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီး ပုဖန်ကို စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“ဒီခွေးနတ်ဘုရာက နံရိုးကြော်ကို ပွဲတော်တည်ရဦးမှာပေါ့…”
၀က်နံရိုးခ်ျိုချဉ်ကြော်ပန်းကန်ကို ချပေးလိုက်ပြီး နူးညံ့တောက်ပြောင်နေသော ဘလက်ကီ၏ အမွှေးများကို ပွတ်သပ်လိုက်ပြီး ဆိုင်ထဲသို့ ပြန်၀င်သွားလိုက်သည်။ ခြေတစ်လှမ်းနှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် ပုဖန်က ဆိုင်ထောင့်မှ ပန်းအိုးကို အာရုံစိုက်မိသွားပြီး မျက်၀န်းများ ကျဉ်းမြောင်းသွာေးလသည်။
“ဟမ်… ဒီဟာက ပင်ပျိုအရွယ်တောင် ရောက်နေပြီလား….”
ပုဖန်က အံ့အားတသင့်နှင့် ရေရွတ်လိုက်မိသည်။ ပန်းအိုးထဲတွင် အစိလေးကို စိုက်ထားသည်မှာ မကြာသေးသော်လည်း ပင်စည်နှင့် သစ်ပေးလေးအဖြစ်သို့ပင် ကြီးထွားနေပြီဖြစ်သည်။ ထိုပင်စည်လေးမှ အစိမ်းရောင် သစ်ရွက်လေးများပင် ထွက်နေလေသည်။
ပုဖန်က အလွန်စိတ်၀င်စားသွားပြီး ပန်းအိုး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ အပင်ကို လေ့လာနေလေသည်။ သစ်ရွက်များ၏ အပေါ်တွင် အလွန်ရှုပ်ထွေးသော မျဉ်ကြောင်းများ ရှိနေပြီး ထိုမျဉ်းကြောင်းလေးများကြားတွင် အလင်းရောင်များ လှည့်လည်နေလေသည်။
“မျဉ်းလိုင်းလေးကြောင်း… မဟုတ်သေးဘူး…. ငါးကြောင်းပုံစံလား…” ပုဖန်က မျဉ်းလိုင်းလေးများကို သေချာစွာ ရေတွက်နေလိုက်လေသည်။
ပုဖန်က မတ်တပ်ပြန်ရပ်လိုက်သည်။ သူက ထိုမျိုးစေ့မှ ဖြစ်ပေါ်လာမည့် အပင်၏ အမျိုးအမည်ကို မသိသော်လည်း အရွက်များမှ ထွက်ပေါ်နေသော စွမ်းအင်များအရ တမူထူးခြားမည်က သေချာပေသည်။ ထိုစွမ်းအင်များက များပြားခြင်း မရှိသော်လည်း ဆိုင်ထဲတွင် လမ်းကြောင်းတစ်ခုနှင့် လှည့်ပတ်နေပြီး နက်ရှိုိင်းဆန်းကျယ်သော လေထုကို ဖြစ်ပေါ်လာစေသည်။
ပုဖန်က အပင်လေးမှ ဆန်းပြားမှုကို ခံစားလိုက်ရသောကြောင့် ရွှင်လန်းတက်ကြွစွာနှင့် မီးဖိုခန်းထဲသို့ ၀င်လာလိုက်သည်။ ထို့နောက် စနစ်မှ ထောက်ပံ့ပေးထားသော ကြည်လင်အေးမြနေသည့် နွေဦးစမ်းရည်များကို ပန်ကန်လုံးတစ်လုံးနှင့် ခပ်ယူလိုက်သည်။ ပန်းကန်လုံးထဲမှ ရေတစ်၀က်ကို ပန်းအိုးထဲသို့ လောင်းထည့်လိုက်ပြီး ခဏအကြာတွင် အားလုံးကို လောင်းထည့်လိုက်လေသည်။
“များများသောက် …. မင်းက ဆိုင်ရဲက အနာဂတ် သစ်တောလေး ဖြစ်လာမှာ ….”ပုဖန်က ပင်ပျိုလေးကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။
ပုဖန်က မီးဖိုချောင်ထဲ ပြန်၀င်သွားလိုက်ပြီး ဗီိဒိုအသေးလေးနားသို့ သွား၍ စနစ်၏ သိုလှောင်နေရာကို ဖွင့်လိုက်လေသည်။ သူက အပြာရောင် ကြာခွက်ကို ထုတ်ယူလိုက်သည်။ ကြာခွက်အတွင်းမှ မြစိမ်းရောင် ကြာစေ့များ ထွက်ကျလာသောကြောင့် ပြည့်၀လှသော စွမ်းအင်များက တရစ်ဝဲ၀ဲ ထွက်ပေါ်လာလေသည်။
အဆင့်ခုနှစ် စိတ်ဝိဥာဉ်ဆေးပင် ရေခဲဧကရာဇ် ကြာစေ့ကို မြွေလူများ မျိုးနွယ်မှ သုံးစေ့ ဖြုန်းတီးလိုက်သောကြောင့် ပုဖန်တွင် ငါးစေ့သာ ကျန်နေလေသည်။ သို့သော် ထိ်ုငါးစေ့နှင့်ပင် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။ ပုဖန်က ဗီဒိုလေးကို ဆွဲဖွင့်လိုက်ရာ များပြားလှသော အပူစွမ်းအင်များက ဗီဒိထဲမှ ဖီးနစ်သွေးဆေးပင်ထံမှ ထွက်ပေါ်လာလေသည်။ ပုဖန်က သူ့လက်ထဲမှ ကြာစေ့များကို ဗီဒိုထဲသို့ ထည့်လိုက်လေသည်။
သူက အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင် သုံးမျိုးကို စုဆောင်းထာနိုင်သည်မှာ အလွန်အံ့သြဖွယ်ရာ ကောင်းနေလေသည်။ တစ်စုံတစ်ယောက်က အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်ကို ပိုင်ဆိုင်ထားလျှင်ပင် အလွန်အံ့သြဖွယ် ကောင်းနေမည် ဖြစ်ပြီး ဆိုင်သေးသေးလေး၏ ပိုင်ရှင်က သုံးမျိုးပိုင်ဆိုင်ထားသည်မှာ အလွန်အံ့အားသင့်ဖွယ် ဖြစ်နေပေသည်။
“အခုငါ့မှာ စိတ်ဝိဥာဉ်ဆေးပင်တွေ အလုံအလောက်ရှိနေပြီဆိုတော့…. ဝိုင်စချက်လို့ရပြီ… ဒါပေမယ့် အလျင်တော့ မလိုပါဘူး… အရင်ဆုံး ဝိုင်ကို ဘယ်လိုချက်ရမလဲဆိုတာကို အရင်စဉ်းစားရမယ်…”
ဗီဒိုငယ်လေးက စိတ်ဝိဥာဉ်ဆေးပင်များကို ကြာရှည်စွာ သိမ်းဆည်းရန် အသုံး၀င်သောကြောင့် အဆင့်ခုနစ် ဆေးပင်များကို ထည့်သိမ်းထားခြင်း ဖြစ်သည်။
ဆိုင်၏ အပြင်ဘက်တွင် ဖက်တီးဂျင်က သူ၏ လူများကို ခေါ်၍ ရောက်ရှိလာလေသည်။ တက်ကြွမှုနှင့် လင်းလက်နေသော ဖက်တီးဂျင်၏ မျက်လုံးများက ညိုမဲနေသောကြောင့် ကောင်းကောင်း အနားမယူထားရပုံ ပေါက်နေလေသည်။
ပုဖန်က မီးဖိုချောင်ထဲမှ ထွက်လာပြီး ဖက်တီးဂျင်ကို မြင်လိုက်ရချိန်တွင် အလွန်အံ့သြ ထိတ်လန့်သွားလေသည်။
“အိုး….ဘုရားသခင်… ဖက်တီးဂျင်….. ဘာတွေ ဖြစ်လာတာလဲ…”
ဖက်တီးဂျင်က စိတ်ဖိစီးနေသော အမူအယာနှင့် ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ပိုင်ရှင်ပု… ငါမနေ့က မင်းရဲ့ ငါးကင်ကို စားပြီးတော့ ငါအိပ်ယာပေါ်လှဲလိုက်တာ…. ငါ့ရဲ့ နှလုံးသားကို မီးဖိုပေါ်မှာ ကင်နေသလို ခံစားနေရလို့ တစ်ညလုံး အိပ်လို့မရဘူး… အခုမင်းမြင်တဲ့ အတိုင်းပဲ….”
ပုဖန်က ထပ်မပြောတော့ပဲ နှုတ်ခမ်းကို တင်းတင်းစေ့၍ ပိတ်ထားလိုက်သည်။ ယမနေ့က ငါးကင်ထဲတွင် သွေးသရဖူ ရွံ့နက်မြွေအမောက်၏ သုံးပုံတစ်ပုံမျှ ပါ၀င်နေပေသည်။ ထိုသွေးအမောက်ထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များက ပြည့်နှက်များပြားလှသောကြောင့် အိပ်စက်ခြင်းကို အနှောက်အယှက် ပြုနိုင်ပေသည်။ ကွမ်းရှောင်ယီနှင့် အခြားသူများ ရောက်လာသော အခါတွင်လည်း ပန်ဒါမျက်ကွင်များနှင့် ဖြစ်နေမည်ကို ပုဖန် တွေးလိုက်မိသည်။
“ပိုင်ရှင်ပု… ငါ့ကို ရွှေဝါရောင်အသားပေါင်းဖက်ထုပ် တစ်ပွဲပဲပေး.. ဒီနေ့ စွမ်းအင်သိပ်မပါတဲ့ တစ်ခုခု ပြောင်းစားရမယ်….” ဖက်တီးဂျင်က ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်ပြီး ပြောလိုက်သည်။
“ရွှေဝါရောင် အသားပေါင်းဖက်ထုပ်က အရမ်းကို သိမ်မွှေးပျော့ပြောင်းတယ် ဆိုပါတော့… ငါ့ဟင်းပွဲအကြောင်း ငါ့ကို လာပြန်ပြောနေတယ်…” ပုဖန်က တွေးလိုက်မိသော်လည်း ငြင်းခုန်ရမည်ကို ပျင်းရိနေသောကြောင့် ဖက်တီးဂျင်ကို တစ်ချက်သာ ကြည့်လိုက်လေသည်။ ထို့နောက် အခြားသူများ၏ ဟင်းပွဲများကို မှတ်သား၍ မီးဖိုချောင်ထဲသို့ ပြန်၀င်သွားလိုက်သည်။
လမ်းကြားလေးထဲတွင် အားနည်း၍ ထိခိုက်လွယ်ပုံရသော အရိပ်တစ်ခုက တဖြည်းဖြည်း လျောက်လာနေလေသည်။ ထိုသက်ကြီးရွယ်အိုက မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့ မျက်နှာနှင့် အရေပြားများတွင် အရေးအကြောင်းများနှင့် ပြည့်နှက်နေကာ သူ၏ အသွင်အပြင်က ကျိုးကြေခါနီး သစ်ပင်တစ်ပင်နှင့်ပင် တူနေလေသည်။
ထိုသူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး အခြားတစ်ဖက်တွင် အမည်မသိ စိတ်ဝိဥာဉ်သားရဲ၏ အမွှေးများနှင့် ပြုလုပ်ထားသော ယပ်တောင်ကို ကိုင်ဆောင်ထားပြီး လေးတိလေးကန် လျောက်လာလေသည်။ အေးစက်နေသော ရာသီဥတုတွင် ယပ်တောင်ကို တစ်ဖျပ်ဖျပ် ခတ်နေသည်မှာ ထူးဆန်းနေသော်လည်း ဤသည်ကပင် ထိုလူကြီး၏ အကျင့်ဖြစ်နေဟန် ရလေသည်။
“ဒါက လေအလင်းအင်ပါယာမြို့တော်က လမ်းကြားလေးထဲမှာ ရှိတဲ့ ဖန်ဖန် ဆိုင်ငယ်လေးလား…. သူ့ရဲ့ ဟင်းပွဲတွေက အားလွေရဲက အစားအသောက်ကောင်းတွေကိ်ုတောင် ချေဖျက်နိုင်တာလား…” ထိုလူကြီးက ခပ်ပြုံးပြုံးနှင့် ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်ပြီး သူ့လက်ထဲမှ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်လေသည်။
“အဖိုး… နင်မအေးဘူးလား….”
ထိုအဖိုးအို၏ နောက်တွင် ရပ်နေသော ကွမ်းရှောင်ယီက သူမ၏ လှပဝိုင်းစက်သော မျက်လုံးလေးများကို တဖျပ်ဖျပ် ခတ်လိုက်ပြီး ယပ်တောင်ခတ်နေသော အဖိုးအိုကို လှောင်ပြောင်လိုဟန်နှင့် မေးလိုက်လေသည်။
အဖိုးအို၏ ခန္ဒာကိုယ်က တခဏမျှ တောင့်တင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
“ဒါပေါ့… ဘယ်လိုလုပ်အေးမှာလဲ ကလေးမလေးရဲ့ .. အေးခဲနေတဲ့ ဆောင်းရာသီမှာ ယပ်တောင်တဖျပ်ဖျပ် ခတ်နေရတာ တော်တော်လေးကောင်းမွန်တယ်လေ….”
ကွမ်းရှောင်ယီက ကူရာမဲ့ စွာနှင့် မျက်လုံးလှန်ကြည့်လိုက်သည်။ အေးမြလှသော ရာသီဥတုကြောင့် လူတိုင်းက အလွှာအထပ်ထပ် ၀တ်စားနေသည့် အချိန်တွင် ထိုအဖိုးအိုက သူမကို အရူး လုပ်နေလေသည်။
“အဖိုး…. ဒီဆိုင်မှာ စားမှာမဟုတ်လား… လာ….” ကွမ်းရှောင်ယီက ပြောဆိုလိုက်ပြီး ရှေ့မှ ဦးဆောင်သွားလိုက်လေသည်။
မီးခိုးရောင်၀တ်စုံ ၀တ်ဆင်ထားသော အဖိုးအိုက ခေါင်းညိမ့်လိုက်ပြီး ကွမ်းရှောင်ယီနောက်မှ ယပ်တောင်တဖျပ်ဖျပ် ခတ်၍ လိုက်သွားလေသည်။ ဆိုင်၏ အပေါက်၀သို့ ရောက်လာသည်နှင့် ကြွေပန်းကန်လုံးထဲမှ အစားအစားများကို အငမ်းမရ စားသောက်နေသော ခွေးနက်ကြီးကို အဖိုးအိုက သတိပြုမိလိုက်သည်။ ထိုခွေးက သူ၏ တင်ပါးကို မြှောက်၍ အမြှီးတစ်ရမ်းရမ်း ဖြစ်နေသောကြောင့် ပျော်ရွှင်မြူးတူးနေပုံရလေသည်။
“ဒီ၀က်နံရိုးချိုချဉ်ကြော်… အရောင်က လိမ္မော်ရောင်ကြည်ကြည်လေး … အနံ့ကလည်း ကြိုင်လှိုင်နေတာပဲ… လုံး၀ ပြီးပြည့်စုံလွန်းတယ်….”
အဖိုးအို၏ မျက်လုံးများ စူးရှသွားပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ထို့နောက် အဖိုးအိုကလျစ်လျူမရှုနိုင်ပဲ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်၍ ဘလက်ကီအနီးသို့ လျောက်သွားလိုက်သည်။ ဘလက်ကီ၏ ပန်းကန်ထဲမှ လှိုင်လှိုင်တက်နေသော သင်းပျံ့သည့် ရနံ့များကြောင့် တံတွေးတစ်လုပ် မျိုချလိုက်မိလေသည်။
“ဒီစားဖိုမှုးရဲ့ ၀က်နံရိုးချိုချဉ်ကြော်လို လက်ရာမျိုးကို ဒိစားဖိုမှုးရဲ့ ဘ၀တစ်သက်တာလုံး တစ်ခါမှ မကြုံခဲ့ဖူးဘူး… ဒါပေမယ့်… ဘာလို့ ခွေးကိုကြွေးလိုက်ရတာလဲ… နှမျောစရာကောင်းလိုက်တာ…. ဒါက ဘုရားပေးတဲ့ လက်ဆောင်ကို လွှင့်ပစ်လိုက်သလိုပဲ… အရမ်းကို မဆင်မချင်နဲ့ ုဖြုန်းတီးတာပဲ…”
အဖိုးအို၏ နှောက်ယှက်မှုကြောင့် ဘလက်ကီက အစာစားနေသည်ကို ရပ်တန့်လိုက်ပြီး သူ့ရှေ့မှ လူကို မျက်လုံးလှန်၍ စူးစမ်းလိုက်သည်။